Main menu

Background

စားသုံးသူကာကွယ်ပေးရေးအကြောင်းသိကောင်းစရာများကို ဒဂုံမြို့သစ် (တောင်ပိုင်း) အထက ( ၂ )၊ အလက ( ၅ ) ကျောင်းများတွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဟောပြောဆွေးနွေး

Mon, 09/01/2014 - 09:17 -- ydnar

 
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ကူးသန်းရောင်းဝယ်ရေး နှင့်စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီးဦးစီးမှူးရုံးမှလက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းသိန်းနှင့်အဖွဲ့ သည် မြန်မာနိုင်ငံ စားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်းမှ ဒု-ဥက္ကဋ္ဌ ဦးကျော်ဇောနှင့်ပူးပေါင်း၍သြဂုတ်လ၁၉ ရက်နံနက်

၁၀း၀၀ မှ ၁၁း၃၀ ချိန်ထိ အထက(၂)ကျောင်းတွင်လည်းကောင်း၊နေ့လည်၁၃း၀၀မှ၁၄း၃၀ချိန်ထိအလက(၅)ကျောင်းတွင်လည်းကောင်း ကျောင်းသား/ကျာင်းသူများအား စားသုံးသူကာကွယ်ပေးရေး အကြောင်းသိကောင်းစရာများဟောပြောဆွေးနွေးခဲ့ရာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ရှိအထက(၂ ) ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ၊ ဆရာမများ၊ အလက(၅) ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်စည်ပင် ဒု-အုပ်ချုပ် ရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူး (၁)၊ မြို့နယ်ကျောင်းကျန်းမာရေးတာဝန်ခံ၊ (၁၈) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရုံးအဖွဲ့ဝင်များ၊ကျောင်းသား/ကျောင်းသူများ၊ကျောင်းမုန့်ဈေးတန်းတွင်ရောင်းချသည့်ဈေး သည် များ၊ စုစုပေါင်းအင်အား ၅၅၀ ဦးခန့် တက်ရောက်ခဲ့ပါသည်။
 
