Main menu

Background

ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာသစ်ကို ဝန်ကြီးချုပ်အာဘေး စတင်တော့မည်

Thu, 07/10/2014 - 11:53 -- ydnar

 
ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေဖြင့် ၎င်းင်း၏ အစိုးရ သက်တမ်း အတွင်း ဆောင်ရွက်ရန် ချမှတ်ထားခဲ့ သည့် ဖွံ့ဖြိုးတိုး တက်ရေး မဟာဗျူဟာ သစ်ကို စတင်တော့မည်ဖြစ်ကြောင်း ဇွန်လ ၂၄ ရက်နေ့တွင် ပြောဆိုလိုက် ကြောင်း သိရပါသည်။ ဝန်ကြီးချုပ် အာဘေး ဦးဆောင် သည့်အစိုးရအနေဖြင့် အာဘေးနိုးမစ် ဟုခေါ်ဝေါ်သည့် အဆိုပါ ဖွံ့ဖြိုးတိုး တက် ရေးစီမံကိန်းတွင် မြားသုံးစင်းမဟာဗျူဟာအဖြစ်လည်းလူသိများလျက်ရှိပါသည်။ အဆိုပါမြားသုံးစင်းမှ တတိ ယ မြောက်ြ မားတွင် စီးပွားရေးလုပ်ငန်းများ နှင့်ပတ်သက်သည့် မူဝါဒများကို ပြင် ဆင်ဖြေလျှော့ပေးရေး၊ အမျိုးသမီး အများစု ၏လုပ်သားအင်အားကိုလုပ်ငန်း များတွင်အသုံးပြုသွားရေးနှင့်နှစ်ကာလ ရှည်ကြာစွာအကာအကွယ်ပေးထားသည့် စိုက်ပျိုးရေးကဏ္ဍကို ပြုပြင်ပြောင်းလဲ သွားရေးတို့ပါဝင်ပါသည်။

ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို နှစ်ပေါင်းများစွာအကာအကွယ်ပြုထား ခဲ့ပြီး အင်အားကြီးအဖွဲ့တစ်ဖွဲ့မှ စိုက်ပျိုး ရေးအထောက်အပံ့များပေးထားခဲ့ကြောင်း လည်းသိရှိရသည်။ ထိုသို့အထောက် အပံ့ပေးထားခဲ့သော်လည်း စိုက်ပျိုးရေး လုပ်ငန်းမှာ တိုးတက်လာမှုများမတွေ့ရ သဖြင့် အာဘေးအစိုးရမှ ပြုပြင်ပြောင်း လဲ ဆောင်ရွက် သွား ရန် မျှော်လင့် လျက်ရှိကြောင်းလည်း သိရှိရသည်။ ပထမအနေဖြင့် စိုက်ပျိုးရေးကဏ္ဍကို အထောက်အပံ့ပေးလျက်ရှိသည့် သြဇာ ရှိသည့် ဂျပန်စိုက်ပျိုးရေးအဖွဲ့(JA Zenchu)၏အဆင့်အတန်းကို လျှော့ချသွားရန်ဖြစ်ပြီး ၎င်းင်းမှာနှစ်ပေါင်း ၆၀ ကာလအတွင်း ပထမဆုံးအကြိမ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ နိုမူရာသုတေသနအဖွဲ့ဥက္ကဋ္ဌ၊ မစ္စ တာစာဒကဇူးအိုးဇာကိမှ အစိုးရသို့ အကြံပြုရာတွင်ဲဗအနေဖြင့် အုပ်ချုပ်မှု ကဲ့သို့အဖွဲ့မျိုးမဖြစ်သင့်ဘဲအကြံပေး အဖွဲ့တစ်ရပ်အဖြစ်သာ ရှိသင့်ကြောင်း၊ အခြေခံအားဖြင့် ဒေသတွင်ရှိသည့် စိုက် ပျိုးရေးသမအသင်းများအား လယ် သမားများ၏စိုက်ပျိုးထုတ်လုပ်မှု၊ တင်ပို့ ရောင်းချလိုမှုနှင့် အကျိုးအမြတ်ရရှိရန်  နည်းလမ်း များနှင့် ပတ်သက်သည့် လုပ် ပိုင်ခွင့်ကိုတိုးမြှင့်ပေးသင့်ကြောင်းတို့ပါ ဝင်သည်ကို လေ့လာသိရှိရပါသည်။ မစ္စ တာအိုးဇာကိ သည်စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက်တိုက် တွန်း အားပေးခဲ့သော စိုက်ပျိုးရေး ကဏ္ဍ ပြု ပြင်ေြ ပာင်းလဲရေးကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်းလည်း သိရှိရသည်။ စိုက်ပျိုးရေး ကဏ္ဍကိုပြုပြင်ေြ ပာင်းလဲ ရန် ဝန်ကြီး ချုပ်ပေါင်းများစွာက ဆန္ဒရှိခဲ့ သော်လည်း ပြီးမြောက်အောင် စီမံ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြကြောင်း လည်း သိရှိရပါသည်။ ဝန်ကြီးချုပ်အာဘေးအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတိုးတက်လာစေရေး အတွက် ယခင်က ပုဂ္ဂလိကကုမ္ပဏီကြီး များအား စိုက်ပျိုးရေးကဏ္ဍတွင် အစု ရှယ်ယာဝယ်ယူခွင့်ကို ၂၅ ရာခိုင်နှုန်း အထိသာခွင့်ပြုထားခဲ့ပြီး ယခုအခါ ၅၀ ရာခိုင်နှုန်း အထိ၀ ယ်ယူခွင့်ပြုသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။ မစ္စတာ အိုးဇာကိမှ ]]ဒီလိုလုပ်ခြင်းခြင့် စိုက်ပျိုး ရေး ကဏ္ဍတိုး တက်မှုကိုပိုမိုဖြစ်ပေါ်စေ ပေမယ့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးတစ်ရပ် လုံးဖွံ့ဖြိုးတိုးတက်ဖို့ကိုတော့ အကျိုး မသက်ရောက်ေ စပါဘူး။ ဒါပေမယ့် ကျွန်တော်တွေးမိတာတစ်ခုကတော့ ဂျပန်နိုင်ငံရဲ့မူဝါဒချမှတ်ပုံတွေဟာအရေး ကြီးတယ်ဆိုတာပါပဲ။ အဲဒါကေ တာ့ ဆွေးနွေးမှုတွေအများကြီးလုပ်ပြီး တကယ့်လက်တွေ့မှာအကောင်အထည် မဖော်နိုင်တာပါပဲ }}ဟူ၍ ပြော ကြား ခဲ့ ကြောင်းလည်း သိရသည်။ ဝန်ကြီးချုပ်အာဘေးအနေဖြင့် ဂျပန်နိုင်ငံ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍ နှစ်ရပ်လုံးကို ကမ္ဘာ့စားသောက်ကုန်လုပ် ငန်းစဉ်အတွင်းတွင် ပါဝင်နိုင်ရေးပံ့ပိုး၍ ဂျပန်စားသောက်ကုန်တင်ပို့မှုတိုးမြှင့် သွားရန် ဆန္ဒရှိကြောင်းလည်း သိရ သည်။ ဂျပန်၏ စားသောက်ကုန်ဈေး ကွက်အနေဖြင့် ဂျပန်ယန်း ၁၀၀ ထရီလီ ယံ(အမေရိကန်ဒေါ်လာ ၉၈ ဘီလီယံ) ခန့်ရှိပြီး လူဦးရေတိုးတက်မှုနှုန်းလျော့ နည်းလာသည့် ဂျပန်နိုင်ငံအနေဖြင့် ဂျပန်ပြင်ပဈေး ကွက်တိုးတက်မှု ရရှိရေး ဆောင် ရွက်ရန်လိုကြောင်းလည်း သိရှိ ရသည်။ ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်း တိုးတက်ရေးအတွက် ပို့ဆောင်ဆက် သွယ်ရေးစနစ်တိုးတက်ကောင်းမွန်ရေး မှာလည်း အဓိကကိစ္စတစ်ရပ်ဖြစ်ကြောင်း လည်း သိရှိရသည်။ ဂျပန်ဝန်ကြီးချုပ်၏ စိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲမှု သည် စိုက်ပျိုးရေးထွက်ကုန်များ ကုန် သွယ်မှုတိုးတက်ကောင်းမွန်လာနိုင်ပြီး  တစ်ဖက်၌ ပစိဖိတ်ကုန်သွယ်ရေးဆွေး နွေးပွဲများတွင် ဂျပန်အနေဖြင့် စိုက်ပျိုး ရေးကဏ္ဍကိုထောက်ပံ့ပေးနေသည့် အထောက်အပံ့များလျော့ချပေးရန် ကျန်အဖွဲ့ဝင်များ၏ေ တာင်းဆိုမှုကိုခံနေ ရကြောင်း သိရှိရသည်။ သို့သော်လည်း အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေး ကဏ္ဍ ပြုပြင်ပြောင်း လဲမှုအ တွက် အဆိုကို လွှတ်တော်သို့တင်ပြရဦးမည်ဖြစ်ပြီး လွှတ်တော်မှဆန့်ကျင်ပယ်ချနိုင်ကြောင်း လည်းသိရသည်။ လွှတ်တော် မှ အတည် ပြုခဲ့ပါကလည်း စိုက်ပျိုးရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု၏ အကျိုးကို ဂျပန် စီးပွားရေးကဏ္ဍတွင် လာမည့် ၅ နှစ်မှ ၁၀နှစ်အတွင်းမှသာ  ခံစားရနိုင်မည်ဖြစ် ကြောင်းလည်း သိရှိရပါသည်။