Main menu

Background

ယခုနှစ်တွင် ကင်ညာနိုင်ငံ လက်ဖက်အထွက်ကျနိုင်

Tue, 05/31/2011 - 09:30 -- Anonymous (not verified)

ယခုနှစ်တွင် ကင်ညာနိုင်ငံ လက်ဖက်အထွက်ကျနိုင်                   အာဖရိကရဲ့ အကြီးဆုံးလက်ဖက်ထုတ်လုပ်သူဖြစ်တဲ့ ကင်ညာနိုင်ငံက ၂ဝ၁၁ မှာ ထုတ်လုပ်မှု ၁ဝ ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး လွန်ခဲ့တဲ့လေးလလောက်ကတည်းက အထွက်နှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ ပူပြင်းပြီး ခြောက်သွေ့တဲ့ ရာသီဥတုက ဇန်နဝါရီလကနေ မတ်လအထိတာရှည်ခဲ့ပြီး ဧပြီလမှာတော့ မိုးအနည်းငယ် ရွာခဲ့တာကြောင့် ၂ဝ၁၁ ပထမလေးလရဲ့ လက်ဖက်အထွက်နှုန်းက ကီလိုဂရမ် ၁၁၆ ဒသမ ၆ သန်း ထွက်ရှိပြီး ၂ဝ၁ဝ ပထမလေးလထက် ၂ဝ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ကင်ညာနိုင်ငံရဲ့ လက်ဖက်အထွက်နှုန်းကောင်းပြီး ကီလိုဂရမ် (၃၉၉) သန်းရှိကြောင်း သိရပါတယ်။ ယခုနှစ်ဧပြီလမှာတော့ ယခင်နှစ်ထက် အထွက်နှုန်း ၁၂ ရာခိုင်နှုန်း ကျခဲ့ပြီး ကီလို ၃၁ ဒသမ ၄ သန်း ထွက်ရှိကာ ၂ဝ၁ဝ အလားတူ ကာလက ကီလို ၃၅ ဒသမ ၈သန်းထွက်ရှိခဲ့ကြောင်းသိရပါတယ်။ လက်ဖက်စိုက်ပျိုးတဲ့ ဧရိယာ ဖြစ်တဲ့ အနောက်ပိုင်း Rift  တောင်ကြားဒေသရဲ့ အထွက်နှုန်းကို ယခင်နှစ်နဲ့ နှိုင်းယှဉ်ရင် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကီလို ၁၇ ဒသမ ၅ သန်းသာ ထွက်ရှိခဲ့ပါတယ်။ ဇန်နဝါရီကနေ ဧပြီလအထိ ပို့ကုန်တင်ပို့မှု ကီလို ၁၃၉ ဒသမ ၆ သန်းရှိပြီး ၂ဝ၁ဝ ပထမလေးလထက် လျော့နည်းခဲ့ကြောင်း သိရပါတယ်။ ကင်ညာလက်ဖက်ကို ပါကစ္စတန်သို့ အဓိကတင်ပို့ပြီး ကီလို ၆ ဒသမ ၄ သန်းလောက်တင်ပို့မှု ရှိကာ ကင်ညာရဲ့ လက်ဖက် တင်ပို့မှု စုစုပေါင်းရဲ့ ၂ဝ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။ အခြားအဓိက တင်ပို့တဲ့ နိုင်ငံများကတော့ အာဖကန်နီစတန်ကို ကီလို ၅ ဒသမ ၈ သန်း၊ အီဂျစ်ကိုကီလို ၅ ဒသမ ၁ သန်း၊ ဥရောပကို ကီလို ၄ ဒသမ ၅ သန်းနဲ့ UAE  ကို ကီလို ၁ ဒသမ ၈ သန်း အသီးသီးတင်ပို့တယ်လို့ သိရပါတယ်။ ဒီငါးနိုင်ငံကို တင်ပို့မှုက စုစုပေါင်း တင်ပို့မှုရဲ့ ၇၄ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။Source:Commodity online,KZW