Main menu

Background

သြစတြေးလျပဲ အင်ဖော်မေးရှင်း

Wed, 01/05/2011 - 07:15 -- Anonymous (not verified)

 သြစတြေးလျပဲ အင်ဖော်မေးရှင်း                    ကနေဒါအကြောင်းလေး ရေးပြီးပြန်တော့ ပဲနယ်ပဲလောကကသူတွေအတွက် ရေးစရာတာဝန်လေးတစ်ခု ကျန်နေသေးတယ်လို့ ခံစားမိပါတယ်။ အဲဒါကတော့ အိန္ဒိယဈေးကွက်ကို မြန်မာ၊ ကနေဒါနဲ့အပြိုင် ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဝါတွေ အဓိကပို့ပြီး တစ်နှစ်ထက်တစ်နှစ် ဈေးကွက်ဝေစု တိုးခဲျ့တဲ့ သြစတြေးလျနိုင်ငံ အကြောင်းလေးပါပဲ။                     သြစတြေးလျမှာ အဓိကစိုက်တဲ့ပဲတွေက မြန်မာမှာလည်းစိုက်တဲ့ ကုလားပဲ၊ ပဲရာဇာ၊ ပြီးတောFa ba bean, Field Pea, Lupin နဲ့ Vetch  ပဲတွေပဲ ဖြစ်ပါတယ်။ ဈေးကွက်ဝင်ပြီး အနည်းငယ်စိုက်ပိုျးတဲ့ ပဲတွေလည်းရှိပါ သေးတယ်။ အဲဒီပဲတွေက မြန်မာတွေနဲ့ မစိမ်းပါဘူး။                      ပဲတီစိမ်း၊ ပဲလွန်း၊ ပဲစင်းငုံ၊ နေဗီနဲ့ အဇူကီပဲတွေ ဖြစ်ပါတယ်။ သြစတြေးလျ ကတော့ ပဲတွေကို နံှစားသီးနံှတွေ၊ ဆီထွက်သီးနံှတွေနဲ့ အလှည့်ကျ စိုက်တယ်။ အဲလိုစိုက်တဲ့အတွက် အထွက်နှုန်းမှာ တစ်ဟက်တာကို သုည ဒသမ ၅ ကနေ ၁ တန်အထိ တိုးလာတယ်လို့ဆိုပါတယ်။  အသားဓာတ် ပါဝင်မှုကလည်း သုည ဒသမ ၅ ကနေ ၁ ဒသမ ၈ ရာခိုင် နှုန်းတိုးလာတယ်။ အဲဒီလိုတိုးလာတဲ့အတွက် အကိုျးအမြတ်က ပဲစုစုပေါင်းတန်ဖိုးရဲ့ ၃ဝ ရာခိုင်နှုန်းလောက်ရှိတယ်တဲ့။ စိတ်ဝင်စားစရာနော်။ အထွက်တိုး မျိုးကောင်း မျိုးသန့်တွေကို စိုက်ပျိုးတယ်။ သွင်းအားစုတွေ စနစ်တကျထည့်တယ်၊ ခေတ်မီလယ်ယာစိုက်ပျိုးရေးစက်ကိရိယာတွေကို သုံးစွဲတော့ တစ်နှစ်ထက် တစ်နှစ် ပဲထုတ်လုပ် မှုကလည်း ကနေဒါကိုသာမမီတာ တန်ချိန် သိန်းချီပိုထုတ်လုပ်လာနိုင်တာ တွေ့ ရပါတယ်။                         ပဲမျိုးစုံကို တစ်နိုင်ငံလုံးမှာ စိုက်ဧရိယာ ၂၂၆၅ဝဝဝ ဟက်တာစိုက်ပြီး၊ သီးနံှ တန်ချိန် ၂ ဒသမ ၅ သန်းလောက် ထုတ်လုပ်နိုင်ပါတယ်။ တန်ဖိုးကတော့ သြစတြေးလျဒေါ်လာ ၆၇၅ သန်းပေါ့။ သြစတြေးလျပဲမျိုးစုံထုတ်လုပ်မှုကိုကြည့်ရင် ကနေဒါ ကို မမီပေမယ့် ပဲမျိုးစုံထုတ်လုပ်မှုကတော့ အများစုက