ယခင်ကမော်တော်ကား တင်သွင်းမှုနှင့် ပတ်သက်၍ ပိတ်ပင်ထားခဲ့ပြီး အထူးပါမစ်ဖြင့်သာ ခွင့်ပြုမှုကြောင့်နိုင်ငံတ ကာနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံ၏ ကားအများစုမှာ ဥပဓိရုပ်မကောင်းတော့သည့် ကားအိုကားဟောင်းများသာရှိခဲ့ပါ သည်။ အဆိုပါ ကားဟောင်းများ၏ ဈေးပင်လျှင်သိန်း၂၀၀ နှင့်အထက် ဖြစ်ခဲ့ပါသည်။ ကမ္ဘာပေါ်တွင်မြန်မာနိုင်ငံသည်
ကားဈေးနှင့်မိုဘိုင်းဖုန်းဈေးအကြီးဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ပို၍ဆိုးသည်မှာ အမြင်မလှရုံမကအင်ဂျင်ကျနေသည့်ကားများကြောင့် လေထုညစ်ညမ်းမှုနှင့်အတူ အထူးသဖြင့် တက္ကစီစီးမည်ဆို လျှင် တံခါးပိတ် မရ၊ မိုးကမလုံ၊ ထိုင်လျှင်ပုဆိုးပြဲ ဆိုသည်များ မကြာ မကြာ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ အစိုးရသစ်တက်လာပြီး မော်တော်ကားနှင့် ပတ်သက်၍ ပထမဆုံးလုပ်ဆောင်ချက်မှာ သက်တမ်းရင့် ယာဉ်အို ယာဉ်ဟောင်းများကို အပ်နှံစေပြီး သက်တမ်း ၁၀ နှစ်အတွင်း ကားသစ်များနှင့် လဲလှယ်ပေးခြင်းကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှစတင်ခဲ့ရာ ယခုနှစ် စက်တင်ဘာလ တတိယပတ်အထိ လူစီးယာဉ်၊ ခရီးသည်တင် ယာဉ်၊ ကုန်တင်ယာဉ်စုစုပေါင်း ၉၆၅၇၃ စီး တင်သွင်းခဲ့ပြီး ဖြစ်ပါသည်။ တန်းတူအခွင့်အရေး (Level Playing Field) ရှိသည့်မော်တော်ကားတင်သွင်းမှု မူဝါဒတစ်ဆက်တည်းမှာပင် မော်တော်ကားများ ဝယ်ယူတင်သွင်းရာတွင် နိုင်ငံ သားတိုင်းသာ တူညီမျှ အခွင့်အရေးရှိသည်နှင့်အညီ နိုင်ငံသားဖြစ်ပါက မည်သူမဆို ကားတစ်စီးတင်သွင်းခွင့်ရ ရှိစေလိုသည့် နိုင်ငံတော်၏ ရည်မှန်းချက်ကို ၂၀၁၂ ခုနှစ်၊ မေလ ၁၁ ရက်နေ့မှ စတင်ဖော်ဆောင်ခဲ့ရာ ယခုနှစ် စက် တင်ဘာလ တတိယပတ်အထိ ကားအစီးအရေ စုစုပေါင်း ၁၉၅၁၈၇ စီးတင်သွင်းခဲ့ပါသည်။ မော်တော်ယာဉ် တင် သွင်းဝယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ကားအရောင်းစင်တာ(Car Sale Center) များကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ဖွင့်လှစ်ခဲ့ရာ ယခုအခါ ကားအရောင်း စင်တာပေါင်း ၁၇၀ ရှိလာပြီဖြစ်သည်။ တစ် ဘက်တွင်လည်း Brand New ကားအသစ်များ လွယ်လွယ်ကူကူ ဝယ်ယူနိုင်ရေး (Brand New Car Show Room)၉ ခုကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ကမ္ဘာတွင်နာမည်ကြီးသည့် မာစီးဒီး၊ဖို့ဒ်၊ချက်ပလက် စသည့် ကားအသစ်ပြခန်းများတွင် အသစ်ဖြစ်သောကြောင့် အာမခံချက်နှင့်အတူ ဝန်ဆောင်မူများပါ ရရှိနိုင်ပြီဖြစ်သည်။ဒွန်တွဲနေသည့် ကောင်းကျိုးနှင့် ဆိုးကျိုး မည်သည့်အလုပ်၊ မည်သည့် လုပ်ငန်းကြီးများ (Projects)နှင့် မည်သည့် ပေါ်လစီကိုမဆို အကောင်အထည်ဖော် မည်ဆိုလျှင် ကောင်းကျိုး များရှိသလို ဒွန်တွဲနေသည့် မကောင်း ကျိုးများလည်း ရှိသည်။ ရာနှုန်းပြည့် ကောင်းကျိုး မည်သည့်အခါမှ မရနိုင်၊ အရေးကြီးသည်မှာ ကောင်းကျိုးက ဆိုးကျိုးထက် အမြဲတမ်းများနေဖို့ လိုပါသည်။ ယာဉ် အိုယာဉ် ဟောင်းအပ်နှံလဲလှယ် မှုနဲ့ တစ်ဦးချင်းကားတင်သွင်းမှု ပေါ်လစီကြောင့် ကောင်းသည့်အချက်များမှာ ယခင် ကားဟောင်းများအစား ကားအသစ်များ ဝင်ရောက်အစားထိုးလာမှုကြောင့် မြို့ကြီးတိုင်း ဂုဏ်ကျက်သရေ တိုးလာခြ င်း၊ ကားဈေးနှုန်း သိသိသာသာ လျော့နည်းလာခြင်းနှင့် ကားစီးနိုင်မည့် လူဦးရေများလာခြင်း၊ ကားအသစ်များဖြစ်၍ မြို့ပြညစ်ညမ်းမှုလျော့ကျလာခြင်း စသည်များအပါအဝင် ကားအသုံးပြုသူများအတွက် ဘေးကင်းလုံခြုံမှုပိုမိုရှိလာခြ င်း၊ ကျေးလက်အရောက်ကားအသစ်များ ပျံ့နှံ့သုံးစွဲလာနိုင်ခြင်း စသည့်ကောင်းကျိုးများရှိပြီး တစ်ဘက်တွင်လည်း ဆိုးကျိုး အနေဖြင့် မြို့ကြီးများ အထူးသဖြင့် ရန်ကုန်မြို့တွင် ကားကျပ်သည့် ပြသနာကြီးမားလာခြင်းပင် ဖြစ်ပါသည်။ ထို့အတွက် မော်တော်ကားဖြင့် သွားလာရသည့်သူများအတွက် အချိန်ပိုပေးရမှုသည် ဘတ်စ်ကားအသုံးပြုနေရ သည့် သာမန်အောက်ခြေလူတန်းစားများနှင့် ဝန်ထမ်းများအတွက် ပိုခက်လာခြင်းပင် ဖြစ်သည်။ဒေသအတွင်းအနိမ့် ဆုံးကားနှင့် လူဦးရေအချိုးအစား လက်ရှိအခြေအနေထိလည်း အာဆီယံဒေသတွင်းကားနှင့် လူဦးရေအချိုးအစားအရကြည့်လျှင် လူတစ်ထောင်တွင် ရှိသည့် ကားအရေအတွက်မှာ ဘရူနိုင်းနိုင်ငံက ၆၉၆ စီးဖြင့်ဦးဆောင်နေပြီးမလေးရှား၊ ထိုင်း၊ စင်ကာပူတို့မှာ ရာဂဏန်း၊အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့က ဆယ်ဂဏန်း၊ ဗီယက်နမ်က အနည်းဆုံး ၁၃ စီးရှိသော်လည်း မြန်မာအနေနဲ့မူ ဆယ်ဂဏန်းပင် မရှိသေးဘဲ လူတစ်ထောင်လျှင် ၈ စီးသာရှိကြောင်း တွေ့ရှိရ ပါသည်။ ဒေသတွင်း နှိုင်းယှဉ်မှု အခြေအနေနှင့် ကုန်းမြေ တစ်ဆက်တည်း အကျယ်ဝန်းဆုံးဖြစ်သည့် မြန်မာနိုင်ငံ အနေနှင့် လက်ရှိရှိ နေသည့်ကားနှင့် လူဦးရေ အချိုးအစား နည်းနေဆဲပင် ဖြစ်သည်။ဘာကြောင့် ရန်ကုန်မှာ ကားကျပ်ရသလဲ ရန်ကုန်တွင် ကားကျပ်ရသည့် အခြေခံအကြောင်းရင်းမှာ တင်သွင်းလာသည့် ကားအများစု (၈၀ ရာခိုင်နှုန်း ဝန်းကျင်) သည် ရန်ကုန်မှာသာ စုပြုံနေမှုကြောင့် ရှိနေသည့်လမ်းများ၊ တံတားများ အသုံးပြုနိုင်မှုနှင့် စာလျှင်ကားများနေသည့် အတွက်ဖြစ်သည်။ ရန်ကုန်မြို့ကို ကိုလိုနီခေတ် အင်္ဂလိပ်တို့ စတင်တည်ထောင်ကတည်းက လမ်းအကျယ်ကြီး မ ဟုတ်ဘဲ အဓိကလမ်းဖြစ်သည့် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်း၊ ကမ်းနားလမ်းစသည်တို့နှင့် နောင်တိုးချဲ့ သည့်ဝေဇယန္တာလမ်းများသာ တစ်ဖက်လျှင် ၃ လမ်းစီဖြင့် ၆ လမ်းသွားဖြစ်ပြီး ကျန်အများစုမှာ ၄ လမ်းသွားများ သာဖြစ်သည်။ ပို၍ဆိုးသည်မှာ လမ်း၏အကျယ် (Capi-city)ရှိသလောက် အပြည့်အ၀ မသုံးနိုင်ခြင်းပင် ဖြစ်သည်။ ထိုအချက်မှာ အာရှနှင့် အာဆီယံနိုင်ငံများတွင် မရှိဘဲမြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာ ရှိနေသေးသည်။ ဆိုလို သည်မှာ လမ်းအများစုဘေးဘယ်ညာ ကားရပ်သည့် အလေ့အထကြောင့် ကားလမ်းအကျယ်အဝန်း၏ တစ်ဝက်ေ လာက်သာ အသုံးပြုနိုင်ခြင်းပင်ဖြစ်သည်။ စင်ကာပူ၊ ဂျာကာတာ၊ မနီလာ၊ ဘန်ကောက်၊ ပီကင်း၊ နယူးဒလီ စသည့် မြို့ကြီးများတွင် လမ်းမပေါ်တွင် အရေးပေါ်ပျက်သည့် ကားမှလွဲ၍ ရပ်ခွင့်မရှိသလိုပျက်သည့် ကားပင်လျှင်လမ်းနှင့် လွတ်ရာသို့ ချက်ချင်းရှင်း လင်းပေးရသည်။ ဘတ်စ်ကားများရပ်မည်ဆိုလျှင် မူလလမ်းကြောင်းကို မပိတ်စေဘဲ ဝိုက် ထားသည့် ကားမှတ်တိုင်မှာသာ ရပ်သည့်အတွက် ကားလမ်းကို ၂၄ နာရီ အပြည့်အဝအသုံးပြုနိုင်သည်။ ရန်ကုန် တွင်ဘတ်စ်ကားများ၊ တက္ကစီများ စည်းကမ်းလိုက်နာမှု အားနည်းနေဆဲဖြစ်ပြီး မှတ်တိုင်တွင်ကပ်၍ မရပ် သလို ဘတ်စ်ကား ၂ စီး ခရီးသည်လုရန် ပြိုင်မာင်းသည့်အခါ မူလရပ်ထားသည့် ဘတ်စ်ကား၏ ရှေ့မှပိတ်လျက် တစောင်း ရပ်ခြင်းမျိုးတို့ကိုလည်း တွေ့ရသည်။ လုမောင်းနေမှုကြောင့် ခရီးသည်များ ဘေးကင်းကင်းဖြင့် အတက်အဆင်း လုပ် ရန်ပင်ခက်လာသည်။ ထို့အတူ တက္ကစီသမားများအနေဖြင့်လည်း ခရီးသည်ကတားသည့် နေရာမှာပင် ချက်ချင်း ရပ် တတ်ပြီး လမ်းကြောပိတ်သည်မပိတ်သည်ကို ဂရုမပြုပေ။ မီးပွိုင့်များတွင် ကားများ စနစ်တကျ တန်းစီစောင့်နေသူ များကို အားမနာဘဲ ခေါင်းထိုးဝင်ခြင်း၊ လက်ညှိုးထောင်၍ ဇွတ်ဝင်ခြင်းများလည်း တွေ့ရဆဲပင်ဖြစ်သည်။ အဆိုးဆုံးမှာ ရန်ကုန်၏ နာမည်ကြီး အထက်တန်းကျောင်းများတွင် ကျောင်းသားအများစုမှာကလေး တစ်ဦးလျှင် ကားတစ်စီးစီဖြင့် ကြိုပို့နေသည့် မိဘများကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ပိုမိုဆိုးရွားစေပါသည်။ ရန်ကုန်လမ်းမ ကြီး များတစ်လျှောက်ရှိသည့် ကျောင်းများယာဉ်ကြောမပိတ်စေရန် ကျောင်းသားတစ်ဦးယာဉ်တစ်စီးစနစ်အစား ကျောင်းသားအများဝင်ဆံ့သည့် ဖယ်ရီစနစ်ကို