Main menu

Background

ပြည်တွင်းဈေးကွက်မှာ တွင်ကျယ်စွာ နေရာယူရင်း ပြည်ပဈေးကွက်သို့ မျှော်မှန်းလျက်ရှိသည့် မြန်မာ့စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ

Wed, 09/29/2010 - 10:14 -- Anonymous (not verified)

 ပြည်တွင်းဈေးကွက်မှာ တွင်ကျယ်စွာ နေရာယူရင်း ပြည်ပဈေးကွက်သို့ မျှော်မှန်းလျက်ရှိသည့် မြန်မာ့စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများ     ခေတ်စနစ်ပြောင်းလဲမှုနဲ့အတူ ပြည်တွင်းစားသောက်ကုန် လုပ်ငန်းတွေဟာလည်း တိုးတက်ပြောင်းလဲလာပါတယ်။ ပြည်တွင်းမှာ တစ်ပိုင်တစ်နိုင် သမား ရိုးကျထုတ်လုပ်နေရာကနေ သွင်းကုန်အစားထိုးအဖြစ် ထုတ်လုပ်လာသလို ပြည်ပဈေးကွက်အထိ တင်ပို့နိုင်အောင် ကြိုးပမ်းလုပ်ကိုင်လာကြတာကို တွေ့နေရပါတယ်။      ဒီလုပ်ငန်းတွေထဲက ပြည်တွင်းမှာ အောင်မြင်စွာထုတ်လုပ်နေတဲ့ အသင့်စားခေါက်ဆွဲခြောက်လုပ်ငန်း၊ ကော်ဖီမစ်၊ တီးမစ် ထုတ်လုပ်မှုလုပ်ငန်း၊ အချိုရည် လုပ်ငန်း၊ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းနဲ့ စည်သွပ်လုပ်ငန်းတွေကို လေ့လာခဲ့ပါတယ်။       ''စားသောက်ကုန်လုပ်ငန်းတချို့ တိုးတက်လာတယ်၊ အရင်သမားရိုးကျ ထုတ်လုပ်တာထက် ခေတ်မီနည်းပညာတွေနဲ့ စနစ်တကျ နိုင်ငံတကာအဆင့်မီ ထုတ်လုပ် လာတာတွေ့ရတယ်၊ တချို့လည်း ပြည်တွင်းကနေ ပြည်ပဈေးကွက်အထိ တိုးခဲျ့လာကြတယ်။ ဒါဟာ နိုင်ငံခြားဝင်ငွေရရှိစေသလို ပြည်ပထွက်ငွေလည်း လျှော့ကျစေတယ်''လို့ စိုက်ပျိုးရေး အခြေခံစားသောက်ကုန် ထုတ်လုပ်သူများအသင်းကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။          ပြည်တွင်း စားသုံးသူအများစုကလည်း ပြည်ပကဝင်လာတာတွေနဲ့ အရည်အသွေးတူရင် ဈေးနှုန်းသက်သာပြီး လပ်ဆတ်တဲ့ ပြည်တွင်းထုတ်တွေကိုပဲ စားသုံးကြကြောင်း၊ ပြည်ပထုတ်ပစ္စည်းတချို့ကို လူတန်းစားတစ်ရပ်ကသာ စားသုံးကြောင်းစားသောက် ကုန်မျိုးစုံရောင်းချသူတစ်ဦးက ပြောပါတယ်။                                                             အသင့်စားခေါက်ဆွဲ         ကမ္ဘာပေါ်မှာ အသင့်စားခေါက်ဆွဲတွေ နာမည်အမျိုးမျိုး၊ ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ထွက်ပေါ်လျက်ရှိနေပေမယ့် အဲဒီအသင့်စားခေါက်ဆွဲကို ၁၉၅၈ ခုနှစ်က တရုတ် (တိုင်ပေ)မှာ ဂျပန်လူမျိုးတစ်ဦးဖြစ်တဲ့ မိုမိုဖူကူအန်ဒိုဆိုတဲ့သူက စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။ အန်ဒိုဟာ အသင့်စားခေါက်ဆွဲကို