Main menu

Background

နှလုံးလှ အားမျှခြေ

Wed, 08/27/2014 - 07:02 -- ydnar

ဘောဂဗေဒဘာသာရပ်ရှိ ဈေးကွက်သဘောတရားသင်ခန်းစာတွင်အားမျှခြေဟူသည့်အယူအဆရှိ သည် ။ ဈေးကွက်အင်အားစုနှစ်ရပ်ဖြစ်သည့်ဝယ်လိုအားနှင့် ရောင်းလိုအားတို့၏အတက်အကျအခြေအနေများ အရ ဈေးနှုန်း သည်အနိမ့်အမြင့် ဖြစ်ပေါ် ပြောင်းလဲလျက်ရှိပြီးနှစ်ဖက်သဘောတူ လက်ခံသည့်အခြေအနေ (ဈေးနှုန်း)တွင်မူ အားမျှခြေအနေအထား ဖြစ်လာသည်။ထိုအခြေအနေတွင်အရောင်း အဝယ်များ ဖြစ်ထွန်းပြီး ဈေးကွက် ယန္တယား သည် လည်း စွမ်းဆောင်ရည် ရှိစွာလှုပ်ရှားလာနိုင်၏။ယခုထိုသဘော

တရားအခြေခံသည့် လုပ်သားဈေးကွက် တွင် အားမျှခြေဖြစ်ထွန်းမှုမရှိသည်ကို မြန်မာ့စီးပွားရေး အဆောက်အအုံထဲတွင်တွေ့နေရသည်။ ထိုအခြေအနေကိုေ န့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့် အလုပ်သမားဆန္ဒပြပွဲများကသက်သေခံလျက် ရှိသည်။ အဘယ်ကြောင့်နည်း။ ဆန ္ဒပြပွဲများဖြစ်ပေါ်နေရခြင်းအခြေခံအကြောင်းများထဲတွင်လုပ်ခ၊လစာအပေါ်မကျေနပ်မှုသည်အဓိကဖြစ်ေ န လေသည်။ လုပ်ခ လစာကိုတိုးပေးရမည့် အလုပ်ရှင်နှင့် ရရှိမည့် အလုပ်သမား ကြား နှစ်ဖက်သဘော တူညီမှုမရခြင်း သို့မဟုတ် အားမျှခြေ အနေအထားသို့  မရောက်ရှိခြင်းကြောင့်ဟုသာ ဆိုရ မည်။သီအိုရီ မလျော်ကန်ခြင်း ဈေးကွက်သဘောအခြေခံ၍ သီ အိုရီဆန်ဆန်တွေးရလျှင်လုပ်သားဦးရေ များပြားပြီး အလုပ်အကိုင်အခွင့်အလမ်း နည်းပါးနေပါကလုပ်ခ၊ လစာ ပမာဏ မှာနိမ့်ကျနိုင်ပြီး အလုပ်အကိုင်များ ပေါများပြီး အလုပ်လုပ်မည့် လုပ်သား ဦးရေ နည်းပါးနေခဲ့လျှင် လုပ်ခ၊ လစာပမာဏ မြင့်မားနိုင်သည်။ ဤအချက်သည် မည်သူမျှ မငြင်းဆိုနိုင်သည့် သဘာ၀ ကျသည့်အခြေအနေဖြစ်သကဲ့သို့သီအိုရီအယူအဆလည်းဖြစ်သည်။ သို့သော်ယခုအလုပ်ရှင်နှင့်အလုပ်သမား တို့ ပါဝင်နေ သည့် လုပ်သားဈေးကွက်ထဲတွင် ထိုအယူအဆကို ပြည့်ပြည့်၀၀အသုံးချ၍ မရပေ။ လုပ်သားတို့သည် ကုန် ပစ္စည်းများကဲ့သို့သက်မဲ့များမဟုတ်ကြ။အသွေးအသားများနှင့်တည်ဆောက်ထားကြရသောခန္ဓာကိုယ်ပိုင်ရှင် လူသား များဖြစ်နေကြသော ကြောင့်ဖြစ်သည်။ချင့်ချိန်ရန်လိုခြင်း
 
