Main menu

Background

နိုင်ငံခြားဘဏ်တွေဝင်လာလျှင်

Mon, 08/18/2014 - 08:55 -- ydnar

 
နိုင်ငံခြားဘဏ်များမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရေးနှင့်ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိကဘဏ်များက ဝန်ထမ်းများ ရွှေ့ပြောင်းကြမည့်အရေး၊ ဈေးကွက်ဝေစုလျော့ကျမည့်ကိစ္စ၊အရင်းအနှီးနှင့်နည်းပညာကွာခြားသည့် ကိစ္စ စသည်ဖြင့် စိုးရိမ်ပူပန်မှုများ ရှိကြသည်ကို တွေ့ရသည်။

ဤအချိန်တွင် တရုတ်နိုင်ငံရောက် နိုင်ငံခြားဘဏ်များ၏ အခြေအနေကို ဖတ်ရှုရသည်။ တရုတ်နိုင်ငံတွင် ၂၀၀၇ ခုနစ်မှစ၍ နိုင်ငံခြားဘဏ်များကို တည် ထောင်ခွင့်ပြုခဲ့ရာဘဏ် ၄၂ ခု ဝင် ရောက်ခဲ့ပြီးနောက်ဘဏ်ခွဲပေါင်း ရာချီ ဖွင့်လှစ်ခဲ့သည်။ယခင်နှစ်ကတရုတ်ဘဏ်များ၏အမြတ် ၁၅ ရာခိုင်နှုန်းတက်ခဲ့စဉ်တရုတ်နိုင်ငံရောက် နိုင်ငံခြား ဘဏ် များက အမြတ် ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ထို့အပြင် ၂၀၀၇ ခုနှစ်က နိုင်ငံ ခြားဘဏ်များ၏ပိုင်ဆိုင်မှုသည်တရုတ် နိုင်ငံတွင်၂ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ရာမှ ယခုအခါ ၁ ဒသမ ၇၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်ကိုတွေ့ရသည်။ တရုတ် ဘဏ်တွေက အပ်ငွေတွေ နှစ်စဉ် ၁၃ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်နေချိန်တွင် နိုင်ငံခြားဘဏ်များ၌ ၅ ဒသမ ၅ ရာခိုင် နှုန်းသာတိုးသည်။ တရုတ် ဘဏ်များ အရင်းအနှီးပေါ်မှ အကျိုးအမြတ် ၁၉ ဒသမ ၂ ရာခိုင်နှုန်း ရနေချိန်တွင် နိုင်ငံ ခြားဘဏ်များက ၅ ဒသမ ၆ ရာခိုင်နှုန်းသာရသည်။
 
