Main menu

Background

ဝါးဆိုတာ တစ်ချိန်က မျှစ်ပါ

Wed, 08/27/2014 - 06:41 -- ydnar

 
တစ်ရက်က ကြက်သွန်နီအရောင်းအဝယ်လုပ်တဲ့ဦးမေဃကျောင်းဝိုင်းဘက်ကို ကြက်သွန်နီအဝင် ဈေးနှုန်း အနေအ ထားစတာကိုလေ့လာရင်း ပခုက္ကူမြို့မဈေးကြီးနဲ့နီးတော့ ဘေးတစ်ပတ်လည် မှာရောင်းချ နေကြတဲ့ကုန်ပစ္စည်းများ အသီးအရွက်၊ကြက်သွန်နီဖြူ၊အသားငါးစတာတွေကို အရင်တည်း လေ့လာစုံစမ်းဖြစ်ပါတယ်။အဲဒီမှာအမဲသားေ ရာင်း တဲ့ဖောက်သည်များကဆရာကြီး အမဲသားဈေးတွေကျနေပြီ။ အရင်တစ်ပိဿာ ၉၀၀၀ ကျပ်ကနေ ၇၀၀၀ ကျပ်ဈေးရော နပြီ။ ဝယ်သွားပါဦးလို့ဆိုပါတယ်။

ဒီကနေ့တော့ ဈေးဝယ်ဖို့ အစီအစဉ်မရှိဘူးဆိုပြီး၊ ကျန်တဲ့ဟိုနည်းနည်း၊ ဒီနည်းနည်းမေးမြန်းရင်းရုံးကိုပြန်ခဲ့ ပါတယ်။ ညနေပိုင်း ရုံးချိန်ကုန်တော့ အိမ်ကိုပြန်ပါတယ်။ရောက်ရောက်ချင်းပဲအိမ်က အိမ်ရှင်မကို အားရဝမ်းသာေြ ပာမိပါတယ်။ကုန်ဈေးနှုန်းကျတဲ့သတင်း၊ဒီသတင်းလောက်ကောင်းတဲ့သတင်း၊မင်္ဂလာရှိတဲ့သတင်း ဘယ်မှာရှိနိုင်ပါ့မ လဲ။ ကျွန်တော်တို့အခြေခံလူတန်းစား ဘဝမဟုတ်ဘူးလားစာရှုသူ။ ''မိန်းမရေ အမဲသားဈေးတော့ တာပါဗျာ။တစ်ပိဿာ ၉၀၀၀ ကျပ်ကနေ ၇၀၀၀ ကျပ်တဲ့၊ တစ်ပိဿာအပေါ် ၂၀၀၀ ကျပ် တောင် ကျတာဗျ''ဆိုတော့ အိမ်ရှင်မက ပြုံးစိစိနဲ့ ကိုယ့်ပြန်ကြည့်နေပုံကသနားစရာသတ္တဝါတစ်ကောင်လို''ဒီမယ်ကိုအဝှာ .. တော်သိတာ နည်းနည်းပါ။ ဒီလို ကိစ္စတွေနားမလည်ပါဘူး။ ကျုပ်တို့ကိစ္စ ကျုပ်တို့ပဲ သိပါတယ်'' ဆိုတဲ့ပုံစံမျိုး၊ စိတ်ထဲတော့နည်းနည်းတော့ တိုသလိုဖြစ်ပါတယ်။
 
လေးစားအပ်ပါသော စာရှုသူ၊ ကျွန်တော်ပြောတာ ရှင်းပါတယ်။ စိတ်ထဲကပါ။ စိတ်ထဲကတော့ နည်းနည်း တိုရဲ တာပါ။ဘယ်နဲ့ဗျာ..