Main menu

Background

အချိန်မီ ကုစားချက်များ

Tue, 07/15/2014 - 04:05 -- ydnar

 

မေးခွန်းများနှင့်အဖြေများ
သဘာဝသယံဇာတဆိုသည့်အရာမှာ ရှေးယခင်ကာလ များကလူတို့ အထူးဂရုမပြုမိသော ၊လျစ်လျူရှုခဲ့သောအရာ များ ဖြစ်ခဲ့သည်။သိပ္ပံ၊စက်မှုနှင့်အိုင်တီနည်းပညာများ အရှိန်အဟုန် ဖြင့် ကြောက်ခမန်းလိလိတိုးတက်လာသော ယခုအချိန် အခါတွင်မူ သဘာဝသယံဇာတသည် နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုး မှုအတွက် အဓိကကျသောအခြေခံ အင်အားစုများ အဖြစ်အသွင်ပြောင်းလဲလာခဲ့သည်။ဖွံ့ဖြိုးပြီးများအတွက်သာမကဖွံ့ဖြိုးဆဲနိုင်ငံများအတွက်ပါစီးပွားရေးဖွံ့ဖြိုးမှုအတွက်

အား ကိုးအားထားပြုရမည့် အခြေခံစွမ်းအားအရင်းအမြစ်ဖြစ်လာခဲ့၏။ အထူးသဖြင့်နည်းပညာအား ကိုးမဲ့နေသောဖွံ့ဖြိုးဆဲ နိုင်ငံ အများစုသည် သဘာဝသယံဇာတကို စီးပွားဖြစ်လွယ်သည့် ဖွံ့ဖြိုးမှုအရင်းအနှီးအဖြစ် မှတ်ယူထားကြ၏။သုံးမကုန်စွဲမကုန် ၊ မြေကပေါက်သည့် ပဒေသာပင်သဖွယ် ထင်မှတ်၍ စိတ်တိုင်းကျ၊ ထင်တိုင်းကြဲဆွတ်ခူးနိုင်သကဲ့သို့ အသုံးပြုနေကြ သည်ဟု ပညာရှင်တစ်ဦးကဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အစွမ်းကုန်ထုတ်လုပ်ကြ၊ ရောင်းချ ကြ၊ရသည့်ငွေဖြင့်လိုအပ်ချက်များဝယ်ကြစသဖြင့်သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာနများနှင့် ဆက်စပ်လုပ်ကိုင်နေကြသော ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီကြီးများ ကြား အပေးအယူမျှစွာအလုပ်ဖြစ်နေကြသည်။ သို့သော်ထိုသယံဇာတအရင်းအမြစ်များ တူးဖော်ထုတ်လုပ်နေသည့် ဒေသရှိ အများပြည်သူများမည်ကဲ့သို့အလုပ်ဖြစ်နေကြသနည်း။ မည်သို့အကျိုးခံစားရမှု မည်သို့ရှိသနည်း။ အကောင်း၊ အဆိုး အခြေ အနေမည်သို့ဖြစ်ပေါ်ခံစားနေကြသနည်း။ထိုသယံဇာတများမှ ရရှိလာသော ငွေများမှာ နိုင်ငံသားများအားလုံးဝင်ငွေ အဖြစ်နိုင်ငံတော်ဘတ်ဂျက်စာရင်းထဲသို့မည်၍မည်မျှဝင်သွား သနည်း။ စသဖြင့် စသဖြင့် မေးခွန်းများစွာက တန်းစီ စောင့်နေ ကြ၏။ ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်ထဲတွင် ရှိနေသော၊ သဘာဝသယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံတွင်လည်း ထို ကဲ့သို့သောမေးခွန်းများမှာယခင်ကာလများကထက် ပိုမိုထွက် ပေါ်နေသည်။ပို၍အသံကျယ်လာလျက်ရှိနေသည်။ သက်ဆိုင် ရာအစိုးရဝန်ကြီးဌာနများဘက်မှလည်းကောင်း၊ လုပ်ကိုင် နေကြသော ကုမ္ပဏီများ၊ လုပ်ငန်းများဘက်မှ လည်းေ ကာင်း ပြန် လည်ဖြေရှင်း ချက်များ၊အဖြေရှာအားထုတ်မှုများလည်းရှိ လာခဲ့ ပြီဖြစ်ရာ အီးအိုင်တီအိုင်အဖွဲ့ဝင်ဖြစ် လာနိုင်ရေး အား ထုတ်မှု၊ စီအက်စ်အာ  (Cooperate Social Responsibility-CSR) ဟုခေါ်သည့် လူမှုတာဝန် သိစိတ်၊ တာဝန်ခံစိတ် ရှိလာရေး အားထုတ်မှုတို့မှာ ဒီမိုကရေစီစနစ်ကျင့်သုံးခြင်း၏ အကျိုးရလဒ်များအဖြစ် အသိအမှတ်ပြုရမည်သာဖြစ်သည်။တန်ဆေးလွန်ဘေး သဘာဝသယံဇာတသည် မေခရို အဆင့်တွင် နိုင်ငံတစ် နိုင်ငံ၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် အဖိုးတန်သော ကိုယ်ပိုင်အတွင်းပစ္စည်းများဟု ဆိုနိုင်သကဲ့သို့ မိုက်ခရို အဆင့်တွင်လည်းထိုဒေသထိုနယ်မြေတွင်နေထိုင်သောလူတစ်ဦး တစ်ယောက်ချင်း၏ အသက်ရှင်ရပ်တည်မှုအတွက် အရေး ပါသောအခြေခံအကြောင်းတရားများဖြစ်သည်ကိုလည်းသတိပြု မိရန်လိုသည်။ ထိုအကြောင်းတရားများ ဟန်ချက်မညီဘဲ ပျက်ယွင်းခဲ့ပါကထိုဒေသကိုမှီခိုကာအသက်ရှင်နေထိုင်ကြရ သော လူ၊ သတ္တဝါ၊ အပင်စသည့်အရာများအားလုံး အပြန် အလှန်ဆက်စပ်၍ အတူတကွ ယှဉ်တွဲဖြစ်တည်နေရ သည့် ဂေဟစနစ်ကြီး တစ်ခုလုံးယိုယွင်းသွားပေလိမ့်မည်။ ထို မှတစ်ဆင့်နယ်မြေဒေသ တစ်ခုလုံးသဘာ၀ တရားကြီး၏ ဆိုးရွား သော တန်ပြန်သက်ရောက်မှုများကို ရင်ဆိုင်ကြုံတွေ့ရပေ မည်။ ထိုသို့ကြုံတွေ့ရာ တွင်ပြင်းထန်သောသက်ရောက် မှုများ ကိုအပင်နှင့်သက်ရှိသတ္တဝါများကဦးစွာခံစားရလျက် ပျက်စီး မှုများဖြစ်ပေါ်လိမ့်မည်။ ထိုပျက်စီးမှုများဖြစ်ေ ပါ်လာ ပြီး နောက် တွင် အပြင်းထန်ဆုံးနှင့် အချိန်ကာလအကြာရှည်ဆုံး ဝေဒနာ များ၊သောကများကို လူသတ္တဝါများခံစား မည် မှာ မလွဲသေချာ ပင်ဖြစ်သည်။
 
အဆိုပါအချက်များကို ဖွံ့ဖြိုးပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံကြီးများမှ သတိထားလာမိသည့် အချိန်တွင် သယံဇာတ ကြွယ်ဝမှုကိုအမှီပြု၍စီးပွားရှာနေကြသောဖွံ့ဖြိုးဆဲနိုင်ငံများမှာမူ သတိမူခြင်းမရှိနိုင်သေးသည်ကို တွေ့ရသည်။ ယနေ့ကမ္ဘာ့ လူဦးရေသည်တစ်ရိပ်ရိပ်နှင့်တိုးတက်လာနေသကဲ့သို့သယံဇာတထုတ်ယူသုံးစွဲမှုပမာဏမှာလည်း တိုးတက်မြင့်မားလျက် ရှိနေသည်။ သယံဇာတကြွယ်ဝစွာပိုင်ဆိုင်သည့်ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်လည်း လူဦးရေတိုးတက်မှုနှုန်းသည် ဖွံ့ဖြိုးပြီးများထက် ပင် မြင့်မားလျက်ရှိနေသည်။ ထိုနိုင်ငံများရှိတိုးပွားလာနေသော လူဦးရေ၏ သဘာဝသယံဇာတကိုမှီခိုမှု၊ သုံးစွဲမှုတို့မှာလည်း အလွန်အမင်းပမာဏများပြားလျက်ရှိနေသည်။ဖြစ်သင့်ဖြစ်ထိုက်သည့်ပမာဏထက်များစွာကျော်လွန်၍အလွန်အကျွံ အသုံးြ ပုခြင်း၏သက်ရောက်မှုများကြောင့်သက်ရှိနှင့်သဘာဝပတ် ဝန်းကျင်ဆက်စပ်မှုဂေဟစနစ်ကို ဆိုးရွားပြင်း ထန်စွာ ပျက်စီး နေ သည် ကို ကမ္ဘာ့ရာသီဥတုများ ပုံမှန်အနေ အထားမှ ပြောင်းလဲေ နခြင်း၊ ရေချိုပ မာဏ လျော့ကျလာခြင်း၊ ငါးသယံဇာတ အပါအဝင်ရေထွက်သယံဇာတပမာဏကျဆင်း လာခြင်းနှင့်သစ်တောဧရိယာလျော့နည်းပျက်စီးလာခြင်း တို့ကလူသားတို့ ကို လက်တွေ့ကျကျသက်သေပြ နေတော့သည်။အချိန်မီသည်ဖြစ်စေ၊ မမီသည်ဖြစ်စေ ယနေ့လူသားများသည် သဘာ၀ သယံဇာတများ ထုတ် ယူသုံးစွဲမှုကို လွန်ခဲ့သော နှစ်ပေါင်း ၃၀ကထက်ပမာဏများ စွာပိုလာရာ တစ်နှစ်လျှင် ၅၀ ရာခိုင်နှုန်းကျော် တိုးမြင့် လာနေပြီး ကုန်ကြမ်း တန်ချိန်အားဖြင့် တန်ချိန်ဘီလီယံ ၆၀ ခန့်ထိရှိလာခဲ့သည်ဟု ကမ္ဘာ့အဖွဲ့အစည်းများ၏ အစီရင်ခံစာ အချို့တွင်တွေ့မြင်နေရ၏။ ထိုသို့သဘာဝသယံဇာတထုတ်ယူ သုံးစွဲမှုအလွန်အကျွံအခြေအနေများသည် သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ပြဿနာများဆီသို့ ဦးတည်သွားစေရုံ သာမက၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် အခြားသော လူမှုရေးနှင့် စီးပွားရေးပြဿနာများနှင့် ဆက်စပ်လျက်ရှိနေ သည်ဟု ပညာရှင် များ၊ သုတေသီများကလည်း ထောက်ပြ အကြံပေးမှုများလည်းရှိနေခဲ့ပြီဖြစ်သည်။ လေ့လာတွေ့ရှိချက် များနှင့် သုံးသပ်ချက် များအရ သဘာဝသယံဇာတတူးဖော် ထုတ်လုပ်မှု၏ အကျိုးဆက်များမှာ အစိုးရနှင့် ပြည်တွင်းပြည်ပ မှ လုပ်ငန်းရှင်များသာ အကျိုးဖြစ်ထွန်းခဲ့ပြီး သက်ဆိုင်ရာ လ့ူအဖွဲ့အစည်း၏ လူမှုရေး၊ စီးပွားရေးအခြေအနေများပေါ် တွင် အကျိုးကျေးဇူး များ ပြည့်ပြည့်၀၀ဖြည့် ဆည်းနိုင်ခြင်းမရှိ၊ စီးပွားရေးအဆောက်အအုံအတွင်း ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာခြင်း သာ အဖတ်တင်ခဲ့သည်ကိုအာဖရိက၊ လက် တင် အမေရိကနှင့် အာရှဒေသရှိ အဖြစ်အပျက်များမှလည်း သိရှိခဲ့ကြပြီးဖြစ်သည်။ ပြန်လည်ဖြည့်စွမ်းနိုင်စွမ်းမရှိသော သယံဇာတများ အတွက် မည်သို့ ပြန်လည်ဖြည့်စွမ်းကြမည်နည်း၊ ကုစားရန် အချိန်မီသေးသလော။ အချိန်မီ သည်ဖြစ်စေ၊ မမီသည်ဖြစ်စေ လူသားအားလုံးမှီခိုနေရသော တစ်ခုတည်းသော ဤကမ္ဘာထု အတွက် အုပ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံချင်း၊ လူအဖွဲ့အစည်းတစ်ခုချင်းသည် အောက်ပါ အချက်များ ကို အားထုတ်ဆောင်ရွက်ရန်လိုသည်။ အစိုးရနှင့် သယံဇာတတူးဖော် ထုတ်လုပ်သည့် လုပ်ငန်း