Main menu

Background

အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်း (Establishing SEZs)

Thu, 02/17/2011 - 08:17 -- Anonymous (not verified)

အထူးစီးပွားရေးဇုန်များ တည်ထောင်ခြင်း (Establishing SEZs)                      နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းကြောင်းများရှာဖွေရာတွင် ထုတ်လုပ်မှုနှင့် ပို့ကုန်တိုးတက်စေရန် အထူးသဖြင့် စက်မှုကဏ္ဍတိုးတက်မှုအတွက် နည်းလမ်းများရှာဖွေ ရာတွင် အထူးစီးပွားရေးဇုန်များတည်ထောင်၍ ထုတ်လုပ်ရန် ကြိုးပမ်းလာခဲ့ကြသည်။SEZs ဆိုသည်မှာ ပထဝီဒေသတစ်ခုအတွင်း (သတ်မှတ်ထားသော ဦးစားပေးနယ်မြေ) ၌ နိုင်ငံတွင်းတွင် ပြဋ္ဌာန်း ကျင့်သုံးနေသော စီးပွားရေးဥပဒေများထက် လျော့ပေါ့ကာ အထူး အလေးပေးထားသောဥပဒေများဖြင့် စက်မှုစက်ဝန်းတစ်ခု ထူထောင် ထားခြင်းပင်ဖြစ်သည်။ ဤသို့ထူထောင်ရခြင်းမှာ နိုင်ငံခြားရင်းနှီး မြူပ်နံှမှုများလည်း တိုးတက်လာခြင်းမှတစ်ဆင့် နိုင်ငံစီးပွားရေးဖွံ့ဖြိုး မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်းတွေ့ရှိရသည်။                        အထူးစီးပွားရေးဇုန်များကို နိုင်ငံတကာတွငForeign Trade Zone (FTZ), Special Economic Zone (SEZ), Export Processing Zone (EPZ) စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသော် လည်း အဓိကအချက်မှာ သက်ဆိုင်ရာနိုင်ငံ၏ မက်ခရိုစီးပွားရေး မူဝါဒလုပ်ထုံးလုပ်နည်းများ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု မူဝါဒဥပဒေနှင့် လုပ်ထုံး လုပ်နည်းများတို့ကို ပြင်ဆင်ရန်မလိုဘဲ တည်ဆဲစည်းမျဉ်း ဥပဒေများနှင့် သီးခြားကင်းလွတ်သည့်ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက် သော နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုဇုန်များကို ဆိုလိုပေသည်။ သက်ဆိုင်ရာနိုင်ငံအသီးသီးအနေဖြင့် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ် ပေါ်လာရေးကို တစ်နိုင်ငံလုံးတွင် အကောင်အထည်မဖော်နိုင်သေးမီ ကြားကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုများကို ဆွဲဆောင်ရန် နိုင်ငံ တကာမှ လက်ခံထားသည့် ဈေးကွက်စီးပွားရေးစနစ်၏ စံအားလုံး ပါဝင်သော နယ်မြေဒေသတစ်ခုတွင် သီးခြားထူထောင်ပေးခြင်းဖြစ် သည်။နိုင်ငံတကာမှ SEZs အဓိပ္ပာယ်ဖွင့်ဆိုချက်များ(International Definitions)                    ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(United Nations Industrial Development Organization-UNIDO) ၏အဆိုအရ SEZ  ဆိုသည်မှာ နိုင်ငံတစ်ခုအတွင်း ပထဝီဝင် အနေအထားအရ သီးခြားခွဲထုတ်ထားသည့် အတန်အသင့် ဧရိယာကျယ်ဝန်းသော နယ်မြေဖြစ်သည်။ နိုင်ငံခြားပို့ကုန်လုပ်ငန်းကို ဦးစားပေးသော စီးပွား ရေးလုပ်ငန်းများကို ဆွဲဆောင်ရန်ရည်ရွယ်ပါသည်။ ထိုသို့ဆွဲဆောင်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ကျန်ဒေသများနှင့်မတူသော ရင်းနှီးမြှုပ် နံှမှု အထူးအခွင့်အရေးများနှင့် ကုန်သွယ်ရေးအခြေအနေတို့ကို ကမ်းလှမ်းကြသည်။ အထူးသဖြင့် EPZ ဇုန်တွင်း နိုင်ငံခြားသို့ တစ်ဆင့် တင်ပို့ရန် ပြုပြင်ထုတ်လုပ်မည့် တစ်ပိုင်းကုန်ကြမ်း (Semi finished goods) တင်သွင်းမှုများကို အကောက်ခွန်လွတ် အခြေခံအနေ အထားဖြင့် ဆွဲဆောင်ကြသည်။                     ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးကွန်ဖရင့် (United Nations Conference on Trade and Development- UNCTAD) ၏ အဆိုအရ SEZ များသည် နိုင်ငံတစ်ခု၏ အကောက် ခွန်နယ်မြေအတွင်း၌ရှိသော သီးခြားနယ်မြေအတွင်းမှ စက်မှုရပ်ဝန်း ဖြစ်သည်။ ၎င်းသည် နိုင်ငံတကာလေဆိပ်အနီး (သို့မဟုတ်) ဆိပ် ကမ်းအနီးအနားတွင် တည်ရှိတတ်ပါသည်။ ၎င်းဇုန်မျိုးမှ ထွက်ကုန် အားလုံးနီးပါးကို နိုင်ငံခြားသို့တင်ပို့သည်။ နိုင်ငံခြားပို့ကုန် ထုတ်လုပ် ရေးအတွက် လိုအပ်သောကုန်ကြမ်း၊ တစ်ပိုင်းကုန်ကြမ်း၊ လိုအပ် သောစက်ပစ္စည်းကိရိယာများ တင်သွင်းမှုသည် အကောက်ခွန်ကင်း လွတ်ခွင့်ရရှိ ကြသည်။             ကုလသမဂ္ဂဆိုင်ရာ နိုင်ငံစုံ ကော်ပိုရေးရှင်းများဗဟိုအဖွဲ့ (United Nations Centre on Transnational Corporation- UNCTC) ၏အဆိုအရ SEZ ဇုန်များသည် စက်မှုစီးပွားရေးရပ်ဝန်း များအဖြစ် ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပြီး၊ နိုင်ငံတစ်ခု၏ အကောက်ခွန်နှင့် ကုန်သွယ်ရေးအာဏာစက်ကင်းလွတ်ရာနယ်မြေ အဖြစ် သတ်မှတ်နိုင်သည်။ အချို့သောဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ မက်လုံးများကြောင့် နိုင်ငံခြားကုန်ထုတ်လုပ်သူများ၊ ပို့ကုန်အကျိုး အမြတ်အတွက် လာရောက်လုပ်ကိုင်ကြသောနေရာပင်ဖြစ်သည်။ ကမ္ဘာ့ဘဏ်(World Bank)၏ အဆိုအရ SEZ ဆိုသည်မှာ ၁ဝ ဟက်တာမှ ၃ဝဝ ဟက်တာအထိ ခြံစည်းရိုးခတ်ထားသော စက်မှုရပ်ဝန်းဖြစ်သည်။ နိုင်ငံခြားပို့ကုန်များ ထုတ်လုပ်ရေးကို အထူးပြုသည်။ ၎င်းဇုန်ဒေသမှ ထုတ်လုပ်ရေးကုမ္ပဏီတို့အား လွတ်လပ် သော ကုန်သွယ်မှုအခြေအနေများနှင့် လွတ်လပ်သော စည်းမျဉ်း ဆိုင်ရာ အခြေအနေများကို ဖန်တီးပေးထားသည်။ ကမ္ဘာ့နိုင်ငံခြားပို့ကုန် ထုတ်လုပ်ရေးဇုန်အသင်း (World Export Processing Zone Association-WEPZA) ၏ အဆိုအရ ှနဇ များသည် လွတ်လပ်သော ဆိပ်ကမ်းမြို့တော်၊ လွတ်လပ်သော ကုန်သွယ်ရေးဇုန်၊ အကောက်ခွန် လွတ်ငြိမ်းဇုန်၊ လွတ်လပ်သော စက်မှုဇုန် (သို့မဟုတ်) နိုင်ငံခြားကုန်သွယ်ရေး (သို့မဟုတ်) အခြား သော ပုံစံအမျိုးမျိုးဇုန်များကဲ့သို့ပင် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာ ပေးထားသည့်ဧရိယာများသာဖြစ်သည်။ ဇုန်ကောင်စီက အချိန်နှင့် အမျှ ဆုံးဖြတ်လုပ်ကိုင်နေရသောဒေသဖြစ်သည်။ အထူးစီးပွားရေးဇုန်များ ထူထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်(The Aims of Establishing EPZs)             အထူးစီးပွားရေးဇုန်များ(Special Economic Zones-SEZs)  နှင့် လွတ်လပ်သောကုန်သွယ်မှုဇုန် f (Free Trade Zones-FTZs) နှင့် ပို့ကုန်ဆင့်တက် ထုတ်လုပ်မှုဇုန် (Export Processing Zones- EPZs) ဟူ၍ အမျိုးမျိုးကွဲပြားနေသော်လည်း မည်သို့ဆိုစေ အဆိုပါ ဇုန်များသည် နိုင်ငံခြား (သို့မဟုတ်) ပြည်တွင်းကုန်စည်များသည် တရားဝင် အကောက်ခွန်လမ်းကြောင်း (Formal Customs entry)  ဖြတ်စရာမလိုဘဲ (သို့မဟုတ်) အစိုးရသို့ အခွန်ဆောင်ရန် မလို အပ်ဘဲ ကုန်စည်များ ရောင်းချနိုင်ခြင်းပင်ဖြစ်သည်။ ပို့ကုန်ဆင့်တက် ထုတ်လုပ်မှုဇုန် (EPZs) သည် ပို့ကုန်အတွက် ကုန်ထုတ်လုပ်ခြင်း(Manufacturing for export) အတွက် ရည်ရွယ်ပြီး လွတ်လပ်သော ကုန်သွယ်မှုဇုန(FTZs) သည် သွင်းကုန်ကို ကိုင်တွယ်ရန် ရည်ရွယ်သည်။ နောက်ဆုံးသုံးကုန်စည် (Final Product) ကိုတင်ပို့ပါ က အကောက်ခွန်ပေးရန်မလိုပါ။ထိုနောက်ဆုံးသုံးကုန်စည်ကို လက်ခံ နိုင်ငံ (Host Country) သို့တင်သွင်းပါက ၎င်းသည် အထူးအခွင့် အရေး (Preferential treatment) ကိုရရှိသည်။ ထို့ကြောင့်  FTZs ရော EPZs ကိုပါ  နိုင်ငံခြားစီးပွားရေးလုပ်ကိုင်ခြင်း လက်ခံမှုဇုန် (Foreign Access Zones-FAZs)  ဟုခေါ်ပြီး ၎င်းသည် ပို့ကုန် (Export) တိုးတက်ရန်ထက် သွင်းကုန် (Inport) ကို တိုးတက်စေသည်။ နိုင်ငံဒေသအသီးသီးတို့သည် နိုင်ငံခြားသား