ဈေးထဲကိုယ်တိုင်ရောက်၊ကိုယ်တိုင်မေး၊ ကိုယ်တိုင်လေ့လာ ထားတဲ့သူကို မယုံသလို၊ ကိုယ်ပြော တာပဲ မဟုတ်သလို၊ ကောလဟာလသတင်းလိုပဲ၊ ရပ်ကြားရွာကြား၊ မြို့ထဲကကြားတဲ့ပုံစံမျိုးနဲ့ သူ့ကိုတစ်ဆင့်ပြော သလိုလို မေးလိုက်ပါတယ်။ ခပ်တင်းတင်းပါပဲ။ ''ဘာလဲကွာ မင်းမယုံလို့လား၊ မနက်ဖြန်ကျရင် ငါကိုယ်တိုင်မေး လာ တာကိုငါကိုယ်တိုင်လိုက်ဝယ်ပြမယ်၊မင်းလိုက် ကြည့်''အိမ်ရှင်မကတော့ ပြုံးဆဲပါပဲ။ အဲဒီညကအိပ်သာအိပ်ရ တယ်။ ဟုတ်ကဲ့ ..စိတ်ထဲကတော့ နည်းနည်း တိုလျက်ပါ။ မကျေနပ်ဘူး။ လုံးဝမကျေနပ်ဘူးပေါ့ဗျာ။                         နောက်တစ်နေ့နံနက်လင်းပါပြီ။ အိမ်ရှင်မက ပြောတယ်။ ''ဈေးသွားရအောင်'' တဲ့၊ ခပ်တင်းတင်းပဲ ''နေဦး ငါတစ်ခုခုသွားစားမယ်။ ပြန်မှနေမြင့်မှ ဈေးသွားမယ်၊ ငါကိုယ်တိုင်လိုက်ပို့မယ်၊ တစ်ပိဿာ ၇၀၀၀ ကျပ် ရမရ အဲဒီမှာမှ ကိုယ်တိုင်တွေ့ရမယ်''ဒီလိုနဲ့မနက်ဆယ်နာရီထိုးကာနီးမှာဈေးကိုလင်မယား နှစ်ယောက်သွားဖြစ်ပါတယ် ။ စောစော သွားရင်လည်း ဈေးမှာလူရှုပ်လို့ပါ။ ဈေးရောက်ရင် ရောက်ချင်းပဲ အခြားဘာမှမဝယ်ဘဲ အမဲသားတန်းသွား၊ အမဲသား အရင်ဝယ်မယ်။ကိုယ်သိတဲ့သတင်းကိုသက်သေပြချက်၊ ကောက်နှုတ်ချက်အညွှန်းနဲ့တကွဖော်ဆောင်မယ် ။ မြောက် ကြွ မြာက်ကြွနဲ့ပေါ့။ အမဲသားတန်းဝင်တယ်ဆိုရင်ပဲငယ်ငယ်ကကြားဖူးတဲ့ သီချင်းတစ်ပုဒ်ထဲကလို ''ကိုကိုခေါ် လို့ မောင်မောင်ခေါ်လို့ ဝယ်ပါမောင်ကြီး ဖော်ရွှေနှုတ်ခွန်းချို '' ဆိုသလိုပေါ့။  ဆရာကြီးဘာဝယ်မလဲ၊ ဘာလို သလဲ၊ ရှိပါတယ်၊ ဝယ်ပါပေါ့။ ဒါပေမဲ့..ကိုယ်ဝယ်နေကြဖောက်သည်ဆီမှာပဲဝယ်ဖြစ်ပါတယ်။အမဲသာဝယ်မယ်။ဟုတ်ကဲ့ဝယ်ပါ။တစ်ပိဿာ ဘယ်ေ လာက်ဈေးလဲ၊ တစ်ပိဿာ ၇၀၀၀ ကျပ်ဈေးပါ။ ဒါက သတ်မှတ်ထားတာပါ။ ဘယ်သူ့ဆီမှာမဆို ဒီဈေးပါပဲ။ ကျွန်မ တို့ညာမရောင်းပါဘူး။အသိတွေပဲ၊ ဖောက်သည်တွေပဲဆိုတော့ကျွန်တော့်မျက်နှာလပြည့်ဝန်းကြီးပမာ ရင်ဘတ်ေ တာင်နည်းနည်းမောက်လာသလားမသိဘူး။ ကိုယ့်အထင်ပြောတာပါ။ ဘယ်လိုလဲမရွှေချော၊ ကျုပ်ပြောတာ အမှန်မဟုတ် ဘူးလားဆိုတာမျိုးနဲ့ အိမ်ကဒေါ်အဝှာကိုငဲ့စောင်းကြည့်တော့ အောင်မာ .. ဒီအထိ အိမ်ကဒေါ်အဝှာ ပြုံးတုံးပဲဗျာ။ငါကွာ၊စိတ်ရှိလက်ရှိဟင်း..