Main menu

Background

ယောနယ်သွား....မြို့လား

Tue, 07/29/2014 - 05:02 -- ydnar

၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်မှ ၂၁ ရက်အတွင်းမှာ ဌာနဆိုင်ရာကိစ္စ တစ်ခုနဲ့ ယောနယ်တစ်ခွင် ပြဲပြဲစင် အောင် ခရီး သွားဖြစ်ပါတယ်။ တောင် ယောနယ်၊ ဆာ၊ ကျောက်ထု၊အလယ် ယောထီးလင်း၊ မြောက်ယောဂန့်ဂေါ မြို့တို့မှ တစ် ဆင့် ဒေသအခေါ် အောက် ပြည်၊ ပိုင်ကန်ရွာ၊ မွေ့လယ်ရွာ၊ နှမ်းခါး ရွာတွေအထိ ဆန့်ခဲ့ပါတယ်။ ပုံတောင် တောင်ကိုေ ကျာ်၊ပုံညာတောင်ပေါ်ဖြတ် သွားတဲ့ခရီးလမ်း၊ဒီရက်ပိုင်းကာလလေး တစ်ခုမှာ ဒီခရီးလမ်း ဆက်တိုက်သွားဖို့ ဆိုတာ ဟိုတုံး က စိတ်မပြောနဲ့ စလယ် တောင် စဉ်းစားမရခဲ့တာပါ။ တစ်ခေတ် တစ်ခါစနစ်တစ်ခုမှာတုံးက မိမိတို့ဌာန ရဲ့ဝယ်ယူရေးေ တွ ရှိတုံးက သွားခဲ့လာခဲ့ ရတာဟာ ခြေလျင်တစ်လှည့်၊ ကုန်း ကြောင်း တစ်ဖုံ။

အခုအခြေအနေကတော့ တောင် တက်တောင်ဆင်း လျှိုကိုဖြတ်၊ ချောင်း ကိုကျော်ဆိုပေမဲ့ လမ်းပန်း ဆက် သွယ် ရေး က ကောင်းနေလေတော့ မယုံနိုင် လောက်လို့ပြောရင် အလွန်အမင်း တင် စားရာ ကျပါလိမ့်မယ်။ စိတ်ထဲကြည်နူး လွန်းလို့ တင်စား ပြောရတာပါ။ ရုံးကိစ္စ သွားရင်း စိုက်ရေးပျိုးရေး၊ ဒေသ အခြေ အနေ တိုးတက်မှု၊ ဖွံ့ဖြိုးမှုဆိုတာတွေကို ကျွဲကူးရေပါ တစ်ဆက်တည်း လေ့လာ မိပါတယ်။ ပထမဆုံးနေ့ကပခုက္ကူမှ ကျောက် ထုမြို့ကို ထွက်ပါတယ်။ ပခုက္ကူနယ်ထဲ ကညောင်ပင်လှရွာကွင်းဆိုတာ ပဲစင်းငုံ၊ ဝါ၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲများ များများစိုက်လို့ ဖြစ်ထွန်းအောင်မြင်နေတဲ့ကွင်း တစ်ခုပါ။ ယခုအနေအထားအရတော့ မိုးလေ ဝသအခြေအနေအရ ဟိုနေရာ ဖြောက်ဖြောက်ဒီနေရာ ဖြောက်ဖြောက် မဖြစ်စလောက် စိုက်ခင်းများသာ တွေ့ ရပါတယ်။ ပခုက္ကူနယ် တစ်ခွင်လုံး ခြုံ ပြောရရင် စိုက်ပျိုးဖြစ်ထွန်း အောင်မြင် မှု အားနည်းတယ်လို့ သုံးသပ်ရမှာပါ။ ပခုက္ကူကျော်တော့ ပေါက်နယ် ရောက်ပါတယ်။ ရေတင်ရှိတဲ့ ရေပြာ ကွင်း၊ စံဖဲ စိုက်ကွင်းတွေမှာတော့ စပါး ခင်းများ တစ်ပြန့်တစ်ပြော မြင်နေရပါ တယ်။ ပေါက်မြောက်ဘက်မှာတော့ သရက်တောစမ်းရိပ်ခုန် ပလောင်ကွင်း တွေမှာတော့ ခါတိုင်းမြင်နေကျ နှမ်းခင်း၊ ပဲခင်း၊ စပါးခင်းများ ခပ်ပါးပါးသာ တွေ့ နေရပါတယ်။ ပုံတောင် တောင်ကိုကျော်တော့ ယောနယ်စဝင်ပါပြီ။ ရေမြေသဘာ၀ ရာသီသာတဲ့ အခြေအနေမှာဆိုတော့ စိမ်းစိမ်းစိုစို စတွေ့ရပါပြီ။ နှမ်းခင်း၊ ပြောင်းခင်း၊ မြေပဲခင်း၊ စပါးစိုက်ခင်းတွေ တွေ့နေရပါပြီ။သန့်ရှင်းလတ်ဆတ်သော လေရဲ့ အေးမွှေး သင်းပျံ့မှုဆိုတာတွေ စတင်ခံစားရပြီဖြစ်ပါတယ်။ ကျောက်ထု မြို့အဝင် ပန်းဆံရွာမှာတော့ ဂုံဘို ချောင်းကိုေ ရသွယ်စိုက် ထား တဲ့ စပါးခင်း များကို တွေ့ရပါတယ်။ အဲဒီမှာထူးခြားတာက ခါတိုင်းချောင်းရေကို သွယ်ရာ မှာ မြေ သား မြောင်းေ တွဖြစ်ပေမဲ့ ယခုအချိန်မှာ ဘိလပ်မြေနဲ့ ပြုလုပ်ထားတဲ့ ကွန်ကရစ် မြောင်းတွေ စနစ်တကျ ပြု လုပ်ထား တာ တွေ့ရပါ တယ်။ ရေေ သ ချာတဲ့အတွက် တစ်နှစ်တစ်ခါ ပြုပြင် ရတဲ့ မြေသား မြောင်းနေရာမှာ ရေစုတ် မှုမရှိတဲ့ ကွန်ကရ စ်မြောင်းေ ဖာက် ရေ သွယ်တယ်ဆိုတော့ ဒါဟာ တိုးတက်မှု တစ်ခုလို့ဆိုရ မှာပါ။ ကျောက်ထု တစ် ဝိုက်မှာ စိမ့်ရေ၊ စမ်းရေ၊ ချော င်းေ ရ များ နဲ့ ရေသေချာ တော့ စပါးစိုက်ခင်းများ တမျှော်တခေါ် မြင်မဆုံးပါ။ ဗျိုင်းအုပ် ဖြူဖြူတွေနဲ့ စပါးခင်းများ ပဏာရ လှပ နေ တာကိုတွေ့ရတော့ ဝမ်းသာစရာပါ။ နောက်နေ့ နံနက်စောစောမှာပဲ ကျောက်ထုမှထီးလင်းကို ကူးပါတယ်။ လမ်းတစ်လျှောက် ကျေးရွာများမှာ ပဲခင်း၊နှမ်းခင်း များ တွေ့ရပါတယ်။ ကား ပေါ်ကကြည့်ရတာဆိုတော့ဝေေ၀ ဝါးဝါး ဘေးမှာရှိတဲ့ ဒေသခံ များကို မေးကြည့်ေ တာ့ နှမ်းများ ရဖို့ သေချာ ကြောင်း ပြောကြပါတယ်။ ထီးလင်းမြို့ ဝင်ခါနီး သရခါရွာ၊ ထီးလင်းမြို့ရဲ့ နာမည်ကြီး ရွှေကွန်အုပ် ဘုရား တစ်ပတ်လည် စပါးစိုက်ခင်းများ ကတော့ တမေ့တမောပါ။ ရတနာတိုး စပါးမျိုးကို အဓိကထား စိုက်ပျိုးထားပြီး ပုလဲသွယ်စပါးကိုလည်း  တော်တော် များများ စိုက်ပျိုးနေကြပြီလို့ သိရပါ တယ်။ စပါးတင်မက နှမ်းလည်း သေ ချာတယ်လို့ပြောပြပါတယ်။ အားရစရာ များပါ။ ထီးလင်းမှာ ညမအိပ်ဘဲ ဂန့်ဂေါ ကိုကြုံရာကားနဲ့ ဆက်လက်ခရီးထွက်ခဲ့ ပါတယ်။ ဂန့်ဂေါနဲ့ ထီးလင်းကြားမှာ တော့ မိုးဟာကွက်ကြားရွာထားတာက တွေ့ရပါတယ်။ ပုဏ္ဍားရွာကွင်း၊ ထန်းပင် ကုန်းရွာကွင်းတွေမှာတော့ စပါးများ တွေ့ရပြီး၊ ထိန်တန်း၊ အိုင်းမ၊ ရွှေဂုံတိုင်၊ ဆီးမင်းတောကွင်းတွေမှာ စပါးနှင့်နှမ်း ဟာ ကောင်းတာမညီပါဘူး။ ကောင်းတဲ့ အပိုင်းကေ ကာင်း၊ ညံ့တဲ့အပိုင်းက ညံ့နဲ့ပါဆက်ပြီး မြေညံ၊ ပြောင်းလည်၊ ကောင်းတုံလယ်မှ ပြည့်ဝရွာများမှာ တော့ လယ်ကောင်း တာ နည်းပြီး၊ နှမ်း များ ကောင်းတာကို တွေ့ရပါတယ်။ ဂန့်ဂေါမှာ ညအိပ်ပါတယ်။ နောက်နေ့ မနက်စောစော ၅ နာရီခွဲမှာ ဂန့်ဂေါမှ သူတို့အခေါ် အောက်ကြေဘက်ကို ဆိုင်ကယ်နဲ့ခရီး ထွက်ပါတယ်။ စိုင်ဒူးကျော်ရွာ၊ မောက် လင်း၊ ကျွန်းဒန့်၊ ဘောပျင်း၊ ကျွန်းခုန် တာ၊ ကံရေရွှင်မ မွှေ့လယ်၊ နှမ်းခါးရွာ များအထိရောက် ပါ တယ်။ စပါးခင်းများ ထိုက်သင့်စွာပဲ ဖြစ်တာကို တွေ့ရပါ တယ်။ ဒါကြောင့် တောင်သူများ စိုက် ရေးပျိုးရေး အတွေ့အကြုံရှိ လို့မိုးခေါင် နေတာ ပျိုးမထောင်ဘဲ တိုက်ရိုက်အစေ့ ချစိုက်လို့ ရွာတဲ့မိုးနဲ့ ဖြစ်ထွန်း  အောင် မြင်နေတာလို့ ပြောပါတယ်။ ဘာပဲ ပြောပြော ဖြစ်ချင်တာထက်၊ ဖြစ်သင့် တာကိုစဉ်းစားတွေးခေါ် လုပ်ကိုင် ဆောင်ရွက်တဲ့အတွက်ရချင်သလောက် မရနိုင်ဘဲ ရသင့်သလောက် ရအောင် ကြိုးစား အားထုတ်ကြတဲ့ တောင်သူ များကို ဦးညွတ်ဂါရဝပြုရမှာပါ။ အောက်ကြေ လမ်းတလျှောက်မှာ တော့ ကောင်းလိုက်တဲ့နှမ်းခင်းများ မျက်စေ့တဆုံး အပွင့်ပွင့်အသီးသီး နေ တာကေ တာ့ ယောလိုပြောရရင် ဝမ်းပါး ရွာက ဝမ်းပါးတယ်ဆိုတာ အားရဝမ်း သာ ဖြစ်တာကို ဆိုလိုပါတယ်တဲ့။ ရွာခံ တောင်သူ များကိုမေးကြည့်ရာမှာ နှမ်း ပင်နဲ့ ခေါင်းရိုးပင်စည်မှာ အသီးသီးနေ တာ အသီးနှစ် ဆယ်၊ ပြောရရင်ေ တာ့ နှမ်းသီး လေး ဆယ်ေ လာက်သီးနေပါပြီ။ ဒါဈေးအသစ်မှာ  သီးနေတဲ့  အရေ အတွက်မပါသေးပါဘူး။ ဝမ်းမြောက် ဝမ်းသာ အားရ လှစမ်း ပါဘိ။ နှမ်းခါးရွာ အဝင်မှာတော့ ရေရတဲ့ အနေအထားမှာ စပါးခင်းတွေကိုတွေ့ရ ပါတယ်။ ဒေသခံတွေကို မေးကြည့် တော့ အစိုးရဆည်ရှိတဲ့ တောင်ခင်ရမ်း၊ မြောက်ခင်ရမ်းအုပ်စုတွေမှာတော့ သူ တို့ နှမ်းခါးရွာထက် စပါး ပိုကောင်း ကြောင်း တစ်ဆင့်စကားနဲ့ ပီတိပွားရ ပါတယ်။ ဒေသခံတွေရဲ့ အပြောက တော့ဒီနှစ်အဖို့နှမ်းဟာမတရားကောင်း တယ်လို့၊ ရမှာသေချာတယ်လို့ ဆိုတာ တွေ ကြားရပါတယ်။ သွားရမဲ့ ခရီးစဉ် အတိုင်းအတာ ပြီးဆုံးပါပြီ။ ကိုယ့်ဌာနေကို ပြန်ဖို့ပါပဲ။ ဒါပေမဲ့ နယ်မြေအနေအထားအရ အမှတ်တရ ဖြစ်စရာတွေက ရင်နဲ့အပြည့်ပါ။ ခုဆို ရင် ယောေ ဒသရဲ့ ခရီးလမ်းပန်း ဆက် သွယ်ရေးဟာ ဟိုယခင် ကိုယ်ခြေလျင် လျှောက်ခဲ့ရတုံးကလို မဟုတ်တော့ပါ ဘူး။  ကားဆိုတာမူးလို့တောင် ရှူစရာ မရှိတဲ့ အနေအထားကနေ ခုတော့ လမ်းကောင်းသလို ကားပေါလှ ပါတယ်။ ယောဒေသ အခေါ် ကားပါးပါးလေးများ အထိတွေ့ရပါတယ် (ယာဉ်ငယ်ကား ငယ်ကို ဒေသအခေါ် ကားပါးပါးလေး များလို့ခေါ်ပါ တယ်)။ ယောသူ ယောသားများဟာ ယခင်က တောတောင်ထဲမှာ သဘာ၀ ပျားရည်ကို ရှာဖွေ စားသုံးကြရာကနေ  ယခု အနေ အထား နှမ်းခင်း၊ ပဲခင်း၊ စပါး ခင်းဘေးတွေမှာ ပျားအိမ်များနဲ့ စနစ် တကျမွေးမြူပြီး သဘာ၀ ပျားရည်သာ မက မွေးမြူရေး ပျားရည်ထုတ်လုပ် စား သုံးနေတာကို တွေ့ရပါတယ်။ ယောမြို့တော် ဂန့်ဂေါမြို့မှာ တော့ချင်းပြည်နယ်၊ဟားခါး မဟာဓာတ် အားလိုင်းကြောင့် ၂၄ နာရီ မီးလင်းနေ ပြီ ဖြစ် သလို ဝေးကွာတဲ့ ကျေးရွာတွေ မှာ ဆိုလာပြားနဲ့မီးလင်း၊ တီဗွီကြည့်နေ တာကို တွေ့ရပါတယ်။ နန်းတော်ရှေ့ ဆရာ တင်ရေးတဲ့ ကျေးရွာဝါဒ သီချင်း ထဲက ]]ခုများတော့ မြို့ကြီးလို ဓာတ်မီးရောင်ထိန်ထွန်းညှိပြီးတော့ ပွဲနဲ့ လမ်းနဲ့ သာသာ ယာယာ}} ဆိုတဲ့အတိုင်း ပါပဲ။ သွပ်မိုး တပြောင်ပြောင်၊ ွှဠ ကြိုး တစ်ထောင်ထောင်နဲ့ လမ်းကကောင်း၊ မီးကရအသိပညာတေ ွဖွံ့ဖြိုးပြီး ]]မြေဆူ လူအ}} ဆိုတဲ့စကားကို ပြောင်းပြီး၊ မြေ ကဆူ လူကလည်း သီးနှံပေါ<ကယ် တို့ ယောနယ်လို့ပြောရမှာပါ။ ဒီစာစုလေးကို ဒီမှာပဲ အဆုံးသတ် ပါတယ်။ ခေါင်းစဉ် ဘယ်လိုပေးရပါ့ မလဲ။ ဟိုယခင် ဖတ်ဖူးမှတ်ဖူးတဲ့ ရဟန်း ပညာရှိ၊ လူပညာရှိတွေရဲ့ ခေါင်းစဉ်တွေ ကိုသတိရပါတယ်။ ]]ရွှေစက်တော်သွား ...တောလား}} ]]ဝက်လက်ကျေးရွာ သွား.. တောလား}}ဆိုတာတွေဖတ်ပြီး၊ ယောနယ်သွား .. တောလား ဆိုပြီး ပေးရရင် ကောင်းမလား။ ဒါဆိုရ င် ယောသူယောသားများက သူတို့ဒေသ ကို တောလို့ပြောရင် ကြိုက်ပါ့မလား၊ လက်ခံပါ့မလား၊ သူတို့ဒေသကို နောက် တခါများသွားရရင် ဒို့ဒေသကိုတောလို့ ပြောတဲ့သူ ဆိုပြီး ဧည့်မခံရင် ကိုယ်ပဲ ဒုက္ခရောက်မှာ။ ဒါဆိုရင် ခေတ်လည်း မီ အောင်၊ဒေသခံများလည်းကြိုက်အောင် ခေါင်းစဉ် ဘယ်လိုပေးမလဲ။ ဘာတဲ့ ..လာလေရော ကွာ ။ ယောနယ် သွား ...မြို့လား။