ဟောပြော ဆွေးနွေးပွဲများတွင်ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းသိန်း မှ မြန်မာနိုင်ငံရှိစားသုံးသူ ပြည်သူများကိုကာကွယ်ပေးရန်အတွက်၂၀၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် ၂၀၁၄ ခုနှစ်၊ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁၀)ဖြင့်စားသုံးသူအကာအကွယ်ပေးရေးဥပဒေကို ပြဌာန်းခဲ့ပြီး နည်းဥ ပဒေကိုရေးဆွဲဆောင်ရွက်နေပါ ကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှစားသုံးသူအကာအကွယ်ပေးရေး ဗဟို ကော် မတီကိုဖွဲ့စည်းပြီးဖြစ်၍တိုင်း ဒေသကြီး၊ပြည်နယ်များတွင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့များဖွဲ့ စည်းဆော င်ရွက်မည်ဖြစ်ကြောင်း၊ ဌာနအနေဖြင့်တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံး ၁၀ ခုကိုဖွဲ့စည်းပြီးဖြစ်ပါကြောင်း နှင့် ဥပဒေတွ င်ပြဌာန်းထားသည့် စားသုံးသူ၏အခွင့်အရေး(၅)ရပ်နှင့်တာဝန် ကိုသိရှိခြင်းဖြင့်ကုန်ပစ္စည်းဝယ်ယူသုံးစွဲ ရာ တွင် ရွေးချယ်ပိုင်ခွင့်၊ သတင်းအချက် အလက်ရပိုင်ခွင့်တို့ကို ခံစားရမှာ ဖြစ် ကြောင်း၊ထုတ်လုပ်သူများမှအကျိုးအမြတ် ရရှိရန်သာ ရည်ရွယ်ပြီး အရည်အသွေး မမီသည့် စားသောက်ကုန်များ ထုတ် လုပ်လာသဖြင့်ရေရှည်တွင်ကျန်းမာရေး ထိခိုက်နိုင်ပြီး စားသုံးသူများမှ ရွေးချယ်စားသုံးရန် လိုအပ်ကြောင်း၊ ပြည်တွင်း (သို့မဟုတ်) ပြည်ပမှ စားသောက် ကုန် ပစ္စည်းများတွင်အာမခံချက်များ ပါ/ မပါ၊ ဆိုးဆေးအရောင်များ အသုံးပြု ထားခြင်းရှိ/မရှိကိုယခုအခါတွင်မျက်စိ အမြင်နှင့် ကြည့်ရှုဝယ်ယူစားသုံးရန် လိုအပ်ကြောင်း၊ ကုန်ပစ္စည်းများတွင် ဖော် ပြထားသည့် အညွှန်းအတိုင်း လိုက် နာ ဆောင်ရွက်ရန်အရေးကြီးပါကြောင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေး ဦးစီးဌာန၏ စိစစ်တွေ့ ရှိချက် အရစားသုံးရန်မသင့်သည်များကိုကျန်းမာရေးဝန်ကြီးဌာနမှသတင်းစာတွင် ထည့်သွင်းကြော်ငြာပေး လျက်ရှိကြောင်း ၊ ကျောင်းသား/ကျာင်းသူများမှလည်း အသိပညာ ဗဟုသုတ တိုးပွားစေရန် ကောင်းမွန်မှတ်သားသင့်သည့်စာပေများ ကိုများများဖတ်ရန်တိုက်တွန်းပါ ကြောင်း၊မိမိတို့တိုင်းဒေသကြီးဦးစီးမှူးရုံးမှလည်းလက်တွေ့ လုပ်ဆောင်မှု အေ န ဖြင့် မြို့နယ်(၄၄)ခုတွင်မြို့နယ်တာဝန်ခံများထားရှိပြီး  မြို့နယ်များအတွင်း ရောင်းချသည့်စားသုံးရန်မသင့်သည့် ကုန်စည် များကိုအပတ်စဉ်လေ့လာစုံစမ်း၍ရုံးချုပ်သို့တင်ပြခြင်း၊ ရန်ကုန်မြို့ရှိ ဓာတ်ခဲရောင်းချသည့် ကုမ္ပဏီတစ်ခုမှ ရခိုင်ပြည် နယ် တွင် စားသုံးသူများကို လိမ်လည်လှည့်ဖြားမက်လုံးပေး ကြော် ငြာ၍ပစ္စည်းရောင်းချခဲ့ခြင်းကို ကွင်း ဆင်း စစ်ဆေးခဲ့ရာ ကုမ္ပဏီလိပ်စာသည် အမှန်မဟုတ်ကြောင်း တွေ့ရှိခဲ့ ခြင်းကို ပြည်သူများသိရှိစေရန် နှင့် ဝန်ဆောင်မှု ပစ္စည်းများဝယ်ယူရာတွင်မိမိတို့ရရှိသည့်အခွင့်အရေးမှ ရွေးချယ်ဝယ်ယူတတ်ရန်လိုအပ်ကြောင်း အသိပညာပေးေ ဆာင်းပါးကို Commerce