စိတ်ထဲပြောတာပါဗျာ။ဒီမှာ အိမ်ရှင်မ ဒေါ်အဝှာ ဇာတ်လမ်းမှတ်တမ်းတင်ပါပြီ။ ကဲ ..တစ်ပိဿာဝယ်မယ်။ အရိုးများတဲ့ နံမြှောင်မလိုချင်ဘူး။ အကြောများတဲ့ ခါးသား မလိုချင်ဘူး။ ဖြစ်နိုင်ရင် ပေါင်သား၊ အရင်းကအဖျားမလိုချင်ဘူး။ ပြောဆိုဝယ်နေလိုက်တာများဗျာ။ ဈေးရောင်းသူတစ်ဖက်သားကိုအားနာချက်လုံးဝမရှိ ဘူး။ ဒါပေမဲ့ ဈေးသည်ကလည်း ရတယ်အမ၊ ရတယ်အမနဲ့ စိတ်စေတနာကောင်းလိုက်ပုံများ အသားမှာ ကပ်နေတဲ့ အကြောဖြူဖြူကလေးများကိုဒါးဦးချွန်ချွန်ကလေးနဲ့ ကော်ကာကော်ကာလှီးဖြတ်ပေးနေပုံများ၊အနုပညာ မျက်စိနဲ့ကြည့် ရင် စည်းကိုက်ဝါးကိုက်၊ လှလိုက်တဲ့ဖြစ်ချင်းဗျာ။ လှီးတယ်၊ လှီးတယ်၊ သင်တယ်၊ ဖြတ်တယ်၊ ချိန်တယ်၊ ထပ်လှီးတယ်၊ ထပ်ထည့်တယ်၊ ချိန်ခွင်လျှာပြူရုံမက ခါးလည်အထိ ချိန်ခွင်လျှာ စောင်းလာပါပြီ။ ဒါပေမဲ့။ အိမ်ရှင်မ မအဝှာကဒီအသားလေးလှီးထည့်ဦး၊ တော်ပါတော့အမရယ်၊ တော် တော်ပိုနေပါပြီ။ အိမ်ရှင်မထပ်ပြောတယ်။ ဒို့ဝယ်နေကျပဲ။ ထပ်ထည့်ဦး။ ကဲပါအမရယ်၊ ရော့ရော့ စိတ်အထင် ထပ်ထည့်တဲ့အသားတုံး ၅ ကျပ်သားလောက်တော့ အနည်းရှိမယ်လို့ စိတ်ထင်မိပါတယ်။ ကဲ..ချိန်ပြီးသွားပြီ။အိမ်ရှင်မကပြောပါတယ်။ ''ကဲ..ကို ရှင်းလိုက်တော့'' ဟုတ်ကဲ့၊ ရိုသေရတဲ့သဘောဗျာ။ လိုက်နာတဲ့အနေနဲ့ တစ်သောင်းတန်တစ်ရွက် ထုတ်ပေးလိုက်ပါတယ်။ ဟုတ်ကဲ့.. ဈေးသည်ကပြန်အမ်းပါတယ်။ တစ်ထောင်ကျပ်တိတိ၊ ဟ ..ဘယ်လိုလဲ၊ မင်းတို့ ပြောတော့ ၇၀၀၀ ကျပ်ဆို၊ ၂၀၀၀ ကျပ်လိုသေးတယ်လေ ပြောတော့ ဈေးသည်ကရီပါတယ်။ ဆရာရယ်၊ ကျွန်မတို့ပြောတဲ့ တစ်ပိဿာ ၇၀၀၀ ကျပ်ဆိုတာအရိုးပါမယ်။အဆီပါမယ်။အကြောပါမယ်။ ကောင်းတဲ့နေရာကအသားရော၊ မကောင်းတဲ့ေ နရာကအသားရော၊ ရောကော သောကော တစ်ပိဿာ ကိုပြောတာ၊ အမဝယ်သလို ဆိုရင်တော့ တစ်ပိဿာ ၉၀၀၀ ကျပ်မရဘဲ ဘယ်မှာရောင်းနိုင်ပါ့မလဲ။ဆရာကတော်မေးကြည့်ပါ။ ကျွန်မတို့ကဝယ်နေကျဖောက်သည်တွေပါ။ ဒါနဲ့ နဝေတိမ်တောင်၊ နားမလည် ပါးမလည်နဲ့ အိမ်ရှင်မကို လှည့်ကြည့်လိုက်တော့ အောင်မယ် ဒင်းကပြုံးလို့ဗျာ။ မနေ့ထဲ ကပြုံးတဲ့ပုံစံနဲ့တစ်ပုံစံတည်းပဲ။ စိတ်ထဲ စိတ်ထဲကလို့ပြောတာပါ။ ဆရာအီကြာကွေးစကား ငှားသုံးရရ င် သောက်မြင် ကပ်လိုက်တာဗျာ။ သွားရအောင်ပါတဲ့။ ဒီတော့ကိုယ့်ကိုယ်ကိုတိန်လို့အော်ရမလား၊ ကိန်လို့အော်ရ မလား စဉ်းစား ရင်း နားရွက်မခတ်၊ အမြီးမလှုပ်လို့ ကုပ်နေတဲ့ ဟို သုနခ (ခွေး)လိုပဲ ပြန်ခဲ့ရပါတယ်။ ကျန်တဲ့ ပစ္စည်းဝယ်တာ လိုက်နေရပေမဲ့စိတ်နဲ့ကိုယ်၊ဝမ်းဆက်တော့မဖြစ်တော့ပါဘူး။ စိတ်နဲ့ကိုယ်ဝမ်းဆက်တာ မဖြစ်တာ။ဒီကိစ္စ အပေါ်မှာေ တာ့ စိတ်နဲ့ကိုယ်နဲ့ ဝမ်းဆက် စိတ်ညစ်မိပါတယ်။ အိမ်ပြန်ရောက်တော့ တွေ့ရာစာအုပ်ကလေးဆွဲ စာဖတ်နေ မိပါ တယ်။စိတ်ထဲကတစ်နုံ့နုံ့နဲ့ပါ။လာပါပြီ။အိမ်ရှင်မ ချိန်ခွင်တစ်လက်နဲ့တစ်ပိဿာ သံအလေးကတစ်ဖက်၊အမဲသား ထုတ်က တစ်ဖက်၊ဒီမှာတွေ့လား၊ဒီလောက် တောင်းတာတောင်အိမ်ကျတော့တစ်ကယ့်တစ်ပိဿာ အတိပဲရ တယ်။ အင်း.. ရှေးလူကြီးသူမတွေပြောတဲ့ ရောင်းသူသူခိုး၊ ဝယ်သူဓါးပြ၊။ အေးလေ ..တကယ့် အမှန် တရားတွေေ ကြာင့် သာ ရှေးလူကြီးတွေ အဆိုအမိန့်များ ထားခဲ့တာမဟုတ်ပါလား ။ ဈေးနှုန်းသတ်မှတ် ပေးသူများက လည် နွားအကြီးတစ်ကောင်၊ အလတ်တစ်ကောင်၊ အရွယ်ရောက်စပြုတဲ့အကောင် ဘယ်ဈေးပေါက်တယ်။ ဒီအရွယ် အစားကိုဝယ်ပြီး ရောင်းရင်အသားဘယ်ရွေ့၊အရိုးဘယ်မျှ၊ ဆီဘယ်လောက်ထွက်၊ သားရေဘယ်လောက် ခန့်မှန်း တွက်ချက်တယ်။ အားလုံးခြုံငုံပြီးတော့ စားသုံးသူကို တစ်ပိဿာဘယ်ဈေးနဲ့ရောင်းခိုင်းရင် ရောင်းချသူ၊ စားသုံး သူများ တွက်ခြေကိုက်မယ်။ ဒီတော့ ဒီအသား ဒီဈေးနဲ့ရောင်း သတ်မှတ်ပေးတယ်။ ဥပဒေတစ်ခု ပြဋ္ဌာန်းပေးတယ်။ မကောင်းဘူးလား၊ ကောင်းတာ ပေါ့ဗျာ။ ဒါပေမဲ့ လိမ်တာရှိလို့ ဥပဒေပြဋ္ဌာန်းတယ်၊ ဥပဒေပြဋ္ဌာန်းတဲ့အပေါ် ထပ်လိမ်တယ်။ဆိုးသွမ်းသံသရာကလည်နေတုံးပါ။ကိုယ့်ပြည်တွင်းရောင်းဝယ်စားသုံးမှုတစ်ခုအပေါ်ဒီလိုမရိုးသား မှုတွေဘဲ ဆက်ဖြစ်နေအုန်းမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် တိုင်းပြည်တစ်ပြည်နဲ့တစ်ပြည် ရောင်းကြဝယ်ကြ ရင်ဒီလိုပုံစံမျိုးနဲ့တော့တစ်ခါဆက်ဆံဆယ်ခါလံဖြစ်ကြရဦးမှာမလွဲပါဘူး။ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့လိုနေ ပါပြီ ။ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ မည်သူမဆို ပြည်သူအားလုံးပြုပြင်ပြောင်းလဲမှသာ ဖွံ့ဖြိုးတိုးတက် မှုရှိနေမှာ မဟုတ်ပါလားဗျာ။ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်လုပ်ကိုင်ဆောင်ရွက် စေချင်ပါတယ်။ ခုကိစ္စကိုကြည့် ကျွန်တော်ရယ်၊အိမ်ရှင်မရယ်၊ ဈေးသည်ရယ် ဈေးသတ်မှတ်ပေးတယ်။ဒီတော့ ဈေးကျတယ်။တကယ်သွား ဝယ်တော့ ဥပဒေသတ်မှတ်ချက်တစ်ခုအပေါ်မှာ မဖက်တွယ်ဘဲနဲ့ လိုချင်တဲ့ဈေးရအောင်ရောင်းတယ်။ ယခင်က တစ်ပိဿာ ၉၀၀၀ ကျပ်၊ ခုသတ်မှတ်ဈေး ၇၀၀၀ ကျပ်၊ အဲဒီအပေါ်မှာ ၉၀၀၀ ကျပ်ဈေးရအောင် ပြန်ရောင်းတယ်။ ဘာထူးပါသလဲ။ ဟိုယခင်ကကြားဖူးတာလား၊ ဖတ်ဖူးတာလား၊ မမှတ်မိတော့တဲ့အကြောင်းအရာလေးတစ်ပုဒ်ကို သတိရမိပါတယ်။
ရွာတစ်ရွာမှာသားအဖ နှစ်ယောက်ရှိတယ်။ သားကအချိန်တန်အရွယ်ရောက်နေလေတော့ ဖခင်ဖြစ်သူ အဘိုးအို အနေနဲ့ သားကို အိမ်ထောင်ပြုစေချင်တယ်။ တစ်နေ့တော့ ''သားကိုခေါ်မေးတယ်။ သားငယ်အိမ်ထောင်ပြုသင့်ပြီ၊ ကိုယ်နှစ်သက်တဲ့ချစ်ရတဲ့ချစ်သူရည်းစားရှိသလား''ဆိုတော့သားငယ်က ပြန်ဖြေပါတယ်။ ကျွန်တော့်မှာ ရည်ရွယ် ထားတဲ့သူမရှိပါဘူး''''ဒါဆိုရင်အဖေသဘောကျတဲ့မိန်းကလေးတစ်ယောက်ရှိတယ်။ရွာအနောက်ပိုင်းမှာရှိ တဲ့ အေး ခင်ဆို တဲ့ ကောင်မလေးနဲ့ အဖေပေးစားမယ်ပေါ့'' ဒီမှာသားငယ်က ပြန်ပြောတယ် ''ဟင်..