သူပိုင်ကုမ္ပဏီကြီးဖြစ်တဲ့ နီဆန်းစားသောက်ကုန် ထုတ် လုပ်ရေးကုမ္ပဏီကနေ ဈေးကွက်အတွင်းကို ၁၉၅၈ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ နီဆန်းကုမ္ပဏီဟာ ယခင်က အဝတ်အထည်များကို ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးဖြစ်ပါတယ်။ အသင့်စား ခေါက်ဆွဲ ကို စတင်ဖြန့်ချိခဲ့စဉ်က Chikin Ramen ဆိုတဲ့အမည်နဲ့ ဖြန့်ချိခဲ့တာပါ။ အဲဒီနောက် ၁၉၇၁ ခုနှစ်မှာ Cup Noodle ကို စတင်ထုတ်လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ချိခဲ့ပါတယ်။                                                မြန်မာနဲ့ အသင့်စားခေါက်ဆွဲဈေးကွက်       မြန်မာနိုင်ငံရဲ့ ခေါက်ဆွဲဈေးကွက်မှာ ယခင်က ရိုးရိုးခေါက်ဆွဲ ခြောက်တွေသာ နေရာယူခဲ့ပြီး နောက်ပိုင်းမှာ အသင့်စားခေါက်ဆွဲ တွေ နေရာယူလာပါတယ်။ အရင်ကတော့ ပြည်ပကဝင် လာတာတွေ ကိုပဲ စားသုံးခဲ့ကြပြီး ယခု ပြည်တွင်းမှာ ထုတ်လုပ်မှုတွေရှိလာပါတယ်။ ပြည်တွင်းထုတ်တွေက ပြည်ပကဝင် ရောက်လာတာတွေထက် ဈေးနှုန်း သက်သာပြီး မြန်မာလူမျိုးတွေအကြိုက် ထုတ်လုပ်ထားတာ ကြောင့် ပြည်တွင်းထုတ် အသင့်စားခေါက်ဆွဲတွေ ဈေးကွက်မှာနေရာရခဲ့ကြောင်း သိရပါတယ်။       အခုတစ်ခါ ဈေးကွက်ထဲမှာ နေရာရလာတာက အသင့်စား ဘူးခေါက်ဆွဲပါ။ နေရာမရွေး၊ အချိန်မရွေး ထည့်စရာပါ အသင့်ရှိလို့ အရောင်းသွက်လာကြောင်း အရောင်းဆိုင်များက ပြောပါတယ်။ နီပွန်နိုဒယ်ဘူးခေါက်ဆွဲတွေ ထုတ်လုပ် ရောင်းချ နေတဲ့ ငုရွှေဝါ ကုမ္ပဏီလီမိတတ်မှ စက်ရုံမန်နေဂျာဦးကျော်ဝင်းက ''အရင်က ပြည်တွင်းမှာ ဒီလိုဘူးခေါက်ဆွဲတွေ မရှိဘူး။ ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ စတဲ့ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာတော့ ရှိတာကြာပြီ။ ဒါကြောင့်ပြည်တွင်း မှာ စက်ရုံထောင်ပြီး ဂျပန်နိုင်ငံကစက်တွေနဲ့ ဂျပန်နည်းပညာသုံးပြီး ထုတ်တယ်။ ခေါက်ဆွဲတစ်မျိုးတည်း ပြည်တွင်းကသုံးတယ်။ ပုဇွန်နဲ့အခြားရောစပ်တဲ့ ကင်မ်ချီ၊ အရွက်နဲ့အနံ့၊ အရသာတွေ ဂျပန်က တင်သွင်းပြီး ထုတ်တယ်။ ဒါ့ကြောင့် တခြား ခေါက်ဆွဲ တွေနဲ့မတူဘဲ ဈေးနည်းနည်းမြင့်တယ်။ ခေါက်ဆွဲထည့်တဲ့ဖော့ဘူးကအစ ဂျပန်စက် နဲ့ ပြည်တွင်းစက်ရုံမှာပဲ ထုတ်တယ်။ အလိုအလျောက်ထုတ်လုပ်မှု နည်းစနစ်နဲ့ နိုင်ငံတကာစံချိန်အတိုင်း ထုတ်လုပ်ထားတယ်''လို့ ပြောပါတယ်။       အဆိုပါကုမ္ပဏီကနေ မကြာမီ ကြက်သားကင်မ်ချီ၊ ပုစွန်တုန် ယမ်း၊ ကြက်သားတုန်ယမ်းစတဲ့ အရသာရှိတဲ့ ခေါက်ဆွဲ ဘူးတွေ ထပ်မံ ထုတ်လုပ်ပြီး စားသုံးသူဈေးကွက်ကို ဖြန့်ချိမယ်လို့ သိရတယ်။ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ အခြားနိုင်ငံကြီးတွေကို ပြန်လည်တင်ပို့ဖို့ စီစဉ် နေကြောင်း ထပ်မံသိရပါတယ်။ ယင်းစက်ရုံမှ တစ်ရက် ၈ နာရီ အလုပ်ချိန်အတွင်းမှ ဘူးခေါက်ဆွဲ ၅ဝဝဝဝ ခန့် ထုတ်လုပ်နိုင်ပေမယ့် ဈေးကွက် လိုအပ်ချက်အရ လတ်တလောမှာ ထုတ်လုပ်နေပါတယ်။       ''ပြည်တွင်းထုတ်ခေါက်ဆွဲတွေထဲမှာတော့ ယမ်ယမ်က ရောင်း အား အတက်ဆုံးဖြစ်ပြီး ဘူးလိုင်းမှာတော့ နီပွန်က ဒီလပိုင်းမှာ အရောင်းသွက်လာတယ်။ ှStar Mart မှာတော့ ပြည်တွင်းထုတ်နဲ့ ပြည်ပထုတ်ရောင်းအားမျှနေတယ်။ ဈေးနှုန်းကတော့ ပြည်ပထုတ်က အနည်းငယ်မြင့်ပေမယ့် သူ့အကြိုက်နဲ့ သူရှိပါတယ်'' လို့ Star Mart မှ အရောင်း တာဝန်ခံတစ်ဦးက ပြောပါတယ်။         ''အသင့်စားခေါက်ဆွဲဈေးကွက်မှာ ပြည်တွင်းထုတ်တွေပဲ အရောင်းပိုသွက်တယ်။ ဒါကလည်း နေရာအနေအထား ပေါ်မှာ မူတည်တယ်။ အမတို့ Capital မှာတော့ ပြည်ပထုတ်ခေါက်ဆွဲ စားသုံးသူ နည်းတယ်''လို့ Capital Hypermart မှ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။        စက်တင်ဘာ ဒုတိယပတ်ထဲ ရန်ကုန်မြို့ကို လာရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသက စီးပွားရေး လုပ်ငန်းရှင်အချို့က လည်း ယမ်ယမ်ခေါက်ဆွဲစက်ရုံကို သွားရောက်လေ့လာခဲ့ကြပါ တယ်။                                                           ကိတ်မုန့်၊ ပေါင်မုန့်          စားသောက်ကုန်ဈေးကွက်ထဲမှာ နေရာယူနေတဲ့ ပစ္စည်းတစ်မျိုး ကတော့ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွတ်ကီး အစရှိတာ တွေပါပဲ။ ကလေး ငယ်တွေနဲ့ လူကြီးတွေအကြိုက် သားရေစာအဖြစ်စားသုံးကြတာပါ။ ပြည်တွင်းထုတ်၊ ပြည်ပထုတ် တံဆိပ်မျိုးစုံနဲ့ ဈေးကွက်ထဲမှာရှိပါတယ်။ မုန့်မျိုးစုံထုတ်လုပ်ရာမှာ ကိုယ့်ဒေသရဲ့ ထွက်ကုန်တွေအသုံးချ ပြီး ကိုယ့် လူမျိုးအကြိုက် အရသာထုတ်လုပ်နိုင်မှ ပြည်တွင်းဈေးကွက် ရရှိနိုင်သလို ကိုယ်တင်ပို့ရောင်းချမယ့်နိုင်ငံရဲ့ အကြိုက်နဲ့ နိုင်ငံတကာ စံချိန်စံညွှန်းအတိုင်း တင်ပို့မယ်ဆိုရင် ပြည်ပဈေးကွက်ပါရရှိမယ်လို့ A&Tအင်တာနေရှင်နယ်ကုမ္ပဏီလီမိတတ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်တိုးတိုးမြင့်က ပြောပါတယ်။       ''အစ်မကပြည်ပနိုင်ငံတွေ အများကြီးသွားပြီး ခေတ်မီ မုန့်ဖုတ်နည်းပညာကို သင်ကြားခဲ့တယ်။ အခုလည်းလိုအပ်ရင်ပြည်ပကပညာရှင် ခေါ်ပြီးသင်ယူတယ်။ စက်တွေကတော့ အနောက်နိုင်ငံက စက်တွေပဲ။ နိုင်ငံတကာအဆင့်မီ ထုတ်လုပ်တော့ ပြည်တွင်းမှာ နေရာရသလို ပြည်ပဈေးကွက်လည်း ရတယ်။ မုန့်ပဲလှော်နဲ့ မီနီဘာဂါကို စင်္ကာပူကို တစ်နှစ်ကွန်တိန်နာ(၅) လုံးလောက် ပို့ရတယ်'' လို့ ဒေါ်တိုးတိုးမြင့်က ထပ်မံပြောပါတယ်။          A&Tကုမ္ပဏီဟာ ၁၉၉၇ ခုနှစ်က စက်မှု(၁)ဝန်ကြီးဌာန၊ စား သောက်ကုန်လုပ်ငန်းနဲ့ ပူးပေါင်းပြီး ကုန်ကြမ်းပေး ကုန်ချောယူ စနစ် နဲ့ ထုတ်လုပ်ခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာ ကိုယ်ပိုင်ထုတ်လုပ်ခဲ့ပြီး ယခုအခါလုပ်သားအင်အား ၂ဝဝခန့်နဲ့ မုန့်မိုျးစုံထုတ်လုပ်နေပါတယ်။ သင်္ဃန်းကျွန်းမြို့နယ်က မုန့်မျိုးစုံ ရောင်းသူ တစ်ဦးကတော့ ''မုန့်တွေ ထဲမှာ ပြည်တွင်း ဖြစ်တွေက ပိုရောင်းရတယ်။ ပြည်ပက လာတဲ့မုန့်တွေက ဈေးနှုန်းနည်းနည်း မြင့်တယ်။ အများစုကတော့ ပြည်တွင်းဖြစ်ပဲစားကြတယ်။ ကိတ်မုန့်၊ ပေါင်မုန့်၊ ကွတ်ကီးတွေဆို ပြည်တွင်းကပြန်လဲလို့ရတယ်။ ပြည်ပထုတ်ကလဲလို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့ဆိုင်မှာ ပြည်တွင်း ဖြစ်ပဲ အရောင်းများတယ်''လို့ ပြော ပါတယ်။                                                             အချိုရည်ဈေးကွက်       အချိုရည်ဈေးကွက်မှာ ယခင်က ပြည်ပထုတ်တွေသာရှိခဲ့ပြီး နောက်ပိုင်းမှာ ပြည်တွင်းအချိုရည်ထုတ် စက်ရုံတွေက အဆင့်မြင့်နည်းပညာတွေနဲ့ ထုတ်လုပ်လာတာကြောင့် အချိုရည်ဈေးကွက်ရဲ့ ၇ဝ ရာခိုင်နှုန်းကို ပြည်တွင်းထုတ် ကသာ နေရာယူနေကြောင်းညောင်ပင်လေးဈေးမှ အချိုရည်မျိုးစုံရောင်းချသူတစ်ဦးက ပြောပါ တယ်။         ပြည်တွင်း အချိုရည်ဖျော်ရည် ဈေးကွက်မှာ နေရာရနေတဲ့ Happy Myanmar မှမန်နေဂျင်း ဒါရိုက်တာ ဦးကျော်သောင်းက''ဖျော်ရည်စထုတ်တုံးက ၆ မျိုး ထုတ်ခဲ့တယ်။ အခု ၉ မျိုးထုတ်တယ်။ စက်ကတော့ တရုတ်စက်ပဲ၊ နည်းပညာက အိမ်တွင်းစက်မှု လက်မှုနည်းပညာပဲ၊ အနံ့၊ အရသာနဲ့ ကြာရှည်ခံပစ္စည်းတွေကတော့ ပြင်သစ်၊ အင်္ဂလန်၊ တရုတ်ကမှာတယ်။ သကြား ကတော့ ပြည်တွင်း ဖြစ်ပဲ သုံးတယ်။ QC ထားပြီး ဘေးအန္တရာယ်ကင်းအောင် ထုတ်လုပ် တယ်။ မကြာခင်မှာ တစ်ခါသုံးဘူးသေးတွေ၊ Juice တွေ၊ အရသာသစ် တွေထပ်ထုတ်ဖို့ရှိပါတယ်'' လို့ပြောပါတယ်။         ရာသီဥတုပူပြင်းလာမှုကြောင့် အချိုရည်ဈေးကွက်ဟာ တဖြည်းဖြည်း လိုအပ်ချက် မြင့်တက်လာပါတယ်။ ဒါကြောင့် ပြည်တွင်းအချိုရည် ထုတ်လုပ်သူတွေအနေနဲ့ အရည်အသွေးမီ တိုးမြင့် ထုတ်လုပ်ပြီး ပြည်တွင်းဈေးကွက် ရယူရမှာဖြစ်သလို ပြည်ပကို တိုးခဲျ့တင်ပို့ဖို့လို အပ်ကြောင်း ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။                                                              ကော်ဖီမစ်နဲ့ တီးမစ်        လူအများ ကော်ဖီမစ်လို့ အလွယ်တကူခေါ်နေကြတဲ့Instant Coffeeကို ၁၉ဝ၁ ခုနှစ်မှာ ဂျပန်လူမျိုး ဆာတိုရီကာတိုက တီထွင်ထုတ်လုပ်ခဲ့တာပါ။ ကာတိုဟာ အမေရိကန်ချီကာဂိုမြို့မှာ အလုပ် လုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ကာတိုဟာ Instant Coffee ကို စတင်တီထွင်ခဲ့ပေမယ့် ဈေးကွက်အတွင်းကို ဖြန့်ချိခြင်း မပြုနိုင်ခဲ့ပါဘူး။ ဒါပေမယ့်ကာတိုတီထွင်ခဲ့တဲ့ Instant Coffee ကိုGeorge Constant Lousis Washington က သူရဲ့မူပိုင်အဖြစ် ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၁ဝ ခုနှစ်အရောက်မှာ ဈေးကွက် အတွင်းကို စတင်ဖြန့်ချိခဲ့ပါတယ်။ အဲဒီအချိန်က Instant Coffee ကို စိတ်ဝင်စားမှုနည်းပါးခဲ့တာကြောင့် ထင်သလောက် မအောင်မြင် ခဲ့ပါဘူး။ ၁၉၃၈ ခုနှစ်မှာတော့ Nescafe ဆိုတဲ့ တံဆိပ်နဲ့ ဈေးကွက် အတွင်းကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီအခါမှာတော့ လူအများ အကြိုက် တွေ့မယ့်အရသာကို ပြန်လည် ပြုပြင်ထားတာကြောင့် လူကြိုက်များ လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ Instant Coffee ဟာ တစ်ကမ္ဘာလုံးမှာ အချိန်တိုကာလအတွင်း လူကြိုက်အများဆုံး သော ဈေးကွက်ဝင်ပစ္စည်း ဖြစ်လာခဲ့ပါတယ်။        ယနေ့ပြည်တွင်းစားသုံးသူဈေးကွက်မှာ နေရာယူနေတာကတော့ ကော်ဖီမစ် တီးမစ်တွေပါပဲ၊ အရင်ကတော့ အမှုန့်တွေကို နို့ဆီ၊ သကြား၊ ရေနွေးစတာတွေနဲ့ ရောစပ်ဖျော်သောက်ခဲ့ကြတာပါ။ အခုတော့ ရေနွေးရှိရုံနဲ့ အသင့်သောက်သုံးနိုင်တဲ့ ရယ်ဒီမိတ် အထုပ် တွေပဲ ရောင်းအားရှိနေကြောင်းသိရပါတယ်။ လဘက်ရည်သောက်ချင်ရင် ဆိုင်ထိုင်ကြတဲ့ ဓလေ့ရှိနေတာ ကြောင့် လဘက်ရည် ထုတ်တွေထက် ကော်ဖီမစ်ထုတ်တွေပို ရောင်းရ တယ်လို့ စူပါဝမ်း ကော်ဖီမစ်ထုတ်လုပ်ရေးမှ စက်ရုံမှူး ဦးခင်မောင်လှိုင် က ပြောပါတယ်။      ''စူပါဝမ်း ကော်ဖီမစ်ကို ၂ဝဝဝ ခုနှစ်ကတည်းက ထုတ်ခဲ့တာ၊ ဂျပန်စက်နဲ့ထုတ်တာပဲ။ စထုတ်ချိန်က ၂ဝဝ၃ ခု နှစ်အထိ ရောင်း အား ကောင်းခဲ့တယ်။ နောက်ပိုင်းမှာဈေးကွက်ထဲကို ပြည်တွင်း ထုတ် ပြည်ပထုတ် မျိုးစုံဝင်လာတော့ ယှဉ်ပြိုင်မှုများတယ်။ ဘရာဇီးက ကော်ဖီမှာတယ်။ မလေးက ကော်ဖီမှုန့်သုံးတယ်။ Refined Sugar သုံးတယ်။ ၂ဝဝ၉ မှာ တီးမစ်ထုတ်ခဲ့တယ်။ ပြီးခဲ့ တဲ့နှစ်လကစပြီး ၅ဝ ကျပ်တန် Birthday ထုတ်ခဲ့တယ်။ အများက ၅ဝ ကျပ်တန်ကော် ဖီမစ်တွေထုတ်နေတော့ ကိုယ်လဲအရသာ အပြောင်းအလဲဖြစ်အောင် ထုတ်လိုက်တာပဲ။ Quality က မလျော့ပါဘူး''လို့ ပြောပါတယ်။       စက်တင်ဘာလ ၁၃ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ် မှာ ကျင်းပခဲ့တဲ့ အိန္ဒိယ အရှေ့မြောက်ဒေသက စီးပွားရေးလုပ်ငန်း ရှင်များနဲ့ စီးပွားရေးတွေ့ဆုံပွဲမှာလည်း စူပါဝမ်းကော်ဖီမစ်တွေကို နယ်စပ်ကုန်သွယ်မှုနဲ့ တင်ပို့ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ပြည်တွင်းထုတ်ကော်ဖီမစ်တွေ အမျိုးမျိုးရှိပေမယ့် Premier ကတော့ အရောင်းရဆုံးစာရင်းမှာ ထိပ်ဆုံးကပါပဲ။ ပြီးတော့ ထိုင်း နိုင်ငံက ထုတ်တဲ့ Birdy က အရောင်းရဆုံးပဲ။ တတိယ လိုက်တာ ကတော့ Rice ပါပဲ။ လက်ဖက်ရည်ထဲမှာဆိုရင်တော Royal Myanmarတီးမစ်၊ Tea Master တွေ အရောင်းသွက်တယ်လို့ Satr Mart က တာဝန်ခံတစ်ဦးက ပြောပါတယ်။         တာမွေမြို့နယ်မှ အိမ်ရှင်မတစ်ဦး က ''ကျွန်မတို့အိမ်မှာ ကော်ဖီမစ်က အကြိုက်မတူတော့ တံဆိပ်သုံးမျိုးလောက် ဝယ်ရတယ်။ Premier ရယ်၊Rice ရယ်၊Tea Mix ရယ် ဝယ်ရတယ်။ ပြည်တွင်းထုတ် တွေကိုပဲ ဝယ်တာများတယ်''လို့ ပြောပါတယ်။                                                                   စည်သွပ်ဘူးများ      အသင့်စားသောက်ကုန်တွေထဲမှာ ငါးစည်သွပ်ဘူးတွေလည်း အရောင်းသွက်နေကြောင်းသိရပါတယ်။ အထူးသဖြင့် အထက်မြန်မာ ပြည်ဘက်မှာ ပိုမိုရောင်းရကြောင်း ဈေးကွက်အတွင်းမှ သိရပါတယ်။ ဈေးကွက်အတွင်း မှာပြည်ပထုတ်တွေနဲ့အပြိုင် ပြည်တွင်းထုတ်တွေ လဲ နေရာယူနေပါတယ်။       Myanmar MAKRO Industry Co.,Ltd     ကလည်း ပြည်တွင်းဈေးကွက်ကို ငါးစည်သွပ်ဘူးနဲ့ အခြားစည် သွပ်ဗူး တွေထုတ် လုပ်ရောင်းချနေပါတယ်။ မကြာခင်မှာ ဈေးကွက်ခဲျ့ပြီး ပြည်ပတင်ပို့ ဖို့အတွက် အစီအစဉ်ရှိကြောင်း သိရပါတယ်။       ''ငါးကို Value Added လုပ်ပြီး ရောင်းတော့ ဈေးပိုရတာပေါ့။ ထိုင်းက နည်းပညာနဲ့ထုတ်လုပ်တာ၊ စက်ကဂျပန်စက်ပဲ၊ ပညာရှင် တွေက မကြာခဏလာရောက်သင်တန်းပေးတယ်။ ဘူးခွံကတော့ပြည်ပ က အလွယ်တကူဖွင့်လို့ရတာမှာခဲ့တယ်။ အဲဒီတော့ရောင်း အားတက် လာတယ်'' လို့ MAKRO ကစက်ရုံမှူးဦးကြည်ဝင်းက ပြောပါတယ်။         အဆိုပါစက်ရုံကနေ နှစ်စဉ်စည်သွပ်ဘူး သုံးသိန်းခန့်ထုတ်လုပ် နေပြီး ငရုတ်ဆီ ပုလင်းမျိုးစုံနဲ့ ဘာလချောင်ကြော်တွေလည်း ထုတ်လုပ်လျက် ရှိပါတယ်။ ငါးသေတ္တာဘူးမှာ ခရမ်းချဉ်သီး၊ ပဲငပိပါတဲ့ဘူးတွေ ပိုရောင်းရ တယ်၊ ပြည်တွင်းထုတ်ဆိုတော့ မြန်မာ လူမျိုး တွေ အကြိုက် အရသာ လည်းဖြစ်တယ်၊ ဈေးနှုန်းသက်သာတာလည်းပါတယ်၊ ပြည်ပထုတ် တွေက ဈေးကြီးပြီးအကြိုက် မတူဘူး၊ ပြီးတော့ မြန်မာလူမျိုးတွေက စည်သွပ်ဘူးစားတဲ့အလေ့အထ နည်းတယ်၊အရေးပေါ်တစ်ခါတစ်လေ စားတာမျိုး ပဲရှိတယ်။ ဒါကြောင့် စည်သွပ်ဘူး အရောင်းအဝယ်က လောလောဆယ် အနေအထားအရ အေးတယ်''လို့ Star Mart မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။        ပြည်တွင်းစားသောက်ကုန်လုပ်ငန်း တိုးတက်နေတာကို တွေ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ အလား အလာ လည်းကောင်း တယ်လို့ ယူဆပါတယ်။ အရေးကြီးတာကတော့ စားသုံးသူတွေရဲ့ ကျန်းမာရေးအတွက် လုပ်ငန်း ရေရှည်ရှင်သန် အောင်မြင်ဖို့အတွက် အန္တရာယ်ကင်းပြီး စံချိန်စံညွှန်းမီတဲ့ စားသောက်ကုန်တွေ ဖြစ်ဖို့ပါပဲ။ ဈေးကွက် စီးပွားရေးပိုမိုဖြစ်ထွန်း လာတာနဲ့အတူ စားသောက်ကုန် လုပ်ငန်းလည်း အခုထက်ပိုပြီး ဖွံ့ဖြိုးတိုးတက်လာမယ်လို့ ယုံကြည် ပါတယ်လို့ စီးပွားရေးပညာရှင် ဦးသိန်းမြင့်ဝေက ပြောကြားပါတယ်။         စိုက်ပျိုးရေးကို လက်မလွတ်နိုင်သေးတဲ့ နိုင်ငံတစ်ခုအနေနဲ့ ထုတ်ကုန်တွေကို ကုန်ကြမ်းအတိုင်း ရောင်းရတဲ့အဆင့်ကနေ ပြည်ပ ကနည်းပညာနဲ့ စက်ပစ္စည်းတွေ ကိရိယာတွေ တင်သွင်းပြီး တန်ဖိုး မြှင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းရင်း အရင်က ပြည်ပတင်သွင်းရတဲ့ စားသောက်ကုန်တွေနေရာမှာ အောင်မြင်စွာ အစားထိုးရောင်းချနိုင်တာဟာ မြန်မာစားသောက်ကုန် ထုတ်လုပ်မှု လုပ်ငန်းရဲ့ တိုးတက်မှုတစ်ခုပါပဲ။ ဒါ့အပြင် အရင်းအနှီးတွေ တိုးခဲျ့ပြီး ပြည်ပဈေးကွက်ကို တင်ပို့နိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေတာ တွေ့မြင်နေရတာကြောင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း တွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သ လို့ ပြည်သူတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လန်းလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်  ကာလမှာ ရင်ဆိုင်ကြရမယ့် အာဆီယံ လွတ်လပ်သောကုန်သွယ်မှု ဒေသ တရုတ်အာဆီယံနဲ့ အိန္ဒိယအာဆီယံ လွတ်လပ်သောကုန်သွယ် မှုဒေသများရဲ့ စိန်ခေါ်မှုများအတွက်လည်း အကောင်းဆုံးရင်ဆိုင် ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။