ချောင်းကိုပစ်၍ မြစ်ကိုရှာ မြန်ပြည်သူမရွှေထားuို မျက်နှာမထောက် တစ်ပြည်သူမရွှေထိုင်းနောက် လိုက်နေသော ကြက်သွန်နီ ဒီနေ့ရန်ကုန်မှာ ကြက်သွန်နီအလတ်စ တစ်ပိဿာ လက်ကားမြင်းခြံစ ၇ဝဝ ကျပ်၊ မြစ်သားစ ၁၃၅ဝ ကျပ်နဲ့ လက်လီဈေး ၁၅ဝဝ ကျပ်လောက်ရှိတာတွေ့ရပါတယ်။ ကြက်သွန်နီဈေး ဘာကြောင့်အခုလိုထိုးတက် တာလဲ စဉ်းစားမရ ဖြစ်ခဲ့ပါတယ်။ ၂ဝဝ၉-၂ဝ၁ဝ စိုက်ပိုျးရာသီမှာ ကြက်သွန်နီအထွက်နှုန်းကောင်းခဲ့တာ တောင်သူနဲ့ ကုန်သည်အားလုံးအသိပါ။ ပြည်တွင်းဈေးနှုန်းကြီးမှာစိုးလို့ ကြက်သွန်နီအသင်းက ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ပြည်ပ မပို့သေးဘဲ ယာယီရပ်ခဲ့တာပေါ့။ အဟောင်းကုန်ပြီး အသစ်မထွက်လို့ လက်ကျန်ပြတ်လပ်တာလဲ မရှိဘဲနဲ့ ကြက်သွန်နီဈေးတက်တာဟာ ဘာကြောင့်လဲ။၊ အိန္ဒိယနိုင်ငံမှာ ပြည်တွင်းကြက်သွန်နီဈေးနှုန်းမြင့်တက်လို့ ၂ဝ.၁၂.၂ဝ၁ဝ ရက်ကစပြီး ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းခဲ့ လို့ အိန္ဒိယကတင်သွင်းတဲ့နိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းတို့မှာ ကြက်သွန်နီလိုအပ် ချက်တွေ များလာခဲ့ပါတယ်။ အဲဒီအချက်ကို အခွင့်ကောင်းစောင့်နေတဲ့ ကုန်သည်အချို့ဟာ ထိုင်းနိုင်ငံဘက်ကို ကြက်သွန်နီတရားမဝင်စီးထွက်ခဲ့လို့ ပြည်တွင်း ကြက်သွန်နီဈေးနှုန်းဟာ မကြီးသင့်ဘဲ ကြီးခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာတစ်နှစ်ထိရန်ကုန်ကိုဝင်ရောက်မှုဟာ အနည်းဆုံးတစ်လ ပိဿာ ၁၄ သိန်းခွဲနဲ့ အများဆုံးပိဿာ သိန်း ၃ဝ ဖြစ်ပြီး ပျမ်းမျှပိဿာ ၁ ဒသမ ၈ သိန်းဖြစ်ပါတယ်။ ရန်ကုန်က ဧရာဝတီကို တစ်လ ပျမ်းမျှပိဿာ တစ်သိန်းကျော်၊ တနင်္သာရီကို ပိဿာ ၂ဝဝဝ ၊ မွန်ကို ပိဿာ ၁ ဒသမ ၉ သိန်း၊ ကရင်ကို ပိဿာ ၄ သောင်းကျော်နဲ့ အခြားတိုင်းများကို ပိဿ ၂ဝဝဝ ကျော် စီးထွက်ခဲ့ပါတယ်။ ရန်ကုန်တိုင်းရဲ့ တစ်လစားသုံးနှုန်းဟာ ၁၄ သိန်းဖြစ်လို့ လက်ကျန် ပျမ်းမျှ ၂ ဒသမ ၈ သိန်းဖြစ်ပါတယ်။ အလားတူ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလထိ မွန်ပြည်နယ်ကို ဝင်ရောက်မှုဟာ အနည်းဆုံး တစ်လပိဿာ ၇ သောင်းခွဲနဲ့ အများဆုံးပိဿာ ၁၅ သိန်းခွဲဖြစ်ပြီး ပျမ်းမျှပိဿာ ၁၂ သိန်းခွဲဖြစ်ပါတယ်။ မွန်မှ ကရင်ကို တစ်လပျမ်းမျှပိဿာ ၁ ဒသမ ၁ သိန်းကျော်နဲ့ တနင်္သာရီကို ပိဿာတစ်သိန်းကျော် စီးထွက်ခဲ့ပါတယ်။ မွန်ပြည်နယ်ရဲ့ တစ်လစားသုံးနှုန်းဟာ ပိဿာ ၆ သိန်းခွဲဖြစ်လို့ လက်ကျန်ပိဿာ ပျမ်းမျှ ၄ သိန်းဖြစ်ပါတယ်။ အဲဒီလက်ကျန်ပမာဏအတိုင်း ဈေးဆိုင်နဲ့ ကုန်သည်ထံမှာ မရှိရင် ဘယ်ပျောက်သွာလဲဆိုရင်တော့ တရားမဝင် မှောင်ခိုစီးထွက်သွားတာပေါ့လို့ ဖြေရမှာပဲ။ ကြက်သွန်နီစီးဆင်းတဲ့ ကိန်းဂဏန်းများဟာ မှောင်ခိုစီးထွက်မှုရှိတာကို ဖော်ပြနေပါတယ်။ ထိုင်းနိုင်ငံ မဲဆောက် ဘက်မှာ ကြက်သွန်နီတစ်ပိဿာ ၂ဝဝဝ ကျပ် (တစ်ကီလိုကို ၄၄ ဘတ်မှ ၄၉ ဘတ်) ဆိုတော့ ပြည်တွင်း ဈေးနှုန်းနဲ့ တစ်ပိဿာ ပျမ်းမျှ ကျပ် ၅ဝဝ မှ ကျပ် ၈ဝဝ အထိ ကွာခြားလို့ ဝိသမလောဘသမား ကုန်သည်အချို့ဟာ ပြည်တွင်းဈေး မြင့်လာမှာကို မကြည့်ဘဲ ငွေနောက်လိုက်ကာ တရားမဝင်မှောင်ခိုစီးထွက် နေတာကို တွေ့ရပါ တယ်။ မှောင်ခိုစီးထွက်မှု မရှိအောင် ဇန်နဝါရီလဆန်းပိုင်းက သံလွင်တံတား (ဘားအံ)မှာ ကြက်သွန်နီသယ်တဲ့ ကားတစ်စီးကို နောက်ကြောင်းပြန်လှည့် စေလွှတ်ပြီး၊ နောက်ကားတစ်စီးကို ဒေသအာဏာပိုင်အစီအစဉ်နဲ့ ဘားအံ မြို့ပေါ်မှာ ပြည်သူများ ဈေးနှုန်းသက်သာစေရေး အတွက် ပြန်လည်ရောင်းချ ပေးသလို မန္တလေးအထွက် (၁၆)မိုင် မှာလည်း လိုအပ်တာထက်ပိုတဲ့ အိတ်အရေအတွက်ထက်ပိုတဲ့ ကြက်သွန်နီ ကားတွေကို ပေးမဖြတ်တာတွေ့ရပါ တယ်။ ဒီလိုပညာပေးတားမြစ်နေတဲ့ထဲက မိမိကိုယ်ကျိုးတစ်ခုသာကြည့်ပြီး တရားမဝင်စီးထွက်မှုကို ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ ဘုရင့်နောင်ဈေးကွက်က ကြားသိရပါ တယ်။ ငရုတ်သီးနဲ့ပေါင်းမိမှ အထောင်းခံရတဲ့စကားပုံထဲက ကြက်သွန်နီဟာ ၅၇ သန်းသော မြန်မာပြည်သူတွေရဲ့မျက်နှာ ကိုမထောက်ထား ဦးရေသိန်းဂဏန်းမျှပင် မရှိတဲ့ ကြက်သွန်နီကုန်သည်ပွဲစား လောဘသားတို့ရဲ့ လောဘနဲ့ ပေါင်းမိပြီး တစ်ဖက်နိုင်ငံရဲ့ မျက်နှာကိုသာ ကြည့်နေရတဲ့အခြေအနေကြောင့် ''မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုတဲ့ စကားပုံထဲကလို မြန်မာ ပြည်သူအိမ်ရှင်မ မရွှေထားအတွက်တော့ မီးဖိုချောင်စရိတ်မြင့်တက်လို့ သောကပိုရတဲ့ အခြေအနေပါပဲခင်ဗျား။ T60
Background