Main menu

Background

လူဆိုတာရောင်းကုန်မဟုတ်ပါ

Mon, 09/22/2014 - 15:04 -- ydnar

 
ကျေးရွာရပ်ကွက်ဒေသတစ်ခုက နေမြို့နယ်၊ အဲဒီကတစ်ဆင့် ခရိုင်၊ တိုင်း၊ ဒီကမှတစ်ဆင့်တက်ရင် တိုင်းပြည်၊ တိုင်းပြည်တစ်ပြည်မှာထွက်ကုန်ဆိုတာရှိတတ်ပါတယ်။ဥပမာကိုယ့်တိုင်းပြည်တစ်ခုထဲမှာကို ဧရာဝတီဟာ မြန် မာ ပြည်ရဲ့စပါးကျီ။ နောက်ပိုင်းနည်းပညာ တွေတိုးတက်ခေတ်မီလာတော့ အညာဒေသရွှေဘိုကို အညာရဲ့ စပါးကျီ။ မကွေး တိုင်းကြီးသည် မြန်မာပြည်ရဲ့ ဆီအိုး။ ဒီလိုအသီးသီးအသက အသက အမည် သညာ သတ်မှတ်ခဲ့ ပါ တယ်။ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ရင်တစ်ချိန်က မြန်မာ နိုင်ငံဟာ ကမ္ဘာမှာ ဆန်နဲ့ ပတ်သက် လို့ ထိပ်ပိုင်းကနေ တယ်။ပဲနဲ့ပတ်သက်ရင်ဒုတိယလိုက်ခဲ့တယ်ဆိုတာတွေဟာမကြာသေးသောကာလက ယန္တရား တစ်ခုရဲ့ သတ်မှတ် ချက်ပါ။ ဆိုလိုချင်တာ ကတိုင်းပြည်တစ်ပြည်နဲ့တစ်ပြည် ဒေသ မတူညီကြလို့ ထွက်ကုန်ဆိုတာလည်း တူညီမှုရှိနိုင် မှာ မဟုတ်ပါဘူး။

ဒီတော့ကိုယ့်နိုင်ငံမှ ထွက်တယ်၊ ပိုတယ်၊ လျှံတယ်၊ အခြားသောနိုင်ငံ တစ်ခုလည်း ထွက်တော့ထွက်ပါတယ်။ သူ့နိုင်ငံလူဦးရေ ထွက်ရှိမှုဆိုတာထက် နှိုင်းယှဉ်တော့ လိုနေတယ်။ လိုနေတဲ့ အတိုင်းအတာတစ်ခုမှာ ပိုတဲ့နိုင်ငံ က ရောင်းချတာကို ချိတ်ဆက်ဝယ်ယူကြ တယ်။ကိုယ့်အပိုသူ့အလို၊ သူ့အပို ကိုယ့် အလိုဆိုတာကို ညှိကြနှိုင်းကြ သတင်းဆက်သွယ်အရောင်းအဝယ် စာချုပ်ချုပ်ကာ ကူးသန်းရောင်းဝယ်ကြတယ်၊ ယခင်ကတော့ ကုန်ပစ္စည်းချင်း ဖလှယ် ကြတယ်။နောက်ပိုင်းကြားခံ သတ်မှတ်ထားတဲ့ ငွေကြေးများနဲ့ ရောင်းဝယ်ကြ တယ်။ ဘုရားဟောတဲ့ တရားတော်တွေ ကိုမှတ်သားနာယူကြားခဲ့ဖူး၊ နာခဲ့ဖူးတာ တွေမှာ လှည်းသား ၅၀၀ကို ဘုရား အလောင်း ဦးဆောင် လို့ တစ်မြို့နဲ့တစ် မြို့တစ်နိုင်ငံနဲ့တစ်နိုင်ငံကူးသန်းရောင်း ဝယ်ခဲ့တာတွေ။ လေးဆူဓာတ်တော် ခိုလှုံတဲ့ ရွှေတိဂုံဘုရား မှာတောင် ကုန် သည်ညီနောင်တို့ မဇ္ဈိမ ဒေသကို ကုန် အရောင်းအဝယ်သွားရင်း ဂေါတမ ဘုရားနဲ့ တွေ့လို့ဆုံလို့ ဖူးမြော်ခဲ့ကြရလို့ ဆံတော်တွေပေးသနားခဲ့တာကြောင့် ခုခေတ်နှောင်းလူတို့ ဖူးမြော်နေရတာ တွေဟာ ကုန်စည်ကူး သန်းရောင်းဝယ်မှု ယခင်ကလည်း