Journalတွင် ထည့်သွင်းဖော်ပြခြင်း တို့ကို လုပ်ဆောင်ခဲ့ပါကြောင်းနှင့် ယခု အခါရန်ကုန် တိုင်းကျောင်းကျန်းမာရေး နှင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ စားသုံးသူ ကြိုတင်ကာကွယ်ရေး အသင်း တို့ နှင့်ပူးပေါင်း ၍စားသောက်ကုန်ပစ္စည်းများစားသုံးရာတွင်ဆောင်ရန်/ရှောင်ရန်တို့ကိုဟောပြောခြင်းဖြင့်ေ ကျာင်းသား/ ကျောင်းသူ များသိရှိလိုက်နာ ဆောင်ရွက်ပြီးမိမိပတ်ဝန်းကျင်သို့တစ်ဆင့် ပြောကြားရန်နှင့် သန့်ရှင်းလတ်ဆတ် သည့် မြန်မာမုန့် များကို ရွေးချယ် စား သုံးရန်လိုကြောင်း ဟောပြောဆွေးနွေး ခဲ့ပါသည်။
မြန်မာနိုင်ငံစားသုံးသူ ကြိုတင် ကာကွယ်ရေးအသင်းမှဒုတိယဥက္ကဋ္ဌ ဦးကျော်ဇောမှ ဟောပြောရာတွင် ယခုလ ၈ ရက်နေ့သာယာဝတီမြို့တွင် ကျောင်းမုန့်ဈေးတန်းမှ တရုတ်မုန့်များကိုစားသုံးမိ၍ ကျောင်းသား ၁၀ ဦး အစာ အဆိပ် သင့်ပြီး ဆေးရုံတက်ရခြင်း ဖြစ်ပေါ်ခဲ့၍ ကျောင်းမုန့်ဈေးတန်းမှ မုန့်များသည် အရေးကြီးပါကြောင်း၊ စား သုံးရန် မသင့် သည်များ ရောင်းချခြင်း မပြုရန်နှင့် ကျောင်းသား/ကျောင်းသူ များမှလည်း မျက်စိဖြင့် မမြင်နိုင်သည့်Ready Made မုန့်ထုပ်များတွင် ရေးသားထားသည့်စာများဖတ်၍ ဘာမုန့် လည်း သိရန်လိုအပ်ခြင်း၊ ထုတ်လုပ်သူ အမည်၊ လိပ်စာ ပါ/မပါ ကြည့်၍ မုန့် ကိုထုတ်လုပ်ထားသည့်ရက်စွဲ ( Manu-facture Date -  MFD )  နောက်ဆုံး သုံးစွဲရ မည့်နေ့ ( Expire Date - EXP (or) Best Before )ကို အသားတံဆိပ် ဖြင့် ရေးသားထားခြင်း ရှိ/မရှိ၊ အထက်ဖော်ပြပါအချက်များပါရှိသော်လည်းမိမိမှနားမလည်သည့်စာသားများဖြင့်ရေးသားထားပါက''လုံးဝ''ဝယ် စားခြင်းမပြုရန်၊ မြန်မာ(သို့မဟုတ်) အင်္ဂလိပ် စာသားဖြင့် ရေးသားထားပါက ဖတ်၍ ရနိုင်ကြောင်း ၊မြန်မာနိုင်ငံသည် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်း တိုးပွားလာ၍ ဆိုး ဆေးအသုံးပြုထားသည့်အစားအသောက် များကိုဝယ်ယူစား သုံးခြင်း မပြုရန်၊ စား သုံးသူနှင့်ထုတ်လုပ်သူများကြောင့်လည်း စားသောက်ကုန်ပစ္စည်းများဝယ်ယူစား သုံးရာတွင် ဘေးဥပါဒ် အန္တရာယ်ဖြစ်ပေါ်နိုင်သည်များရှိကြောင်း၊ ကြော်ငြာများတွင်ပါရှိသည့်ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုများကို လည်း ယုံကြည်၍သုံးစွဲခြင်းမပြုရန်နှင့်သတင်းအချက်အလက်နှင့်ရွေးချယ်သုံးစွဲရမှာဖြစ်ခြင်း၊ကုန်ပစ္စည်းဝယ်ယူရာတွင် ပြဿနာ ေ ပ ါ်ပေါက်လာပါကမိမိတို့အသင်းသို့အကြောင်းကြားဆက်သွယ်ရန်နှင့်စားသုံးသူကိုယ်စားအသင်း မှ ဖြေရှင်း ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ပေးရေးနှင့်ပတ်သက်သည့် သိသင့် သိထိုက်သည်များအား ဟောပြော ဆွေးနွေးခဲ့ပြီး ကျောင်းမုန့် ဈေးတန်းတွင် ရောင်းချနေသည့်စား သောက်ကုန်ပစ္စည်းများအား ကြည်ရှုစစ်ဆေးပြီးစားသုံးရန် သင့်/ မသင့် သည်များကို ခွဲခြားပြသပြီး စားသုံးသူ ကာကွယ်ရေးနှင့်ပတ်သက် သည့်အသိပညာပေးမှုများဆောင်ရွက်ခဲ့ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။