စီးပွားရေးလုပ် ငန်းကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နံှမှုများ ရရှိစေရန်၊ အကောက်ခွန်နှုန်း လျှော့ချခြင်း၊ အကောက်ခွန် ကင်းလွတ်ခွင့်ပေးခြင်း၊ ဘဏ္ဍာရေး ကဏ္ဍတို့အပါအဝင် ဆွဲဆောင်မှုများစွာ ဖြင့် ဆွဲဆောင်လေ့ရှိသည်။                   EPZ များထူထောင်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် ရင်းနှီး မြှုပ်နံှမှုကို ဆွဲဆောင်ရန်ဖြစ်ပြီး၊ ထိုသို့မလုပ်ပါက လက်တွေ့တွင် အောင်မြင်လာနိုင်စရာ မရှိသောကြောင့်ဖြစ်သည်။ နိုင်ငံများသည် ထိုကဲ့သို့သောရင်းနှီးမြှုပ်နံှမှုကို ပြုလုပ်ရသောအကြောင်းမှာ အောက် ပါအတိုင်းဖြစ်ပါသည်-- အလုပ်အကိုင်များဖန်တီး၍ လူနေမှုအဆင့်အတန်း မြှင့်တင်ရန်။- ကျွမ်းကျင်မှုနှင့် နည်းပညာသစ်များကို ဒေသခံပုဂ္ဂိုလ်များထံသို့ ပြောင်းလဲ ပေးရန်။- နိုင်ငံခြားပို့ကုန်များမြှင့်တင်ရေး။ (အထူးသဖြင့် သမားရိုးကျပို့ကုန်များအပြင် ပို့ကုန်အမိုျးအစားများ ခဲျ့ထွင် တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိရန်)                                                                                                                                              - စီးပွားဆက်ဆံရေးကွင်းဆက်များကို ဖန်တီး၍ ဇုန်အတွင်း ရင်းနှီးမြှုပ်နံှသူများထံသို့ ကုန်စည်နှင့် ဝန်ဆောင်မှုများပေး နေသော ဒေသခံလုပ်ငန်းရှင်များအား အဆင့်အတန်း မြင့်တက်စေရန်နှင့် ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန်။- နည်းပညာသစ်တစ်ခုစီကို မိတ်ဆက် ပေးရန်။- ဖွံ့ဖြိုးမှုနိမ့်ကျနေသော ဒေသများအား ပိုမိုဖွံ့ဖြိုးစေရန်။- မဟာဗျူဟာအရ အရေးပါသည်ဟု ယူဆသော စီးပွားရေး ကဏ္ဍများအား နိုးကြားလာစေရန် (ဥပမာ-အီလက်ထရွန်း နစ်၊ သတင်းနှင့်နည်းပညာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အခြေခံလမ်းပန်းနှင့် သတင်း ဆက်သွယ်ရေး စနစ်၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး) တို့ဖြစ်ပါသည်။SEs  များ၏ အုပ်ချုပ်ရေးကဏ္ဍ(The Role of Administration in SEZs)           SEZs  များ၏ အုပ်ချုပ်ရေးကဏ္ဍတွင် အစိုးရဌာနအသီးသီး သည် ပုံစံအမျိုးမျိုးဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လျက်ရှိသည်။ ဆောင်ရွက်မှုအားလုံးတွင် အကောက်ခွန်အာဏာပိုင် အဖွဲ့ဝင်များ သည် တာဝန်ယူမှုတစ်ရပ်အနေဖြင့် တိုက်ရိုက်ပါဝင် ပတ်သက်နေ သည်။ သို့ရာတွင် စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့ကို ကျော်လွန်၍ နိုင်ငံပေါင်းများစွာတွင် သီးခြားအဖွဲ့အစည်းဆန်ဆန် ဖွဲ့ထားသည့် အခြားသောဌာနများလည်းရှိသည်။ လူမှုအဖွဲ့အစည်းများ၊ လူမှုရေး နှင့်အလုပ်သမားရေးရာ၊ အမျိုးသမီးရေးရာ စသည်တို့ဖြစ်သည်။ ဇုန်အာဏာပိုင်အဖွဲ့အစည်းများသည် ယေဘုယျအားဖြင့် ရင်းနှီးမြှုပ်နံှ သူများအား တစ်ကြိမ်လာရောက်စမ်းသပ် ရင်းနှီးမြှုပ်နံှရန် ဆွဲဆောင် ခွင့်ပြုလျက်ရှိကြသည်။ ရိုးရှင်းသောလုပ်နည်းမှာ ကုမ္ပဏီတစ်ခုအနေ ဖြင့် လိုအပ်သော အတည်ပြုချက်များဖြင့် ဆက်လက်ပြုလုပ်ရမည့် လုပ်ထုံးလုပ်နည်းများကို ဆက်တိုက်ပြုလုပ်သွားနိုင်ရန် စီစဉ်ပေး ထားခြင်းဖြစ်သည်။                စီးပွားရေးဇုန်များ၌ လာရောက်ရင်းနှီးမြှုပ်နံှသူများသည် များ သောအားဖြင့် ကုန်ထုတ်သူများ၏ အဖွဲ့အစည်းများကို မိမိတို့ ထုတ်လုပ်သော ကုန်ပစ္စည်းများကဏ္ဍအလိုက် ဖွဲ့စည်းကြသည်။ (ဥပမာ-အထည်အလိပ် လုပ်ငန်းရှင်များအဖွဲ့၊ အီလက်ထရောနစ် လုပ်ငန်းရှင်များအဖွဲ့ စသည်တို့ဖြစ်ကြသည်။) တစ်ခါတစ်ရံ မိမိတို့ ဒေသခံနိုင်ငံများအပေါ်မူတည်၍ဖွဲ့စည်းကြသည်များလည်းရှိပါသည်။                    ကဏ္ဍအလိုက် ဖွဲ့စည်းထားသော အဖွဲ့အစည်းများ သည် အလုပ်သမား ခန့်ထားရေးကဲ့သို့သော ကိစ္စမျိုးတွင် ကူညီပေးသည့် ဆပ်ကော်မတီအဖွဲ့များလည်း ဖွဲ့ကြပါသည်။ အသွင်အပြင်အားဖြင့် ပြည်ပပို့ကုန်ထုတ်လုပ်ရေးဇုန်များသည် အခြားသော စက်မှုဇုန်၊ စက်မှုရပ်ဝန်းများနှင့် အတူတူပင် ဖြစ်ပါသည်။ စက်ပစ္စည်းကိရိယာနှင့် ထုတ်လုပ်ရေးပစ္စည်း များသည် ပြည်တွင်းစီးပွားရေး ထုတ်ကုန်ပစ္စည်းများထက် သာလွန်ကောင်းမွန်နေသည်ကို တွေ့ရပါသည်။ လမ်းပန်း ဆက်သွယ်ရေးနှင့် သတင်းဆက်သွယ်ရေး အခြေခံလိုအပ်ချက်များသည် ဇုန်ပြင်ပအခြေအနေများထက် ပိုမိုခေတ်မီပြီး၊ အခြေခံအားဖြင့် ပြည့်စုံသည်ကို တွေ့ရသည်။ ပုဂ္ဂလိကပိုင် စီးပွားရေးဇုန်များ ဖွံ့ဖြိုးတိုးတက်ရန် အားပေးသော နိုင်ငံ များတွင် စီးပွားရေးဇုန်များအတွင်းနှင့် ပြင်ပစက်ရုံအနေ အထားကွာခြားချက်မှာ ပို၍ကြီးမားသည်ကို တွေ့ရပါသည်။ သို့ပါ၍ ဇုန်၏အခွင့်အရေးများကို ဇုန်အတွင်းသာ အသုံးပြု နိုင်စေရန်၊ အလွဲသုံးစား မဖြစ်စေရန် ဇုန်အုပ်ချုပ်ရေးမှာ အရေးပါသောကဏ္ဍတွင် ပါဝင်နေပေသည်။Think Global, Act Local  ပုံစံဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်              