တရုတ်နိုင်ငံသည် ကမ္ဘာတွင် အာဟာရ ချို့တဲ့သူဦးရေအများဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ၁၉၈၀ ပြည့်နှစ် က နိုင်ငံ လူဦးရေ၏ ၃၀ရာခိုင်နှုန်း(သန်း ၃၀၀)အထိအာဟာရချို့တဲ့ကြသည်။မကြာသေးမီ နှစ်များအတွင်း တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာခဲ့သဖြင့်ထိုလူဦးရေ၏ထက်ဝက်ခန့်ကို ဆင်းရဲ နွမ်းပါးပြီး၊ ငတ်မွတ်ခေါင်းပါးသောဘဝမှ ကယ် ထုတ်နိုင် ခဲ့သည်။သို့တိုင်အောင်ကျေးလက်ဒေသ များတွင် နေထိုင်ကြသည့် ကျန်လူဦးရေသန်း ၁၅၀ တို့မှာ ယနေ့ထိတိုင် ဆင်းရဲနွ မ်းပါးနေကြဆဲဖြစ် သည်။ အဆင်းရဲဆုံးဒေသများရှှိ အသက် ၆ နှစ်မှ ၁၅ နှစ်အတွင်း ကလေးငယ်ဦးရေ ၈၈ သန်း အနက် သုံးပုံတစ်ပုံခန့်တွင် သံဓာတ်ချို
့တဲ့သဖြင့် သွေးအားနည်းရောဂါ (Aanaemia) ခံစားနေ ရ ကြောင်း လေ့လာ ချက်စစ်တမ်း တစ်ရပ်တွင် တွေ့ ရသည်။ သံဓာတ်ချို့တဲ့ခြင်းသည် ကလေးသူငယ်များ ၏ ဦးနှောက်ဖွံ့ဖြိုးမှု တုံ့ဆိုင်းသွားစေပြီး၊ ထိုကလေး များမှာ ဉာဏ်ရည် မမီဘဲကြီးပြင်းလာကြရသည်ဟု ဆိုသည်။ အလွန်ဆင်းရဲနွမ်းပါးသော ခရိုင်ပေါင်း ၆၈၀ အတွင်းရှိ ကျောင်းများတွင် ကလေးငယ် ၂၃ သန်းအား နေ့လယ်စာ ကျွေးနိုင်ရန် အစိုးရက ကူညီထောက်ပံ့ပေးနေသည့်အပြင်၊ နို့စို့အရွယ် ကလေး ငယ်များ အားအာဟာရဖြစ်စေမည့်ဖြည့်စွက် အစာများဖြန့်ဝေပေးသည်။သို့သော်လည်းယင်းသို့ ကူညီထောက် ပံ့ရုံဖြင့် လုံလောက်ပြီဟုမဆိုနိုင်သေး ပေ။ ကျေးလက်တောရွာအများစုမှ ကလေးသူငယ် များအတွက်လိုအပ်သော ကယ်လိုရီပြည့်မီအောင် ကျွေးနိုင်ကြသည်ဆိုသော်လည်း အာဟာရဖြစ်စေ မည့်အစားအစာကို မှန်မှန်ကန်ကန် မကျွေးနိုင် ကြေ ပ။ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း စန်းရှိ ပြည်နယ်၊ကျေးလက်ဒေသများမှမွေးကင်းစကလေး ငယ် ၁၈၀၀ ကိုလေ့လာကြည့်ရာ၌ ကလေးငယ် ၄၉ ရာခိုင်နှုန်းတွင် သွေးအားနည်းရောဂါဖြစ်ပွား နေကြပြီး၊ ၄၀ရာခိုင်နှုန်းတွင် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးနေကြကြောင်းတွေ့ရသည်။ကလေး(၁၀) ယောက်တွင် အနည်းဆုံးတစ်ယောက်မှာ ဖွံ့ဖြိုးကြီး ထွားမှုတန့်နေသည်။ များသောအားဖြင့် အစား အသောက်တွင်ကယ်လိုရီ လျော့နည်းခြင်းကြောင့် မဟုတ်ဘဲ အာဟာရလျော့နည်းနေခြင်းကြောင့် ဖြစ်သည်။ ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသများ တွင် ကလေးငယ်ထက်ဝက်ခန့်မှာ အာဟာရပြည့် မီအောင် ကျွေးမွေးပြုစုခြင်း မခံကြရကြောင်း အမေရိကန်ပြည်ထောင်စု၊စတင်းဖို့တက္ကသိုလ်၊ ကျေးလက်ပညာရေးလုပ်ငန်းအဖွဲ့(Rural Education Action Programme, REAP)မှသုတေသီ ပညာရှင်၊ စကော့ရိုဇယ်လီကမှတ်ချက်ချသည်။ထို သုတေသန အဖွဲ့သည် တရုတ်နိုင်ငံကျေးလက်ဒေသ များတွင် ကလေးများ သွေးအားနည်းရောဂါ ဖြစ် ပွားမှုကို အချိန်ယူလေ့လာ ခဲ့သောအဖွဲ့ဖြစ် သည်။ သူ၏လေ့လာချက်စစ်တမ်းတစ်ရပ်တွင်ကျေးလက် မှကလေးမိခင်များသည်မိမိရင်သွေးငယ်များထက် အိမ်မှာမွေး ထား သည့် ဝက်များကြီးထွားရှင်သန် အောင်မည်သို့ကျွေးမွေးရမည်ကို