Main menu

Background

တရားမဝင်ကုန်သွယ်မှု

Thu, 08/07/2014 - 08:33 -- ydnar

 
ကမ္ဘာပေါ်ရှိ နိုင်ငံအချင်းချင်း စီးပွားရေးပေါင်းစည်းမှုကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမှ စတင်ခဲ့ပြီး၊ အကျယ်ပြန့် ဆုံးနှင့် အများဆုံးဖြစ်သည့်အတွက်လည်း တရားမျှတသောကုန်သွယ်မှုဖြစ်ပေါ်စေရေး၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) မှ စည်းမျဉ်းစည်းကမ်းများချမှတ်ကာ နိုင်ငံတိုင်း လိုက်နာ ဆောင်ရွက်နေပေ သည်။သို့သော် လက်တွေ့ ဘဝတွင် နိုင်ငံများ၏သဘာဝတည်ရှိမှုအနေအထားများအရ ကုန်းနှင့်ပင်လယ်ထိစပ်နေသည့်

နိုင်ငံများရှိသလို၊ ကုန်း ပတ်လည်ရှိသည့် ကုန်း တွင်းပိတ်နိုင်ငံများ၊ ရေပတ်လည်ဝိုင်းနေသည့် ကျွန်းနိုင်ငံများလည်းရှိပေသည်။ ယေဘုယျ အားဖြင့်ကျွန်းနိုင်ငံများအနေဖြင့် ပင်လယ်ဝင်ပေါက်များမှတစ်ဆင့် မိမိနိုင်ငံအတွင်းဝင်ရောက်လာသည့် ကုန်ပစ္စည်း များကို စားသုံးရန်သင့်/မသင့်၊ သတ်မှတ်ထားသည့် အရည်အသွေးစံချိန်စံညွှန်း မီမမီ၊ လုံခြုံစိတ်ချရမှု ရှိ/မရှိ၊ စနစ် တကျ စစ်ဆေးမှုများ ပြုလုပ်ရန် လွယ် ကူပေသည်။ မြန်မာနိုင်ငံအနေဖြင့် ကီလိုမီတာ ၆၀၀၀ နီးပါး ရှိသည့် ကုန်းမြေ နယ်စပ်လိုင်းနှင့် ကီလိုမီတာ ၃၀၀၀ ဝန်းကျင် ရှိသည့် ကမ်းရိုးတန်းတို့ကြောင့် အာဆီယံနိုင်ငံများအနက် ကုန်းမြေ တစ်ဆက်တည်း အကျယ်ပြန့်ဆုံးနိုင်ငံဖြစ်နေမှုသည် အားသာသည့်အချက်များရှိသလို၊ အခြားတစ်ဖက်တွင်လည်း ရှည်လျားသည့် နယ်စပ်မျဉ်းတစ်လျှောက်မှ တရားမဝင် ဝင်ရောက်လာသည့်ပစ္စည်းများ၊တားမြစ်ပိတ်ပင်ထားသည့် မူးယစ် ဆေးဝါးအပါအဝင် တရားမဝင်ကုန်သွယ်မှုများရှိနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံများ၏ ကုန်သွယ်မှုစာရင်းအင်းများကို ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ စာရင်း များထက်များနေသည့် သဘောမှာ အိမ်နီး နားချင်းနိုင်ငံတို့ တွင် ကုန်စည် အများစု တရားဝင် ဝင်ထွက်မှုများရှိသော် လည်း မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ကုန် ပစ္စည်းများအားလုံး အကျုံးမဝင်သည်ကို ဖော်ပြနေပေသည်။တရားမဝင် ကုန်သွယ်မှုဆိုတာ ဘာလဲ ? ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့  (WTO) က အပြည်ပြည် ဆိုင်ရာကုန်သွယ်ရေးကိုယေဘုယျအားဖြင့်(၃)မျိုး သတ် မှတ်ထားပါသည်။ ပထမတစ်မျိုးမှာ တရားဝင်ကုန်သွယ်မှု (Formal Trade) ဖြစ်ပြီး ၊ နှစ်နိုင်ငံ ကုန်သွယ် မှုပြုလုပ်ရာတွင် နှစ်နိုင်ငံစလုံး၏ စည်းမျဉ်းစည်းကမ်းများအရ ကုန်သွယ်မှု ပြုရန်ခွင့်ပြုထားသော ကုန်စည်များကို တရားဝင်သတ်မှတ်ထားသည့်လမ်းကြောင်းများ၊ ဆိပ်ကမ်းများနှင့်နယ်စပ်ဂိတ်များမှ တစ်ဆင့်ကုန် သွယ်ခြင်း ကို ခေါ် သည်။ ဒုတိယ အမျိုးအစား မှာ တရားမဝင် ကုန်သွယ်မှု (Informal Trade)ဖြစ်ပြီး၊ နှစ်နိုင်ငံအကြား တရားဝင် ကုန်သွယ်မှုပြုထားသည့် ကုန်ပစ္စည်းများကို တရားဝင်ပြဋ္ဌာန်းထားသည့် လမ်းကြောင်းများ၊ ဆိပ်ကမ်းများ၊ နယ်စပ် ဂိတ်များမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ခြင်းမဟုတ်ဘဲ အခြားလမ်းကြောင်းများမှ ပြုလုပ်ခြင်းဖြစ်သည်။ ပို၍ဆိုး သည်မှာတတိယအမျိုးအစားဖြစ်သည့် မှောင်ခိုကုန်သွယ်မှု  (Illegal Trade) ဟုခေါ်သည့် နှစ်နိုင်ငံတည်ဆဲ ဥပဒေများ အရ  ခွင့်ပြုမထား သည့် ကုန်ပစ္စည်းများ ကိုတရားဝင် သတ် မှတ်ထားသည့် လမ်းကြောင်းများမှ မဟုတ်ဘဲ အခြားလမ်းကြောင်းများမှ ပြုလုပ်နေခြင်းပင်ဖြစ်သည်။လက်ရှိအခြေအနေတွင် မူးယစ်ဆေးဝါးကုန်သွယ်မှုအပါအဝင်လက်နက်ခဲယမ်းများ၊ သက်ရှိတိရစ္ဆာန်များအပြင် လူကုန်ကူးမှုများပါ အကျုံး ဝင် နေသည့်အတွက်တိုင်းပြည်နှင့်လူမျိုးအတွက် အန္တရာယ် ကြီးမားပေသည်။ မြန်မာနိုင်ငံအနေဖြင့် တရားမဝင် ကုန်သွယ်ရေးဟု ပြောဆိုရာတွင်အထက်ပါဒုတိယနှင့် တတိယအချက် နှစ်ခု စလုံး အကျုံးဝင်ပါသည်။ ဘာကြောင့် တရားဝင် ကုန်သွယ်မှု ရှင်သန်နေရသလဲ ?