လုပ်ခ၊ လစာနှင့် ပတ်သက်သည့် ပြဿနာများမှာယခုမှပေါ်ပေါက်လာသည်မဟုတ်၊ လွန်ခဲ့သောနှစ်များစွာက တည်း က နိုင်ငံပေါင်းများစွာတွင်ဖြစ် ပေါ်ခဲ့ပြီးဖြစ်သည်။ ၁၉ရာစုအစောပိုင်း ကာလများကတည်းက ထိုပြဿနာမျိုး ကို အနိမ့်ဆုံး လုပ်ခဥပဒေပြဋ္ဌာန်း၍ ဖြေ ရှင်းရန်ကြိုးစားခဲ့ကြ၏။ သို့သော်ထိုကိရိ ယာကိုနိုင်ငံများအားလုံးတွင် တပြေးညီ၊ ပုံစံတူ အသုံးပြု၍မရ၊ ထိုကိရိယာဖြင့် လည်း ရာခိုင်နှုန်းပြည့်ဖြေရှင်းနိုင်ရန်လည်း မလွယ်ကူပေ။ ပထဝီအနေအထား ကွဲပြား လျက်ဧရိယာကြီးမား လွန်းသောနိုင်ငံများတွင်ထည့်သွင်းစဉ်းစားစရာအချက် များပြားလွန်းသော ကြောင့် ပို၍ပင် အခက်အခဲများရှိသည်။ကျွမ်းကျင်လုပ်သားနည်းပါးပြီးအလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့်နိုင်ငံများနှင့်ဝင်ငွေ နည်းလူဦးရေများပြား သည့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အနိမ့်ဆုံးလုပ်ခဥပဒေအသုံးပြုခြင်း၏ထိရောကမှုမှာပို၍ပင် အား နည်း သည်ကို တွေ့ရ သည်။ ဥပဒေအရသတ်မှတ်ပေးထားသည့် အနိမ့်ဆုံးလုပ်ခလစာသည် ဈေးကွက်တွင်ဖြစ်ပေါ်နေသောပမာဏ ထက် မြင့်မား သဖြင့်အလုပ်သမားများအနေ ဖြင့် နှစ်သက်ကြမည်ဖြစ်သော်လည်းအလုပ်ရှင်များမှာမည်သို့မျှ သဘောကျ ကြမည်မဟုတ်ပေ။အနိမ့်ဆုံးလစာသတ်မှတ်ကျင့်သုံးခြင်း၏ အကျိုးဆက်သက်ရောက်မှုမှာ အလုပ် သမားများစွာအလုပ်ပြုတ်ခြင်းနှင့်အခြားသောလူမှုစီးပွားရေးဆိုင်ရာအနုတ်လက္ခဏာဆာင်သောဖြစ်ရပ်တို့ပေါ်ပေါက်လာ ခြင်းြ ဖစ်သည်။အလုပ်ရှင်များသည်လည်းထုတ်လုပ်မှုပမာဏကျဆင်းသွားခင်း၊ထုတ်လုပ်မှုစရိတ်များမြင့်တက်၍  ဈေးကွက် ယှဉ်ပြိုင်နိုင်စွမ်းအားကျဆင်းခြင်းများ ရင်ဆိုင်လာရနိုင်သည်။စီးပွားရေးအဆောက်အအုံ တစ်ခု လုံးအနေဖြင့် ကြည့်ပါ ၊အလုပ်အကိုင်ရရှိမှု၊ လုပ်ခလစာရရှိမှုအပေါ်၊အကျိုးသက်ရောက်မှုအပေါ်အကောင်းအဆိုး ရောယှက် ဖြစ်ပေါ်ေ နပြီး ပြည်တွင်း ထုတ်လုပ်မှုနှင့် ပို့ကုန်ပမာဏကျဆင်းမှုများဖြစ်လာနိုင်ခြင်း၊ အလုပ်လက်မဲ့ နှုန်း မြင့်မား လာခြင်း၊ တစ်ဦးချင်းဝင်ငွေကျဆင်းလာခြင်းနှင့်ဆင်းရဲနွမ်းပါးမှု နှုန်းမြင့်တက်လာခြင်းတို့ပါရှိလာနိုင်သည်။ ထို့ကြောင့် အနိမ့်ဆုံး လုပ်ခဥပဒေသည် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သတိထားကိုင်တွယ် အသုံးပြုသင့်သည့် ကိရိယာတစ်ခုဖြစ် သည်ဟု သုံးသပ်ရသည်။ဦးနှောက်နှင့် နှလုံးသားအားမျှခြင်း
