ဂျပန်၏ ပျက်စီးဆုံးရှုံးမှုများကြောင့် သီးနံှဈေးကွက်ဈေးကျနေ ဂျပန်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ချီကာဂို ကုန်သွယ်ရေး အသင်း (CBOT) ရဲ့ လယ်ယာထွက်ကုန် ပစ္စည်းအလားအလာ မကောင်းကြောင်း သိရပါတယ်။ မေလအတွက် ပြောင်းစာခုျပ် ဈေးနှုန်းက ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဘူရှယ်ကို ၆ ဒသမ ၆၄ ဒေါ်လာကိုရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ပြောင်းဈေးနှုန်းက ၃၁ လအတွင်း အမြင့်ဆုံးကိုရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလ မှာ တစ်ဘူရှယ်ကို ၇ ဒသမ ၄၄ ဒေါ်လာကို ရောက်ရှိ ခဲ့ကြောင်း သိရပါတယ်။ ပဲပုပ်ရဲ့ မေလစာချုပ်ဈေးနှုန်းက ၁ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ၁၃ ဒသမ ၃၄၅ ဒေါ်လာရှိပြီး ဆန်စာခုျပ်ဈေးနှုန်းက ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး ပေါင် ၁ဝဝကို ၁၃ ဒသမ ဝ၁ ဒေါ်လာကို ရောက်ရှိခဲ့ပါတယ်။ ကော်ဖီ ဈေးနှုန်းက မေလအတွက် ၂ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းပြီး တစ်ပေါင်ကို ၂ ဒသမ ၇၄ ဒေါ်လာကိုရောက်ရှိလာသလို ကိုကိုးဈေးနှုန်းကလည်း ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး တစ်တန်ကို ၃၄၂ဝ ဒေါ်လာရှိကြောင်းသိရပါတယ်။ တရုတ်ရဲ့ ဝယ်လိုအားကြောင့် ဖေဖော်ဝါရီလဆန်းမှာ တစ်ဘူရှယ်ကို ၁၄ ဒသမ ၅ ဒေါ်လာအထိ ဈေးရခဲ့ကြောင်း သိရပါတယ်။ ဂျပန်က လွန်ခဲ့တဲ့နှစ်မှာ အမေရိကန် ထံမှ ပဲပုပ် တန်ချိန် ၂ ဒသမ ၃၄ သန်းနဲ့ ဆန်တန်ချိန် ၃၈၈၉ဝဝ တန်ဝယ်ယူခဲ့ပြီး အကြီးဆုံးပြောင်းဝယ်လက် ဖြစ်ခဲ့တယ်လို့(USDA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။ ဂျပန်နိုင်ငံရဲ့ မြေငလျင်နဲ့ ဆူနာမီကြောင့် ဂျပန်စိုက်ပိုျးရေး ထုတ်လုပ်မှု ဧရိယာတော်တော် များများ ပျက်စီးခဲ့ရပါတယ်။ ဒီပျက်စီးဆုံးရှုံးမှုက ပိုပြီးကျယ်ပြန့်လာပြီး ဂျပန်သီးနံှ ကုန်သွယ်ရေးကို ထိခိုက်စေနိုင်ကြောင်း ထုတ်ပြန် ကြေညာချက်များအရ သိရပါတယ်။ ဂျပန်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းဖြစ်တဲ့ ကုရှီယို၊ ဟချီနိုဟီ၊ အိချိနို၊ မဂိနဲ့ကရှိမ ဆိပ်ကမ်းတွေက ဆူနာမီကြောင့် ထိခိုက်ခဲ့ရပါတယ်။ ဒါ့အပြင် အစားအစာ ထုတ်လုပ်တဲ့ စက်ရုံတွေနဲ့ မွေးမြူရေးလုပ်ငန်းတွေပါ ပျက်စီးခဲ့ပါတယ်။ အဲဒီထိခိုက်မှုတွေက မြေငလျင်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်တာမဟုတ်ဘဲ ဆူနာမီကြောင့် ထိခိုက်တာဖြစ်ကြောင်း ဂျပန်မှပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။ ဒီထိခိုက်မှုက စိုက်ပျိုးရေး ကဏ္ဍကို ဘယ်လောက် အကျိုးသက်ရောက်စေမယ်ဆိုတာ ပြောဖို့ စောသေး ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ Source: Commodity Online, KZW
Background