တိုးချဲ့သင့်ပြီဖြစ်သည်။ ရန်ကုန်ကားကျပ်မှု အားပေးနေသည့် နယ်ကျော်ကားများနှင့် တရားမဝင်ကား များရန်ကုန်မြို့လူဦးရေ၊ နိုင်ငံခြားသား ဝင်ရောက်နေမှုတို့ကို အဓိကထားပြီး တိုင်းဒေသကြီးအလိုက် တက္ကစီများ ၊ဒေသဆိုင်ရာအကြီးအကဲများ ထောက်ခံချက်များဖြင့် တိုင်းအသီးသီးသို့ ချမှတ်တင်သွင်းစေခဲ့သော်လည်း လက်တွေ့ တွင် အဆိုပါ တက္ကစီများအနက်အချို့မှာ ရန်ကုန်တွင်သာ ပြေးဆွဲနေမှုကြောင့် တက္ကစီများ ယခင်ကထက် ပိုမိုများစွာ ရှိနေပေသည်။ ထို့အတူမော်တော်ကား တင်သွင်းခွင့်တရားဝင်ဖွင့်လှစ် တင်သွင်းစေခဲ့သော်လည်း နယ်စပ်များမှ တရားမဝင် အခွန်လွတ်ကားများ ရန်ကုန်မြို့တွင်းသို့ဝင် ရောက်နေမှုများလည်း ရှိနေဆဲပင် ဖြစ်သည်။ ရန်ကုန် အရောက် သယ်ယူခ ၆ သိန်း၊ ၇ သိန်းဖြင့် ပို့ဆောင် နေမှုများလည်းကြားနေရဆဲဖြစ်သည်။ ထို့အတူ ငွေကြေး ရှိသောသူများက အမည်ခံများဖြင့် တင်သွင်းကာ လမ်းဘေးလွတ်သည့် နေရာများ၌ထိုးထားသည့်ကားများရှိသလို နံပါတ် မပါသည့်ကားများ လမ်းပေါ်တွင် မောင်းနှင်မှုများကိုလည်း တွေ့နေရဆဲ ဖြစ်သည်။ ထို့အပြင် မြို့လယ် လမ်း များ ပိတ်ဆို့မှုများနေသည့် အကြောင်းရင်း တစ်ရပ်မှာ လမ်းဘေးဈေးသည်များကြောင့်ပင် ဖြစ်သည်။ ဈေ းသည်များ က ပလက်ဖောင်းနေရာကို အပြည့်နီးပါး နေရာယူထား၍ လူများက လမ်းပေါ်ကလျှောက်ရသည့်အခါ လမ်းကြောင်း ပို၍ကျပ်စေသည်။ ဤအချက်သည်လည်း အခြားအာဆီယံနိုင်ငံ မြို့ကြီးများတွင် မရှိသည့်လက္ခဏာပင်ဖြစ်သည်။ဘယ်လိုဖြေရှင်းကြမလဲ ရန်ကုန်မှာဖြစ်ရသည့် အခြေခံအကြောင်းအရင်းအနေဖြင့် ကားစီးရေနှင့် လမ်းအနေအထားမမျှတမှုကြောင့် ဖြစ်၍ လက်ရှိရှိနေသည့်လမ်းများ အပြည့်အဝအသုံးချနိုင်ရေးအတွက် လုပ်ဆောင်ဖို့လိုသလို တိုးချဲ့နိုင်သည့် လမ်းများ တိုးချဲ့ခြင်း၊ ခုံးကျော်တံတားများ ဖောက်လုပ်ခြင်း၊ မိုးပျံတံတားများ ဖောက်လုပ်ခြင်း၊ လမ်းသွယ်အသီးသီး အသုံးပြုနိုင် ရန်လုပ်ဆောင်ခြင်းကိုဦးစားပေးရမည်ဖြစ်သည်။လမ်းကြောင်းပေါ်တွင်ကားမရပ်ရေးအတွက်မြို့နယ်တိုင်း၊ နေရာတိုင်း Car Parking များနေရာ ရှားပါးလျှင် အထပ်များစွာပါဝင်သည့် Car Parking များ များစွာ လိုအပ်မှုကြောင့် ယခု အခါ ရန်ကုန်တွင် စတင်ဆောက်လုပ်နေ ပြီဖြစ်သော်လည်း ယခုထက်ပိုမို ဆောင်ရွက်ရမည် ဖြစ်သည်။ တစ်ပြိုင် တည်းမှာပင် ကားအသုံးပြုမှု လျော့နည်းစေရေးအတွက် အများနှင့်ဆိုင်သည့် သယ်ယူ ပို့ဆောင်ရေး (Public Transportation)မှာ ရထားပို့ဆောင်ရေးပင် ဖြစ်သည်။ နိုင်ငံတကာတွင်လည်း