Main menu

Background

ဈေးအတက်အကျ ကြမ်းတဲ့ ကြက်သွန်နီကို အခြားသီးနံှတွေလို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်လုပ်ရောင်းချမှု မှန်ကန်ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ

Wed, 01/05/2011 - 05:05 -- Anonymous (not verified)

 ဈေးအတက်အကျ ကြမ်းတဲ့ ကြက်သွန်နီကို အခြားသီးနံှတွေလို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်လုပ်ရောင်းချမှု မှန်ကန်ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ              မြန်မာနိုင်ငံမှာ ပြည်တွင်းမှာထုတ်လုပ်ပြီး၊ ပြည်တွင်းဈေးကွက်မှာပဲ အဓိက စားသုံးတဲ့ သီးနံှတွေ အများကြီး ရှိပါတယ်။ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ အာလူး၊ ကြက်သွန်နီဈေးနှုန်းဟာ ဖြစ်သင့်တဲ့ဈေးနှုန်းအတိုင်း တည်ငြိမ်နေရာကနေလှောင်လက်အချို့ရဲ့ ဈေးကစားမှုကြောင့် ဈေးတက်ခဲ့တာမျိုးတွေ တွေ့နေရပါတယ်။               ၂ဝဝ၉ ခုနှစ် ဇူလိုင်လမှာ ကြက်သွန်နီလောကသားမဟုတ်တဲ့ အခြား ကုန်သည်တွေဝင်ရောက်ဈေးကစားလို့ ရက်ပိုင်း အတွင်း အဆမတန်ဈေးတက်ခဲ့ပြီး အားလုံးခံစားရတာ မှတ်မိကြမယ် ထင်ပါတယ်။ အဲဒီတော့-စားသုံးသူပြည်သူတွေမှာ ကြက်သွန်နီဈေးကြီးဝယ်စားရ၊ တောင်သူပွဲစား၊ ကုန်သည်တွေ ရှုံးတစ် ခါ မြတ်တစ်လှည့်ဖြစ်ကြ၊ ဈေးကောင်း လို့တောင်သူတွေ တိုးစိုက်လိုက်၊ အထွက် များလို့ ဈေးကျလိုက်၊ ဈေးကျလို့ဧက လျော့တော့ အထွက်နည်းလို့ ဈေးပြန်တက်လိုက်၊ ဈေးမတည်ငြိမ်တာကြောင့် မြေယာသစ်မှာ တိုးခဲျ့စိုက်ကုမ္ပဏီတွေ ပြည်ပမတင်ပို့နိုင်တော့ နိုင်ငံတော်အ တွက် ပြည်ပဝင်ငွေလျှော့နည်းသွားနဲ့ သံသရာလည်နေတာပဲ။                 ဈေးကစားလို့ အကျိုးအမြတ်ရတဲ့ ကုန်သည်အချို့ဟာ အနည်းစုပါ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ကုန်သည် အချို့က အမြတ်ရဖို့နည်းမျိုးစုံ နဲ့ဈေးကစားကြပါတယ်။ လေရောင်း၊ လေဝယ်ဈေးကစားခြင်း၊ ပစ္စည်းအနည်း ငယ်ကို ဈေးကြီးပေး ဝယ်ဈေး ဆွပေးပြီး ဈေးတက်ချိန်မှာ ပစ္စည်းအများအပြား ထုတ်ရောင်းခြင်း၊ လှောင်၍ဈေးကစား ခြင်း၊ စတဲ့အထဲက အခု တလောဂျာနယ်တွေတစ်ဆင့် ကြက်သွန်နီဈေးတက်နေကြောင်း ဆက်လက်ဈေးတက်မယ်လို့ ခန့်မှန်းကြောင်း ဖော်ပြနေတာ တွေဟာ ဈေးကစားခြင်းတစ်ခုပဲ မဟုတ်ပါလား။                အဓိကကျတဲ့စိုက်ပျိုးထုတ်လုပ်မှု ပုံမှန်တိုးတက်နေအောင်လုပ်ပြီး ပြည် တွင်းဖူလုံအောင်၊ ဈေးမတက်အောင် ထုတ်လုပ်သူ တောင်သူ၊ ကုန်သည်၊ စားသုံးသူမျှတတဲ့ အရောင်းအဝယ်ပုံမှန်ဖြစ် အောင်ကြိုးစားကြဖို့လိုပါတယ်။ ထုတ် လုပ်မှုတိုးတက်လို့ပြည်တွင်းဖူလုံပြီး ပိုလံျှရင် ပြည်ပဈေးကွက်ကိုပုံမှန်ချိတ် ဆက်ရောင်းနိုင်အောင် ကြိုးစားရမှာဖြစ် ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုးထုတ်လုပ် ရောင်းချတဲ့လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် အကျိုးရှိအောင်လုပ်နိုင်ဖို့ အချိန်အခါရောက် ပါပြီ၊ လူတစ်စုကြောင့် စိုက်တာတိုးလျော့ဖြစ်လိုက်၊ ပြည်ပအရောင်းအဝယ် ဖြစ်လိုက်၊ မဖြစ်လိုက် သံသရာက လွတ်ချိန်တန်ပါပြီ။                အဲဒီလိုပါဘဲ ကြက်သွန်နီစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်တဲ့အခါ အများပြည် သူထိခိုက် အောင်လုပ်တဲ့ ဈေးကစားတဲ့ ကုန်သည် အချို့ကို ဖော်ထုတ်ပြီးဘယ်လိုလုပ်မလဲ။ စည်းရုံးသိမ်းသွင်းမလား။ ဆိုင်ရာက ဖော်ထုတ် အရေးယူတာ ကောင်းသလား စဉ်းစားစရာဖြစ်ပါတယ်။ အရေးယူတာ ထက် အသိတရားရှိအောင် စည်းရုံးနိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။ တောင်သူ၊ ကုန်သည်နဲ့ Exporter တို့ လက်တွဲ စည်းရုံးဖို့ လိုအပ်ပါတယ်။ ဆန်စပါးအထူးပြုကုမ္ပဏီ၊ ပဲအထူး ပြုကုမ္ပဏီတွေလို ကြက်သွန်နီအထူးပြု ကုမ္ပဏီကို တောင်သူကြီးများ၊ ကုန်သည်များ၊ Export  ကုမ္ပဏီများပူးပေါင်းအ ကောင်အထည်ဖော်နိုင်အောင် တူယှဉ် တွဲလို့ စည်းရုံးကြဖို့ တိုက်တွန်းလိုက်ပါရစေ။ T60