Main menu

Background

ဘာလိုသေးလဲ . . .ဗျာ

Tue, 07/22/2014 - 08:48 -- ydnar

ယနေ့မြန်မာတောင်သူတွေရဲ့ စိုက်ပျိုးရေးအမြင်တွေဟာ အရင်ကထက် ကျယ်ပြန့် ဖွံ့ဖြိုးစွာ တွေးမြင်လာခဲ့ကြ သလို ဈေးကွက် ဝင် မျိုးကောင်းမျိုးသန့်၊ စိုက်ပျိုးနည်းစနစ်၊ မြေဆီနဲ့ပိုးသတ်ဆေးသုံးစွဲမှု၊ ရိတ်သိမ်းချိန်ကာလနဲ့ ထုပ်ပိုးမှုနည်းစနစ်တွေ အဆင့် ဆင့်ပြုပြင်ပြောင်းလဲလာခဲ့ကြပြီး ကမ္ဘာ့ဈေးကွက်အသီးသီးကို စတင်ထိုးဖောက်နိုင်ခဲ့တာ အားရဖွယ်တွေ့မြင်နေရပါပြီ။

စစ်ကိုင်းတိုင်းဒေသကြီးရဲ့ နယ်မြေအသီးသီးမှာ နှစ်တိုသီးနှံအဖြစ် စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဂျုံ၊ ဝါစတဲ့ လယ်ယာထွက် သီးနှံတွေ၊ ဖရဲ၊ သခွားမွှေး၊ ငှက်ပျော၊ သင်္ဘော၊ နဂါးမောက်စတဲ့ ကိုင်း၊ ကျွန်းထွက် သစ်သီးဝလံတွေ တစတစတိုးချဲ့စိုက်ပျိုး လာခဲ့ကြသလို နှစ်ရှည်သီးနှံအဖြစ် သရက်၊ ဆီးသီး၊ သနပ်ခါး၊ လျှော်ဖြူစတဲ့ ဈေးကွက်ဝင် အပင်တွေ တိုးချဲ့စိုက်ပျိုးလာ တာေ တွ့ ရ ပါတယ်။ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းနဲ့ ဒီပဲယင်းခွဲကျေးရွာထွက် ဟင်္သာ၊ စိန်တလုံး၊ ရင်ခွဲစတဲ့ သရက်သီးတွေကို ပြည်ပ တင်ပို့ရောင်းချရင်း နာမည်နဲ့တကွစီးပွားဖြစ်ခဲ့ကြသလို ချောင်းဦးမြို့နယ်က မကျီးခွ၊ ငါးလုံးတင်စတဲ့အုပ်စုတွေမှာ ဖရဲနဲ့ သခွားမွှေးတွေ တရုတ် Export အတွက်  စီးပွားဖြစ်စိုက်ခဲ့ကြလို့ ဈေးကွက်ရနေတာတွေ့ရပါတယ်။ ထို့အတူ အရာတော် နယ်ကကျေးရွာတိုင်းနီးပါးမြန်မာ့သနပ်ခါးစိုက်ပျိုးရင်း အနာဂတ်စီးပွားအတွက် ရင်းနှီးမြှုပ်နှံကြသူတွေ ပိုမိုတိုးပွားလာနေတာ တွေ့ရပါတယ်။ ကနီ၊ ဘုတလင်နဲ့ ဒီပဲယင်းမြို့နယ်တွေက ကျေးရွာအများစုမှာတော့ တရုတ်ဈေးကွက်အမြဲရှိတဲ့ ဆီးသီး စိုက်ပျိုးခြင်း နဲ့ ကျေးလက်ရဲ့စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနေတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဒေသရှိတောင်သူတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် သီးနှံအလိုက် နည်း ပညာပေးသင်တန်းတွေကို သက်ဆိုင်ရာဌာနအလိုက်ဖွင့်လှစ်ပေးခဲ့ရာ၊ သစ်သီးဝလံ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေး သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနက ကြီးကြပ်ဦးဆောင်ပြီး မြင်းမူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမမှာ ဇွန်လ ၂၅ ရက်ကနေ ၂၇ ရက်နေ့အထိ ၃ ရက်တိတိ ဖွင့်လှစ်ခဲ့ပြီး၊ စစ်ကိုင်းခရိုင်၊ မုံရွာခရိုင်နဲ့ ယင်းမာပင်ခရိုင်တွေက သစ်သီးဝလံတောင်သူ ၅၄ ဦးထိ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့တာတွေ့ရပါတယ်။
 
ဒီလိုနည်းပညာပေးသင်တန်းတွေဖွင့်ပြီး တောင်သူတွေကို အသိဉာဏ်ပိုမိုကြွယ်ဝစေသလို တစ်ဘက်က လည်း ပြည်ထောင်စု အစိုးရသက်ဆိုင်ရာဌာနတွေရဲ့ အစီအစဉ်အရလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အစီအစဉ်အရ လည်းကောင်း ၊ တောင်သူတွေကို လိုအပ်တဲ့ချေးငွေ ထောက်ပံ့မှုတွေပေးပြီး၊ စိုက်ပျိုးရေး၊ ကုန်ထုတ်လု ပ်ရေးနဲ့ ပြည် ပဈေး ကွက်ရရှိစေရေးတို့ကို ဒေသထွက်ကုန်ပြပွဲတွေကျင်းပပေးပြီး ကျေးလက်လူမှုစီးပွားရေး ဖွံ့ဖြိုးရေးကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်လျက် ရှိတာတွေ့ရပါတယ်။ အခုအချိန်ဟာ နိုင်ငံနဲ့အဝှမ်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပုဂ္ဂလိက ကဏ္ဍပြုပြင်ပြောင်းလဲရေး တတိယအဆင့် အရှိန်မြင့် ဆောင်ရွက်ချိန်(Third Wave) ဖြစ်သလို စိုက်ပျိုးတဲ့သူတွေအနေနဲ့ မိမိတို့ရဲ့ လူမှုဘဝကို သာမက ဒေသ နဲ့ နိုင်ငံတော်အထိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြမယ်ဆိုတဲ့ တူညီတဲ့ဆန္ဒတစ်ခုနဲ့သာ စုပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဘာလိုသေး လဲ...ဗျာလို့။