Main menu

Background

နှစ်နိုင်ငံသဘောတူညီ ရင်းနှီးမြှုပ်နှံမှုစာချုပ် (ဘီအိုင်တီ) နှင့်ပတ်သတ်

Mon, 07/21/2014 - 07:44 -- ydnar

ဘီအိုင်တီ ယခုလဇူလိုင် ၂၈ ရက်နေ့တွင် ရန်ကုန်မြို့ ဆန်းမစ်ပါစ့်ဗျူးဟိုတယ်၌ နိုင်ငံနှစ်နိုင်ငံအကြား ချုပ်ဆိုကြသည့် ရင်းနှီးမြှုပ်နှံမှု စာချုပ် များနှင့် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အခန်း ကဏ္ဍနှင့်သက်ဆိုင်သောအလုပ်ရုံ ဆွေး နွေးပွဲ တစ်ခုပြု လုပ် မည် ဟုသိရှိရချိန် တွင် ရင်းနှီးမြှုပ်နှံမှုစာချုပ်များနှင့် အရင်း အနှီးမဲ့နေသောဖွံ့ဖြိုးဆဲနိုင်ငံများ ဆက် စပ် ပတ်သက်မှု အခြေ အနေများကို ပိုမို စိတ်ဝင်စားမှု ရှိလာခဲ့သည်။  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ အိမ်ရှင်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံ မှုပြု လုပ် မည့်နိုင်ငံကြားချုပ်ဆိုမည့် ထိုစာချုပ်ကိုအင်္ဂလိပ်ဘာသာ အားဖြင့် Bilateral Investment Treaty  ဟုခေါ်ပြီး အတို ကောက်အားဖြငBIT ဟုလည်းလူသိ များသည်။ တစ်နည်းအားဖြင့် နှစ်နိုင်ငံ သဘောတူရင်းနှီးမြှုပ်နှံမှုစာချုပ်ဖြစ်ပြီး ရ င်းနှီးမြှုပ်နှံ မှုပြုလုပ်မည့် နိုင်ငံနှင့် ရင်း နှီးမြှုပ်နှံမှု ပြုလုပ်ခြင်းကို လက်ခံမည့် နိုင်ငံနှစ်နိုင်ငံအကြား လိုက်နာရမည့် စည်းမျဉ်းတည်ဆောက်လျက်နှစ်ဘက် သဘောတူမှုရယူခြင်းဖြစ်သည်။