သဘာဝကျကျ လေ့လာကြည့် လျှင် အလုပ်ရှင်နှင့် အလုပ်သမားတို့ သည်ပြိုင်ဘက်များအဖြစ်ပြုမူကြရမည့် သူများမဟုတ်ဘဲရည်မှန်းချက်တစ်ခုကိုရရှိရေးအတွက် တွဲဖက်လုပ်ဆောင်ရ မည့်သူများဖြစ်သည် ဟု ကောက်ချက်ချ ရမည်သာ။အလုပ်သမားများ တောင်းဆိုနေသောလုပ်ခလစာတိုးမြင့်ရေး ပြဿနာကိုအနိမ့်ဆုံးလုပ်ခဥပဒေ အသုံးြ ပု ဖြေရှင်းရာတွင် ဈေးကွက်ထဲရှိ အခြေခံစားသောက်ကုန်နှင့် ဝန်ဆောင် မှုများ၏ ဈေးနှုန်း အခြေအနေများ၊ အလုပ် သမားတို့ ဝမ်းစာ ဖြည့်တင်းမှု အခြေအနေများကို လည်းကောင်း၊ အလုပ်ရှင်တို့ ကြုံတွေ့နေရသည့် ကုန် ကြမ်းရရှိမှု ၊ ဈေးနှုန်း၊ပြည်တွင်းပြည်ပ ဈေးကွက်ရရှိမှုနှင့်အခြားသောအခက် အခဲများကိုလည်းကောင်း နှစ်ဖက်စလုံး မှအခြေအေ န များကိုထည့်သွင်းစဉ်းစား နိုင်မှသာ ထိရောက်သော ရလဒ်တစ်ခု ကိုရရှိနိုင်မည်ဖြစ်သည်။ အနိမ့်ဆုံး လုပ်ခ ဥပဒေသည် အလုပ်ရှင်နှင့် အလုပ်သမားကြား ကြုံ တွေ့နေရသော လုပ်ခပြဿနာကို ဖြေ ရှင်းရေးတွင် အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်စွမ်းရှိနေသော်လည်း အသေး စားနှင့် အလတ်စားလုပ်ငန်းများ ရုန်းကန်နေရသည့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နှစ်ဖက်စလုံးအတွက် ကောင်းကျိုးရရှိမှု ထက်ဆိုးကျိုးရရှိမှုက ပိုမိုများပြားနိုင်ေ ပသည်။အလုပ်ရှင်အနေဖြင့်မိမိအလုပ်သမားများအခြေခံစားဝတ်နေရေးကိုကိုယ်ချင်းစာနာစိတ်အခြေခံ၍စဉ်းစား ပေးြ ခင်း၊အလုပ်သမားများမှလည်း အလုပ်ရှင် ကြုံတွေ့နေရသော ထုတ် လုပ်မှုနည်းပညာ၊ အကျိုးအမြတ်နှင့် ဈေးကွက် ဆိုင်ရာအခက်အခဲများကိုနားလည်ပေးခြင်းတို့ဖြင့်ညှိနှိုင်းလျက်သင့်တင့်သော လုပ်ခလစာပမာဏပေါ်တွင် နှစ်ဖက်ေ ကျနပ်မှု ရရှိခြင်းသည် အကောင်းဆုံးဖြစ်မည်။ လက်ရှိမြန်မာ့ စီးပွားရေး အဆောက်အအုံအတွင်း ရင် ဆိုင်နေရသော အခြေအနေများတွင်ဥပဒေကိုစွဲကိုင်၍ အလုပ်သမား၊အလုပ်ရှင်စည်းခြားကာ ဖြေရှင်းခြင်းထက် မွန်မြတ်သော စိတ်ေ ကာင်းနှလုံး ကောင်းဖြင့်ဖြေရှင်းခြင်းကသာ ကောင်းမွန်သောအဖြေတစ်ခုရရှိလာလိမ့်မည်ဟုယုံကြည်မိပါသတည်း။