အဖေပြောတဲ့ အေးခင်က အပျိုမှမဟုတ်ဘဲ၊ကလေးတစ် ယောက်အမေတစ်ခုလပ်ကြီး''ဆိုတော့ဖခင်က ပြန်ပြောတယ်။ ''သား ရယ် အေးခင် ဆိုတာ လူမှု ဆက်ဆံရေးလည်းကောင်းတယ်၊ လူကြီးမိဘကိုလည်း ရိုသေတယ်၊ အရောင်းအဝယ် လည်းတတ် တယ်။ ကလေးအမေတစ်ခုလပ်ဆိုပေမယ့် ယခင်ကတော့ အပျိုစင်ပါသားရယ်။ အဖေသဘောကျလို့ သဘောတူ တယ် ပြောတယ်။သားငယ်ကမလိုချင်ဘူး။ပြန်ပြောလို့ကလည်းမဖြစ်တော့စဉ်းစားတယ်။အဖေ့ကိုဘယ်လို ဆင်ခြေေ ပးရင် ကောင်းမလဲပေါ့။
နောက်ရက်တွေမှာ ဖခင်ဖြစ်သူမြင်လောက်တဲ့ နေရာကနေ  ဟင်းချက်တဲ့ အိုးကိုယူ၊ ဝါးတစ်လုံးကို ဟင်းအိုးနဲ့ ကိုက်ညီတဲ့အတိုအပြတ်ကလေးတွေခုတ်၊ဟင်းအိုးထဲထည့်မယ်အလုပ်ရှုပ်နေတာကိုဖခင်ဖြစ်သူက မြင်ရော၊ မြင်ေ အာင် လည်း တမင်လုပ်နေတာကိုး၊ ဖခင်ဖြစ်သူကမေးပါတယ်။ ''ငါ့သား ဘာတွေ အလုပ်ရှုပ်နေတာလဲ''ဆိုတော့ သားဖြစ်သူက''အဖေ့ဖို့ ဝါးဟင်းချက်မလို့ပါ'' ဒီတော့ဖခင်ဖြစ်သူက ''ဟေ့ကောင်၊ အရူးကောင်၊ ခွေးမသား၊ ဝါးကို ဟင်းချက်စားရတယ်လို့ ဘယ်ကကြားဖူးသလဲ၊ဘယ်သူ ပြောသလဲ၊မဖြစ်နိုင်တာ မဟုတ်နိုင်တာ၊ အစဉ်အလာ မရှိတာကိုမပြောမလုပ်ပါနဲ့။ ဒီတော့မှ သားကအဖေရယ်၊ကလေးတစ်ယောက်အမေ တစ်ခုလပ် အေးခင် ကိုကျတော့ ယခုမှသာ ကလေးအမေ တစ်ခု လပ်ပါ။ ဟိုယခင်ကအပျိုစင်ပါလို့ပြောသလို ခုသား ခုတ်ချက်နေတဲ့ ဝါးဟာလည်း ဟို ယခင်တစ်ခါကတော့မျှစ်ပါ'' ဆိုတော့ ဖခင်လုပ်သူက ''တော်တော် ခွေးမသား မင်းသဘောပဲ'' ဆိုပြီး သားငယ် ကို မိန်းမပေးစားဖို့ကိစ္စ ရပ်သွားတယ်ဆိုတာကိုပါ။ ဒီတော့ ဟိုတုန်းကတစ်ပိဿာ ၉၀၀၀ ကျပ်ရောင်းတဲ့ အမဲသားသတ်မှတ်ချက်အရ ၇၀၀၀ ကျပ် ဆိုပေမဲ့ အချိန်တန်တော့လည်း ၉၀၀၀ ကျပ် ဈေးပေးဝယ်ရတာကို သားဖြစ်သူက ဖခင်ဖြစ်သူကိုပြောပြတဲ့ အဖေရယ်၊ ဝါးဆို တာလည်း တစ်ချိန်တုံးက မျှစ်ပါဆိုတာနဲ့ တင်စားရင် လွန်မယ်မထင်လောက်ပါဘူး။ စာရှုသူများခင်ဗျာ.. ဝါးဆိုတာ တချိန်တုံးကမျှစ်ပါပဲဆိုပေမဲ့ ကျွန်တော်တို့တစ်တွေဝိုင်းဝန်း အဖြေရှာလေ့လာ၊ စဉ်းစား၊ တွေးခေါ်ပြုပြင်သင့်တာများ ကို ပြုပြင်ရအောင်ပါ။