အပြန်အလှန်ရှိသောဂုဏ်သတ္တိ နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုနယ်ပယ် တွင်ထင်ရှားသောBIT ပတ်သက်၍ မေးခွန်းများစွာပေါ်လာသည်။BITဆို သည်မှာ မည်သို့ပေါ် ပေါက်လာသနည်း၊ အဘယ့်ကြောင့်BITလိုအပ်ပါသနည်း၊BIT  မှ မည်သူတို့အကျိုးအမြတ်ရရှိပါ သနည်း စ သဖြင့် စိတ်ဝင်စားစရာမေး ခွန်းပေါင်းများစွာသည် ခေါင်းထဲသို့ ဝင် ရောက်လာသည်။BIT သည် ရင်းနှီးမှု စာချုပ်များဖြစ်ေ သာ်လည်း ကုန်သွယ် ရေးသဘောတူညီမှုများမှတစ်ဆင့် ဖြစ် ထွန်းလာကြခြင်းဖြစ်သည်ကိုတွေ့ရှိရ သည်။ ထိုစာချုပ်၏ ရာဇဝင်ကိုလေ့လာ ကြည့်ရာတွင် ပထမဦးဆုံးBITအဖြစ် ၁၉၅၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ က ဂျာမနီနှင့်ပါကစ္စတ န်နိုင်ငံကြား တွင် ချုပ်ဆိုခဲ့ကြောင်းသိရသည်။BITများသည် အမည်အရပင်လျှင် ပါဝင် ပတ်သက်ရ သည့် နိုင်ငံ အရေအ တွက် မှာ နှစ်နိုင်ငံသာဖြစ်သည်။ တစ်နိုင်ငံသည် အရင်းအနှီး တင်ပို့သည့် နိုင်ငံဖြစ်ပြီး အခြားနိုင်ငံသည် အရင်းအနှီး တင် သွင်း သည့်နိုင်ငံဖြစ်သည်။ များသောအားဖြင့် အရင်းအနှီးတင်ပို့သည့် နိုင်ငံသည် ဖွံ့ဖြိုးပြီး သူဋ္ဌေးနိုင်ငံဖြစ်ပြီး အရင်းအနှီး တင်သွင်းသည့်နိုင်ငံမှာ ဖွံ့ဖြိုးဆဲဝင်ငွေ နည်း၊အရင်းရှားပါးသည့်နိုင်ငံဖြစ်သည်။ သဘောတရားအားဖြင့် စာချုပ်ကို ချုပ် ဆိုသည့် နှစ်နိုင်ငံအကြား အပြန်အလှန် သက်ရောက်မှုရှိသည်။ ဥပမာ-ဂျာမနီ နှင့်ပါကစ္စတန်နိုင်ငံချုပ်ဆိုသည့် ဂျာမနီ- ပါကစ္စတန် သဘောတူစာချုပ်သည် ပါကစ္စတန်နိုင်ငံရှိ ဂျာမန်ရင်းနှီးမြှုပ်နှံသူ များကိုလည်းကောင်း၊ ဂျာမနီနိုင်ငံရှိ ပါကစ္စတန် ရင်းနှီးမြှုပ်နံှသူများကိုလည်း ကောင်း အပြန်အလှန်၊ တူညီစွာအကျိုး သက်ရောက်မှုရှိသည်။ဘီအိုင်တီ၏ အကောင်းအဆိုး၊ အကြောင်းအကျိုး BIT များ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများအတွက် များစွာအထောက် အကူရနိုင်သည်ကိုသဘောတူစာချုပ်ပါ အချက်များ ကိုကြည့်ခြင်းဖြင့် အလွယ် တကူပင်သိနိုင်သည်။ အိမ်ရှင်နိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများအပေါ်တွင် ခွဲခြား ဆက်ဆံခြင်း၊ မမျှမတဆက်ဆံခြင်းမပြု၊ သက်ဆိုင်ရာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ နည်းတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အညီအမျှ ဆက်ဆံ ၍ တန်းတူအခွင့် အရေးပေးရမည်။ မည်သည့် လျော်ကြေးငွေမှ ထောက်ပံ့ခြင်း မပြုဘဲ ရင်းနှီးမြှုပ်နှံသူ များ၏ လုပ်ငန်း အပါအဝင် ပိုင်ဆိုင်မှု ပစ္စည်းများ ကိုသိမ်းယူခြင်း မပြုရ၊ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူများသည် သူတို့၏ အက်ဆက်များကို အိမ်ရှင်နိုင်ငံပြင်ပသို့ လွတ်လပ် စွာ လွှဲပြောင်းခွင့်၊ သယ်ယူခွင့်ရှိ မည်။ အငြင်းပွားမှုရှိလာပါက သီးခြား နည်းလမ်းဖြင့် ဖြေရှင်းခွင့်ကိုရရှိနိုင်ရ မည်။ BIT အသုံးပြုမှုကို ဝေဖန်သူများ လည်းရှိသည်။ ဆန့်ကျင်ဝေဖန်သူများ ကBITသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ များကို အကာအကွယ်ပေးနိုင်ရေးအတွက် သာ အလေးပေးသည့် စည်းမျဉ်းများကို ရေးဆွဲထားခြင်းမျိုးဖြစ်ပြီး သဘာ၀ ပတ်ဝန်း ကျင်နှင့် သယံဇာတ၊ အလုပ် သမားအခွင့်အရေး၊ လူမှုရေးဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းမှုများနှင့် ပတ် သက်သည့် စံသတ်မှတ်ချက်များနှင့် တာဝန်ယူမှုများကို ထည့်သွင်းစဉ်းစားမှု မရှိဟု ထောက်ပြထားသည်။ ထို့အပြင် သဘောတူညီ မှုရ ထားသောအချက်များ သည်လည်း အနာဂတ်တွင် ခန့်မှန်းရ ခက်သည့် သို့မဟုတ် ဖြေရှင်းရခက်ခဲနိုင် သည့်အချက်များ ပါရှိ သည်ဟုလည်း ဆို ထားသည်။သတိအမြဲရှိ လွန်ခဲ့သောဆယ်စုနှစ်သုံးခု အတွင်းBIT ၏ထင်ရှား၊ လူကြိုက်များမှုမှာ ပိုမို များပြားလာသော်လည်း ၎င်းင်း၏အစွမ်း အာနိသင်မှာအပိုင်သေချာသည့် အခြေ အနေသို့မရောက်ရှိသေးပေ။ အငြင်းပွား မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ် သည် ။BITများချုပ်ဆိုလုပ်ကိုင်ခြင်း၏ အကျိုးကျေးဇူးများ ရရှိနေသည်မှာ အမှန်တကယ်ဖြစ်၏။ သို့သော် ၎င်းင်းနှင့် ဆက်စပ်သည့် အခြားသောအကြောင်းများကမူ ရင်းနှီးမြှုပ်နှံသူများ စိတ်ပျက် အားလျော့မှုများဖြစ်စေသည်များလည်း ရှိနေသည်။ စိတ်ဝင်စား စရာကောင်း သည်မှာBITများသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ စီးဝင်လာမှုကို အထောက် အကူပြုခြင်းရှိ မရှိ၊ ပမာဏ တိုးတက်လာ ခြင်း ရှိ/မရှိ လေ့လာသုံးသပ်မှုများ ပြု လုပ်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့်BITကို စိတ်ပါဝင်စား၍ သဘောတူ စာချုပ်ချုပ်ဆိုမည့် ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် သတိအနေအထားဖြင့်သာ အလုပ်လုပ်ရမည် ကိုကောင်းစွာ သဘော ပေါက်ပါမှ တော်ကာကျပေမည်။