Main menu

Background

အာရှပစိဖိတ်ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုမြင့်မားဖို့ မြစိမ်းရောင်နဲ့ ခေတ်မီနည်းပညာတည်ဆောက်မှုက ဦးဆောင်

Thu, 07/10/2014 - 07:23 -- ydnar

အိမ်ခြံမြေဈေးနှုန်းတွေခေါင်ခိုက်  အောင်မြင့်တက်နေပေမယ့် မြို့ပြတည် ဆောက်ရေးနဲ့ ရေရှည် တည်တံ့တဲ့ အဆောက် အဦတွေ တည်ဆောက်ရေး ကအာရှပစိဖိတ်ဆောက်လုပ်ရေးဈေး ကွက်ကို ဦးဆောင်သွားလိမ့်မယ်လို့Frost & Sullivan  သုတေသနအဖွဲ့ရဲ့ သုံးသပ်ချက်ကို သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။

စွမ်းအင် ချွေတာမှုရှိဖို့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (မြ စိမ်းရောင်)အဆောက်အဦတွေဆောက် လုပ်ဖို့နဲ့ ဒီအဆောက်အဦတွေမှာ ခေတ် သစ် အသွင်လက္ခဏာတွေSmart Features)  ပါဝင်ဖို့ ဆောင်ရွက်ရပါ မယ်။ ဒီလိုဆောင်ရွက်မှသာ ဖောက် သည်တွေရဲ့ စိတ်ဝင်စားမှုကိုအမြင့်ဆုံး ကိုရောက်အောင် မြှင့်တင်ပေးနိုင်မှာဖြစ် ပါတယ်။ အာရှပစိဖိတ်ဒေသအဆောက် အဦဆောက်လုပ်ရေး ဈေးကွက်လို့ အ မည်တပ်ထားတဲ့ Frost & Sullivan လေ့ လာ ဆန်းစစ်မှု အသစ်အရ ဈေး ကွက်မှာ ၂၀၁၃ ခုနှစ်က ဝင်ငွေအမေရိ ကန်ဒေါ်လာ ၄၉၄ ဒသမ ၄၉ ဘီလီယံ ရှိပြီး ၂၀၁၈ ခုနှစ်ရောက်ရင် ကန်ဒေါ် လာဘီလီယံ ၇၅၀ ထိရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လူဦးရေတိုးပွားမှုမြင့်မားလာခြင်း၊ မြို့ပြဖွံ့ဖြိုးမှုတိုးမြင့်လာခြင်းနဲ့ စီးပွားရေး ဖွံ့ဖြိုးမှုမြင့်မားလာခြင်းတို့ကြောင့် ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ မလေးရှားတို့ကဲ့သို့သော အရှေ့တောင် အာရှဒေသနိုင်ငံများမှာ ဈေးကွက်တိုး ချဲ့မှုမြင့်မားလာနိုင်ပါတယ်။ ဒါပေမယ့်ဒေသတွင်းရှိအစိုးရတွေ ရဲ့ အစီအမံတွေက ရိုက်ခတ်လာမယ့် ဂယက်ကို အိမ်ခြံမြေ လုပ်ငန်းတွေက အကဲခတ်နေတဲ့အတွက် အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်းတွေက တုံ့ နှေးနေဦးမယ်လို့ ခန့်မှန်းပါတယ်။ ဈေး ကွက်အတွင်းမှာ ဈေးနှုန်းတွေမြင့်တက် မှုနဲ့ ယှဉ်ပြိုင်မှု ပြင်းထန်တာကလည်း ဆောက်လုပ်ရေး လုပ်ငန်းတွေကို အတိုင်း အတာတစ်ခုအထိတုံ့နှေးစေပါ တယ်။ ဆောက်လုပ်ရေး ကုန်ကျစရိတ် သက်သက်သာသာနဲ့ စွမ်းအင်အသုံး သက်သာဖို့နဲ့ လုံခြုံစိတ်ချရတဲ့ပတ်ဝန်း ကျင်ဖန်တီးဖို့အတွက် ဆောက်လုပ်ရေး သမားတွေက ခေတ်မီအိမ်ရာတွေကို စဉ်းစားလာပါတယ်။