ရှိနေတယ်ဆိုတာ အကောင်းဆုံးသော သက်သေပြချက် ဥပမာများ မဟုတ်ပါ လား။ ဟိုယခင်ကလည်း ကူးသန်းရောင်း ဝယ်တယ်၊ ယခုလည်းကူးသန်း ရောင်း ဝယ်မှုရှိနေတယ်၊ နောက်နောင်လည်း ကူးသန်းရောင်းဝယ်မှုဆိုတာ ရှိနေဦးမှာပါပဲ-- ကဲဗျာ-- ဒီလို ကုန်စည်ကူး သန်းရောင်းဝယ်မှု ပြုနေတာဟာ ဘာ ဆန်း သလဲ။ ရောင်းသူမှာ ရောင်းရလို့ တိုင်းပြည်ဘဏ္ဍာငွေ တိုးသလို ဝယ်သူ မှာလည်းဝယ်ယူရရှိလို့ ကိုယ့်တိုင်းပြည် ရဲ့ လိုအပ်ချက် ထပ်ဖြည့်ဆည်းသွား နိုင် တယ်။ မင်္ဂလာရှိနေတဲ့ဟာ ဘာကို ပြော ချင်တာလည်း ဆိုချင်တာလဲဆိုတော့ ။ ကုန်ပစ္စည်းကူးသန်းရောင်းဝယ်မှုဆိုတာ ကောင်းပါတယ်။သင့်လျော်ပါတယ်။ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခု ပါ။
 
ဒီအထဲမှာ ဘာကိုကူးသန်းရောင်း ဝယ်မှုထပ်လုပ်လာလည်းဆိုတော့ လူ၊ လူကိုကူးသန်းရောင်းဝယ်နေတဲ့ လူကုန် ကူးမှုတစ်ခုဟာအခုတစ်လောမှာ ပြန် လည်ဆန်းသစ် ခေတ်စားနေတာကို တွေ့ရပါတယ်။ ကမ္ဘာနဲ့အဝန်း လို့ ပြောရမယ်ထင်ပါတယ်။ယခင့်ယခင် သမိုင်း တွေထဲမှာတော့ တစ်မြို့နဲ့တစ်မြို့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဖြစ် တယ်။ နိုင်တဲ့နိုင်ငံကရှုံးတဲ့နိုင်ငံကလူတွေကို ကျွန်အဖြစ်သုံးတယ်၊ ကျွန်ပြုတယ်၊ နောက် ပိုင်း ကျွန်ရောင်း ကျွန်ဝယ်ပြုလုပ်ခဲ့တယ်။ဒီစနစ်ကို တိုက်ဖျက်ခဲ့ကြတယ်။ အောင်မြင်တယ်၊အခုနောက်ပိုင်း လူ ကုန်ကူး မှုတွေ ပြုလုပ် ရာမှာ ညင်သာစွာ နဲ့ ပညာပါတာကို တွေ့ရပါတယ်။ လူ ကုန်ကူးခံရတဲ့ သူတွေကိုပြန်ကြည့်ရင် ပစ္စည်းဥစ္စာဆင်းရဲမှု အသိပညာ၊ ဗဟုသုတနည်းပါးမှု၊ယုံကြည်လွယ်မှု တွေကြောင့်လို့ တွေ့ရပါတယ်။ ကိုယ့် ဒေသကိုကိုယ်နဲ့ သိတဲ့ တစ်ဦးတစ်ယောက်နဲ့ ဆက်သွယ်ရောက်လာ လှလှပပ ပြိုး ပြိုးပြောင်ပြောင်ဝတ်စား၊ ငွေသုံးက ကြမ်းကြမ်း၊ လက်က ဖွာဖွာနဲ့ လူအထင် ကြီးအောင် ယုံကြည်မှုတစ်ခုရအောင် နေထိုင်ပြတယ်။ နယ်စပ်မှာ ဒါမှမဟုတ် တစ်ဘက်နိုင်ငံမှာ သွားရောက်အလုပ်လုပ်လို့ဒီလိုဝတ်နိုင်စားနိုင်သောက်နိုင်သုံးနိုင်ဖြုန်းနိုင်တယ်ဆိုတာကိုပြောပြကိုယ့်ဆီကယောကျ်ား ၊ မိန်းမတွေအထင်ကြီး ယုံကြည်ကိုးစားမှုဖြစ် အား ကျလာ။ မေးပြီ ဘာလုပ်ရတာလည်း ဘယ်လိုလဲ သွားရင်ဘယ်ေ လာက် ကုန်မလဲ၊ ဘယ်လောက်ရမှာလဲ၊ ဘယ်လို အဆင်ပြေသလဲ၊ စိတ်ဝင်စားပြီး၊ မေးပြီ၊ မြန်းပြီဆိုကတည်းက လူမှောင်ခို၊ ပွဲစား၊လူကုန်ကူးမည့်သူက သူ့အကွက်သူ့ ခွင်ထဲ သေချာပေါက်ကျပြီ ဝင်ပြီဆိုပြီး တော့ အပိုင်တွက်ပါ တယ်။လိုအပ်ရင် ကြိုတင်ငွေတွေဘာတွေ ထုတ်ပေးပါတယ်။ ဒီမှာကျန်ခဲ့တဲ့ မိဘ၊ ညီအစ်ကို မောင်နှမတွေ သုံးဖို့အဲဒီမှာပိုမို ယုံကြည် မှုရှိသွားတယ်။လိုက်မယ်၊ လုပ်ပါမယ်၊ ကျေးဇူးရှင်ကြီးရယ်၊ ဒီကျေးဇူး ဘယ်လို ဆပ်ရပါ့ မလဲ၊ ဟိုလူပွဲစားပုဂ္ဂိုလ်က ပြုံး နေပါတယ်။စိတ်ချပါ။ကျေးဇူးဆပ်ရာ ရောက်ပါလိမ့်မယ်။ သွားပြီ။ ကိုယ့်လုပ် အား ကို ပေးဆပ်ရုံ တင်ဆိုတော်သေး၊ ကိုယ့်အမျိုးသမီး မိန်းကလေးများ လုပ် အားသာမက၊ လူပါ ပေးဆပ်ရတဲ့ လိင် ကျွန်ဖြစ် ရင်နောက်ဆက်တွဲဘဝတစ်ခု သို့ လူ့ငရဲမှာ ကျတော့မှာကို မစဉ်းစားဝံ့လောက်အောင် ရှိပါတယ်။ ဒီ အလုပ်မျိုး ဒီလိုကူးသန်းရောင်းဝယ်မှုမျိုး လုပ် သင့်ပါရဲ့လား၊ လူ မှောင်ခိုပွဲစား လုပ် သူကတော့ဘယ်သူသေသေ၊ ငတေမာရင်ပြီးရော၊ ဘနဖူးသိုက်တူးမယ့်သူ လောဘဇောတိုက်ပြီးသူ့အကျိုးတစ်ခု ကိုသာကြည့်ပြီဆိုတော့ တိုင်းပြည် မျက်နှာမကြည့်သူဆိုတော့ ဆက်လုပ် ပါလိမ့်မယ်။ မသိသော၊ မတတ်သော၊ နားမလည်သော ဗဟုသုတ နည်းသောမိမိကိုယ်ကိုရောင်းစားခံရမည်ဖြစ်သော ကိစ္စတွေကိုသတိပြုဆင်ခြင်သိနားလည် ထားဖို့ဆိုတာ မလွဲသော အကြောင်းတရားတစ်ခုမဟုတ်ပါလား။အချို့အမျိုးသမီးလေးဆိုမိသားဖသားပီသစွာတောင်းရမ်းလက်ထပ်၍ တစ်လ ၊ နှစ်လလောက် ပေါင်းသင်းဆက်ဆံပြီးကာမှခေါ်သွားတစ်ဖက်နိုင်ငံမှ လင်မယား နှစ်ယောက် အလုပ် အတူတူ လုပ်မှာလိုလိုနဲ့ အပြီးအပိုင် ရောင်းစားခံရတာ တွေ၊ အမျိုးသားတွေဆိုရင်လည်း တစ် ဖက်နိုင်ငံရောက်ခါမှ စားသုံးတဲ့ ထဲမှာမူးယစ် ဆေးဝါးရောပြီးစွဲပြီ၊မနေနိုင်မထိုင်နိုင်မသုံးစွဲရရင်မနေနိုင်ဖြစ်ပြီဆိုကာမှ ဒီမူးယစ်ဆေးကို အကြောင်း ပြုြ ပီး အတင်းအဓမ္မ ခိုင်းစေ၊ လုပ်အား ကိုခေါင်းပုံဖြတ်စတာတွေ လုပ်ကြကိုင် ကြတယ်လို့လည်း စာပေ၊ ဇာတ်လမ်း များ၊ ဖတ်ရမှတ်ရကြားရသလို တစ်ဘက်နိုင်ငံ ရောက်မှ ဖြစ်သလိုထွက် ပြေးလွတ်မြောက်လာသူတွေရဲ့ ပြော ကြားချက်များအရ သိရတာတွေ၊ လူ ကျွန်အလုပ် တွေလုပ်ရတဲ့ လူကုန်ကူးမှု ဆိုတာတွေကတော့ မဖြစ်သင့်တာ မလုပ်သင့်တာအမှန်ပါ။ကိုယ့်အကျိုးအတ္တ တစ်ခုကိုသာ ကြည့်လို့ မသိနားမလည်၊ စာပေ ဗဟု သုတက အားနည်းယုံကြည်လွယ်သောအားနာကြီးသောသူတွေရဲ့အားနည်းချက် အသုံးပြုလို့လူကုန်ကူးမှုဆောင် ရွက်နေ တာတွေ ကိုလည်း ထိထိေ ရာက် ရောက်အရေးယူနေပြီဖြစ်သလိုအဲဒီ ကြားထဲကပါသွားသူတွေ ထပ်ရှိနေေ လ တော့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ အစိုးရမင်းများ ဆောင်ရွက်နေကြတယ် ဆိုတာကိုလည်း သိနေရပါတ ယ်။ မြန်မာနိုငိင်ငံဟာ ၁၉၉၇ ခုနှစ်ကတည်းက အမျိုးသားရေးတာဝန် တစ် ရပ်အနေနဲ့ လူကုန်ကူးမှုတွေကို တိုက် ဖျက် ခဲ့ကြ တယ်။ ၂၀၀၄ ခုနှစ်မှာ ကုလသမဂ္ဂနိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းကို လည်း ဝင်ခဲ့ပြီးပါပြီ၊ တစ်ဆက်တည်းမှာ ပဲ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ လူမှောင် ခိုမှု တိုက်ဖျက်ရေးဆိုတဲ့ နောက်ဆက် တွဲ စာချုပ်တွေကိုလက်မှတ်ရေးထိုး တယ်၊ လက်မှတ်ရေးထိုးဆောင်ရွက်ပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တားဆီးရေး၊ ကာကွယ်ရေးဥပဒေကို ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ ပေါင်း စပ်ရေးဆွဲပြီး ၂၀၀၅ ခုနှစ် စက်တင် ဘာ လ ၁၃ ရက်နေ့မှာ ရေးဆွဲခဲ့ကြတယ်။  အဲဒီလို လူကုန်ကူးမှု တားဆီးကာကွယ် ရေး ဥပဒေပြဌာန်းရေးဆွဲတဲ့ စက်တင် ဘာ ၁၃ ရက်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကျင်းပပြု လုပ်ခဲ့ပါတယ်။ ''လူသားအချင်းချင်းစာနာလို့၊ လူ ကုန်ကူးမှု တိုက်ဖျက်စို'' တဲ့ ဆောင်ပုဒ် နဲ့ပါ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူကုန် ကူးမှုတွေ ဖြစ်နေပါတယ်။ ဒါတွေကို ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဝိုင်းဝန်း တိုက် ဖျက်နေကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ လို လူကုန်ကူးမှု တိုက်ဖျက်ရေးအခမ်း အနားဆိုပြီးတော့ ကမ္ဘာ့နိုင်ငံတွေမှာ မကျင်းပသေးပါဘူး။ ကုလသမဂ္ဂ မှာ တောင် ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက် ရေးနေ့ဆိုပြီးတော့ မသတ်မှတ်ရသေး