Main menu

Background

စားသုံးသူ ပြည်သူများ သတိပြုရမည့် အခြေအနေ

Thu, 07/10/2014 - 06:25 -- ydnar

 
 
နိုင်ငံတော်သည်ပြည်ပမှ တရားမဝင် ဝင်ရောက်လာသည့် ကုန်ပစ္စည်းများအား တားဆီးရန်နှင့် အခွန်ရရှိစေရန်၊ စားသုံး သူများအား ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အကာအကွယ်ပေးရေးလုပ်ငန်း ဆောင်ရွက်ရန်၊ ကုန်သွယ်မှုကဏ္ဍ မြှင့် တင်ခြင်း လုပ်ငန်းများကိုဆောင်ရွက်ရန်စသည့်အချက်များဖြင့် ၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် စားသုံးသူ အကာ အကွယ်ပေးရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေတွင် ပုဒ်မ (၃၁) ခုပါဝင်ခဲ့ပြီး စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏အခွင့်အရေးနှင့် တာဝန်၊ တားမြစ်ချက်များကိုပြဋ္ဌာန်းခဲ့ပါသည်။

စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ အခန်း (၇)၊ ပုဒ်မ (၈)၊ အပိုဒ်ခွဲ (က)၊ (ဂ) ပါအတိုင်း စီးပွားရေး လုပ် ငန်းရှင်များအတွက် တားမြစ်ချက်များကိုထုတ်ပြန်ခဲ့ပါသည်။ ထိုပြဋ္ဌာန်းချက်ပါအတိုင်း တိုင်းဒေသကြီး ဦးစီးမှူးရုံး၊ ရန်ကုန် တိုင်းဒေသကြီးစားသုံးသူရေးရာဌာနမှစားသုံးသူများအား ဘေးအန္တရာယ်ကင်းစေရေးနှင့် အကာအကွယ်ပေးရေး လုပ်ငန်းေ ဆာင်ရွက်ရန်အတွက် လုံခြုံစိတ်ချရမှုမရှိသောထုတ်ကုန်များအား ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ရှိဈေးဆိုင်များတွင် ကွင်းဆင်းလေ့ လာစုံစမ်းမှုများကိုအပတ်စဉ်ဆောင်ရွက်လျက်ရှိပါသည်။အပတ်စဉ် ကွင်းဆင်း တွေ့ရှိခဲ့သည့် စား သောက် ကုန်ပစ္စည်းများမှာ သစ်သီးယိုစုံထုပ်၊ ငရုတ်သီးမှုန့်၊ ဂျယ်လီ၊ မျှစ်များတွင် ဓာတုဆိုးေ ဆး အရောင် များ တွေ့မြင်ရခြင်း၊ သကြားခဲ၊ တုတ်ထိုး သကြားလုံး၊ အချိုမှုန့်များတွင် သဘာဝအချို အရသာအတိုင်း မဟုတ်ဘဲ ဆေး သကြားအရသာ များရှိခြင်း၊ ဆီးထုပ် ၊ ချောကလက်မျိုးစုံ၊ နို့ခဲပြား၊ ရောင်စုံသကြားချောင်း၊ ပြည်တွင်းထုတ်ပေါင်မုန့်၊ ကြက်ဥချောင်း၊ ပုန်းရည်ကြီး၊ နို့ခဲထုတ်၊ ပူရှိန်းသကြားလုံး၊ ကြာဆံထုတ်၊ ပီကေစသည့်ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများတွင် ထုတ်လုပ်ကုန် ဆုံးရက်စွဲ မပါရှိခြင်း၊ နောက်ဆုံးသုံးစွဲရမည့်ရက်ကျော်လွန်နေသော်လည်းဆိုင်များတွင် ဆက်လက်ရောင်းချ နေခြင်းများ တွေ့ရှိရပါသည်။ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ အခန်း (၇)၊ ပုဒ်မ (၈)၊ အပိုဒ်ခွဲ (ဂ) ၌ ဖော်ပြပါရှိသည့် ''အမည်၊ အရွယ် အစား၊ အသားတင်အလေးချိန်၊ ထုထည်၊ ဖွဲ့စည်းပုံ၊ ညွှန်ကြားချက်၊ ထုတ်လုပ်သည့်ရက်စွဲ၊ ထုတ်လုပ်သည့် အမှတ် စဉ်၊ နောက်ဆုံး သုံးစွဲရမည့်ရက်စွဲ၊ ဘေးထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့် ကုမ္ပဏီအမည်နှင့် လိပ်စာ၊ ရောင်း ချဖြန့်ဖြူးသူအမည်၊ အမှတ်တံဆိပ်၊ သတင်းအချက်အလက်နှင့်ကြိုတင် သတိပေးချက်တို့မပါသော ကုန်စည်'' တို့ကိုထုတ် လုပ်ခြင်း၊ ကုန်သွယ်ခြင်းမပြုရဟုပြဋ္ဌာန်းချက်ပါ အချက်အလက်များနှင့် ပြည်စုံသည့်ကုန်စည်များမှာ ဈေးကွက် အတွင်း ရှာဖွေတွေ့ရှိမှု အလွန်နည်းပါးကြောင်း တွေ့ရှိရပါသည်။၎င်းပစ္စည်းများမှာလည်းစားသုံးသူများမှ နားမလည် ဖတ်ရှု၍မရ သည့် စာသားများနှင့် ရေးသားထားသည့်အသင့်ထုပ်ပိုးထားသည့် စားသောက်ကုန်ပစ္စည်းများ ကိုသာ ဈေးကွက်အတွင်း အလွယ် တကူဝယ်ယူရရှိနိုင်ကြောင်း တွေ့ရှိရပါသည်။ ပြည်သူများအနေဖြင့် အဆိုပါပစ္စည်း များကိုရေရှည်စားသုံးပါက ကျန်း မာရေး ထိခိုက်နိုင်ပါကြောင်းနှင့်စားသုံးသူပြည်သူများမှလည်း ကျန်းမာရေးအသိဖြင့်မိမိရရှိမည့်အခွင့်အရေးများကို လေ့ လာ၍ ရွေးချယ် ဝယ်ယူ စားသုံးသင့်ပါကြောင်း အသိပေးတင်ပြလိုက်ရပါသည်။