Main menu

Background

ကုန်သွယ်မှု မြှင့်တင်ရေးနဲ့ စကားပြောသော ကိန်းဂဏန်းများ

Fri, 07/18/2014 - 07:34 -- ydnar

 
နိုင်ငံတော်၏ စီးပွားရေး၊လူမှုရေး နှင့် စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းများ ပီပြင်စွာဆောင်ရွက်နိုင်ရန်စာရင်းဇယား၊ အချက်အလက်၊ ကိန်းဂဏန်းများက အရေးပါ အရာရောက်လှပါတယ်။ ထို့ အတူကျွန်မတို့ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီး ဌာနရဲ့သတင်းအချက်အလက်များ၊ စာရင်းဇယားများကလည်း စကားပြော သော ကိန်း ဂဏန်းများဖြစ် တယ် ဆို တာ ငြင်း လို့မရပါဘူး။ တိုင်းတစ်တိုင်း/မြို့နယ်တစ်မြို့နယ်ရဲ

စပါး၊ ပဲမျိုးစုံနဲ့ သစ်သီးဝလံများရဲ့ နှစ်တစ်နှစ်အတွင်း စိုက်၊ရိတ် ၊နှုန်း၊ထွက်၊စားသုံး၊ပိုလျှံမှု အခြေအနေ၊ဆန်၊ဆီနဲ့အခြေခံစားကုန် များ၏ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးနှုန်း အခြေအနေ၊ အတက်/အကျ၊အနိမ့်/အမြင့်၊ရောင်းဝယ်ဖောက်ကားမှု၊သယ်ယူ ပို့ဆောင်မှုအခြေအနေ၊ ကုန်ကျစ ရိတ် နှင့်ဈေး ကွက်ေ ဈးနှုန်းများ သိရှိနိုင်ရန် အတွက်(Data Collection) အချက် အလက်ကောက်ယူခြင်း၊(Data Com- pilation) အချက်အလက်များ စုစည်း ခြင်း နှင့် (Data Analysis & Data Interpretation) ဆန်းစစ်ေ လ့လာ ကောက်ချက် ချခြင်းတို့ပြုလုပ်ခြင်းဖြင့် သိရှိနိုင်ပါတယ်။ဒီလိုစာရင်းအင်းအချက် အလက်များေ ကာက်ယူရာ မှာ အသုံးြ ပု နိုင် မယ့်နည်းလမ်း၊Method of data collection  (၂)မျိုးရှိပါတယ်။ ယင်းတို့ မှာ- (၁)    အပြည့်အစုံ ကောက်ယူခြင်း (Complete Collection) (၂)    နမူနာကောက်ယူခြင်း (Sa-mpling Collection) တို့ ဖြစ်ပါတယ်။ လက်တွေ့နယ်ပယ်တွင် နမူနာ ကောက်ယူခြင်းနည်းလမ်းကိုသာအသုံး များကြောင်းတွေ့ရှိရမှာ ဖြစ်ပါတယ်။ နမူနာကောက်ယူခြင်းက အချိန်ကုန် သက်သာ၊ စရိတ်သက်သာ၊Data  ကောက်ယူမှုလွယ်ကူခြင်း တို့အပြင် လူ အင်အား လည်းသက်သာစေတဲ့အတွက် အသုံးများတာတွေ့ရှိရပါတယ်။ဒါ့အပြင် သုတေသနတစ်ခု (Research)။ စစ် တမ်း (Survey)တစ်ခုကွင်းဆင်းဆောင် ရွက်မယ်ဆိုရင် အချိန်၊ငွေကြေး၊လူအင် အားတို့လည်းလိုအပ်ကြောင်းတွေ့ရပါ တယ်။ ကုန်သွယ်မှုမြှင့်တင်ရေး အစီအမံ များအရ အဓိကမြို့ကြီးများတွင် လက် ကားကုန်စည်ဒိုင်များဖြ စ်ပေါ် ထွန်းကား စေရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊လက်ကားကုန်စည်ဒိုင်များ ထူထောင်ပေးခြင်း တို့ရည်ရွယ် ထားရာ ယင်းအစီအမံများအရ မန္တလေးတိုင်း ဒေသကြီးတွင်လည်းWhole Sale Market အတစ်ခုထူေ ထာင်နိုင်ဖို့ အတွက် ဈေးကွက်သတင်းအချက်အလက်နှင့် သုတေသနလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်ရန်လိုအပ်ပါတယ်။ သို့ ဖြစ်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးမှ ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ်မှဝန်ထမ်းများ မန္တလေးမြို့နယ် ၅ မြို့နယ်နှင့် အမရပူရမြို့နယ်၊ ပေါင်း ၆ မြို့နယ်အတွင်းရှိ သစ်သီးဝလံ၊ ဟင်း သီးဟင်းရွက်၊ ပန်းမန်နှင့်အသား၊ ငါး တို့ ကို ဈေး ၄၂ ဈေးအတွင်း ကုန်စည် ဝင်ရောက်မှု၊ သယ်ယူပို့ဆောင်မှုစနစ်၊ တစ်နေ့တာအတွက်  ရောင်းချရမှု ပမာဏ (အမျိုးအစားအလိုက်)နှင့် ဈေး ကွက်၊ ဈေးနှုန်းအခြေအနေများ ကွင်း ဆင်းစစ်ဆေးကောက်ယူမှု ပြုလုပ်ခဲ့ ကြပါတယ်။ ယင်းစစ်တမ်းမှတစ်ဆင့်Whole Sale  Market တစ်ခုဖွင့်လှစ် နိုင်ရန် ဆန်းစစ်လေ့လာကောက်ချက် ချရမှာဖြစ်ပါတယ်။ ဝန်ထမ်းများဖြင့် နည်းနည်းနဲ့ကျဲကျဲဝိုင်းထားရတဲ့စစ်တမ်း တစ်ခု၊ ကွင်းဆင်းဆောင်ရွက်မှု ဆိုသော် လည်းဝန် ထမ်းများရဲ့ဇွဲ၊လုံ့လ၊ ဝီရိယနဲ့ လုပ်ငန်း အပေါ်စေတနာထား ဆောင် ရွက်ခဲ့တဲ့စာရင်းဇယားများက သက်သေ ပြလို့နေမှာဖြစ်ပါတယ်။