နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသ တွင်ပဋိပက္ခများဖြစ်ပွားနေခြင်းကြောင့်ကျောင်းမနေ နိုင်သောကလေးငယ် သန်းနှင့်ချီပြီး စာသင်ခန်း ပြင်ပသို့ ရောက်နေသည်။ သို့သော်လည်း စာသင် ခန်းတစ်ခန်းထဲမှ ကလေးများ၏ အနာဂတ် မှာ တောက်ပနေမည့်အလားအလာကို တွေ့ရသည်။
အဒမ်မာဝါပြည်နယ်၏မြို့တော်ယိုလာမှ ပုဂ္ဂလိက ပိုင်အလယ်တန်းေ ကျာင်း တွင် ဆယ်ကျော်သက် အရွယ်ကျောင်းသားငယ်တို့သည် ကွန်ပျူတာ တစ်လုံးစီကို ရှေ့မှာချပြီး နေရာယူထားကြသည်။ သူတို့ကလေးများမှာ သူတို့ကျောင်းအနီးတွင်ဖွင့် လှစ်ထားသည့် အမေရိကန်တက္ကသိုလ်မှ စီစဉ် ပို့ချပေးမည့် သင်ရိုးညွှန်း တမ်းပြင်ပသင်တန်းသ့ို တက်ရောက်ရန် စာရင်းပေးထားသူများဖြစ်သည်။ သင်ကြားပို့ချပေးမည့်ဆရာမှာ တက္ကသိုလ် တွင် အင်ဂျင်နီယာပညာဆိုင်ရာပါရဂူဘွဲ့ယူရန်တက်ရောက်နေသူဖြစ်သည်။ ထိုဆရာက အကြွေးဝယ် ကတ် အရွယ် သာရှိ သည့်ဒေါ်လာ၄၀တန်ကွန်ပျုတာ ကလေးမှဂဏန်းသင်္ချာဘာသာရပ်အတွက်ရေးဆွဲ ထားသောဇယားကွက် ကို အတန်းရှေ့ တွင် ထောင် ထားသည့် အဖြူရောင်သင်ပုန်းပေါ်သို့ အရိပ်ထိုး ပြထားသည်။ အတန်းထဲမှကျောင်းသားများမှာ ထက်မြက် ကြသည်။ ကွန်ပျူတာကိုလည်း တတ်ကျွမ်းပြီးဖြစ် သည့်ပြင် နိုးကြားတက်ကြွသူများ ဖြစ်သည်။ သူတို့ ကလေးတွေက တရုတ်နိုင်ငံလို နည်းပညာေ တာ်လှန် ရေးနိုင်ငံဖြစ်ချင် သည်ဟုဆိုသည်။ သူတို့ဆရာ ကလည်းသူတို့ဆန္ဒကို သဘောတူထောက်ခံ သည်။ နိုင်ဂျီးရီးယားရှိ အမေရိကန်တက္ကသိုလ်က အလားတူ ပို့ချပေးနေသည့် ပုဂ္ဂလိပိုင်ကျောင်း ၂၂ ကျောင်းရှိ သည်။''အထက်တန်းစားလူချမ်းသာတို့၏သားသမီး များအတွက် သာ သင်ကြားပို့ချပေးနေတာ မဟုတ် ပါဘူး။ ကွန်ပျူတာတစ်လုံးကို ဒေါ်လာနည်းနည်း သာတန်တဲ့အတွက် တစ်နိုင်ငံလုံး ကကျောင်းတွေ မှာ သင်ကြားမှုရလဒ်ကောင်းတွေ တိုးတက်လာ စေဖို့အတွက် ဒီလိုနည်းပညာကို မသုံးနိုင်စရာ အကြောင်း မရှိပါဘူး''ဟု ထိုဆရာက ပြောသည်။ တကယ်တော့ နိုင်ဂျီးရီးယားနိုင်ငံသည် ပညာ သင်ယူရေးအတွက် ကမ္ဘာတွင် အဆိုးဝါး ဆုံးဖြစ် နေသည့်နို င်ငံတစ်နိုင် ငံဖြစ်သည်။ ပညာရေး တိုး တက်ကောင်းမွန်လာရေးအတွက် ပြန်လည်စဉ်းစား ဆင်ခြင်ရန် အလိုအပ်ဆုံးနိုင်ငံ လည်း ဖြစ် သည် ။ နိုင်ငံလူဦးရေ မြန်ဆန်စွာ တိုးပွားလျက်ရှိသဖြင့် ယခုအခါတွင် ကျောင်းမနေနိုင်သည့် ကလေး ငယ်ပေါင်း ၁၀ သန်းကျော်ရှိေ နသည်။ ကျောင်းနေ ခွင့်ရပါသော်လည်း သင့်တော်ကောင်းမွန်သည့် ပညာရေးကို သင်ကြားရနိုင်လိမ့်မည်ဟု မဆို နိုင်ပေ။ အသက် ၁၅ နှစ်မှ ၂၉နှစ်အရွယ်အထိ ၆ နှစ်တာ ပညာသင်ယူခဲ့ဖူးသူအမျိုးသား သုံးပုံ တစ်ပုံမှာ စာမတတ် သူများဖြစ်နေသည်ဟု ၂၀၀၈ ခုနှစ်တွင် ယူနက်စကိုအဖွဲ့က ခန့်မှန်းခဲ့ဖူးသည်။ ထိုသို့ ဖြစ်ရသည်မှာ စာအုပ်စာတမ်းမရှိခြင်းနှင့် သင်ကြားပေးသည့်ဆရာများအရည်အချင်းညံ့ဖျင်း