သိပ္ပံနှင့် နည်းပညာများ တိုးတက်ပြောင်းလဲမြန်ဆန်လွန်းသော ယနေ့ခေတ်တွင် Globalization  နှင့်အညီ လိုက်ပါဆောင်ရွက်လုပ်ကိုင်နိုင်ရန် အရေးကြီးပါသည်။ နိုင်ငံ များသည် အခြားနိုင်ငံများ၏ ဖွံ့ဖြိုးမှုအတွေ့အကြုံကို လေ့လာပြီး မိမိတို့နိုင်ငံ နောက်ကျမကျန်ရစ်စေရန် နိုင်ငံတကာနှင့် စီးပွားရေးဆက်ဆံမှုများပြုလုပ်၍ နိုင်ငံခြား တိုက်ရိုက်ရင်း နှီးမှုများဖိတ်ခေါ်ပြီး နိုင်ငံတကာအရင်းအနှီးများ စီးဆင်း အောင် ကြိုးပမ်းလျက်ရှိကြပါသည်။ စီးပွားရေးကဏ္ဍ လွတ် လပ်မှုကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုများ လွတ်လပ်စွာဆောင်ရွက်နိုင်ကြပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လျင်မြန်ကာ လူနေမှုအဆင့်အတန်းမြင့်မားလာသည့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့သည်လည်း သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ယင်းကဲ့သို့ လွတ်လပ်မှုများရရှိနိုင်ရေးအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ စည်းမျဉ်းဥပဒေ၊ လုပ်ထုံးလုပ်နည်း ကန့်သတ်ချက်များ လျော့ကျဖယ်ရှားရေး စသည်ဖြင့် ဖြေလျော့မှု(Liberalization)  ပြုရန် လိုအပ်လာပါသည်။ နိုင်ငံ တိုင်းသည် မိမိနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအား(Liberalization)  နှင့်အညီ ဆောင်ရွက်ရာတွင် Think Global, Act Local  ပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ထိုသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နံှမှုများကို ဆွဲဆောင်ရာတွင် မည်သည့်ပြည်တွင်း ပြည်ပလုပ်ငန်း အဖွဲ့အစည်းမဆို ၎င်းတို့ အကျိုးအမြတ်မရှိဘဲ လုံလောက်သော ဆွဲဆောင်မှု၊ မက်လုံးမပါဘဲ စီးပွားရေးလာရောက်လုပ်ကိုင် ကြမည်မဟုတ်ပါ။ မိမိတို့၏ အမျိုးသားအကျိုးစီးပွားကိုလည်း မထိခိုက်စေရန် နှစ်ဦးနှစ်ဖက် အကျိုးစီးပွားမျှတစွာ ဆောင်ရွက်မှသာလျှင် Win Win Theory  အရ လာရောက်လုပ် ကိုင်ကြမည်ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေး အခြေအနေကို လေ့လာကြည့်လျှင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နံှမှု(FDI)အတွက် ဆွဲဆောင်မှု မက်လုံး များကို အပြိုင်အဆိုင်ပေးခြင်းဖြင့် ဆွဲဆောင်လျက်ရှိပါသည်။               အခြေခံအဆောက်အအုံများ ကောင်းမွန်ရန် နိုင်ငံတကာ၏ အောင်မြင်လျက်ရှိသော စီးပွားရေးဇုန် များကို