Main menu

Background

ဂျပန်-အီးယူ စီးပွားရေး မိတ်ဖက်စာချုပ်ဆိုင်ရာ ဆဋ္ဌမအကြိမ်မြောက် စေ့စပ်ညှိနှိုင်းမှုများ ကျင်းပပြီးစီး

Wed, 07/23/2014 - 10:08 -- ydnar

 
ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ဂျပန်- အီးယူစီးပွားရေးမိတ်ဖက်သဘောတူစာ ချုပ် (Japan-EU Economic Partnership Agreement (EPA) ဆိုင်ရာ ဆဌမအကြိမ်မြောက်စေ့စပ်ညှိနှိုင်းမှုများ အား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ မှ၁၁ရက်နေ့အထိ ငါးရက်ကြာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါစေ့စပ်ညှိနှိုင်း ပွဲကာလအတွင်း ကုန်စည်ကုန်သွယ်ရေး၊  ဝန်ဆောင်မှုကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံ မှု၊ဉာဏ်ပစ္စည်းမူပိုင်ခွင့်၊အကောက်ခွန်မဟုတ်သောကုန်သွယ်မှုအတားအဆီးများ၊ အစိုးရဝယ်ယူရေးနှင့် အခြား သော အထွေထွေ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပြီး ကုန်စည်နှင့် ဝန် ဆောင်မှုများအတွက် ဈေးကွက်ဝင် အခွင့်အလမ်း များမြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက်အချို့ရရှိခဲ့ ကြပါသည်။

ယင်းစေ့စပ်ညှိနှိုင်းပွဲများတွင် အကောက်ခွန်လျှော့ချရေးဆိုင်ရာကိစ္စရပ် များကိုလည်း ဆွေးနွေးခဲ့ပါသည်။ သို့ရာ တွင်ဂျပန်နိုင်ငံမှ အီးယူသို့ မော်တော်ကားနှင့် လျှပ်စစ်ပစ္စည်းများတင်သွင်းမှု အပေါ် သွင်းကုန်ခွန်များ ထပ်မံလျှော့ ချပေးရန် ဂျပန်နိုင်ငံ ၏ တောင်းဆို ချက် နှင့် အီးယူမှ ဂျပန်နိုင်ငံသို့ ဒိန်ခဲ၊ ဝက် ပေါင်ခြောက်နှင့် ဝိုင်စသည့် စိုက်ပျိုးရေး ထွက်ကုန်များ တင်သွင်းမှုအပေါ်သွင်း ကုန်ခွန် များ ထပ်မံလျော့ချပေးရန် အီး ယူ၏ တောင်းဆိုချက်အပေါ် သဘော တူညီမှုများရရှိရန် ခက်ခဲနေသေး ကြောင်း သိရှိရပါသည်။ အခြားသောကုန်သွယ်ရေးစေ့စပ် ညှိနှိုင်းပွဲများတွင် ဂျပန်နိုင်ငံသည် ဆန်၊ ဂျုံ၊ အမဲသား၊ ဝက်သား၊ နို့ထွက်ပစ္စည်း များနှင့် သကြားစသည့် စိုက်ပျိုးထွက် ကုန်များအပေါ် အကောက်ခွန်များ ပယ်ဖျက်ရန် တောင်း ဆိုချက်များ အား ငြင်းဆိုခဲ့ကြောင်းလေ့ လာ သိရှိရပါသည်။ အီးယူနှင့် ဂျပန်နိုင်ငံတို့၏ စီးပွား ရေးနှစ်ရပ်ပေါင်းသည် ကမ္ဘာ့စီးပွားရေး ၏သုံးပုံတစ်ပုံခန့်ရှိပါသည်။ ဂျပန်-အီးယူ စီးပွားရေးမိတ် ဖက် သဘောတူစာ ချုပ်အား လက်မှတ်ရေးထိုးနိုင်မည်ဆို ပါက နှစ်ဦးနှစ်ဘက်အကျိုးကျေးဇူးများ စွာရရှိမည် ဟု မျှော်မှန်း ထားပါ သည်။ အဆိုပါသဘောတူစာချုပ်အား လက် မှတ်ရေးထိုးနိုင်ခြင်းဖြင့် အီးယူမှ ဂျပန် နိုင်ငံသို့ ကုန်စည်များ ၃၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်တင်ပို့နိုင်ပြီး ဂျပန် နိုင်ငံမှ အီးယူသို့ ကုန်စည်များ ၂၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်တင်ပို့နိုင် မည်ဟု ခန့်မှန်းထားပါသည်။ ဂျပန်-အီးယူစီးပွားရေးမိတ်ဖက် သဘောတူစာချုပ်ဆိုင်ရာ သတ္တမ အကြိမ်မြောက်စေ့စပ်ညှိနှိုင်းမှုများအား ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့တွင် ၂၀၁၄ ခုနှစ် အောက်တိုဘာလ စတုတ္ထ ပတ်၌ ကျင်းပပြုလုပ်ရန် စီစဉ်ထား ကြောင်း သိရှိရပါသည်။