ပါဘူး၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူကုန်ကူးမှု တိုက်ဖျက်ရေး အခမ်း အနား သိုက်သိုက်ဝန်းဝန်း ကျင်းပပြု လုပ်နေတာတွေဟာ ထူးခြားလေးနက် ဂုဏ်ယူသင့်တယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံမှာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းတယ်။ပြီးတော့ ၅ နှစ်စီမံကိ န်း တွေ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်တယ်။ ပထမ ၅ နှစ် စီမံ ကိန်းဟာ၂၀၀၇ခုနှစ်ကနေ ၂၀၁၁ခုနှစ် အထိ ဖြစ်ပြီး ဒုတိယ ၅ နှစ် စီမံကိန်း ကို ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် အထိ ဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီ ဒုတိယ ၅ နှစ်စီမံကိန်းမှာ နှစ်အလိုက်လုပ်ငန်း စီမံချက် နှစ်စဉ်လုပ်ငန်းစီမံချက်ကိုမူဝါဒနဲ့ပူးပေါင်းဆောင်ရွက်ရေး၊ ကြိုတင်တား ဆီးကာကွယ်ရေး၊ တရားစွဲဆိုရေး၊ လူကုန်ကူးခံရသူများကို ကာကွယ်စောင့်ရှောက်ရေးနဲ့ ပြန် လည်ထူထောင်ရေး၊ လူကုန်ကူးမှု တိုက် ဖျက်နေတဲ့အဖွဲ့တွေရဲ့ စွမ်းရည်မြှင့်တင် ပေးရေးစတဲ့ ကဏ္ဍကြီး ၅ ရပ်နဲ့ ဆောင်ရွက်နေပါတယ်။
ဒီကိစ္စမျိုးတွေကိုတစ်ဦးတစ် ယောက် တစ်နိုင်ငံတည်းဆောင်ရွက်လို့ မရနိုင်ပါဘူး။  ပြည်တွင်းရော ပြည်ပပါ အားလုံးပူးပေါင်းဆောင်ရွက်ရမှာဖြစ် တဲ့အတွက် ပြည်တွင်းက တာဝန်ရှိ သူတွေ  NGO တွေနောက် INGOတွေ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့ အစည်းတေ၊ွ နိုင်ငံတကာ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းတွေလူမှုရေး အဖွဲ့အစည်းတွေလူကုန်ကူးခံရသူတွေ ပြည်သူတွေပါပူးပေါင်းပါဝင်တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ခုဆိုရင် အိမ်နီး င်း နိုင်ငံတွေဖြစ်တဲ့ မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံတွေ၊ အာရှပစိဖိတ်ဒေသနိုင်ငံတွေ၊ ဘင်္ဂလားပင်လယ်ေ အာ်အတွင်း မှာရှိတဲ့ နိုင်ငံတွေ အာဆီယံနိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်နေသလို မြန်မာ-ဂျပန်၊  မြန်မာ-အမေရိကန်ပူးပေါင်းဆောင်ရွက်မှုဆိုတာရှိနေပြီးနည်းပညာနဲ့ပတ်သက်လို့သြစတြေးလျနဲ့ပူးပေါင်းဆောင် ရွက်နေပြီ ဖြစ် ပါ တယ်။ ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုး ဆက်က အမေရိကန်က ပိတ်ဆို့ရေး လုပ်တာနဲ့ ပတ်သက်လို့TIER-3  သတ် မှတ်ခံခဲ့ရလို့ ပိတ်ဆို့အရေးယူမှုတွေ ခံခဲ့ ရပါတယ်။ ယခုအနေအထား ၂၀၁၁ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ ၃ နှစ် ဆက်တိုက်TIER-2 Watch List မှာ ရှိနေပြီး အဲဒီ ၃ နှစ်ဆက်တိုက် နောက် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကိုမမြှင့်တင်နိုင်ရငTIER-3  အဖြစ် သတ်မှတ်ခံရတော့မှာ၊ ခုလိုပူးပေါင်း ဆောင်ရွက် အကောင် အထည်ဖော်နေတဲ့အတွကTIER-3အဖြစ်သတ်မှတ် ခြင်းမခံရဘူးပေါ့။ ဒါဟာ ပူးပေါင်း ဆောင်ရွက် အကောင် အထည်ဖော်လုပ်ဆောင်နေတဲ့အကျိုးကျေးဇူးများ မဟုတ်ပါလား TIER-2 Watch list မှ TIER-3 သို့ မကျ ဆင်းစေဘTIER-2 Watch list မှာ ဆက်လက်လွတ် မြောက်နိုင်ရန် အဆင့်သတ်မှတ်ချက် တက်လာစေရန် ပူးပေါင်း ဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း လူကုန်ကူးမှု အမှုစာရင်းများအရ အမှုပေါင်း ၇၂ မှုဖြစ်ပွားခဲ့ပြီး တရားခံ စုစုပေါင်း ၂၁၁ ဦးကို အရေးယူဆောင်ရွက်ခဲ့ပြီး လူ ကုန်ကူးခံရသူ အမျိုးသား ၂၈ ဦး၊ အမျိုး သမီး ၇၇ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။ တစ်မြို့နယ်နဲ့ တစ်မြို့ နယ်၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှုဆိုတာ ရောင်းသူ အကျိုးရှိ ဝယ်သူအဆင်ပြေတာ မှန်ပါ တယ်။ ကုန်ပစ္စည်းများ ကူးသန်း ရောင်း ဝယ်မှုဟာ မင်္ဂလာတရား တစ်ခုပါ။ အဲဒီကူးသန်းရောင်းဝယ်မှုထဲက လူကုန် ကူးမှုဆိုတာ ကူးသန်းရောင်းဝယ်သင့် သော အရာဝတ္ထုတစ်ခု မဟုတ်ပါဆို တာသတိထားကြပြီးလူကိုလူလိုမြင်ကြ ပြီးလူသားအချင်းချင်း လူလူချင်းခေါင်း ပုံဖြတ် အမြတ်ထုတ်သော အကျင့် ယုတ်တစ်ခုကို အားလုံးပူးပေါင်း တိုက် ထုတ်ဆောင်ရွက်ကြဖို့လိုပြီဖြစ်ကြောင်း တင်ပြရင်း''လူသားအချင်းချင်း စာနာ လို့ လူကုန်ကူးမှု တိုက်ဖျက်စို့'' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အားလုံးပူးပေါင်း ဆောင်ရွက်နိုင်ကြပါစေ''။ ''လူဆိုတာ ရောင်းကုန် မဟုတ်ပါ'' ''လူကိုလူချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ''။