ယခုကဲ့သို့ ဖြစ်ရခြင်းမှာကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကြောင့်လုပ်ငန်းချဲ့ထွင်ရန်ထက်အမြတ်နည်း ရန် ပြင် ဆင်နေကြခြင်းကြောင့်လည်းဖြစ်နိုင်သည်။သို့သော်အဓိကပြဿနာမှာတရုတ်နိုင်ငံ၏စည်းမျဉ်းစည်းကမ်းများေ ကြာင့်ဖြစ် သည်။တရုတ်နိုင်ငံတွင် နိုင်ငံခြားဘဏ်များသည် ပြည်တွင်းဘဏ်များ၌အစုရှယ်ယာ၂၀ရာခိုင်နှုန်း ထက် ပို၍ပါ ဝင်ခွင့် မရကြသောကြောင့် ပြည်တွင်းဘဏ်များကို ဝယ်ယူနိုင်ခြင်းမရှိပေ။ HSBCသည် တရုတ်တွင် ဘဏ်ခွဲ ၁၆၀ ရှိရာ HSBC ရှယ်ယာ ၁၉ ရာခိုင်နှုန်း ပါဝင် သော တရုတ်ပြည်တွင်းဘဏ်၊ ဆက်သွယ်ရေးဘဏ်သည် ဘဏ်ခွဲပေါင်း ၂၆၉၀ ရှိသည်။ ပြည်တွင်းဘဏ်တွေက ဘဏ်ခွဲပေါင်း ထောင်သောင်းချီရှိနေ ချိန်တွင် နိုင်ငံခြားဘဏ်တွေက သုညမှ စနေရသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်များကိုပြည်တွင်းဘဏ်များ၏ ၄၉ ရာခိုင်နှုန်းကိုဝယ်ယူခွင့်ပြု သည်။ ထို့အပြင် ပြည်တွင်းတွင်တည် ထောင်သောစီးပွားရေးလုပ်ငန်းများ ပြည်ပမှ နိုင်ငံခြားငွေဖြင့် ချေး ယူနိုင် သောေ ချးငွေ အချိုးအစားကို ကန့်သတ် ထားသည်။ သတ်မှတ်တင်ပြရမည့် အစီရင်ခံ စာတွေကလည်း များပြားသည်။ တရုတ် နိုင်ငံတွင် ဖွင့်လှစ်ထားသော နိုင်ငံခြား ဘဏ်လုပ်ငန်းခွဲတစ်ခုသည် နှစ်စဉ် အစီရင်ခံစာ ၆၃၀၀ ခန့်တင်ပြရရာ မိမိ၏ ရုံးချုပ်က သက်ဆိုင်ရာ အဖွဲ့အစည်းသို့ အစီရင်ခံစာ ၄၀၀ သာ တင်ပြရသည်။အကယ်၍ နိုင်ငံခြားဘဏ်များက ချေး ငွေတွေအားတက်သရော ထုတ်ပေးနေ ကြလျှင်ပညာပေးဆွေးနွေးမှုခံရ သည် ။တရုတ်အစိုးရက တရုတ်ပြည်တွင်း ဘဏ်များကို အဆင့်မြင့်နိုင်ငံခြားဘဏ် များ၏ပြိုင်ဆိုင်မှုမှ အကာအကွယ် ပေး ထားသည်။ တရုတ်ဘဏ်များသည် လွန်ခဲ့သည် ဆယ်နှစ်ကထက် အင်အား တောင့်တင်းလျက်ရှိပြီး အစိုးရက ဈေး ကွက်ကို ပို၍လွှတ်ပေးပြီး အခြေခိုင်ကာ တိုးတက်စေမည်ဟုဆိုရာ နိုင်ငံခြား ဘဏ်များ အမှန်တကယ် ပြိုင်ဆိုင်ခွင့် ရရေးကို မျှော်လင့်နေကြသည်။
ထိုအချိန်တွင်မြန်မာနိုင်ငံဘဏ်လောကသို့ နိုင်ငံခြားဘဏ်များအပါအဝင်ဘဏ်အားလုံးနှင့်ပတ်သက်ေ သာ ခတ်မီစည်းမျဉ်း စည်းကမ်းများမှတ်အကောင်အထည်ဖော်ရန်ဇွန်လတွင်လာရောက်ခဲ့သောအိုင်အမ်အက်ဖ် ကိုယ် စား လှယ်အဖွဲ့က အကြံပြုခဲ့သည။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည်ဘဏ်ကဏ္ဍ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ဆက်စပ်နေသည်ကို ငြင်း ပယ်စရာ မရှိပေ။သို့သော်နိုင်ငံခြားဘဏ်များ၏အခန်းကဏ္ဍနှင့်ပတ်သက်၍မူအငြင်းပွားစရာတွေရှိသည်။နိုင်ငံခြားဘဏ်များ ကို ခွင့်ပြု လိုက်လျှင်ပြည်တွင်းဘဏ်တွေထိခိုက်နိုင်မည့်အလားအလာရှိ၊မရှိ၊ပြည်တွင်းစီးပွားရေးလုပ်ငန်း တွေကို အမှန် တကယ်အထောက်အကူပြု