Main menu

Background

နတ်တော်လပြည့်အမီ ဆောင်းသီးနံှ မတ်ပဲနဲ့ ပဲတီစိမ်းကိုအပြီးစိုက်ကြမယ်

Mon, 12/06/2010 - 07:03 -- Anonymous (not verified)

 နတ်တော်လပြည့်အမီ ဆောင်းသီးနံှ မတ်ပဲနဲ့ ပဲတီစိမ်းကိုအပြီးစိုက်ကြမယ်          ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းမှာ ဆောင်းသီးနံှအဖြစ် မတ်ပဲဧက ၅ ဒသမ ၁ သိန်းနဲ့ ပဲတီစိမ်း (ရွှေဝါ) ဧက ၃ ဒသမ ၆ သိန်းစိုက်ပျိုးမှာ ဖြစ်ပါတယ်။ ပဲစိုက်တောင်သူကြီးများက နောင်လာနောက်သား ပဲစိုက်တောင်သူများကို လက်ဆင့်ကမ်းမှာကြားထားတာကတော့ ပဲစိုက်တဲ့သူများအတွက် ''နတ်တော်ဆိုတာ နင်တော်လို့မှတ်ရမှာ ဖြစ်ပါတယ်'' လို့ ဆိုပါတယ်။         စိုက်ပျိုးရေးပညာကို စနစ်တကျသင်ကြားထားတာမဟုတ်ပေမဲ့ တောင်သူကြီးများရဲ့ သတိပေးချက်ဟာ သဘာဝကျပါတယ်။ အောက်မြန်မာပြည်မှာ မိုးရာသီကုန်ဆုံးပြီး မြေကြီအစိုဓါတ်ကို ထိန်းထားနိုင်တာ ဒီဇင်ဘာလလယ်ခန့်အထိ ဖြစ်ပြီး ညအပူချိန်ဟာလည်း နိုဝင်ဘာလမှာ ၂ဝ ဒီဂရီစင်တီဂရိတ်ခန့်နဲ့ ဒီဇင်ဘာလထဲမှာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။ အောက်ပိုင်းဒေသဖြစ်တဲ့ ပဲခူးခရိုင်အတွင်းမှာ ပင်လယ်နဲ့ နီးတဲ့အတွက် အအေးဓါတ် လျော့ပါတယ်။ ဆောင်းသီးနံှမတ်ပဲရော ပဲတီစိမ်းပါမြေအစိုဓါတ်မီအောင် စပါးရိတ်သိမ်းပြီး၊ အမြန်ပြန်လည် ထွန်ယက်စိုက်ပျိုးရတာဖြစ်ပါတယ်။ ပဲတီစိမ်းဟာ အအေးဓါတ်ကြောက်တဲ့အတွက် အအေးဓါတ် နေ့နဲ့ည ကွာခြားချက်နည်းတဲ့ ဒေသများ၊ ကာလများမှာသာ အပင်ပေါက်နှုန်းကောင်းတဲ့အပြင် အသီးထွက်နှုန်းလည်း ကောင်းတဲ့အတွက် ရှေးတောင်သူကြီးများ မှာကြားခဲ့တဲ့ နတ်တော်လပြည့်မကျော်ရအောင် ဆောင်းသီးနံှမတ်ပဲနှင့် ပဲတီစိမ်းကို အားသွန် ခွန်စိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရပါတယ်။ွှွှ