များ၏အပြုအမူများ၊အခြေအနေများကို စောင့်ကြည့်ထိန်း ချုပ်နိုင်မည့် နိုးနိုးကြားကြား တက်တက်<က<ကရှိသော အရပ် ဘက်လူ့အဖွဲ့အစည်းများပေါ်ထွန်းလာစေရန် ဖန်တီးပေးရန် လိုသည်။ ကျေးရွာဒေသအဆင့်မှစ၍ တစ်နိုင်ငံလုံး အမျိုးသား အဆင့်၊ ထိုမှတစ်ဆင့်နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပါ ပူး ပေါင်း၍ဆောင်ရွက်ချက်များကိုထောက်ခံမှုရရှိရေးအားထုတ် ရန်လိုသည်။ သယံဇာတထုတ်ယူသုံးစွဲမှုကို ခွင့်ပြုရာတွင် လုပ်ငန်းများကြား မျက်နှာသာပေးဘက်လိုက်မှုမရှိသော မျှတမှုရှိသည့် ကောင်းမွန်သောမူဝါဒများ ရေးဆွဲနိုင်ရေး ချမှတ် နိုင် ရန် အစိုးရ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေး နည်း လမ်းရှာရန်လိုသည်။ အစိုးရဌာနများမှ တာဝန်ရှိသူများအနေဖြင့် သယံဇာတ တူးဖော်ရေးလုပ်ငန်းများ ခွင့်ပြုမှုများအတွက် ဆောင်ရွက် ရာတွင် ပုဂ္ဂိုလ်ရေးအရမျက်နှာသာမပေးမိနိုင်စေရန်နှင့်တစ်ဦး ချင်း ကိုယ်ကျိုးစီးပွား အကျိုးအမြတ်အတွက် အားထုတ်မှု မရှိစေရန်၊ အဂတိလိုက်စား မှုမဖြစ်ပေါ်စေရန်လည်း ယန္တရား တစ်ရပ် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုသည်။ သယံဇာတတူးဖော်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ခိုင် လုံသော သတင်းအချက်အလက်များကို သက်ဆိုင်ရာဒေသ ရှိပြည်သူများအပါအဝင် ဆက်စပ်ပတ်သက်မှုရှိသည့် လူပုဂ္ဂိုလ် အားလုံးသိရှိနိုင်ရေးအတွက် သတင်းမီဒီယာများမှ တက် တက် ကြွကြွ ပါဝင် ဆောင်ရွက်ပေးနိုင်ရန်လိုသည်။ သယံဇာတတူးဖော်ရေး၊ ထုတ်လုပ်ရေးနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာရှိမှု၊မျှတမှုနှင့်ကောင်းမွန်သော အုပ်ချုပ်ရေးမူ များကို လိုက်နာရေးအတွက် လွှတ်တော်များမှ ပါဝင်ထိန်း ကျောင်းနိုင်ရေးဆောင်ရွက်ရန်လိုသည်။ အများပြည်သူအကျိုးစီးပွားအခြေခံသော ဥပဒေ ဆိုင်ရာအထောက်အကူပြုလုပ်ငန်းများကလည်းအများပြည်သူ တို့၏ အခြေခံအခွင့်အရေးများ ခံစားခွင့်သေချာစေရေး အတွက် အထောက်အကူပြုဆောင်ရွက်ပေးနိုင်ရန် လိုသည်။ သယံဇာတတူးဖော်ထုတ်လုပ်မှုလုပ်ငန်းများ၊ ကုမ္ပဏီများ သည် အခြေခံလူ့အခွင့်အရေးများ လေးစားလိုက်နာမှုမရှိလျှင် အထူးသဖြင့် တူးဖော်ထုတ်လုပ်မှု ပြုလုပ်နေသည့် နယ်မြေ ဒေသရှိလူများအပေါ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့လျှင်လုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့် ရပ်ဆိုင်းမည်ဆို သည်ကို ထိုလုပ်ငန်းများမှ သိရှိစေရန်အတွက် ထိထိေ ရာက် ရောက်သတင်းပေး၍ တိတိကျကျ လုပ်ဆောင်ရန်လိုသည်။ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်သည့် လုပ်ငန်းများ အနေဖြင့် ၎င်းင်းတို့၏ ပေါ်လစီများကို ချပြနိုင်ရေး၊ နည်းပညာ  နှင့် ကျွမ်းကျင်မှုလွှဲပြောင်းနိုင်ရေးတို့ကိုလည်း ဆောင်ရွက်ပေး ရန်လိုသည့်အချက်ကိုလည်း ၎င်းလုပ်ငန်းများလက်ခံလာစေ ရန် ဆွဲဆောင်စည်းရုံးရန်လိုသည်။ နှစ်ကာလများစွာဖြစ်တည်ခဲ့ပြီးဖြစ်သော ကမ္ဘာကြီးပေါ် တွင်နောင်အနာဂတ်တွင်မွေးဖွားလာကြဦးမည့်နောင်လာနောင် သားများအတွက် ပစ္စုပ္ပန်ကာလလူသားများအနေဖြင့် အချိန်မီ သေးသည်ဟုသာ သဘောပိုက်၍ အုတ်တစ်ချပ်သဲတစ်ပွင့် စွမ်းနိုင်သမျှကုစားချက်တို့ပေးရန် တာဝန်ရှိသည်ဟု ထင်မြင် မိပါတော့သတည်း။