Main menu

Background

ဗီယက်နမ် လတ်ဆတ်သစ်သီး ပြည်ပတင်ပို့မှု အခက်အခဲများနဲ့ ရင်ဆိုင်နေရ

Thu, 03/31/2011 - 09:02 -- Anonymous (not verified)

ဗီယက်နမ် လတ်ဆတ်သစ်သီး ပြည်ပတင်ပို့မှု အခက်အခဲများနဲ့ ရင်ဆိုင်နေရ               ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်များဟာ ၎င်းတို့ရဲ့ ထုတ်ကုန်များ ငြင်းပယ်ခံရမှုနဲ့ ကြုံတွေ့နေရတဲ့ အတွက် ၎င်းတို့ကုန်များကို လျှော့ဈေး နဲ့ ရောင်းချရောင်း ဒါမှမဟုတ် တရုတ် နိုင်ငံကို တင်ပို့ရမယ့် အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။ ၂ဝ၁၁ ခုနှစ် အစပိုင်းကစပြီး ဗီယက်နမ်လတ်ဆတ် သစ်သီးများဟာ ကမ္ဘာ့ ွGAP  စံချိန် စံညွှန်းနဲ့မမီဘူးဆိုပြီး ဥရောပနိုင်ငံများစွာက တင်သွင်းမှု ရပ်ဆိုင်းခဲ့တဲ့အတွက် ဈေးနှုန်းတွေ ကျဆင်းခဲ့ရပါတယ်။ ဂရိတ်ဖရုသီးဈေးဟာ တစ်ကီလိုကို ဒေါင် ၁ဝဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၄၈)ကျဆင်းပြီး ဒေါင် ၁၈ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၈၆) ဖြစ်လာပြီး တရုတ်လိုင်ချီး (Longan)  သီးက တစ်ကီလို ဒေါင် ၁၂ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၅၈) ကို ဒေါင် ၈ဝဝဝ (ကန်ဒေါ်လာ ဝ ဒသမ ၃၈) ကျဆင်းခဲ့တယ် လို့ သိရပါတယ်။ ဥရောပကို သစ်သီး တင်ပို့ခြင်းက သီးနံှတန်ဖိုးကို မြင့်တက်စေပြီး တောင်သူနဲ့ တင်ပို့သူများ အကျိုးအမြတ် ပိုမိုရရှိစေတယ်လို့ တောင်ပိုင်းသစ်သီးသုတေသနတက္ကသိုလ် ဒါရိုက်တာ Nguyen Minh Chau က ပြောကြားပါတယ်။ အကယ်လို့ ဗီယက်နမ်အနေနဲ့ လျှော့ဈေးဈေးကွက်တွေကို မီခိုနေမယ်ဆိုရင် စိုက်ပျိုးသူများ ဆုံးရှုံး နိုင်တယ်လို့ ဆိုပါတယ်။                 လတ်တလော ဥရောပဈေးကွက်များက ဗီယက်နမ်က ဂရိတ်ဖရုသီး၊ ငှက်ပျော၊ သင်္ဘောသီး၊ နဂါးမောက်သီး နဲ့ သရက်သီးလို အပူပိုင်းသစ်သီးတွေကို ဝယ်လိုကြပါတယ်။ ဒါပေမဲ့ ၎င်းတို့ အနေနဲ့ အကောင်းဆုံးအဆင့်မြင့် စားသုံးတဲ့ ဈေးကွက်အတွက် စဉ်းစားပြီး သစ်သီးအားလုံးကို ကမ္ဘာ့ ွGAP စံချိန်မီ စေ လိုကြပါတယ်။ ဒါကြောင့် အစိုးရ အနေနဲ့ ပြည်ပဈေးကွက်ခဲျ့ထွင်ဖို့နဲ့ တောင်သူအကျိုးအမြတ် တည်ငြိမ်စေရေးတို့အတွက် ကမ္ဘာ့ GAP စံချိန် စံညွှန်းအတိုင်း ထုတ်လုပ်ဖို့ တောင်သူများကို မူဝါဒများအကြံဉာဏ်ပေးသင့် တယ်လို့ Minh Chau  က အကြံပြု ထားပါတယ်။                                                                                     ယမင်းခင် Source: VOVnews.Un