 
စားသုံးသူ အများဆုံးရှိသည့် နိုင်ငံကြီးနှစ်နိုင်ငံအကြား ကုန်းမြေတစ်ဆက်တည်း တည်ရှိနေခြင်းကြောင့် စီးပွားရေးသဘောတရားတွင် ဈေးနှုန်းဆွဲဆောင်မှုအရ ဈေးနှုန်းနိမ့်ရာမှမြင့်ရာသို့စီးဆင်းမှုသည် သဘာဝတရား ပင် ဖြစိသည်။ တရားဝင်ဖွင့်လှစ်ထားသည့် ဂိတ်များရှိလျှင်၎င်းင်းတို့ကို အသုံးပြုမည် ဖြစ်သလို ၊မရှိပါက လည်းရ သည့်နည်းဖြင့် ကူးသန်းရောင်းဝယ် ကြမည်သာဖြစ်သည်။ထို့အပြင် ယခင်ခေတ်အဆက်ဆက်ကတည်း က ဖွင့်လှစ်ထားသည့်ဂိတ်များတွင်လည်းအဆင့်များခြင်း၊အချိန်ကြန့်ကြာခြင်း၊ မြင်သာထင်သာရှိမှုနှင့် မျှတမှု အားနည်းမှု များကြောင့်ဂိတ်များရှိသည့်တိုင်ကုန်သည်တိုင်းက အသုံးပြုမည် မဟုတ်ပေ။ မြန်မာ့ကုန်းနယ်စပ်လိုင်း ရှည် လျားသည့်အပြင်အချို့သောနေရာများ၌ ယခုတိုင်လုံခြုံမှုအပြည့်အဝမရှိသေးခြင်းသည်လည်း တရားမဝင် ကုန်သွယ်မှု ကို အားပေးနေသလိုဖြစ်သည်။ ယခင်ကတည်းက အမြစ်တွယ် ရှင်သန်ခဲ့သည့် တရားမဝင် ကုန်သွယ်မှုကို အစဉ် တစိုက် လုပ်ကိုင်လာသူများအတွက် အလေ့အကျင့်တစ်ခုလိုဖြစ်နေ သည့်အတွက် မိမိလမ်းမှားလျှောက်နေ သည်ကို ပင် လျှောက် မှန်းမသိသည့် ကုန်သည်များ ရှိနေဆဲပင်ဖြစ်သည်။ ကုန်သည်သဘာဝအဓိကဦးစားပေးသည်မှာ ဈေးကွက်က လိုအပ်သည့်ကုန်ပစ္စည်းများ ဈေးကွက်သို့ အမြန်ေ ရာက် ရှိရေးပင်ဖြစ်သည်။ သယ်ယူရာလမ်းကြောင်းတစ်လျှောက်ဂိတ် ကြေးအမျိုးမျိုးညှိနှိုင်းမှုများအတွကိ က် ငွေကြေး ကုန်ကျမှုများရှိသော်လည်း၊ တရားဝင်ကုန်သွယ်သူများထက် အခွန်အခ သက်သာမှုနှင့် အချိန်သက်သာ မှုတို့ကြောင့် အများစု လုပ်ဆောင်နေခြင်းပင်ဖြစ်သည်။ ထုံးစံအားဖြင့်လမ်းကြောင်းတစ် လျှောက်ပေးရသည့်အခများလေ ၊ရောင်းချ သည့်ကုန်တန်ဖိုးကို မြှင့်တက်လေ ဖြစ်၍လည်း နောက်ဆုံးဝယ်ယူစားသုံးသူကိုသာ ထိခိုက် လေ့ရှိ သည်။နယ်စပ်ကုန်သွယ်မှုဆိုင်ရာ ဖြေလျော့မှုများ
ယခုအခါကုန်သွယ်မှု လျင်မြန် ချောမွေ့လွယ်ကူစေရေး(Trade Facilitation) အဓိကဇောင်းပေး ဖြေလျော့ပေးနေ သည့်အချိန်ဖြစ်သည်။ နယ်စပ်ဂိတ်များတွင် လိုင်စင်အမြန်ထုတ် ပေးခြင်း၊ ငွေပေးချေရာ၌ အမေရိကန်ဒေါ်လာ သာမကဘဲ အိမ်နီးနားချင်းနိုင်ငံများ၏ ငွေကြေးအသုံးပြုပေးခြင်း၊ လိုင်စင် လျှောက်ထားရာ၌ အဆင့်များလျော့ ချခြင်းနှ င့်ပိုမိုလွယ်ကူစေခြင်း၊အိမ်နီးနားချင်းနိုင်ငံများနှင့်ကုန်သွယ်ရာတွင်လက်တွေ့ရင်ဆိုင်နေရသည့်အခက်အခဲ များ၊ ပြဿနာ  များကို ဖြေရှင်း ပေးနိုင်ရန် နှစ်နိုင်ငံ ပူးတွဲကုန်သွယ်ရေး ကော်မတီများ (Joint Trade Committees) ဖွဲ့စည်းပြီး ပုံမှန်တွေ့ဆုံဖြေရှင်းပေးခြင်း၊ ထို့အတူ နယ်စပ်ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အခက်အခဲများဖြေရှ င်းခြင်း ၊လုံခြုံမှုပေးနိုင်ပြီး နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်နေရာများ၌ နယ်စပ်စခန်းသစ်များ တိုးချဲ့ ဖွင့်လှစ် မည့်အပြင်ကုန်သွယ်ရေးဇုန် များ နှင့်နယ်စပ်ဈေးများထူထောင်ခြင်း၊ကုမ္ပဏီထောင်ရန် အခက်အခဲရှိ သည့် ကုန်သည် ငယ်များအတွက် ကုန်သွယ်နိုင်ရန်တစ်ဦးချင်း ကုန်သွယ်မှုကတ်  (Individual Trading Card (ITC)  ထုတ်ေ ပးခြင်း၊ ကုန်သွယ်မှုလုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက်  FDAကို နယ်စပ်စခန်းများ၌ တိုးချဲ့ ဖွင့်လှစ် လာခြင်း၊ ယခင် နယ်စပ်ဂိတ်များမှ ကုန်သွယ်မှုများကို ပိတ်ပင်ထားသည့် ပို့ ကုန်၊သွင်းကုန် အမယ်များ ကိုပြန်လည် ဖွင့်လှစ်ပေးခြင်းစသည် တို့ဖြင့်တရားဝင်ကုန်သွယ်မှုတိုးတက်လာရေးနှင့် တရားမဝင် ကုန်သွယ်မှု လျော့ နည်းစေေ ရး အဆက်မပြတ် ဆောင်ရွက် နေပါသည်။ သို့စေကာမူ လက်တွေ့ဘဝ၌ တရားမဝင် ကုန် သွယ်မှုေ လျာ့နည်း သွားခြင်းမရှိဘဲ ရှင်သန်တိုးတက်နေဆဲဖစ်၍ တရားမဝင်ကုန်သွယ်မှု လျော့နည်းစေရန်နိုင်ငံတော် မှ တရား မဝင်ကုန် သွယ်မှု ထိန်းချုပ်ရေးကော်မတီကို ဖွဲ့စည်း ပြီး၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသအာဏာပိုင်များ၊ ပုဂ္ဂလိ ကအသင်း အဖွဲ့များ၊ မီဒီယာများပါဝင်ပြီး အပြန် အလှန်ထိန်းကျောင်းမှုဖြင့် Mobile Team များဖွဲ့စည်းကာ လုပ်ဆောင်ေ နပြီဖြစ်သည်။တရားမဝင်ကုန်သွယ်မှုသည်အဓိကအားဖြင့် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည် သူမျာ၏ ဘေး ကင်းလုံခြုံစိတ်ချရေးတို့အတွက် ကြီးမားသောအဟန့်အတားဖြစ်နေမှုကြောင့် တရားမဝင်ကုန်သွယ်မှုများ လျော့ နည်း ပပျောက်ရေးအတွက် အမျိုးသားရေး ခံယူချက်ဖြင့် နိုင်ငံသားတိုင်း ပူးပေါင်းပါ ဝင် မှသာ အောင်မြင်နိုင် မည် ဖြစ် သည်။ဆက်လက်၍ တရားမဝင် ကုန်သွယ်မှု အဘယ့်ကြောင့် တားဆီးပိတ်ပင်သင့်သည်ကို ဘက်ပေါင်းစုံ မှ သုံးသပ်တင်ပြ မည်ဖြစ်သည်။ဘာကြောင့် တရားမဝင်ကုန်သွယ်မှု တားဆီးဖို့လိုသလဲ ၊ ဖွံ့ဖြိုးမှုနောက်ကျနေသည့် ယနေ့ မြန်မာနိုင်ငံ၏ အရေး ကြီးဆုံးလိုအပ်ချက်ဖြစ်သည့် စီးပွားရေးဖွံ့ဖြိုးမှု ရှုထောင့်၊ ပြည်သူတစ်ရပ်လုံး၏ ဘေးကင်းလုံခြုံစိတ်ချရမှု (Security) ရှုထောင့်၊ ပြည်တွင်းSME များ ရှင်သန်နိုင်ေ ရးနှင့်မှန်မှန်ကန်ကန် ကုန်သွယ်နေသူများအကာအကွယ်ပေးရေးရှုထောင့်၊ ပြည်သူအများ၏ လိုအပ်ချက်များ ပိုမိုဖြည့် စွမ်းနိုင်ဖို့ အခွန် ဘဏ္ဍာပိုမိုရရှိရေးရှုထောင့်စသည့် ရှုထောင့်မျိုးစုံမှ ခြုံငုံသုံးသပ် မည်ဆိုလျှင် တရားမဝင် ကုန်သွယ်မှု သည် တိုင်းပြည် နှင့်လူမျိုး အတွက်အန္တရာယ်ကြီးမားသည့် ဆိုးကျိုးများကြောင့်တားဆီးရန် အထူးလိုအပ်နေပြီြ ဖစ်ကြောင်း နိုင်ငံသားတိုင်း သိရှိရန် လိုအပ်နေပြီဖြစ်သည်။ဘေး ကင်း လုံခြုံစိတ်ချရမှု (Security) ) ရှုထောင့် ၊ နိုင်ငံတိုင်း ပြည်သူတို့အတွက် လုံခြုံစိတ်ချရသည့် ကုန် စည်များ အသုံးပြုနိုင်ရေး အထူးအရေးကြီး သည့်အတွက် ပြည်တွင်းထုတ်လုပ်သည့် ကုန်စည်များ အဘက်ဘက်မှ လုံခြုံ စိတ်ချရမှု အပြည့်အဝရှိမှ သာ ခွင့်ပြုနေသလို၊ နိုင်ငံအတွင်း သို့ဝင်ရောက်လာသည့် ကုန်စည်တိုင်း စားသုံးရန်သင့်/ မသင့် သေချာစွာ စစ်ဆေးပြီးမှ သာဝင်ရောက်ခွင့်ပြုလေ့ရှိသည်။ ဥပမာအားဖြင့် စားသောက်ကုန်ဆိုလျှင် ကျန်းမာရေးနှင့် ညီ ညွှတ်ပြီး၊ သန့်ရှင်း လတ်ဆတ်မှု အပင်ပိုးမွှားရောဂါကင်းစင်မှု တို့ကို အစားအသောက်နှင့် ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့(Food and Drug Administration - FDA) ၏စားသုံးရန်သင့်ကြောင်း၊ ထောက်ခံချက်ရမှသာတင်သွင်းခွင့်ပြု နေ သလို ပြည် တွင်း ထုတ်လုပ်မှုများကိုလည်း ၤီFDA ၏ ထောက် ခံချက်၊ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုမရှိခြင်း ဆိုင်ရာ ထောက် ခံချက် စသည်တို့ရမှသာ ထုတ်လုပ်ရောင်းချခွင့်ရရှိပေသည်။ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ကုန်သွယ်မှုမှ တစ် ဆင့် စားသောက်ရန်မသင့်တော်သည့် စားသောက် ကုန် များ၊ သက်တမ်းကုန်ပြီးနှင့်ကုန်ခါနီးစားသောက်ကုန်များ၊ အရည် အသွေးမမီသည့် စားသောက် ကုန်များ ၊ကုန်ပစ္စည်းစားသောက် ကုန်အတုများ၊စားသုံးသူများစားသုံးမည့်ကုန်စည်နှင့်ပတ်သက် ၍ နားလည် သဘောပေါက် ရန် နိုင်ငံတကာကဲ့သို့ စားသုံးသူ အကာအကွယ်ပေးရေးအတွက် အများနားလည်သည့် မြန်မာစာတမ်းဖြင့်ဖော်ပြ ထားသည့် ထုတ်ကုန်အမည်၊ ပါဝင်သည့် အမယ်အရာများ၊ ထုတ်လုပ်သည့်နေ့စွဲ၊ သက်တမ်းကုန်ဆုံး မည့် နေ့ရက် သည်တို့ မပါရှိသည့် စားသောက်ကုန်များ၊ အစစ်အဆေးမရှိ တရားမဝင် ဝင်ရောက်နေမှုေ ကြာင့်  ကျောင်း သူ၊ ကျောင်းသားများအပါအဝင် ပြည်သူ တစ်ရပ်လုံး အတွက် စားသောက်ကုန်များနှင့် ပတ်သက် ၍ ဘေး ကင်း လုံခြုံစိတ်ချရရေး အပြည့်အဝပေးနိုင်မှု အားနည်းလာမှုနှင့် အတူကွင်းဆက် အနေဖြင့် ပြည်သူ လူထု ၏ ကျန်းမာရေး ချို့တဲ့မှုများလာခြင်း၊ ရောဂါအမျိုးမျိုး ဖြစ်ပေါ်နေခြင်း၊ အလုပ်လုပ် နိုင်သည့် လုပ်သားဦးရေ ထိခိုက်လာခြင်းနှင့် သက်တမ်းတိုလာ ခြင်း စသည်တို့ကြောင့် ဘေးကင်းလုံခြုံစိတ်ချရမှု မရှိသည့် စားသောက်ကုန်များ စားသုံးခြင်းသည် လက်ရှိမျိုးဆက်ကိုသာမက နောင်လာမည့် မျိုးဆက်ကိုပါ ဆိုးကျိုးသက်ရောက်စေ မည်ဖြစ်၍ အဆိုပါ စားသောက် ကုန်များတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းတို့ကို မပြုလုပ်နိုင်ရန် အမျိုးသားရေးအသိစိတ်ဓာတ်ြ ဖင့် ပြည်သူအားလုံးပူးပေါင်း ပါဝင် ထိန်းသိမ်းရတော့မည်ဖြစ်သည်။
ထိုနည်းတူ အခြားစားသုံးကုန် စည်မဟုတ်သော အခြား သော ကုန်ပစ္စည်းများ ဝင်ရောက်လာမှုတွင်လည်း တရားမဝင်တင်သွင်းလာလျှင်အရည်အသွေးနှင့်ပတ်သက်၍ လည်းကောင်း  ဘေးကင်းလုံခြုံစိတ် ချရမှုတွင် လည်းေ ကာင်း စစ်ဆေး နိုင်မှုမရှိသည့်အတွက် သုံးစွဲသူများအတွက် အန္တရာယ် ရှိပေ သည်။ ဥပမာအားဖြင့် အရည်အသွေး နိမ့်ကျပြီး ဓာတုဓာတ် လွန်ကဲသည့် ဓာတ်မြေသြဇာများ တရားမဝင် ဝင်ရောက်သုံးစွဲ နေမှုသည် လယ်ယာမြေများ၏ သဘာဝမြေဆီလွှာ ပျက်စီး နိုင်မှုကြောင့် ရေရှည်တည်တံ့သည့် စိုက်ပျိုးရေးကို ထိခိုက် နိုင်မည်ဖြစ်သည်။ ထို့အတူ စံချိန်၊ စံညွှန်းမမီသည့် ဘိလပ်မြေ များတရားမဝင် ဝင်ရောက်မှုသည် အဆိုပါ ဘိလပ်မြေများ သုံးသည့် အဆောက် အအုံများ ကြံ့ခိုင်မှုကို ထိခိုက်စေ မည် ဖြစ်ပြီး ပြည်သူတို့၏ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင် သည်။ ပို၍ဆိုး သည်မှာ လူသားမျိုးနွယ် တစ်ခုလုံးကို အညွှန့် တုံးစေမည့် မူးယစ်ဆေးဝါးများ တရားမဝင် ဝင်ထွက်နေမှု များသည် တိုင်းပြည်နှင့် လူမျိုးအတွက်သာမက