ပို၍နားလည်ကြ သည်ဟုဖော်ပြခဲ့ သည်။ကလေး မိခင်၇၁ရာခိုင်နှုန်း ကအိမ်မှာမွေးထားသည့်ဝက်များကို အစာကျွေးရာ တွင် အင်အားဖြစ်စေမည့် အာဟာရဓာတ်ပေါင်း များ (Micronutrients) ထည့်သွင်းရန် လိုအပ် ကြောင်းသိရှိထားကြသော်လည်းမိမိရင်သွေးငယ်များ ကို ကျွေးမွေးပြုစု ရာတွင် လည်း အာဟာရဓာတ် ထည့်ကျွေးဖို့လိုအပ်ကြောင်း နားလည်သဘော ပေါက်သူမှာ ၂၀ ရာခိုင်နှုန်းသာရှိသည်ဟု ဆိုပါ သည်။ ကျေးလက်ဒေသကလေးမိခင်များအတွက်ယင်ယန်ပေါင်(ying yang bao) ခေါ် အာဟာရ ဖြည့်စွက် အစာရရှိရန် လည်းမခက်ခဲပေ။ယင်ယန်ပေါင် မှာ သံဓာတ်၊သွပ်ဓာတ်၊ကယ်လ်စီယမ်နှင့် ဗီတာမင် များပေါင်း စပ်ထည့်သွင်းထားသည့် ပဲပိစပ်မှုန့်ဖြစ် သည်။ တန်ဖိုးအားဖြင့် တစ်ထုပ်လျှင် တရုတ်ငွေ တစ်ယွမ်ပင် မပြည့်ပေ။ အာဟာရထုပ်ဖိုးကိုလည်း အစိုးရက ကျခံပေးသည်။ ယင်ယန်ပေါင်ဖြည့်စွက် ကျွေးမွေးခြင်းကို ၂၀၀၆ခုနှစ်မှစတင် စမ်းသပ် လေ့လာခဲ့ရာ တွင် သွေးအားနည်းေ ရာဂါဖြစ်ပွားနှုန်း ကျဆင်းသွားသည့်အပြင် နို့စို့ကလေးငယ်များနှင့် လမ်းလျှောက်တတ်စအရွယ်ကလေးများတွင်ဖွံ့ဖြိုး ကြီးထွားမှု တိုးတက်လာကြောင်းတွေ့ရသည်။ သို့ သော်လည်း ကလေးငယ်များအား ဖြည့်စွက် အာဟာရေ ကျွးမွေးရန် အတွက် ကလေး၏မိဘများ နှင့်အဘိုးအဘွားတို့ကို ဆွဲဆောင်တိုက်တွန်းရန်မှာ မလွယ်ကူလှပေ။ မိဘ၊ဘိုးဘွား ထက်ဝက်ကျော်က အာဟာရ မှုန့်အပေါ်သံသယဝင်ေ နကြသည်။အခမဲ့ေ ထာက်ပံ့ ပေးသည့် အာဟာရမှုန့်ကိုအစစ်အမှန်ဟုတ်ပါမလား၊ အန္တရာယ်ဖြစ်လာနိုင်မလားစသည်ဖြင့် သံသယ ဖြစ်မိကြသည်။ အခြေခံဝန်ေ ဆာင်မှုလုပ်ငန်းများ တွင် အစိုးရက အနည်းအကျဉ်း ရင်းနှီးမြှုပ်နှံပြီး၊ နောင်တွင် မတန်တ ဆဈေးဖြင့် ရောင်းချ တတ်သ ည့် အစဉ် အလာမျိုးကို ကျေးလက်တောနယ်များမှာ ကြိမ်ဖန်များစွာ ကြုံတွေ့ခဲ့ဖူးခြင်းေ ကြာင့်ဖြစ်သည်။ ကလေး မိခင်များကိုကူညီပံ့ပိုးပေးနေပါသည်ဆို သော ဒေသဆိုင်ရာဝန်ထမ်းများသည် လူဦးရေ ထိန်းချုပ်ရေးတာဝန် ထမ်းဆောင် သည့် အစိုးရ ဝန်ထမ်းများဖြစ်နေသည့်အတွက် ယင်းတို့အပေါ် မယုံကြည်နိုင်ကြခြင်းဖြစ်သည်။ အာဟာရဖြည့်တင်းရေး အစီအစဉ်များသည် ပြည်သူ့ ဘဏ္ဍာငွေကိုဖြုန်းတီးနေခြင်း မဟုတ်ေ ကြာင်း ပြည်သူ အများ နားလည်လက်ခံအောင် ထိပ်ပိုင်း အစိုးရအရာရှိကြီး များကရှင်းလင်းပညာပေးကြရန် လည်း လိုအပ် သည်။ အမေရိ ကန်ပြည်ေ ထာင်စုအစိုးရ ကျောင်းများတွင်ဆင်းရဲသောကျောင်းသူကျောင်းသား များအားကျောင်းမှာပ င်နေ့လယ်စာကျွေး သည့် အစီ အစဉ်ကဲ့သို့ပင် တရုတ်အစိုးရက ၂၀၁၁ခုနှစ်တွင် ထိုအစီအစဉ်မျိုးကိုစတင်ခဲ့သည်။ တစ်နှစ် အတွက် ယွမ် ၁၆ ဘီလီယံခန့် ကုန်ကျမည့်အစီအစဉ် ဖြစ် သည်။ သို့သော်လည်း စာသင်ကျောင်းထက်ဝက် ခန့်တွင် ချက်ပြုတ်ရန်မလိုသော ညံ့ဖျင်းသည့် အစားအစာများကိုသာကျွေးမွေးနေကြသည်။ မီးဖို ဆောင်စရိတ်နှင့်အလုပ်သမားခများအတွက်ကုန်ကျ စရိတ် ကိုေ ဒသဆိုင်ရာအစိုးရအဖွဲ့အချို့ကတာဝန် မယူချင်ကြသောကြောင့် ဖြစ်နိုင်သည်ဟု ဆိုပါ သည်။