နိုင်မည့်အလားအလာတွေရှိ၊မရှိကိုတွက်ဆကြသည်။ပြည်တွင်းဘဏ်စနစ် အပေါ်အကျိုး သက်ရောက်မှုနှင့်ပတ်သက်၍ပြည်တွင်းဘဏ်များအရည် အသွေးမြင့်ကာ၊စရိတ် သက်သာေ အာင် ဆောင်ရွက်စေ မည်။စာရင်းကိုင်၊စာရင်းစစ်နှင့် အဆင့်အတန်းသတ်မှတ်သော အဖွဲ့အစည်းများ အရည်အေ သွးမြင့်မားလာစေ မည်။ အစိုးရကဘဏ္ဍာရေးလုပ်ငန်းများအပေါ်ကြီးကြပ်ထိန်းကျောင်းမှုမြင့်မားလာစေရန်ဖိအားပေးရာရောက်မည်ဟုဆိုသည်
နိုင်ငံခြားဘဏ်များနှင့် ပတ်သက်၍ အဆိုးမြင်ကြရာတွင်လူနည်းစုကိုသာ အကျိုးပြုမည်သို့မဟုတ် ဈေး ကွက်ကြီး တစ်ခုလုံးကိုလွှမ်းမိုးသွားစေနိုင်သည်ဟူသောရှုမြင်သုံးသပ်ချက်များရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် နိုင်ငံခြားဘဏ် များကို ပြည်တွင်းဘဏ်များပိုင်ဆိုင်မှု၏၁၀ရာခိုင်နှုန်း အောက်၌သာခွင့်ပြုလေ့ရှိသဖြင့် နိုင်ငံခြားဘဏ်များက လွှမ်းမိုး သွားမည်ဟုစိုးရိမ်စရာမလိုပေ။တစ်ဖန်နိုင်ငံခြားဘဏ်များမျက်စိကျသောဈေးကွက်နှင့်လုပ်ထုံးလုပ်နည်းများ ကလည်း ကွာ ခြားသည်။ နိုင်ငံခြားဘဏ်များက ပြည်တွင်းမှ အရင်းအနှီးတွေ ဆွဲထုတ် သွားနိုင်သည်ဟူသော ပူပန်မှုနှင့် ပတ် သက်၍လည်း ဘဏ်တွေနှင့် မဆိုင်၊ ပြည်တွင်း မူဝါဒများနှင့်သာ သက်ဆိုင် သည်။
အမှန်စင်စစ် ပြည်တွင်းဖောက် သည်များ၏ အကြောင်းကို သိရှိကျွမ်း ဝင်ရာတွင်ပြည်တွင်းဘဏ်များက တစ် ပန်းသာနေပြီဖြစ်သည်။ပြည်တွင်းလုပ်ငန်းများအကြောင်း၊စီးပွားရေးအခြေအနေနှင့်မူဝါဒအပြောင်းအလဲတွေကို  ပြည် တွင်း လုပ်ငန်းတွေက ပို၍ သိရှိနိုင် ကြသည်။ သို့ဖြစ်ရာဘဏ္ဍာရေးစနစ်ကို လုံခြုံမှု၊ ခိုင်မာမှု၊ မြင်သာထင်သာရှိမှု တို့ပီပြင်စေမည့် စည်းမျဉ်းစည်းကမ်းများ ချမှတ် ထားနိုင်လျှင်အခြားသောဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ နိုင်ငံခြားဘဏ်များ ကြောင့်ထိခိုက်နစ်နာမှုတွေ လျော့ပါးကာအကျိုးေ ကျးဇူးေ တွကိုသာ ရရှိစေ နိုင်ပါသည်။
တစ်ဘက်တွင် နိုင်ငံခြားဘဏ်များကိုဝင်ရောက်ခွင့်ပြုလိုက်ခြင်းအား ဖြင့်ချက်ချင်းလျင်မြန်စွာစီးပွားရေးတိုး တက် လာမည်ဟု မျှော်လင့်၍ မရပေ။နိုင်ငံတကာ ဈေးကွက်နှင့် ချိတ်ဆက် နိုင်ခြင်း၊ ပြိုင်ဆိုင်မှုကို အထောက်အကူ ပြု၍ ဘဏ်များ၏ဝန်ဆောင်မှုအရည်အသွေးမြင့်မားလာနိုင်ခြင်း၊ပြည်တွင်းဘဏ်များ၏စွမ်းရည်၊စီမံခန့်ခွဲမှုနှင့်နည်းပညာြ မင့်မားလာနိုင်ခြင်း၊ပြည်တွင်းဘဏ္ဍာရေးမူဝါဒနှင့်ဘဏ္ဍာရေးအခြေခံအဆောက်အအုံများပိုမိုကောင်းမွန်ကာပြည်တွင်း ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းဟူသောအကျိုးကျေးဇူးများရရှိလာနိုင်ပါသည်။အသေးစားနှင့်အလတ်စား ပ်ငန်းများမျှော်လင့်စောင့်စားနေကြသောအရင်းအနှီးရရှိရေးအိပ်မက်များလည်းတစ်စိတ်တစ်ဒေသအကောင်အထည်  ပေါ် လာနိုင်သည်။