Main menu

Background

ပဲအထွက်တိုးမှာဖြစ်လို့ ၂ဝ၁ဝ-၁၁ ပဲတင်သွင်းမှုကို အိန္ဒိယလျှော့ချနိုင်

Mon, 09/27/2010 - 06:40 -- Anonymous (not verified)

ပဲအထွက်တိုးမှာဖြစ်လို့ ၂ဝ၁ဝ-၁၁ ပဲတင်သွင်းမှုကို အိန္ဒိယလျှော့ချနိုင်      ကနေဒါ၊ အမေရိကန်နဲ့ အခြားနိုင်ငံတွေက ပဲတင်ပို့သူများဟာ အာရှပဲမျိုးစုံဈေးကွက်၊ အထူးသဖြင့် အိန္ဒိယရဲ့ပဲထုတ်လုပ်မှုပမာဏကို မျက်ခြေမပြတ်စောင့်ကြည့်နေကြရပါတယ်။ ယခု ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ကနေဒါ စကက်တက်ချဝမ်ဒေသကတော့ မိုးများခဲ့တာကြောင့် ပဲအထွက်လျော့ကျဖွယ်ရှိပေမဲ့ အမေရိကန်ကတော့ ယခင်ရာသီ လက်ကျန်သိုလှောင်မှုများ ရှိနေသေးသလို ပဲအမြောက်အမြား ရိတ်သိမ်းမှုလည်းပြီးပြီဖြစ်လို့ ဈေးကွက်ရရှိရေး ရှာဖွေနေချိန်မှာ အိန္ဒိယပဲမျိုးစုံကလည်း အထွက်မြင့်တက်ဖွယ်ရှိနေပါတယ်။        ကမ္ဘာမှာ ပဲအမြောက်အမြားတင်သွင်းရတဲ့ အိန္ဒိယက အထွက်များမှာဖြစ်လို့ ကမ္ဘာမှာ ပဲပြတ်လပ်မယ့် အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အခြားအကြောင်းရာတွေ ဖြစ်မလာဘူးဆိုရင် ပဲဈေးနှုန်း မြင့်တက်နိုင်မှာမဟုတ်ဘူးလို့ခန့်မှန်းထားပါတယ်။ လက်ရှိမိုးရာသီ ပဲမျိုးစုံစိုက်ပျိုးမှုဟာ မနှစ်ကနဲ့နှိုင်းယှဉ်ရင် ဟက်တာ ၂ဝ သိန်း ပိုမိုမြင့်တက်လာလို့ဒီ ၂ဝ၁ဝ မိုးပဲအထွက်က စံချိန်တင်နိုင်လောက်တယ်လို့ ဆိုပါတယ်။          အဓိကမိုးပဲတွေဖြစ်တဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းများရဲ့ စိုက်ဧရိယာတွေ သိသိသာသာ ပိုလာခဲ့ပြီး အထူးသဖြင့်ပဲစင်းငုံ တစ်မျိုးထဲမှာပဲ စုစုပေါင်းပဲစိုက်ပျိုးမှုရဲ့ ထက်ဝက်ကျော် စိုက်ပိုျးထားရှိတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့စာရင်းများအရ ယခုနှစ်မိုးစိုက်ဧရိယာ ဟက်တာ ၁၁ဝ သိန်းရှိလို့ ယခင်နှစ် စိုက်ပိုျးမှု ဟက်တာ ၉ဝ သိန်းထက် ပိုမိုခဲ့ပါတယ်။အိန္ဒိယရဲ့ အချို့ဒေသတွေမှာ မိုးရက်ရှည်ရွာသွန်းမှုကြောင့် သီးနံှများပျက်စီးခဲ့ရတယ်ဆိုပေမဲ့ ပျက်စီးတဲ့ ပမာဏများများ စားစားမဟုတ်လို့ ပဲအထွက်တိုးမယ့် ခန့်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ပဲအထွက်နှုန်းမှာတစ်ဟက်တာ ကို ပျမ်းမျှကီလို ၅ဝဝ သာရှိပေမဲ့ စိုက်ဧရိယာ သိသိသာသာတိုးတက်တာကြောင့် မိုးပဲအထွက်ဟာ တန်ချိန်တစ်သန်း