တစ်နှစ်ထက်တစ်နှစ် တန်ချိန် တစ်သိန်းဝန်းကျင် တိုးနေတာတွေ့ရပါတယ်။                      ၂ဝဝ၈-၂ဝဝ၉ နဲ့ ၂ဝဝ၉-၂ဝ၁ဝ ဘဏ္ဍာနှစ်ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှု၊ ၂ဝ၁ဝ သီးနံှနှစ် သြစတြေးလျပဲမျိုးစုံ ထုတ်လုပ်နိုင်မှု၊ ရောင်းချနိုင်မည့်ခန့်မှန်းချက်အခြေအနေကို ဖော်ပြလိုက်ပါ တယ် ပဲအမျိုး အစား                                ၂ဝဝ၈-၂ဝဝ၉                       ၂ဝဝ၉-၂ဝ၁ဝ                                             ထုတ်လုပ်မှု(မက်/တန်)            ထုတ်လုပ်မှု(မက်/တန်)Desi Chickpeas                                    343650                          475000Kabuli Chickpeas                                    34250                          37450Faba Beans                                          88700                         224900Broad Beans                                         28500                        17000Field Peas                                            252100                        351000Lentils                                                   51400                       104000Sweet Lupins                                         444120                        564750Albus Lupins                                            40200                        47100ကဲအခု ပဲတစ်မယ်ချင်းအလိုက်ပြောကြရအောင်.ကုလားပဲ                 ကုလားပဲကို သြစတြေးလျမှာ ၁၉၇ဝ ခုနှစ် အစောပိုင်းက တည်းက စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ ဒေစီကုလားပဲနဲ့ ကာဘူလီ ကုလားပဲဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီပဲနှစ်မျိုးက ပဲစေ့အရွယ်အစား၊ ပုံသဏ္ဍာန်နဲ့ အရောင်သိသိသာသာ ကွဲပါတယ်။ ဒေစီကုလားပဲဝါက ပဲစေ့တစ်စေ့ကို အလေးချိန် ၁၂ဝ မီလီဂရမ်လောက်ရှိပြီး အညိုရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ အနက်ရောင်နဲ့ အစိမ်းရောင်ရှိပါတယ်။                