အထိရောက်ဆုံးနှင့် အား အထား ရဆုံးမှာ မီးရထားပို့ဆောင်ရေးပင်ဖြစ်သည်။ ယခုအခါ မြို့ပတ်ရထားတွင် အဲယားကွန်း မြို့ပတ်ရထား စတင်နေ ပြီဖြစ်သလို ဈေးနှုန်းသက်သာမှုနှင့် အချိန်သက်သာရန်အပြင်သက်သောင့် သက်သာရှိမှုတို့ကြောင့် ရထားအသုံးပြု မှု ပိုများလာပြီဖြစ်သည်။ ယခုထက်ရထားစီးရေ တိုးချဲ့ရ ဦးမည်ဖြစ်သလို ရုံးတက်ရုံးဆင်းချိန်များတွင် အဆက်မပြတ်ပို့ဆောင်ပေးသည့် ရ ထားသစ်များ ပြေးဆွဲနေရန် လုပ်ဆောင်နေပြီဖြစ်သည်။ ရထားကိုသာ နိုင်ငံတကာကဲ့သို့ အချိန်အလိုက်Time table များဖြင့် မှန်မှန်ပြေးဆွဲနိုင်လျှင် အခြေခံလူတန်းစားများ အပါအဝင်ရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် လူအများစု သည် ရထားကိုသာ သုံးစွဲလာမည်ဖြစ်သည်။ ဤနည်းလမ်းသည် ကားကျပ်မှုအတွက် အခြေခံလူတန်းစားနှင့် လူ အများ ထိခိုက်နေမှုကိုအကောင်း ဆုံးဖြေရှင်းနိုင်သည့် နည်းလမ်းတစ်ရပ်ဖြစ်သည်။ အခြေခံအဆောက်အအုံ (Hard Infrastructure)ဖြစ်သည့် လမ်းများ၊ ခုံးကျော် တံတားများ၊ မိုးပျံတံတား၊ ကားပါကင်များ၊ ရထားလမ်း တိုးချဲ့ခြင်း စသည်တို့ လုပ်ဆောင်ရန် အချိန်လိုပါသည်။ ချက်ချင်းလုပ်ဆောင်၍ မရနိုင်၊ နည်းပညာအရလည်းကောင်း၊ လုံခြုံစိတ် ချရမှုအရ လည်းကောင်း၊ ငွေကြေးတတ်နိုင်မှုအရ လည်းကောင်း၊ ပတ်ဝန်းကျင် မထိခိုက်စေရေးအရ လည်းကောင်း၊ အဘက်ဘက်မှသေချာစွာ တွက်ချက်ပြီးဆောက်လုပ်ရသည့်အတွက် အချိန်တစ်ခုတော့ ပေးရမြဲဖြစ်သည်။ Soft Infrastructure ဟု ခေါ်သည့် ဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းဖြင့်လည်းဖြေရှင်း၍ရသည်။ အချိန် အများကြီး မလိုပါ။ ရန်ကုန်ကားကျပ် နေရသည့် ပြသနာသည် တစ်တိုင်းပြည်လုံးဖြစ်နေသည့် ပြသနာတော့ မ ဟုတ်ပေ။ ပေါ်လစီအပြောင်းအလဲများလျှင်လည်း ယခုကဲ့သို့ နိုင်ငံတကာလုပ်ငန်းများ ပိုမိုဝင်ရောက်ရန် ဖိတ်ခေါ်ေ နစဉ်တည်ငြိမ်သည့် ပေါ်လစီဖြစ်ဖို့ လိုပါသည်။ ပို၍ အရေးကြီးသည်မှာ ပေါ်လစီအပြောင်းအလဲကြောင့် အများစုရှိ သည့် နယ်များမှလူများကို ထိခိုက်နိုင်သည်။ တစ်နိုင်ငံလုံး၏ အကျိုးစီးပွား (National inte- rest) အရမူ ဘ က်ပေါင်းစုံ သုံးသပ် လေ့လာပြီးမှသာအများ အကျိုးကို ဦးစားပေးရမည် ဖြစ်သည်။ နိုင်ငံတကာဖြေရှင်းသည့်နည်းလမ်းများ ယခင်ကထက် ဖွံ့ဖြိုးလာသည့် အာရှနိုင်ငံတိုင်း ကားသုံးစွဲမှု မြင့်တက် နေမှုကြောင့် ရုံးတက်ရုံးဆင်းချိန်များတွင် ကားကျပ်သည့် ပြဿနာရှိနေဆဲ ပင်ဖြစ်သည်။ သို့သော်ကားလမ်း အပြည့်အသုံးပြုနိုင်ခြင်း၊ ကားတိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း လိုက်နာသလို လမ်းကူးသည့်သူများက လည်း သတ်မှတ်ထားသည့် မျဉ်းကြား၊ လမ်းကျော် (Over Pass) ၊မြေအောက်ဖြတ်လမ်း (Under Pass)များမှ ဖြတ်သန်းခြင်းတို့ကြောင့် ကားကျပ်မှုကို အချိန်တိုအတွင်း ဖြေ ရှင်းနိုင်သည်။ အခြားနိုင်ငံများတွင် ကိုယ်ပိုင်ကားထားသည့် နေရာမရှိလျှင် ''ထားစရိတ်က ကားစရိတ်ထက် " မြှင့်လေ့ ရှိသည်။ မည်သည့်နိုင်ငံမှမော်တော်ကားကို လမ်းပေါ်တွင် ထားခွင့် မရှိပါ။ "လမ်း(Road)ဆိုသည့် အ ဓိပ္ပာယ်မှာ မောင်းနှင်သွားလာနိုင်သောယာဉ်များ သွားလာရာလမ်းကြောင်း" ဟု ဆိုပါသည်။ ထို့အတွက် လမ်းပေါ် တွင် ကားမရပ်ရေးအတွက် ကားရပ်နားစခန်းများ အမြန်ဖော်ထုတ်ရမည်ဖြစ်သလို အခြားနိုင်ငံများကဲ့သို့ အချိန်လိုက် အခကြေးငွေပေးသည့် စနစ်ဖော်ဆောင်ရမည်ဖြစ်သည်။ အုပ်ချုပ်မှု နည်းလမ်းများအရလည်း ကားကျပ်သည့် ပြဿသနာဖြေရှင်းနိုင်သည်။ အခြားနိုင်ငံများတွင် လုပ်လေ့ လုပ်ထရှိသည့် အလေ့အကျင့်များအနေဖြင့် ကားအကျပ်ဆုံးဖြစ်သည့် ရုံးတက်၊ ရုံးဆင်းချိန်တွင် ပုဂ္ဂလိက တစ်ဦးချင်း ယာဉ်များသွားလာမှုကို ကန့်သတ်နိုင်ခြင်းပင် ဖြစ်သည်။ ကန့်သတ်ရာတွင် အကျပ်ဆုံးအချိန်ဖြစ်သည့် နံနက် ရုံး တက်ချိန်နှင့် ညနေရုံးဆင်းချိန်များအတွင်း မြို့လယ်သို့ မောင်းနှင်ခွင့်ကန့်သတ်ခြင်း၊ ပုဂ္ဂလိကလူစီးယာဉ်များအနေဖြင့် တစ်ယောက်တစ်စီး ခွင့်မပြုတော့ဘဲ ယာဉ်ထိုင်ခုံပြည့် စနစ်ဖြင့်ခွင့်ပြုခြင်း၊ မြို့တွင်းဝင်ခွင့်တစ်ရက်ခြားစနစ် ခွင့်ပြုခြင်း စသည့် နည်းလမ်းများဖြင့် ပုဂ္ဂလိကယာဉ်များ မြို့တွင်း ဝင်ရောက်ခွင့်ကန့်သတ်နိုင်သည်။ စင်ကာပူနိုင်ငံအနေဖြင့် ကားကျပ်မှုပြသနာဖြေရှင်းရာတွင် ထိရောက်သည့် နည်းလမ်းတစ်ခုမှာ ကားသစ်ဝယ်ယူ မှတ်ပုံတင်နိုင်ရေး အတွက် ပထမဆုံး လိုအပ်ချက်မှာ COE (Certificate of Entitlement) ရရှိရေးပင်ဖြစ်ပြီးCOEရှိမှသာ ယာဉ်ပိုင်ဆိုင်ခွင့်နှင့် သက်တမ်း ကားအမျိုးအစားလိုက် ၅ နှစ်မှ ၁၀ နှစ်အတွင်း သတ်မှတ်ထားသည့် လမ်းများ အသုံးပြု ခွင့်ရှိသည်။ COE ကို မြင်သာသည့် ဈေးပြိုင်စနစ် (Open Bidding System) အရ ပြုလုပ်သောကြောင့် လက်ရှိပြေးဆွဲနေသည့် ကား အရေအတွက်၊ ဖျက်သိမ်းမည့်အရေအတွက် စသည်တို့ အပေါ်မူတည်ပြီး လိုအပ်သည့် အရေအတွက်သာ ချ မှတ်ပေးနိုင်ရေး COEဈေးနှုန်းအနိမ့်အမြင့်ဖြင့် ထိန်းကျောင်းလေ့ရှိသည်။ ရန်ကုန်မြို့အတွက်မူ အခြေခံအဆောက်အအုံများ တည်ဆောက်ပြုပြင်နေရသည့် ကာလဖြစ်သည့်အတွက် လမ်း