နီးပါးပို မယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိအချိန်ထိ မိုးရွာနေလို့လာမယ့် ဆောင်းရာသီမှာ အစိုဓါတ် ကောင်းကောင်းရမှာ ဖြစ်တာကြောင့် ဆောင်းပဲအတွက် အခွင့်အရေးကောင်းနေပါတယ်။ အိန္ဒိယရဲ့ ဆောင်းသီးနံှရာသီဟာ အောက်တိုဘာ၊ နိုဝင်ဘာလများမှာ စတင်လေ့ရှိပြီး ဖေဖော်ဝါရီနဲ့ မတ်လများမှာ ရိတ်သိမ်းလေ့ရှိကာ ဆောင်းပဲထွက်ရှိမှုဟာ စုစုပေါင်း ပဲထုတ် လုပ်မှု ရဲ့ ၆ဝ ရာခိုင်နှုန်း ရှိပါတယ်။ပဲဈေးနှုန်းဦီးတည်ရာ        အိန္ဒိယပြည်တွင်းဈေးကွက်များမှာ လက်ရှိဖြစ်နေတဲ့ ပဲအထွက်တိုးမယ့် ခန့်မှန်းချက်တွေကြောင့် ဈေးနှုန်းများကျဆင်းလျက်ရှိပါတယ်။ မနှစ်ကလို ပြည်ပပဲတင်သွင်းမှုအပေါ် မှီခိုနေခြင်းမှ လျော့ပါးလာပြီး ပြည်တွင်းပဲကို တိုးတက်စားသုံးလာနိုင်မယ့် အခြေအနေဖြစ်လာပေမဲ့ ပြည်တွင်း စားသုံးဖူလုံမှုအတွက်တော့ ပြည်ပပဲကို ဝယ်ယူတင်သွင်း နေရအုံးမှာဖြစ်ပါတယ်။       လယ်ယာထွက်ကုန်များ အထွက်တိုးမယ့် အခြေအနေကြောင့် ကျေးလက်နေပြည်သူများကို ဝင်ငွေတိုး လာစေပြီးစားသုံးမှုမြင့်တက်လာကာ ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူနိုင်မှုလည်း မြင့်မားလာမှာဖြစ်ပါ တယ်။ ၂ဝဝ၉-၂ဝ၁ဝက ပြည်ပပဲမျိုးစုံတန်ချိန် ၃ ဒသမ ၅ သန်းခန့် တင်သွင်းခဲ့ရတဲ့ အိန္ဒိယဟာ ယခုနှစ်မှာတော့ အဲဒီပမာဏလောက် တင်သွင်းဖို့ မလိုအပ်တော့တာကိုတော့ ပြည်ပပဲတင်သွင်းသူများ သတိထားရတော့မှာ ဖြစ်ပါတယ်။      ဈေးနှုန်းအနေနဲ့လည်း အဓိကကျလာပြီဖြစ်လို့ အိန္ဒိယကို ပဲတင်ပို့လိုသူတွေအနေနဲ့ ရောင်းဈေးကမ်းလှမ်း ရာမှာစားသုံးသူစားသုံးနိုင်တဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ကနေဒါနိုင်ငံမှာရာသီဥတုဆိုးရွားနေလို့ပဲထုတ်လုပ်မှုက ပုံမှန်ထက်လျော့ကျဖွယ်ရှိတဲ့အချက်ကိုလည်း လေ့လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အမေရိကန်စားတော်ပဲကအရည်အသွေးမြင့်မားလာခြင်းမရှိပေမဲ့ ယင်းအရည်အသွေးနိမ့်ပဲများ အိန္ဒိယဈေးကွက်ကို ဝင်ရောက်လာဖွယ်ရှိပါတယ်။ကနေဒါနဲ့ အမေရိကန်ရောင်းလက်များက အိန္ဒိယ ပဲဈေးကွက်ကို ယှဉ်ပြိုင်ဝင်ရောက်မှုတွေရှိလို့ ကနေဒါပဲအထွက်နှုန်းကျဆင်း တဲ့တိုင် ကမ္ဘာ့ပဲဈေးကွက်ဟာ ဈေးနှုန်းအကျဘက်ကို ဦးတည်နေတယ်လို့ ကောက်ချက်ချနိုင်မှာဖြစ်ပါတယ်။ယမင်းရွှေစင်၊ှSources: hindubusinessline