လေ့လာရာတွင် ၎င်းနေရာများသည် ပြည်ပပို့ကုန်လုပ်ငန်းနှင့် ပြည်တွင်းသွင်းကုန် လုပ်ငန်းနှစ်ခုလုံးအတွက် လွယ် ကူစွာ ဆက်သွယ်နိုင်သည့် လမ်းကြောင်းများရှိရန် လိုအပ်ကြောင်း တွေ့ရပါသည်။ များသောအားဖြင့် အထူးစီးပွားရေး ဇုန်များသည် မဟာဗျူဟာမြောက် တည်နေရာ၊ အနေအထား ကောင်းမွန်ရန်လိုအပ်ပြီး ပထဝီအနေအထားအရ ၎င်းနေရာ များတွင် လေယာဉ်ကွင်းများ၊ ရေနက်ဆိပ်ကမ်းများနှင့် အဝေးပြေးလမ်းမကြီးများ စသည့် အခြေခံအဆောက်အအုံများ (Infrastructures) ကောင်းမွန်ရန် လိုအပ်ပါသည်။ ထုတ်ကုန်လုပ်ငန်းအခြေခံသည့် အထူးစီးပွားရေးဇုန်များ တည်ဆောက်မည်ဆိုပါက ၎င်းနေရာသို့ အုပ်ချုပ်ထောက်ပံ့မှု အပိုင်းဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဝင်လမ်း ထွက်လမ်း ကောင်းမွန်ရန် လိုအပ်ပါသည်။ ၎င်းအပြင် ဆောက်လုပ်မည့်လုပ်ငန်းအမျိုးအစားကိုလိုက်၍ လျှပ်စစ်နှင့် ရေပေးရေးစနစ်၊ ရေဆိုးရေညစ်များထုတ်ခြင်း ကိစ္စရပ်၌ သန့် စင်ရေးစနစ်များကောင်းမွန်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ ကျန်းမာရေးဆိုင်ရာ လေထုညစ်ညမ်းမှုနှင့် ဆူညံ သံများ စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက် အပြည့်အစုံအား စဉ်းစားဆောင်ရွက်ရန် ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နံှသူတို့ဘက်မှ အကဲဖြတ်ချက်           ရင်းနှီးမြှုပ်နံှသူတို့ဘက်မှ အကဲဖြတ်သည့် အခြေအနေများမှာ ဇုန်တစ်ခု၏ ဖြစ်နိုင်ခြေအလားအလာနှင့် ယှဉ်ပြိုင် နိုင်သော အားသာချက်များကို ဂရုတစိုက် သုံးသပ်ကြခြင်းပင် ဖြစ်သည်။ အထူးသဖြင့် မဟာဗျူဟာမြောက် တည်နေရာ တွင်ရှိခြင်း၊ ကျွမ်းကျင်လုပ်သား ရရှိနိုင်ခြင်း၊ သဘာဝသယံ ဇာတ အရင်းအမြစ် ပေါြွကယ်ဝခြင်း၊ အကုန်အကျသက်သာ သည့် စွမ်းအင်အရင်းအမြစ်ရှိခြင်းနှင့် ထိုကဲ့သို့သော အထူး စီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နံှရန်လိုအပ်သည့် ရေရှည် လုပ်ငန်း ရှိ/မရှိ၊ ဆွဲဆောင်မှု မက်လုံးများ၏ အနေအထား၊ ဈေးကွက်ရှာဖွေခြင်း စသည့် အချက်အလက်များအပေါ်မူတည်၍ ဆုံးဖြတ်ကြသည်။             ကမ္ဘာ့စီးပွားရေးတွင် ကုန်ထုတ်လုပ်ငန်း ယှဉ်ပြိုင်မှု သည် ''လျင်မြန်မှု''၊ ''အရည်အသွေး''နှင့် ''ဈေးနှုန်း''အပေါ်တွင် မူတည်ပြီး အဆိုပါလုပ်ဆောင်ချက်များ ချောမွေ့စေရန်နှင့် ဇုန်များအောင်မြင်မှု၏ အဓိကသော့ချက်မှာ သက်ဆိုင်ရာ အစိုးရများမှ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်သမားဆက်ဆံရေး