ခွဲခြမ်း အဖြစ်စားသုံးတဲ့ အိန္ဒိယအကြိုက် ဖြစ်ပါတယ်။ ကာဘူလီ ကုလားပဲက ဒေစီကုလားပဲထက် အလုံးပိုကြီးပါတယ်။ ၄ဝဝ မီလီဂရမ်လောက်အလေးချိန်ရှိပါတယ်။ အလုံးအတိုင်း အများစုစားသုံး ကြပြီး မြေထဲပင်လယ်ဒေသက အကြိုက်ပဲပေါ့။ ကုလားပဲဟာ ကာဗွန်ဟိုက်ဒရိတ်နဲ့ အသားဓာတ် ကောင်းကောင်းရရှိတဲ့ ပဲဖြစ်ပါတယ်။ ကာဘူလီ ကုလားပဲကို သြစတြေးလျနိုင်ငံ တောင်ပိုင်းနဲ့ ဝိတိုရီးယား မှာ အဓိကစိုက်ပါတယ်။ အကျော်ကြားဆုံးကုလား ပဲဖြူလုံးကြီးမျိုးက ွGenesis ဖြစ်ပါတယ်။ ၇ - ၈ မီလီမီတာရှိပြီး၊ ဒီဇင်ဘာ လလယ်နဲ့ နှောင်းပိုင်းတွေမှာရိတ်သိမ်းပါတယ်။ သြစတြေးလျဟာ ၂ဝဝ၈-၂ဝဝ၉ မှာ ကုလားပဲတန်ချိန် ၃၇၇၉ဝဝ တန် ထုတ်လုပ်နိုင်ခဲ့ရာမှ ၂ဝဝ၉- ၂ဝ၁ဝ မှာတော့ ၅၁၂၄၅ဝ တန်အထိ တိုးမြှင့် ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ပဲရာဇာ             ပဲရာဇာကို သြစတြေးလျမှာRed Lentil(ပဲနီလေး)နဲ့Green Lentil ဆိုပြီး အုပ်စု ၂ ခုခွဲထားပါတယ်။ ပဲစေ့ အရွယ်အစားသေးငယ်ပြီး အချင်း ၂-၆မီလီမီတာရှိပါတယ်။ ပဲစေ့ ၁ဝဝကို ၂-၆ ဂရမ် ကြား အလေးချိန်ရှိပါတယ်။ ခွဲခြမ်းလုပ်တဲ့အခါ လွယ်ကူပြီး အခြမ်း ထွက်နှုန်းကောင်းဖို့ဆိုတာ ပဲအရွယ်အစားနဲ့ ပုံစံပေါ်မူတည်တာပေါ့။ ပဲနီလေးခွဲခြမ်းကို ဟင်းချက်ပြီး၊ စွတ်ပြုတ်လုပ်ပြီး သောက်ကြပါတယ်။ အမှုန့်ကိုတော့ ပေါင်မုန့်၊ ကိတ်နဲ့ ကလေးတွေအတွက် အစားအစာ လုပ်ဖို့ နံှစားသီးနံှအမှုန့်တွေထဲမှာ ရောသုံးပါတယ်။ ပဲပင်ပေါက်လည်း ဖောက်သုံးပါတယ်။ Green Lentil  ကိုတော့ အချင်း ၆ - ၉ မီလီ မီတာနဲ့ အစေ့တစ်ရာကို အလေးချိန် ၆-၈ ဂရမ်ရှိပါတယ်။ ဈေးကွက် အကြိုက်ကတော့ ၇-၈ မီလီမီတာပါပဲ။ ၆ ဒသမ ၅ - ၇ ဒသမ ၅ မီလီမီတာကို လက်ခံပြီး ၄-၅မီလီမီတာကတော့ ငယ်လွန်းလို့ မကြိုက် ပါဘူးတဲ့။ အရွယ်အစားကြီးတဲ့Green Lentil ကို  အရှေ့အလယ်ပိုင်း ဒေသက ရိုးရာဟင်းလျာ တော်တော်များများမှာ စားသုံးကြပါတယ်။ ဒီနှစ် စိုက်ဧရိယာဟက်တာ ၁၅၈ဝဝဝ ရှိမယ်လို့ ခန့်မှန်းရပြီး၊ ၂ဝဝ၉ ခုနှစ်ထက် ၅ဝ ရာခိုင်နှုန်းတိုးလာပါတယ်။ တန်ချိန် ၃၃ဝဝဝဝ - ၃၅ဝဝဝဝ ထုတ်နိုင်မှာဖြစ်ပြီး၊ ထွက်နှုန်းကောင်းရင် ၃၈ဝဝဝဝ - ၄ဝဝဝဝဝ တန်အထိ ထုတ်နိုင်မှာဖြစ်ပါတယ်။              ဒီနှစ် ကနေဒါမှာကလည်း အရည်အသွေး ပြဿနာကြောင့် ပဲရာဇာကို အဓိကစားတဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ ယူအေအီးနဲ့ အီဂျစ်နိုင်ငံတွေက အဝယ်လျော့ပြီး သြစတြေးလျ ပဲရာဇာကိုဝယ်သူတွေစောင့်ကြည်နေကြပါတယ်။ ဒါပေမယ့် ကနေဒါ ရဲ့ ပဲရာဇာထုတ်လုပ်မှုကိုတော့ မမီပါဘူး။ ကမ္ဘာ့ပဲရာဇာစိုက်ပိုျးမှု အခြေအနေကို ဂရပ်နဲ့ ဖော်ပြထားပါတယ်။ ပဲတီစိမ်း             သြစတြေးလျမှာစိုက်တဲ့ ပဲတီစိမ်းဟာ ကမ္ဘာ့ပဲတီစိမ်း ထုတ်လုပ် မှုရဲ့ ၉ဝ ရာခိုင်နှုန်းနီးပါးထုတ်လုပ်တဲ့ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနဲ့ အင်ဒိုနီးရှားက အင်ဒို-မြန်မာ မူရင်းဒေသမိုျး ဖြစ်ပါတယ်။ ပဲတီစိမ်းကို အဓိက ပဲပင်ပေါက် ဖောက်စားပါတယ်။ ချက်ပြုတ်၊ အခြမ်းခြမ်း၊ ကြော်လှော်ပြီး နည်းမိုျးစုံနဲ့ ဟင်းလျာအဖြစ်ရော၊ သွားရေစာအဖြစ်ပါ စားသုံး ပါတယ်။ ပဲတီစိမ်းဟာ ဗီတာမင်အေ၊ ဘီဝမ်း၊ ဘီတူးနဲ့ ဗီတာမင်စီဓာတ်တွေပါဝင်တဲ့အတွက် ကလေးငယ်တွေ အတွက်ရော လူကြီးတွေအတွက်ပါ အထူးကောင်းမွန်ပါတယ်။ ပတ္တမြားပဲ             ပတ္တမြားပဲကို နူးညံ့ပြီးအရသာရှိတဲ့အတွက် ပေါင်မုန့်၊ ကိတ်မုန့် အချိုတွေ ပြုလုပ်စားသုံးပါတယ်။ ပဲအမှုန့်ကို ပေါင်မုန့်၊ စွပ်ပြုတ် တွေထဲမှာ ၅-၁ဝ ရာခိုင်နှုန်းထည့်သွင်း အသုံးပြုပါတယ်။ မြန်မာနိုင်ငံ မှာလည်း ဂျပန်ကနေ မျိုးယူပြီး စိုက်ပျိုးစမ်းသပ်တင်ပို့ နေတာရှိ ပါတယ်။Faba bean            Faba bean ဟာ တရုတ်နိုင်ငံ၊ မြေထဲပင်လယ်ဒေသ၊ အာဖရိ ကနိုင်ငံတွေမှာအရေးပါတဲ့ ပဲတစ်မျိုးဖြစ်ပါတယ်။  မွေးမြူရေးအတွက် တိရစ္ဆာန် အစားအစာဖြစ်သလို အာဟာရရှိတဲ့ ပဲတစ်မျိုးဖြစ်ပါတယ်။ ပြည်ပတင်ပို့မှု အလားအလာရှိတဲ့ပဲဖြစ်ပါတယ်။ Broad bean          Faba bean လိုအရသာရှိပြီး၊ အရှေ့အလယ်ပိုင်းဈေးကွက်ကို အဓိကသွားပါတယ်။ ဒါပေမဲ့ သြစတြေးလျသားတွေက ပြည်တွင်း မှာလည်း ကျယ်ကျယ်ပြန့်ပြန့် စားသုံးကြပါတယ်။ ဥရောပတောင် ပိုင်းနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကိုလည်း သွားရေစာပြုလုပ်ဖို့ အတွက် တင်ပို့ပါတယ်။ ဝိတိုရီးယား အနောက်တောင်ပိုင်းနဲ့ သြစတြေးလျတောင်ပိုင်း၊ အရှေ့တောင်ပိုင်းတွေမှာ စိုက်ပါတယ်။ Field Pea           သြစတြေးလျမှာ လက်ရှိတန်ချိန် ၄ သိန်းနီးပါးထုတ်လုပ်နေ ပါတယ်။ အာရှ၊ ဥရောပနဲ့အရှေ့အလယ်ပိုင်းဒေသတွေ စားသုံးဖို့ အဓိကတင်ပို့ပါတယ်။ သြစတြေးလျမှာ အဓိကစိုက်ပိုျးတဲ့ Field Pea  အုပ်စု (၄)စုရှိပါတယ်။ အဲဒါတွေကတော့..-Blue Round  (လူစားသုံးရန်)ီ- Dun Dimples (လူနှင့်တိရစ္ဆာန် စားသုံးရန်)-Maple Round  (ငှက်စာ၊ တိရစ္ဆာန်စာ)-White Round (အမှုန့်၊ အခြမ်း အဖြစ်လူစားသုံးရန်) Lupin             Lupin လူစားသုံးကြပြီး ပဲပုပ်နဲ့Dry Beans တွေနဲ့အလှည့်ကျ စားသုံးကြပါတယ်။ သွားရေစာလုပ်စားတယ်။ ဆော့စ်လုပ်ပြီးလည်း စားသုံးကြတယ်။ ၂ဝဝ၈-၂ဝဝ၉ မှာ တန်ချိန် ၄၈၄၃၂ဝ ထုတ်လုပ်နိုင် ရာက ၂ဝဝ၉-၂ဝ၁ဝ မှာ တန်ချိန် ၆၁၁၈၅ဝ အထိတိုးမြင့်ထုတ် လာနိုင်ခဲ့ပါတယ်။ Vetch           အများဆုံးသုံးတဲ့ Vetch  ပဲမျိုးတွေကတော့ Common Vetch၊ Purple Vetch  နဲ့Woolly-Pod Vetch  တို့ဖြစ်ပါတယ်။ သီးနံှတွေကို အလှည့်နဲ့စိုက်ပြီး မိုးကြိုစိုက်တဲ့အကျိုးကြောင့် ပြည်ပတင်ပို့မှုမှာ အခွင့် အရေးများပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ မှာ သြစတြေးလျပဲဟာ ၂ဝဝ၈- ၂ဝဝ၉ ထက် ၄ဝ ရာခိုင်နှုန်းပိုမြင့်လာပါတယ်။ ယခုနှစ်မှာ ၂ဝဝ၉- ၂ဝ၁ဝ ထက် ၂၅ ရာခိုင်နှုန်း ပိုများမယ်မှန်းထားပါတယ်။ ကုလားပဲ စိုက်ဧရိယာ ဒီနှစ်မှာ ၂၂ ရာခိုင်နှုန်း တိုးလာမယ် ခန့်မှန်းရပါတယ်။ သြစတြေးလျလည်း ၂ဝဝ၈-၂ဝဝ၉ က မိုးခေါင်မှုဒဏ်ကြောင့် သီးနံှ တွေ အရွယ်အစားသေးခဲ့ပါတယ်။ သြစတြေးလျရဲ့ ပဲမျိုးစုံကို အိန္ဒိယ၊ ပါကစ္စတန်၊ တရုတ်၊ အရှေ့အလယ်ပိုင်းဒေသနဲ့ ဘင်္ဂလားဒေ့ရှ်လို အာရှနိုင်ငံတွေကိုပို့ပါတယ်။ အိန္ဒိယနိုင်ငံဟာ သြစတြေးလျပဲတွေရဲ့ အဓိကဈေးကွက်ဖြစ်ပြီး၊ ကုလားပဲနဲ့ ပဲရာဇာကို အဓိက များများ တင်သွင်းပါတယ်။ ပဲထုတ်လုပ်မှုပုံသေဖြစ်၊ စိုက်ဧကတိုး၊ အထွက်တိုး အောင် လုပ်တော့လည်း ရာသီဥတုဒဏ်ခံရတာ များတဲ့အတွက် အိန္ဒိယနိုင်ငံဟာ နိုင်ငံတကာကပဲထုတ်လုပ်တဲ့ နိုင်ငံတွေကို မှီခိုနေ ရပါတယ်။            သြစတြေးလျနဲ့မြန်မာ အိန္ဒိယဈေးကွက်ကို အဓိကပြိုင်ရမယ့်ပဲ တွေကတော့ ကုလားပဲနဲ့ ပဲရာဇာပဲဖြစ်ပါတယ်။ မြန်မာတောင်သူများ အများစုရဲ့အလေ့အထက မျိုးကို သီးသန့်စိုက်ပျိုးထုတ်လုပ် ရွေးချယ် စိုက်ပျိုးတာမဟုတ်ဘဲ နှစ်တိုင်းစိုက်ပိုျးထွက်ရှိတဲ့ အထဲကနေဖယ်ပြီး မျိုးအဖြစ်ပြန်စိုက်ပျိုးရာက ကာလကြာသည့်အခါ Degenerate  ဖြစ်၊ မျိုးအရည်အသွေးတွေ ညံ့ဖျင်းလာပြီး အထွက်နှုန်းလျော့၊ အထွက် လျော့ ဖြစ်လာတာပါပဲ။ ကုလားပဲဆိုလည်း ဗွီတူးမျိုးက မျိုးညံ့ အလုံး သေးလာရာကနေ အခုဆို ကုလားပဲဖြူလုံးကြီးကို တန်ချိန် ထောင် ဂဏန်းပဲတင်ပို့နိုင်တဲ့ အခြေအနေရောက်နေပါပြီ၊ ပြည်တွင်း စားသုံးမှု များတဲ့အတွက်သာ တောင်သူတွေ၊ ကုန်သည်တွေ ခံသာနေတာပါ။ တခြားပဲလွန်းဖြူ၊ ပဲစင်းငုံတွေလည်း မျိုးပြောင်းဖို့လိုနေပါပြီ။ တလော တုန်းကတော့ သတင်းကောင်းလေး ကြားလိုက်ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့က မြန်မာ့ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်သည်မှ ပြည်တွင်းပြည်ပ ရောင်းချသည်အထိ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ဌာနဆိုင်ရာက တာဝန်ရှိသူတွေ၊ ပညာရှင်တွေ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ကုလားပဲအစုအဖွဲ့၊ ထောပတ်ပဲ၊ ပဲလွန်းနှင့် အခြားပဲအစု အဖွဲ့တွေ၊ အထူးပြုကုမ္ပဏီတွေ၊ ပြည်နယ် တိုင်းဒေသကြီးတွေက တောင်သူတွေတက်ရောက်ပြီး အားသွန်ခွန်စိုက် ဆွေးနွေးပြီးရှေ့ဆက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေကို အစီအစဉ်တကျ ဖော်ထုတ်ကြ တယ်လို့ သိရပါတယ်။            ဒါကြောင့် အထွက်နှုန်းတိုးဖို့၊ တစ်ဧကစိုက် ပိုျးထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချဖို့၊ မြန်မာ့ပဲတွေကို ပြည်ပတင်ပို့ရာမှာ အခြား ပဲတင်ပို့တဲ့နိုင်ငံတွေနဲ့ ဈေးနှုန်း၊ အရည်အသွေး ယှဉ်ပြိုင် ရောင်းချ နိုင်ဖို့အတွက် မြန်မာ့ပဲအများစုကို မျိုးပြောင်းလဲဖို့ လိုအပ်နေပါပြီလို့ ပဲနယ်ပယ်မှာ ကျင်လည်နေကြတဲ့ သက်ဆိုင်သူများသိနိုင်ဖို့ တိုက် တွန်းလိုက်ရပါတယ်။ ကြယ်ပြာပန်း