Main menu

Background

လက်တလော ကမ္ဘာ့စားအုန်းဆီဈေးကွက် နဲ့ အလားအလာ

Tue, 04/05/2011 - 06:20 -- Anonymous (not verified)

လက်တလော ကမ္ဘာ့စားအုန်းဆီဈေးကွက် နဲ့ အလားအလာ                    စားသုံးဆီအတွက်သာမက မာဂျရင်း၊ ချောကလက်စတဲ့ စားသောက်ကုန်မှအစပြုပြီး အလှကုန်ပစ္စည်းများနဲ့ ဇီဝ လောင်စာ အတွက်ပါ အသုံးဝင်တဲ့ စားအုန်းဆီကို ကမ္ဘာတစ်ဝန်းဝယ်လိုအား ကြီးထွားမှုက မြန်ဆန်လို့နေပါတယ်။ အထူးသဖြင့် သဘာဝတွင်း ထွက်လောင်စာဆီရှားပါးမှုတွေ ကြုံတွေ့လာရတာနဲ့အမျှ ဇီဝ လောင်စာ အတွက်ဝယ်လိုအားကလည်း ပိုလို့လာနေမှာဖြစ်ပါတယ်။ ဝယ်လိုအားတက်လာတာနဲ့အညီ ရာသီဥတုအခြေအနေတွေ၊ သဘာဝဘေးဒဏ်တွေအရ ထုတ်လုပ်မှု တိုးတက်အောင် လိုက်မထုတ်နိုင်ဘူးဆိုရင် ကုန်ဈေးနှုန်းတွေက ဖောင်းပွမြင့်တက်နေဦးမှာ ပဲဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် အခင်းအကျင်း                  ၂ဝ၁၁ ရဲ့ ကမ္ဘာ့စားအုန်းဆီဈေးကွက်အခင်းအကျင်းကို လေ့လာကြည့်မယ်ဆိုရင် အများဆုံးထုတ်လုပ်တဲ့ အင်ဒို နီးရှားနဲ့ မလေးရှားတို့မှာ ၂ဝ၁ဝ နှစ်ကုန်ပိုင်းက လာနီညာကြောင့် မိုးရွာသွန်းခဲ့ လို့ စားအုန်းဆီထုတ်လုပ်မှုထိခိုက်ခဲ့ပြီး ပဲပုပ်ဆီအများဆုံးထုတ်လုပ်တဲ့ အာဂျင်တီးနားမှာလည်း ရာသီဥတုပူပြင်းခြောက်သွေ့လို့ ပဲပုပ် အထွက်လျော့တဲ့ အခြေအနေတွေအရ ၂ဝ၁၁ နှစ်ဆန်းမှာ ၃ နှစ် ကျော်အတွင်း စားအုန်းဆီဈေးဟာ ပထမအကြိမ်အနေနဲ့ ပဲပုပ်ဆီ ဈေးထက် မြင့်တက်ခဲ့ပါတယ်။ ဇန်နဝါရီပထမပတ်ထဲမှာ သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန်ကန်ဒေါ်လာ ၁၂၂ဝ ကျော်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအချိန်မှာဘဲ ဖေဖော်ဝါရီလဆန်း မှာ ကျရောက်မယ့် တရုတ်နှစ်ကူးပွဲတော်အတွက် ဝယ်လိုအားတက်နိုင်လို့ တစ်တန်ကို ရင်းဂစ် ၄ဝဝဝ (ကန်ဒေါ်လာ ၁၃ဝ၈) ထိမြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်းခဲ့ကြပါသေးတယ်။                 ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း တရုတ်နိုင်ငံရဲ့ ငွေကြေးမူဝါဒတင်းကျပ်ခဲ့ပေမဲ့ တရုတ်နိုင်ငံရဲ့ ပဲပုပ် ဝယ်လိုအားခိုင်မာမယ့် အလားအလာများအရ စားအုန်းဆီဈေးကလည်း တက်ပြီးရင်း