ခြင်းတို့ကြောင့်ဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် သင်ကြားရေးအလုပ် လုပ်နေသည့် ကျောင်းဆရာ ရှစ်သိန်းခန့်ရှိပြီး၊ ထိုဆရာများမှာ သင့်တော်သော လေ့ကျင့်သင်ကြားမှု မရှိကြောင်း အမေရိကန် တက္ကသိုလ်က ထုတ်ဖော်ကြေညာခဲ့သည်။ လာမည့်နှစ်တွင် အများထုံးစံအတိုင်း မူလ တန်းပညာသင်ကြားပေးရန်အတွက်ပင်လျှင် ကျောင်းဆရာပေါင်း ၄၀၀၀၀၀ အထိ အသစ် ခန့်ထားရန်လိုအပ်လိမ့်မည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကထုတ်ပြန်ထားသည်။ ကျောင်းဆရာ လိုအပ်ချက် ပမာဏ မှာအင်မတန်များလွန်းနေ သော်လည်းသမားရိုးကျနည်းလမ်းအတိုင်းသင်ကြား ပေးရုံဖြင့် အလုပ်ဖြစ်မလာနိုင်ကြောင်း ပညာရေး ကျွမ်းကျင်သူများက သုံးသပ်ကြသည်။ သို့သော်လည်း ကွန်ပျူတာ၊ တက်ဘလက်နှင့် မိုဘိုင်းလ်ဖုန်းတို့၏အကူအညီဖြင့် သင်ကြားပို့ချ လို့ဖြစ်နိုင်သည်ဟု နည်းပညာ ကျွမ်းကျင်ပညာရှင် များကဆိုပါသည်။ဆက်သွယ်မှုဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အမျှ နည်းပညာ အသုံးပြုခြင်းြ ဖင့် ကျောင်းသားများနှင့်ထိတွေ့ရန် ပိုမိုလွယ်ကူသည်။ စာအုပ်စာတမ်းရှားပါးနေသည့် စာသင်ခန်းများ တွင် အင်တာနက် ဆက်သွယ်ခြင်းဖြင့် ဆရာများက ခေတ်မီသင်ခန်းစာများကို အခမဲ့ရယူနိုင်ကြသည်။ ထိရောက်မှုမ ရှိသော နှုတ်တိုက် ကျက်မှတ်ရသည့် သမားရိုးကျသင်ကြားနည်းကို ကွန်ပျူတာအသုံးချ ခြင်းဖြင့်ပယ်ဖျက်ပစ်နိုင်သည်။ ကွန်ပျူတာ နည်း ပညာြ ဖင့် အပြန်အလှန်ဆက်သွယ်ပို့ချနိုင်သဖြင့် စာသင်ခန်းများမှာ ပို၍စိတ်ဝင်စားဖွယ်ကောင်း လာနိုင်သည်။ ယိုလာမြို့မှ ဟောင်းနွမ်းဆွေးမြေ့နေသော အစိုးရကျောင်းများတွင်လည်းအမေရိကန်တက္ကသိုလ် မှ အဆင့်မြင့်ပညာတတ် လုပ်အားပေး ဆရာများ ကကျောင်းဆင်းချိန်တွင်မူလတန်းကျောင်းသား များအား သင်ကြားပေးရန် နေ့စဉ်လာရောက် ကြ သည်။ ကျောင်းသားများသည့် စာသင်ခန်းများဆို လျှင်အုပ်စုလေးစုခွဲ၍ဆရာတစ်ဦးစီ၊ကျောက်သင် ပုန်းကွန်ပျူတာ ကိုယ်စီဖြင့် သင်ယူကြသည်။စာတတ်မြောက်ရေး၊အခြေခံဂဏန်းသင်္ချာနှင့်ဝေဖန် ပိုင်းခြားနိုင်စွမ်းတိုးတက်လာစေရေးတို့အတွက် ကွန်ပျူတာ ဆော့ဖ်ဝဲများ ကို အသုံးပြုကြသည်။ သင်ကြားပို့ချပေးသည့်ကာလ အနည်းငယ်မျှသာ ရှိသေးေ သာ်လည်း လေ့လာ သင်ယူမှုရလဒ် များ တိုးတက်လာသည်ဟုဆရာများကသုံးသပ်ပါသည်။ ဒေသတစ်ခုလုံးတွင် ယင်းသို့သ င်ကြားပေးသည့် အစီအစဉ်များ တိုးချဲ့သွားနိုင်လိမ့်မည်ဟုလည်း အမေရိကန် တက္ကသိုလ်က မျှော်မှန်းထားသည်။ နိုင်ဂျီးရီးယားနိုင်ငံမှ ဒေသခံ တက္ကသိုလ်များ အနေ ဖြင့် အလားတူသင်ကြားပို့ချရေးအစီအစဉ်များကို နိုင်ငံတစ်ဝန်းလုံးတွင် ဘာကြောင့် လုပ်မပေးနိုင် ကြသလဲဆိုသည်ကိုတော့ မစဉ်းစားတတ်အောင် ဖြစ်မိသည်ဟု ဆိုပါသည်။Ref; The Economist.