Main menu

Background

ဒုတိယအဆင့် ပြုပြင်ပြောင်းလဲမှုများအရှိန်တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်လျက်ရှိသော အာဆီယံ

Fri, 07/18/2014 - 08:20 -- ydnar

 
အရှေ့တောင်အာရှဒေသသည် စီးပွားရေးသိသိသာသာတိုးတက်လျက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် အရှေ့ တောင်အာရှအစိုးရများသည် ဈေးကွက် များကို လွတ်လပ်ခွင့်ပြုခြင်း သို့မဟုတ် ဖြေလျှော့ခြင်းကြောင့် ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုဖြစ်စဉ်များအတွင်း စီးပွား ရေးပေါင်းစည်းမှုကို မြှင့်တင်နိုင်ခဲ့သည်။ ယခုအခါ အရှေ့တောင်အာရှဒေသ သည် ဒုတိယအဆင့်ဈေးကွက်

ပြုပြင် ပြောင်းလဲမှုများ (Second wave of market reforms) လုပ်ဆောင်ရန် လိုအပ်လျက်ရှိသည်။ တစ်နည်းအား ဖြင့် အာဆီယံသည် ပြုပြင်ပြောင်းလဲ ရေးကို အရှိန်တိုးမြှင့်ဆောင်ရွက်ရန်၊ ပြုပြင်ပြောင်းလဲရေးလှိုင်းသစ်စီးရန် လို အပ်လျက်ရှိသည်။ သို့မှသာ ပြင်ပ ရိုက် ခတ်မှုများ (External shocks) ကို ဖြေရှင်းနိုင်ပြီးဒေသဆိုင်ရာနှင့် ကမ္ဘာလုံး ဆိုင်ရာ အခွင့်အလမ်းသစ်များကို ရယူခံစားနိုင်မည်ဖြစ်သည်။ဒေသတွင်းကွဲပြားခြားနားချက်များ အာဆီယံစီးပွားရေးပေါင်းစည်း မှုဖြစ်သောအာဆီယံစီးပွားရေးအသိုက် အဝန်း (AEC) သည် အာဆီယံ ဒေသ အား ကမ္ဘာ့စီးပွားရေးတွင် ပိုမိုပေါင်းစည်း နိုင်ရေးအတွက် တွန်းပို့လျက်ရှိပါသည်။ သို့သော်လည်းအရှေ့တောင်အာရှဒေသ သည် ဒေသတွင်းကွဲပြားခြားနားမှု (Intra-regional diversity) ကြီးမား လျက်ရှိနေဆဲဖြစ်သည်။ အရှေ့တောင် အာရှ၏အချမ်းသာဆုံးနိုင်ငံဖြစ်သော စင်ကာပူနိုင်ငံ၏ လူနေမှုအဆင့် အတန်းသည် အဆင်းရဲဆုံးနိုင်ငံဖြစ်ေ သာ မြန်မာနို င်ငံ ၏ လူနေမှုအဆင့်အတန်း ထက် အဆ ၄၀ ပိုမိုမြင့်မားလျက်ရှိ သည်။ စင်ကာပူနိုင်ငံ၏ စီးပွားရေးသည် ဝန်ဆောင်မှုအခြေခံစီးပွားရေး (Services-based economy) ဖြစ်သည်။ လာအိုနိုင်ငံသည်ရေနံအခြေခံစီးပွားရေး (Oil-based economy) ဖြစ်သည်။ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် စက်မှု ထူထောင်ရေးကို မြန်မြန်ဆန်ဆန်ချီ တက်လျက်ရှိသည်။ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့သည် စိုက်ပျိုးရေးထုတ်ကုန်များ ကို အကြီးအကျယ်တင်ပို့သော နိုင်ငံ များဖြစ်သည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် တို့သည် စားသောက်ကုန်စည်များကို အသားတင်တင်သွင်းနေရသော နိုင်ငံ များဖြစ်သည်။ ကမ္ဘောဒီးယား၊ လာအို နှင့် မြန်မာနိုင်ငံတို့သည်  လယ်ယာစိုက် ပျိုးရေးကိုသာအဓိကထားမှီခိုနေရဆဲဖြစ် သည်။ ထို့ပြင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာနှင့်စီးပွားရေးဝန်းကျင် ဆိုင်ရာအရည်အသွေးများလည်းအလွန် ကွာခြားလျက်ရှိသည်။ စင်ကာပူနိုင်ငံသည် ကမ္ဘာပေါ်တွင် စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာ၌ အလွယ်ကူဆုံးနို င်ငံ ဖြ စ်ကြောင်းကမ္ဘာ့ဘဏ်က ဖော်ပြထား သည်။ မလေးရှားနှင့် ထိုင်းနိုင်ငံသည် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာတွင် အဆင့်၂၀မြောက် အလွယ်ကူဆုံးနိုင်ငံ များဖြစ်ကြောင်း၊ ကျန်အာဆီယံနိုင်ငံ များမှာ စီးပွားရေးလုပ်ငန်းလုပ်ဆောင် ရာတွင် အခက်အခဲများနှင့်ကြိုးနီစနစ် များရှိနေဆဲဖြစ်ကြောင်းလည်းကမ္ဘာ့ဘဏ်ကဖော်ပြထားသည်။ဤကဲ့သို့ အာဆီယံ နိုင်ငံ များကြားစီးပွားရေးအရ ကွဲပြား ခြားနားရခြင်းသည် သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ ပထဝီဝင်၊ လူဦးရေ၊ လူဦး ရေသိပ်သည်းမှုနှင့်နိုင်ငံရေးစနစ်များ မတူညီသောကြောင့်ဖြစ်ကြောင်းတွေ့ရှိ ရသည်။ဒေသတွင်း တူညီချက်များ သို့သော်လည်းအာဆီယံနိုင်ငံများ ကြားတွင် တူညီသောအချက်များလည်း ရှိပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နှင့် ပေါင်းစည်းရန်အတွက် အာဆီယံ နိုင်ငံအားလုံးသဘောတူအကောင်အထည် ဖော်လျက်ရှိသည်။ ၁၉၈၀ ပြည့်လွန်နှစ် များမှ စတင်၍ အာဆီယံနိုင်ငံအားလုံး သည် ကုန်သွယ်မှုနှင့် ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို လွတ်လပ်ခွင့်ပြုခဲ့သည်။ အာဆီယံနိုင်ငံအများစု၏ပျမ်းမျှသွင်းကုန် ခွန်ကောက်ခံမှုမှာလည်း ၅ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပါသည်။ထို့ပြင်စီးပွားရေး တိုးတက်သောအာဆီယံ ၆နိုင်ငံ၏ဂျီဒီပီ နှင့် ကုန်သွယ်မှုအချိုး(Trade-to-GDP Ratio) မှာလည်း ၁၀၀ ဝန်းကျင် နှင့် ၁၀၀ အထက်တွင် ရှိကြပါသည်။ ထိုမျှသာမက အာဆီယံသည် ကမ္ဘာလုံး ဆိုင်ရာ စက်မှု ကုန်ချောထုတ်လုပ်မှု ဖြစ် စဉ်အတွင်း ကုန်ပစ္စည်းအစိတ်အပိုင်း များကိုထုတ်လုပ်ပေးသည့်ဒေသဆိုင်ရာ ထုတ်လုပ်မှု ဗဟိုချက်f (Regional pro-duction hub) ဖြစ်လာနေပါသည်။ ဤအချက်က တရုတ်နိုင်ငံ အပါအဝင် အာဆီယံနှင့် အရှေ့မြောက်အာရှကို ပိုမိုခိုင်မြဲစေရန် ချိတ်ဆက်ပေးသည်။ အာဆီယံနိုင်ငံများ၏ တည်နေရာ အချက်အချာကျခြင်းက ကမ္ဘာလုံး ဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးအတွက် အထောက်အကူပြုလျက်ရှိပါသည်။ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး အခြေ အနေများ ကောင်း မွန်ပြီး နိုင်ငံခြား ငွေလဲ လှယ်နှုန်းများလည်း ပြောင်းလွယ် ပြင်လွယ်ရှိပါသည်။ သို့သော် ငွေကြေး ဈေးကွက်များ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရန် လိုအပ်သည်။ အာဆီယံနိုင်ငံအများစု၏ ၂၀၁၄ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်း သည် ၅ ရာခိုင်နှုန်းရှိနို င်ကြောင်း ၊ မြန်မာ နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၅ ဒသမ ၈ ရာခိုင်နှုန်းရှိနိုင်ကြောင်း အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေ အဖွဲ့(IMF)    က ခန့်မှန်းထားသည်။စီးပွားရေးတိုးတက်မှုအတွက် စိန်ခေါ် မှုများ ဖော်ပြပါအတိုင်း စီးပွားရေး တိုးတက်ရခြင်းမှာ အဓိကအားဖြင့် ပို့ကုန်တိုးတက်သောကြောင့် ဖြစ်သည်။ သို့သော်လည်း အာဆီယံစီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေသော၊ ပို့ကုန်တင်ပို့မှုကို ထိခိုက်စေနိုင်သော စိန် ခေါ်မှုများလည်းရှိပါသည်။ ပထမ စိန်ခေါ်မှုမှာ တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှု နှေးကွေးခြင်းက အာဆီယံ ၏ ပို့ကုန်တင်ပို့မှုကို ကျဆင်းေ စနိုင်ခြင်း ဖြစ်သည်။ တရုတ်ပြည်တွင်းဈေးကွက် သို့ တင်ပို့သော အာဆီယံ ပို့ကုန်များ ကျဆင်းခြင်းအပြင် အာဆီယံ အတွင်း သို့စီးဝင်သော တရုတ်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုလည်း ကျဆင်းနိုင်သည်။ ဒုတိယ စိန်ခေါ်မှုမှာ အရှေ့ တောင်အာရှနှင့် ကမ္ဘာတစ်ဝန်းတွင် ကျင့်သုံးလျက်ရှိသော ပျော့ပြောင်း သည့် ငွေကြေးေ ပါ်လစီများ (Loose monetary policy) ကြောင့်ချေးငွေ တိုးပွားပြီး ေ<ကးမြီပြဿနာဖြစ်ပွား နိုင်ခြင်းဖြစ်သည်။ တတိယ အချက်မှာ ဆယ်စုနှစ်တစ်ခုကြာပြီဖြစ်သော အတိုး နှုန်းသက်သာသည့်ချေးငွေပေါ်လစီနှင့် ကုန်ဈေးနှုန်းမြင့် မားခြင်းတို့က ထွန်းသစ်စ ဈေးကွက်များ၏တိုးတက်မှုကိုနှေးကွေး စေခြင်းဖြစ်သည်။ အာဆီယံအစိုးရများ သည် ဈေးကွက် အားနည်းချက် များကို လျှော့ချရန်အတွက် ဈေးကွက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကိုလုပ်ဆောင်ခြင်း မရှိပေ။ လက်ရှိအခြေအနေတွင် ကမ္ဘာလုံးဆိုင်ရာငွေရေးကြေးရေးအခြေအနေ များကိုတင်းကျပ်စွာကိုင်တွယ်သော ကြောင့် ကုန်ဈေးနှုန်းများကျဆင်းလျက် ရှိသည်။ ဤအချက်က အာဆီယံ၏ အခြေအနေကို ပို၍ပေါ်လွင်စေသည်။ ထို့ပြင်မြေယာ၊ လုပ်အားနှင့် အရင်း အနှီး ဈေးကွက်များကြီးထွားရေးအတွက်ပြုပြင် ပြောင်းလဲမှုတစ်စုံတစ်ရာဆောင်ရွက်ခြင်း လည်းမရှိပေ။ြ ပည်သူပိုင်ကဏ္ဍ တွင်လည်း ထိုနည်းတူစွာပင်။နိုင်ငံတကာကုန်သွယ် မှုနှင့်ရင်းနှီးမြှုပ်နှံမှု ဖြေလျှော့ခြင်းသည် လည်း နှေးကွေးလျက်ရှိသည်။ ထိုမျှ သာမကအစိုးရကြိုးနီစနစ်က စီးပွားရေး လုပ်ငန်းပတ်ဝန်းကျင်ကို ဒုက္ခရောက်စေ ပါသည်။အာဆီယံစီးပွားရေးပေါင်းစည်းမှု၏ ကောင်းကျိုးများ အရှေ့တောင်အာရှဒေသအတွင်း ကုန်စည်၊ ဝန်ဆောင်မှု၊ အရင်းအနှီးနှင့် လူများ လွတ်လွတ်လပ်လပ် စီးဆင်းခြင်း က ကောင်းကျိုးများစွာ ဖြစ်ထွန်းစေနိုင် သည်။ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ် မှု ဖြစ်စဉ်အတွင်း ပိုမိုပေါင်းစည်းနို င်ပါမည်။ ဒေသတွင်းအကောက်ခွန်နှုန်းများ သုည သို့ ရောက်ရှိပါမည်။ အကောက်ခွန် လုပ်ထုံးလုပ် နည်းများ၊ နယ်စ ပ်ဖြတ်ကျော်အခြေခံ အဆောက်အအုံစီမံကိန်းများ ပိုမိုလွယ်ကူရှင်းလင်းပြီးလုပ်ငန်းထိရောက် မှုရှိပါမည်။ အာဆီယံ လွတ် လပ်သော လေယာဉ်ပျံသန်းမှု အစီအစဉ် က လေ ကြောင်းလိုင်းများ အတွက်စရိတ် သက်သာ စေပါမည်။ မဟာမဲခေါ င်ဒေသခွဲကဲ့သို့ သော စီးပွားရေးပူးေ ပါင်း ဆောင်ရွက်မှု များကအာဆီယံ၏ပေါင်းစည်းမှုအရှိန် ကို တိုးတက်စေသည်။အာဆီယံနည်းလမ်းနှင့် Second Wave သို့သော် ခြုံငုံသုံးသပ်ပါက AEC အကောင်အထည်ဖော်မှုသည် ယင်း၏ လျာထားချက်အောက်များစွာ နိမ့်ကျ လျက်ရှိသည်။ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကောက်ခွန် မဟုတ်သော အဟန့်အတားများနှင့် စည်းမျဉ် စည်းကမ်းအဟန့်အတားများကို လျှော့ချရန်နှင့်ပယ်ဖျက်ရန်ရှိသည့်လျာ ထားချက်များကို အပြည့်အဝအကောင် အထည် မဖော်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် ငွေကြေးနှင့် ဘဏ္ဍာရေးပေါင်းစည်းမှု သည်ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုပေါင်း စည်းခြင်း ထက်များစွာအားနည်းလျက်ရှိ သည်။ ဖော်ပြပါအချက်များအရ ''အာဆီယံနည်းလမ်း''ဆိုသည်မှာ ''အစိုး ရများအပြန် အလှန်ပေါင်းစပ်ညှိနှိုင်းမှု လျော့ရဲခြင်း'' နှင့် ''အပေါ်ယံယှက်၍ ပေါင်းစည်းခြင်း''ဖြစ်ကြောင်းတွေ့မြင် နိုင်သည်။ အရှေ့တောင်အာရှ၏ စီးပွားရေး သိသာစွာ တိုးတက်ရခြင်းမှာ ဈေးကွက် များကိုဖြေလျှော့ခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု ဖြစ်စဉ်များအတွင်း စီးပွားရေးပိုမို ပေါင်းစည်းနိုင်ခဲ့သည်။ သို့သော် လက်ရှိ အချိန်တွင် အာဆီယံသည်ဒုတိယအဆင့် ဈေးကွက်ပြုပြင်ပြောင်းလဲမှုများ လုပ် ဆောင်ရန် လိုအပ်လျက် ရှိသည် ။ ပြုပြင် ပြောင်းလဲရေးလှိုင်းသစ်စီးရန်(To ride a new wave of reform) လိုအပ် သည်။