တက်လာခဲ့ကာ သန့်စင်ပြီး စားအုန်းဆီဈေးက တစ်တန် ၁၂၉ဝ ဒေါ်လာကိုရောက်ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလလယ်ပိုင်းမှာ ရေနံ ထုတ်လုပ်တဲ့ လစ်ဗျားမှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရေနံဈေးနှုန်း တွေ မြင့်တက်လာခဲ့တာနဲ့အမျှ ဘိုင်အိုဒီဇယ်နဲ့ဆက်စပ်နေတဲ့ သန့်စင်ပြီး စားအုန်းဆီဈေးကလည်း တစ်တန်ကို ကန်ဒေါ်လာ ၁၃ဝဝ နီးပါးအထိမြင့်လာခဲ့ပါတယ်။ အထူးသဖြင့် ရင်းနှီးမြှုပ်နံှသူတွေ က စိုက်ပျိုးရေးကုန်စည်တွေကို ယုံကြည်မှုခိုင်မာလာခဲ့တဲ့အတွက် ဈေးပိုလာတာလို့လည်း ဆစ်ဒနီအခြေစိုက် ကုန်စည်လေ့လာ ဆန်းစစ်သူတွေက ဆိုပါတယ်။ ပထဝီနိုင်ငံရေးတင်းမာမှုနဲ့ စားအုန်းဆီ                            အနောက်အာရှနဲ့ မြောက်အာဖရိကနိုင်ငံတွေမှာ မသေချာတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဇီဝလောင်စာအတွက် စားအုန်းဆီဝယ်လိုအားဟာ အနည်းဆုံးတန်ချိန် ၂ ဒသမ ၅ သန်း အထိ တိုးနိုင်တယ်လို့ မတ် လ ၇ ရက်ကနေ ၉ ရက်အထိကျင်းပတဲ့ စားအုန်းဆီညီလာခံနဲ့ ၂ဝ၁ဝ ပြပွဲမှာလည်း လေ့လာဆန်းစစ်သူ တွေက သုံးသပ်ထားတာ တွေ့ရပါတယ်။ ရေနံဈေးနှုန်းမြင့်တက်မှု၊ စားအုန်းဆီလက်ကျန်နည်းပါးမှုနဲ့ ဝယ်လိုအားတိုးတက်မှုတွေအရ စားအုန်းဆီကြမ်းဈေးနှုန်းက စံချိန်သစ်တင်လောက်တဲ့အထိ မြင့်တက် နိုင်တယ်လို့လည်း ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ယေဘုယျဘဏ္ဍာ ရေးအခြေအနေ ကျဆင်းတာမိုျးနဲ့ ရုတ်တရက်ဈေးကွက်ကျသွားတာ မိုျး မရှိ ဘူးဆိုရင် ဒီနှစ်ရဲ့ စားအုန်းဆီကြမ်းဈေးနှုန်းက ရင်းဂစ် ၃ဝဝဝ (ကန်ဒေါ်လာ ၉၈၉) အောက်ရောက်နိုင်မှာမဟုတ်ဘူးလို့ လည်း ဆိုခဲ့ကြပါတယ်။ ဆူနာမီနဲ့ စားအုန်းဆီ                      အဲဒီလိုဈေးနှုန်းမြင့်တက်နေတဲ့အချိန်မှာ မမျှော်လင့်ပဲ ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီဖြစ်ပွားခဲ့ပြီး ကုန်စည်ဈေးနှုန်းတွေ ကျဆင်းခြင်းနဲ့အတူ စားအုန်းဆီဈေးလည်း လိုက်ပါကျဆင်းခဲ့ရပြန်ပါတယ်။ ဂျပန်နိုင်ငံဟာ လစဉ် စားအုန်းဆီတန်ချိန် ၄ဝဝဝဝ-၅ဝဝဝဝ လောက်ဝယ်ယူနေပြီး ယခုလိုဆူနာမီကြောင့် နျူကလီးယားစက်ရုံ ပေါက်ကွဲပြီး ဝယ်လိုအားတွေကျဆင်းခဲ့တဲ့ ဂယက်က စားအုန်းဆီ ကြိုပွိုင့်ဈေးတစ်တန်ကို ကန်ဒေါ်လာ ၄ဝ-၅ဝ လောက် လျှော့ချ  လိုက်သလိုဖြစ်ခဲ့ပါတယ်။ မတ်လကုန်တဲ့အထိ စားအုန်းဆီကြိုပွိုင့်ရော လက်ငင်းဈေးပါ အကျဘက်ကို ဆင်းလာခဲ့တာ တွေ့နေရပါတယ်။ ဒါတွေက လတ်တလောဖြစ်ပျက်နေတဲ့ စားအုန်းဆီဈေးကွက်ပါ။ ကမ္ဘာ့ထုတ်လုပ်မှုနဲ့ စားသုံးမှု                          ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုကို လေ့လာကြည့်မယ်ဆိုရင် အမေရိကန်စိုက်ပျိုးရေးဌာနရဲ့ ခန့်မှန်းတွက်ချက် မှုအရ ၂ဝ၁ဝ-၂ဝ၁၁ မှာ စုစုပေါင်းကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု တန်ချိန် ၄၇- ၄၈ သန်းခန့်မှာ အင်ဒိုနီးရှားက တန်ချိန် ၂ဝ-၂၃ သန်းဝန်းကျင်နဲ့ အများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်နေပါတယ်။ မလေးရှားကတော့ တန်ချိန် ၁၇-၁၈ သန်းနဲ့ ဒုတိယနေရာမှာရှိပြီး ထိုင်းနိုင်ငံက တန်ချိန် ၁ ဒသမ ၅ သန်း၊ နိုက်ဂျီးရီးယားက တန်ချိန် ၈ ဒသမ ၅ သိန်း ကျော်၊ ကိုလံဘီယာက တန်ချိန် ၈ ဒသမ ၂ သိန်းနဲ့ အခြားနိုင်ငံတွေက တန်ချိန် ၃ သန်းကျော်ထုတ်လုပ်မှုရှိတယ် လို့ လေ့လာသိရှိရပါတယ်။                       ကမ္ဘာ့စားအုန်းဆီစုစုပေါင်းတင်သွင်းမှုက တန်ချိန် ၃၆ သန်းကျော်ရှိပြီး လူဦးရေအများဆုံးနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယက တန်ချိန် ၇ ဒသမ ၂ သန်းနဲ့ အများဆုံးတင်သွင်းရပါတယ်။ ဒုတိယကတော့ တန်ချိန် ၆ ဒသမ ၂ သန်း ကျော်တင်သွင်းတဲ့ တရုတ်နိုင်ငံဖြစ်ပြီး EU-27  က တန်ချိန် ၅ ဒသမ ၂ သန်းကျော်နဲ့ တတိယ၊ ပါကစ္စတန် က တန်ချိန် ၂ ဒသမ ၃ သန်းနဲ့ စတုတ္ထနေရာကအများဆုံး တင်သွင်းမှုရှိတယ်လို့ ဆိုပါတယ်။ မလေးရှားစားအုန်းဆီတင်ပို့မှုမှာ တရုတ်နိုင်ငံကို နှစ်စဉ် တန်ချိန် ၃ ဒသမ ၄၈ သန်းနဲ့ အများဆုံး တင်ပို့ရပြီး၊ အဓိကတင်ပို့ရတဲ့ ကျန်နိုင်ငံတွေကတော့ ပါကစ္စတန်၊ ဥရောပ၊ အိန္ဒိယ၊ အမေရိကန်၊ အီဂျစ်နဲ့ ဂျပန်တို့ဖြစ်တယ်လို့ သိရပါ တယ်။                 စားအုန်းဆီအများဆုံးထုတ်လုပ်တဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေမှာ ယခင် ၂ နှစ်ဆက်တိုက် လာနီညာ အကျိုး ဆက်ကြောင့် အထွက်နှုန်းတွေကျဆင်းခဲ့ပေမဲ့ ယခုနှစ်မှာတော့ ရာသီဥတုအခြေအနေ ပြန်ကောင်းလာလို့ အထွက်နှုန်း ပြန်မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။ မလေးရှားနိုင်ငံရဲ့ အဓိကစိုက်ပျိုးရာ ဆာဗားပြည်နယ်မှာ အထွက်နှုန်းမြင့်တက်လို့ မတ်လမှာ စားအုန်းဆီထုတ်လုပ်မှု ၁၆ ရာခိုင်နှုန်းထိမြင့်တက်မယ်လို့ ခန့်မှန်းထား တာ လည်း ကြားနေရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ မလေးရှားနိုင်ငံဟာ ၂ဝ၁ဝ ခုနှစ်မှာ တန်ချိန် ၁၆ ဒသမ ၉ သန်း ထွက်ရှိခဲ့ရာက ၂ဝ၁၁ ခုနှစ်မှာ တန်ချိန် ၁၇ ဒသမ ၈ သန်းအထိထွက်နိုင်ပြီး အင်ဒိုနီးရှား နိုင်ငံကလည်း ယခင်နှစ်က တန်ချိန် ၂၁ ဒသမ ၉ သန်းထွက်ရှိခဲ့ရာက တန်ချိန် ၂၃ ဒသမ ၇ သန်းကို တိုးလာနိုင်တယ်လို့ လန်ဒန်အခြေ စိုက် ွGodrej International မှဒါရိုက်တာ Dorcb Mistry က မတ်လ ၉ ရက်မှာ ခန့်မှန်းပြောကြားထားပါတယ်။ဟင်းသီးဟင်းရွက် ဆီစားသုံးမှုအနေနဲ့ တရုတ်နိုင်ငံက ၈ ရာခိုင်နှုန်းမြင့်တက်နိုင်ပြီးဆီထွက်ရှိမှုနဲ့ လက်ကျန်စာရင်းတွေ ထုတ်ပြန်တဲ့အချိန် ရင်းနှီးမြှုပ်နံှ သူတွေက ဈေးနှုန်းအပြောင်းအလဲလုပ်လာဖွယ်ရှိတယ်လို့လည်း ဆိုပါ တယ်။                  ဒီနှစ်စားအုန်းဆီထုတ်လုပ်မှုက မနှစ်ကထက် ပိုမယ့်အခြေအနေတွေ ရှိနေသလို ဝယ်လိုအားကလည်း ဆက်လက်မြင့်တက်မယ့် လက္ခဏာတွေတွေ့နေရပါတယ်။ မတ်လထဲမှာ စားအုန်းဆီဈေး ပြန်လည်ကျဆင်းလာတယ်ဆိုပေမဲ့ မလေးရှားဘာဆာကုန်စည်ဒိုင်မှာ ဖြစ်ခဲ့တဲ့ ဈေးနှုန်းတွေအရ ၂ဝ၁ဝ ဒီဇင်ဘာလမှာ ဖြစ်ပေါ်ခဲ့တဲ့ ပျှမ်းမျှ ဈေးထက် ပိုနေသေးတာတွေ့နေရပါတယ်။ လာမယ့်အလားအလာ အနေနဲ့ ရေနံဈေးနှုန်းတွေမြင့်တက်နေအုံးမယ်ဆိုရင် ဂျပန်ဆူနာမီ အကျပ်အတည်းကြောင့် ဝယ်လိုအားပါးသွားပေမဲ့ စားအုန်းဆီ ဈေးနှုန်းက များများ မကျဆင်းနိုင်ဘူးလို့ ဈေးကွက်လေ့လာ ဆန်း စစ်သူတွေက သုံးသပ်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ရင်းနှီး မြှုပ်နံှသူတွေအနေနဲ့ကတော့ ပြောင်းလဲနေတဲ့ ရာသီဥတု အခြေ အနေနဲ့ ထုတ်လုပ်မှု၊ ရေနံဈေးနှုန်း၊ ကမ္ဘာ့စီးပွားရေးအပြောင်းအလဲ၊ နိုင်ငံရေး အခြေအနေတွေအရ ပြောင်းလဲတတ်တဲ့ ကုန်စည်ဈေးနှုန်း တွေကို မပြတ်လေ့လာစောင့်ကြည့်ဖို့တော့လိုကြောင်းပါ။ ယုဇန Source : palmoilhq, USDA, mpob