ကမ္ဘာ့လူသား အားလုံးအတွက်ပါ အထူးအန္တရာယ်ကြီးမား ပေသည်။ ဆိုလို သည်မှာ ပြည်သူလူထု အတွက် ဘေးကင်းလုံခြုံမှု ရှုထောင့်မှ သုံးသပ်လျှင် အထူးသဖြင့် တရားမဝင် ကုန်စည်များ တင်သွင်း နေမှုကို လုံးဝလက်ခံနိုင်ရန်အကြောင်းမရှိပေ။ လျော့နည်း ပပျောက်စေရန် အထူးအလေး ထားရတော့ မည်ဖြစ် သည်။ဖွံ့ ဖြိုးတိုးတက်မှုရှုထောင့် - ကြီးမားသည့်အဟန့်အတား တံခါးဖွင့်မူဝါဒကျင့်သုံးသည့် နိုင်ငံတိုင်းအတွက် ကုန်သွယ်မှုသည်တိုင်းပြည်၏စီးပွားရေးတိုးတက်မှုအတွက် ဦး ဆောင်ကဏ္ဍ (Leading Sector) ဖြစ်သည်။ ကုန်သွယ်မှုကဏ္ဍတိုးတက်မှသာ စီးပွားရေးကဏ္ဍအားလုံး တိုးတက်လာ မည်ဖြစ်သည်။Globalizatio နိုင်ငံများ၏ တိုးတက်မှုပုံစံတွင် ကုန်သွယ်မှုကဏ္ဍသည် ဦးဆောင် ကဏ္ဍြ ဖစ်ပြီး၊၎င်းင်းနှင့် ယှဉ်တွဲ၍ ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများ၊ ဉာဏိဆိုင် ရာပစ္စည်း ပိုင်ဆိုင်မှု အကာ အကွယ်ပေးရေး (Trade- Investment-Services-IP Nexus)တို့ အပြန်အလှန် ဆက် စပ် အားပေးမှုတို့ဖြင့်သာ တိုးတက်နိုင်ပေသည်။ တရားမဝင်ကုန်သွယ်မှုများလေ တရားဝင်ကုန်သွယ်မှုကို ထိခိုက်လေဖြစ်ပြီး၊ ဖွံ့ဖြိုးတိုး တက်မှု ကို အားနည်းစေမည် ဖြစ်သည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုနှင့်IP အကာအကွယ်ပေးရေးတို့ကို အားနည်း စေမည်ဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှုကို အားနည်းစေမည်ဖြစ်သည်။လက်တွေ့အားဖြင့်လည်း တရားမဝင်ကုန်သွယ်မှု ရှင်သန်နေ လျှင် တရားဝင်မှန်မှန်ကန်ကန် ကုန်သွယ်သူများ ဈေးကွက် တွင် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိသောကြောင့် စိတ်ဓာတ် ပျက်စီးကာ မမှန်ကန်သော နည်းလမ်းကိုကျင့်သုံးလာမည် ဆို လျှင်တိုင်းပြည်အတွက် အန္တရာယ်ကြီးမားပေသည်။ ဆိုလိုသည်မှာ မှန်မှန်ကန်ကန်လုပ်သူများကို မမှန်ကန်သော လမ်း ကြောင်းပေါ်သို့ တွန်းပို့နေသ လို ဖြစ်လာေ ပမည်။ယခုအခါ ဆက်သွယ်ရေးကဏ္ဍတွင်Mobile ဖုန်းများဈေး သက်သက် သာသာဖြင့် လူတိုင်းသုံးစွဲနိုင်ေ ရးအ တွက် ဆောင်ရွက်နေခြင်းTelenor , Ooredooကုမ္ပဏီကြီးများ တရားဝင်လုပ်ကိုင် ခွင့်ပြုထားခြင်းတို့ကြောင့်  Mobile ဖုန်းလိုအပ်ချက် သန်း (၂၀) ခန့် ဝန်းကျင်ရှိသော်လည်း၊ တရားဝင် လိုင်စင်ဖြင့် ဝင် ရောက်လာမှုမှာ မပြော ပလောက်သည့် ရာခိုင်နှုန်း လောက် သာရှိသောကြောင့် အများစုမှာတရားမဝင် လမ်းကြောင်းများ မှ ဝင်ရောက်နေ ဆဲပင်ဖြစ်သည်။ ထို့အတွက်လည်း တရားမဝင် ဝင်လာသည့် ဖုန်းများနှင့် ပတ်သက်၍ အရည်အသွေး၊ ဘေး ကင်း လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ စစ်ဆေးမှုများမရှိ၍ ဘတ္ထရီအားသွင်းရင်း မီးလောင်မှုများ  မကြာ မကြာကြုံေ တွ့ နေ ရပြီဖြစ်သည်။ တစ်ဖက်တွင်လည်း တရားဝင် လိုင်စင်ဖြင့် မှန်မှန်ကန်ကန် တင်သွင်းဖြန့်ချိေ ရာင်း ချသူများ ယှဉ်ပြိုင် ရန်ခက်ခဲလာပြီဖြစ်သည်။ဆိုလိုသည်မှာ အခြားပစ္စည်းများတွင် လည်း မှန်မှန်ကန်ကန်လုပ်သည့် လုပ်ငန်းရှင် များ အနေ ဖြင့် မမှန်မကန်လုပ်သည့် လုပ်ငန်းရှင်များနှင့် ဈေးကွက်၌ ယှဉ်ပြိုင် ရောင်းချရန် မဖြစ်နိုင်ပေ။ နိုင်ငံတော်အနေဖြင့် ကုန်သွယ်မှုတိုးတက်စေဖို့ အဘက် ဘက်မှဖြေလျော့မှုများ လွယ်ကူချောမွေ့စေေ ရး ဆောင်ရွက်ချက်များ၊ ကုန်သွယ်မှု မြှင့်တင်ရေး အထူးအစီအစဉ်များ အပြင် ကုန်သွယ်မှု ဆိုင်ရာ အရည်အေ သွးရှိ ပြီး၊ စီးပွားရေး ကျင့်ဝတ်လိုက်နာသည့် လူ့စွမ်းအားအရင်းအမြစ်များတိုးတက် လာစေဖို့ စဉ်ဆက်မပြတ် လုပ်ဆောင်ေ နသော်လည်း၊ အချို့ သောကုန်သည်များအနေဖြင့် လက်ရှိလုပ်ဆောင်နေသည့် ဖြေလျော့မှုများကို အခွင့်အရေး ယူ၍ လည်းကောင်း၊ ဟာကွက် များကို အသုံးပြု၍လည်းကောင်း၊ အလွဲသုံးစားမှုများရှိသလို ယခုအထိလည်း တင်သွင်း ခွင့်ပြုသည့် ကုန်စည်များနှင့် ပတသက်၍လည်း (အလွဲ၊ အပို၊ အရော)များဖြင့် အခွန်သက်သာ စေရန် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေဆဲဖြစ်သည်။ ကုန်သွယ်မှုတန်ဖိုးသိသိသာသာတိုးတက်လာစေဖို့ ထုတ်လုပ် တင် ပို့သည့် ပစ္စည်း များ၏အရေအတွက်ရော၊အရည်အသွေးပါ တိုးတက်ရမည် ဖြစ်သည်။ အရည်အသွေးတိုးတက်လာမှုတွင် တန်ဖိုးမြှင့် တက်လာစေရေးအတွက် ထပ်ဆင့်ပြုပြင်လုပ်ငန်း များ၊ စက်မှုလုပ်ငန်းများ ထွန်းကားရမည် ဖြစ်သည်။ အဆိုပါ ပစ္စည်းများတရားမဝင် ဝင်ရောက်နေလျှင်တန်ဖိုးမြှင့် ထုတ်လုပ် (Product Value Creation)နှင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးခြင်း ((New Job Creation တို့ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။ ဆက်လက်ဖော်ပြပါမည်