Main menu

Background

ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုကြောင့် ၂၀၇၀ ပြည့်နှစ်မှာ ဘင်္ဂလားဒေ့ရှ်စပါးအထွက်နှုန်း ထက်ဝက်ခန့် ကျဆင်းနိုင်တယ်လို့ ကျွမ်းကျင်သူများကဆို

Fri, 09/12/2014 - 13:01 -- ydnar

 
လယ်ကွင်းများမှအစိမ်းရောင်ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့ ပတ်သက်တဲ့ နိုင်ငံတော်အဆင့် အလုပ်ရုံ ဆွေးနွေး ပွဲမှာ ဘင်္ဂလားဒေ့ရှ်ဆန်သုတေ သနတက္ကသိုလf(BRRI)ညွှန်ကြားရေး မှူးချုပ်မှ ပြောကြားရာမှာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ရာသီဥတု ပြောင်းလဲမှုများကြောင့် နိုင်ငံရဲ့ စပါးအထွက်နှုန်း ဟာ လက်ရှိ တစ်ဟက်တာကို ၅ ဒသမ ၅ တန်နှုန်းထွက် ရှိရာမှ ၂၀၁၇ ခုနှစ်မှာ တစ်ဟက်တာကို ၂ တန်ဝန်းကျင်ကို ကျဆင်းနိုင်တယ်လို့ ပြောကြားကြောင်း သိရပါတယ်။ ရာသီ ဥတုပြောင်းလဲမှု ကြောင့် နိုင်ငံရဲ့ဆန်စပါးဂေဟစနစ်မှာအလျင်အမြန် ပြောင်းလဲနေတာကို ကျွမ်းကျင်သူတွေ ကြုံတွေ့နေ ရတယ် လို့လည်း၎င်းကထပ်လောင်းပြောကြား ကြောင်း သိရပါတယ်။

ဆားငန်ရေ မြင့်တက်ခြင်း၊ ရေ လွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်း၊ အအေးလှိုင်း ဖြတ်ခြင်း၊ အပူလွန်ကဲခြင်း၊ ဒီရေမြင့် တက်ခြင်းစတဲ့ ရာသီဥတု ဖောက်ပြန် မှုများက နိုင်ငံရဲ့ စပါးထုတ်လုပ်မှုကို ထိခိုက်စေတယ်လို့ ၎င်းင်းက ပြောကြား ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာ ကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှု ဒဏ်ကိုခုခံနိုင်မှုအနည်းဆုံးနိုင်ငံထဲမှာ အပါအဝင်ဖြစ်တယ်လို့လည်း့ ထောက်ပြပါတယ်။f(BRRI)အနေနဲ့ စပါးခင်းများမှ ကာဗွန်ထုတ် လွတ်မှု လျော့ကျအောင်နဲ့ ရာသီဥတုပြောင်း လဲခြင်း၊မိုးခေါင်ခြင်းနဲ့ ဆားငန်ရေဒဏ်ခံ နိုင်တဲ့ စပါးမျိုးသစ်များ ထွက်ပေါ်ရေး အတွက် စိုက်ပျိုးရေး ထုတ်လုပ်မှုတိုးတက်ရေး အရှိန်မြှင့်တင်မှုစီမံချက်(AAPI)အရအမျိုးသားဓာတ်မြေသြဇာ ဖွံ့ဖြိုးရေးစင်တာ(IFDC)နဲ့ အတူ တကွပူးပေါင်း ဆောင်ရွက်လျက်ရှိတယ် လို့လည်း ဆိုပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာန (USDA) စာရင်းများအရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဟာ လက်ရှိမှာ တစ်ဟက် တာကို စပါး ၄ ဒဿမ ၄တန်ဝန်းကျင် ထုတ်လုပ်လျက်ရှိပြီး ၂၀၁၄-၁၅ ခု(မေ-ဧပြီ) ခုနှစ်အတွင်း စပါးတန်ချိန် ၃၄ ဒသမ ၈ သန်း ဝန်းကျင် ခန့်အထိ ယခင် နှစ်ထက်တစ်ရာခိုင်နှုန်းခန့် မြင့်တက်မယ်လို့ ခန့်မှန်းထားကြောင်းသိရပါတယ်။ ဆန်တင်သွင်းမှု အနေနဲ့ ၂၀၁၄ခု မှာ တန်ချိန် ၄ သိန်းခန့်ရှိရာမှ၂၀၁၅ခု မှာ ၇၅ ရာခိုင်နှုန်းခန့် ကျဆင်းပြီး တန်ချိန် တစ်သိန်းဝန်းကျင်ပဲ တင်သွင်း မယ်လို့ ခန့်မှန်းထားကြောင်း သိရပါ တယ်။နိုင်ငံရဲ့ ဆန်စားသုံးမှုက ယခင်နှစ် က တန်ချိန် ၃၄ ဒသမ ၆ သန်းခန့်ရှိရာ မှ ၂၀၁၄-၁၅ ခုမှာ တန်ချိန် ၃၄ ဒဿမ ၈ သန်းခန့်ကို အနည်းငယ် မြင့်တက် မယ်လို့ ခန့်မှန်းထားကြောင်းလည်း သိရ ပါတယ်။