ချဲ့ခြင်း၊ ခုံးကျော်တံတားဆောက်လုပ်ခြင်း၊ လမ်းသွယ် လမ်းမြှောင်များ သွားလာနိုင်အောင် ပြုလုပ်နေသည့် ကာ လဖြစ်၍ အချို့လမ်းများ ပို၍ကျပ်သည်။ လက်ရှိ ရန်ကုန်မြို့ အသုံးပြုနိုင်သော လမ်းအရေအတွက်နှင့် အကျယ် အ ဝန်းအရ ဝင်ဆံ့နိုင်သည့် ကားအရေအတွက် မည်မျှရှိရမည်ဆိုသည်ကို စနစ်တကျ လေ့လာဆန်းစစ်ပြီး ရန်ကုန်မြို့ အတွင်းရှိ သင့်သည့် ကားအရေအတွက် (Optimum Number of Motorcar) ရှိရေးလုပ်ဆောင်နိုင်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အသုံးပြုမည့်ကားအသစ်များ ဝယ်ယူတင်သွင်းနိုင်ရေး ကားထားမည့်နေရာ (Parking Area) ကိုပါ ပူးတွဲဖော်ပြစေခြင်း၊ နယ်ကားများ ရန်ကုန်တွင်အချိန်ကာ လတစ်ခုထက် ပို၍ ခွင့်မပြု ခြင်းတို့ကိုလည်း အာဏာပိုင်များက လုပ်ဆောင်နိုင်သည်။ ထို့အတူ နည်းပညာကို အခြေပြုပြီးမီးပွိုင့် များတွင် rsm; tjyif tvdk များ အပြင် အလိုအလျောက် စိစစ်အကဲဖြတ်မှု (Censoring)လုပ်နိုင်သည့် စနစ်ကိုလည်း လောလောဆယ်ငွေကြေးနှင့် နည်း ပညာ မပြည့်စုံသေး၍ ချက်ချင်းမလုပ်နိုင်သော်လည်း နောင်တစ်ချိန် ဖြစ်နိုင်သည်။ ချက်ချင်းလုပ်ဆောင်သင့်သည့်နည်းလမ်းများ ရန်ကုန်ကားကျပ်မှုကို လျော့နည်းစေရန် လက်ငင်းလုပ်ဆောင်သင့်သည့် နည်းလမ်းများတွင် လက်ရှိတည်ဆောက်ေ နသည့် ခုံးကျော်တံတား စီမံကိန်းများ ဦးစားပေးရမည်ဖြစ်သလို ကားပါကင်နေရာများ တည်ဆောက်ရေး အထူးဦး စားပေးရမည် ဖြစ်သည်။ သို့မှသာ လမ်းများပေါ်တွင် ကားရပ်နားမှုကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ပို၍ အရေးကြီး သည်မှာ ကားကျပ်မှုကြောင့် အခြေခံလူတန်းစားနှင့် လူအများကို မထိခိုက်စေရန် မြို့ပတ်ရထား ပို့ဆောင်ရေး ယခု ထက်ရထားစီးရေများများဖြင့် တိုးချဲ့ပို့ဆောင်နိုင်ရေးဆောင်ရွက်ရ တော့မည်ဖြစ်သည်။ လမ်းဆုံ လမ်းခွ၊ လမ်းခွဲနေရာ တိုင်း ယာဉ်ထိန်းရဲများ လိုသလို ကားစီးရေနှင့် ယာဉ်ထိန်းရဲ မျှတစေရန် စီမံသင့်သည်။မြှင့်တင်ရတော့မည့် ကျင့်ဝတ်နှင့် စည်းကမ်း ရန်ကုန်ကားကျပ်မှု၏ အခြေခံအကြောင်းအရင်းတစ်ရပ်မှာ ကျင့်ဝတ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေမှုပင်ဖြစ်ပြီး ကားမောင်းသူများ၊ လမ်းဖြတ်ကူးသူများ၊ ကားစီးသူများ၊ လမ်းဘေးဈေးသည်များ၊ ကား လမ်းပေါ်တွင် ကားရပ်မှုများအားလုံး အကျုံးဝင်သည်။ အထူးသဖြင့် ဘတ်စ်ကား၊ တက္ကစီမောင်းသူများ သတ် မှတ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အပြည့်အ၀ လိုက်နာလျှင် ကားကျပ်မှုပြသနာ အတိုင်းအတာတစ်ခု အထိ ဖြေရှင်းနိုင် မည်ဖြစ်သည်။ ထို့အပြင် ကားမောင်းသူများရော၊ ကားစီးသူများပါ လမ်းပေါ် ကွမ်း တံတွေးထွေးမှု၊ ကားပေါ်မှ အမှိုက် ပစ်ချမှု၊ ကားလမ်းကြောဖြတ်ဝင်မှု၊ဟွန်း တီးမှုတို့ကိုအမြန်ဆုံးပပျောက်အောင် ဝိုင်းဝန်းလုပ်ဆောင် ရတော့မည်။ တစ်နေ့တခြားတိုးပွားလာသည့်နိုင်ငံခြားသား လည်ပတ်သူများ လာရောက်နေချိန် အဆိုပါ စည်း ကမ်းနှင့် ကျင့်ဝတ်ကို လူတိုင်းလိုက်နာမှသာ မြန်မာ့လူမျိုးတို့၏ ဂုဏ်သိက္ခာမြှင့်တင်နိုင်မည် ဖြစ်သည်။ ရန်ကုန်မြို့နေ လူထု၏ လမ်းအသုံးပြုမှုနှင့် ပတ်သက်၍ ကျင့်ဝတ်နှင့် စည်းကမ်း ယခုထက် ပိုမိုမြှင့်တင်နိုင်ရေးတစ်ဦး ချင်းစီမှစ၍ အပြု သဘောဖြင့် ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်သည်။ အချုပ်ဆိုရသော် ရန်ကုန်ကား ကျပ်မှုလျော့နည်းစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အခြေခံ အဆောက်ဦများဖြစ်သည့် ကားရပ်နားစခန်းများ၊ လမ်းချဲ့ထွင်ခြင်း၊ ခုံးကျော်တံတားတည်ဆောက်မှုများကို အထူး ဦးစားပေးအစီအစဉ်များဖြင့် တည်ဆောက်ပြုပြင်ရမည်ဖြစ်သလို နိုင်ငံတကာကဲ့သို့ လူအများ၏ သွားလာရေးကို အဓိက တာဝန်ယူ ပို့ဆောင်ပေးမည့် မြို့ပတ်ရထားပြေးဆွဲမှုကို အမြန်ဆုံးတိုးချဲ့ရတော့မည် ဖြစ်သည်။ ထို့ပြင် လမ်းဘေးဈေးသည်များ စနစ်တကျနေရာချထားနိုင်ရေး၊ အခြေခံ ပညာကျောင်းများ၊ တက္ကသိုလ်များတွင် ကျောင်းသား တစ်ဦး ကားတစ်စီးကြိုပို့ လုပ်နေမှုကို ကျောင်းဘတ်စ်ကား (School Bus) သို့မဟုတ် ဖယ်ရီ (Ferry ) ဖြင့် အမြန်ဆုံးအစားထိုးရေး၊ လမ်းကြိုလမ်းကြားများ ကားသွားလာနိုင်အောင် လုပ်ဆောင်ရေး၊ ရန်ကုန်တွင် အသုံးပြုမည့် ကားများအတွက် ကန့်သတ်မှုများ၊ စီမံချက်များအပြင် စည်းမျဉ်းစည်းကမ်းဖောက်သူများကိုလည်း ထိရောက်သည့် အရေးယူမှုများ၊ လုပ်ဆောင်မှုတိုင်းအတွက် "ခွင်"မဖြစ်စေရေးနှင့် မြင်သာထင်သာရှိစေရန် ပုဂ္ဂလိက လူမှုအဖွဲ့ အ စည်းများ၊ သတင်းမီဒီယာများနှင့် ပေါင်းစည်း လုပ်ကိုင်သင့်ပေသည်။ အရေးကြီးဆုံး ပြင်ဆင်ရမည့် အချက်မှာ ကားလမ်းအသုံးပြုသူများ၊ ယာဉ်မောင်းများ၊ ကားစီးသူများ အသိစိတ် ဓါတ် မြင့်မားရေး၊ ကျင့်ဝတ်နှင့် စည်းကမ်း တိတိကျကျ လိုက်နာဆောင်ရွက်ရေးအထူးအရေးကြီးပါသည်။ စီးပွားရေး မြို့တော်ရန်ကုန်တွင် ကားကျပ်သည့် ပြသနာအား နိုင်ငံတော်၊ တိုင်းဒေသကြီး၊ အရပ်ဘက်အဖွဲ့အစည်းများ အပါ အဝင် ပြည်သူများအားလုံး ပူးပေါင်းဖြေရှင်းမှသာ အောင်မြင်နိုင်မည်ဖြစ်ပါသည်။