မဟာဗျူဟာကိစ္စရပ်များ ပိုမို အဆင့်မြင့်လာစေရန်တို့ပင်ဖြစ်သည်။ နိုင်ငံများစွာတို့သည် လုပ်ခလစာ ပေါပေါရရှိခြင်းကို ရင်းနှီးမြှုပ်နံှမှု၏ အဓိက မက်လုံးဆွဲဆောင်မှုအဖြစ် ယခုအချိန်အထိ ဆက်လက် ဆောင်ရွက်ဆဲပင်ဖြစ်သည်။ သို့သော်၎င်းတို့သတိမမူမိသော အချက်မှာ ထိုသို့ဆွဲဆောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နံှမှု အရည်အသွေးအနိမ့်စားကိုသာ ရရှိနိုင်မည်ဖြစ်သည်။ ထိုသူတို့သည် ကမ္ဘာ့ပြိုင်ဆိုင်မှု (World competitiveness) ၌ အောင်မြင်မှုအနည်းငယ်နှင့် စဉ်ဆက်မပြတ်အောင်မြင်မှုရရှိရန် အခွင့် အရေးနည်းပါးမည်သာဖြစ်သည်။           ကမ္ဘာ့စီးပွားရေးကဏ္ဍတွင် ထိထိရောက်ရောက် အောင်မြင်စွာ လုပ်ကိုင်နိုင်သော ကုမ္ပဏီတို့ကမူ ကောင်းမွန် သောအလုပ်သမားများကိုသာ ရှာဖွေလျက်ရှိကြပြီး ပြောင်းလဲတိုးတက်နေသော နည်းပညာကို အမှီလိုက်နိုင်မည့်သူ၊ ထုတ်လုပ်မှုဆိုင်ရာ ဖွဲ့စည်းမှုများကိုလည်း အလျဉ်းသင့်သလို ပြောင်းလဲနိုင်မည့်သူကို ရှာဖွေခန့်ထားလျက်ရှိကြသည်။ ထို ကုမ္ပဏီများသည် ၎င်းတို့၏ကျွမ်းကျင်ပြီး အတွေ့အကြုံရှိ သော အလုပ်သမားထုကို ထိန်းထားလိုကြသည်။ အလုပ်ပျက် ကွက်မှု၊ ငြီးငွေ့မှု၊ အခြားသော ပဋိပက္ခများကို ရှောင်ရှားလိုကြသည်။ ဇုန်နယ်မြေများသည် အဆင်အတန်းမြင့် လူသား အရင်းအမြစ်များကို အလိုရှိကြပြီး အထူးသင်တန်းများပေးခြင်း၊ အလုပ်သမားဆက်ဆံရေးအနေအထားများမြှင့်တင် ခြင်းဖြင့် ရင်းနှီးမြှုပ်နံှသူများအနေဖြင့် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းသို့ ရောက်ရှိသွားနိုင်မည်ဖြစ်ပါသည်။ နိုင်ငံ တကာ စီးပွားရေးပြိုင်ဆိုင်မှုသည် ပိုမိုပြင်းထန်လာပြီး ဇုန်နယ်မြေအတွင်းရှိ လုပ်ငန်းများအား ထုတ်လုပ်မှုလျင်မြန်ရန်နှင့် တိုးတက်မြင့်မားရန် တွန်းအားပေးလျက်ရှိရာ သင့်တင့် လျောက်ပတ်သော ကျွမ်းကျင်လုပ်သား၊ ပညာပိုသုံးရသော အလုပ်သမားများရရှိရေးမှာ ပိုမိုအရေးပါလာပါသည်။SEZနှင့် နိုင်ငံ၏ လူမှု-စီးပွားရေး                   ထို့ကြောင့် ှSEZ များသည် ပြည်တွင်း၊ ပြည်ပစီးပွားရေး အဆောက်အအုံများကို ပိုမိုချိတ်ဆက်ပူးပေါင်းမှုများဖြစ် ပေါ်စေပြီး ရင်းနှီးမြှုပ်နံှမှုများ၊ အလုပ်အကိုင် အခွင့်အလမ်း များနှင့် ထုတ်လုပ်မှုများ တိုးတက်ခြင်းမှတစ်ဆင့် နိုင်ငံ၏ လူမှု-စီးပွားရေးတိုးတက်မှုတို့ကို များစွာအထောက်အကူပြု စေမည်ဖြစ်ပါသည်။