Main menu

Background

စမစ်၊ရီကာဒို တို့နှင့်အတူ နယ်စပ်ကုန်သွယ်ရေးကို အကဲခတ်ကြည့်ခြင်း

Tue, 07/12/2011 - 11:38 -- Anonymous (not verified)

စမစ်၊ရီကာဒို တို့နှင့်အတူ နယ်စပ်ကုန်သွယ်ရေးကို အကဲခတ်ကြည့်ခြင်း အလုပ်ဖြစ် နယ်စပ်ကုန်သွယ်ရေး            မြန်မာ-အိန္ဒိယနယ်စပ် ရိဒ်နှင့် တမူးနယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် မကြာခဏ တာဝန်ထမ်းဆောင်ဖူးသော မိတ်ဆွေနယ်စပ် ကုန်သွယ်ရေးဝန်ထမ်း တစ်ယောက်၏ အတွေ့အကြုံများကို နားထောင်ရင်း လွန်ခဲ့သောနှစ်က မိမိကိုယ်တိုင် ရောက်ရှိခဲ့သည့် မူဆယ် ၁ဝ၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် မြင်ကွင်းကို ပြန်လည် သတိရနေမိသည်။ ဇုန်အတွင်းသို့ နံနက် ၉ နာရီခွဲရောက်ရှိ ချိန် ရုတ်တရက်မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းလှ၏။  ပျားပန်းခပ်မျှ လှုပ်ရှားနေသော ကားများ၊ ဥဒဟို သွားလာနေသော လူအများကို တွေ့နေရသည်။စိတ်ဝင်တစား ရှိလှ၍ နားနှင့်မျက်စိကို အစွမ်းကုန်ဖွင့်ကာ ဇုန်တစ်ဇုန်လုံးကို လေ့လာချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ဇုန်အတွင်း ကားများ၊ လူများ လှုပ်ရှားမှုများကို စုပေါင်းရုံးဟုခေါ်သည့် အဆောက်အအုံ အပေါ်ထပ်မြင်ကွင်းမှ မြင်တွေ့နေရသည်မှာ  ဟန်ချက်ညီလှုပ်ရှားနေသည့် အကအဖွဲ့တစ်ဖွဲ့လိုပင် ကြည့်၍ပင် ကောင်းနေတော့သည်။ ဤမြင်ကွင်းသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အလုပ်ဖြစ် နေသည်ကို သက်သေပြပုံရိပ်ဖြစ်၏။   သီအိုရီဟောင်းနှင့် အခြေခံကုန်သွယ်မှုအိုင်ဒီယာ             ကျမ်းရိုးဘောဂဗေဒပညာရှင်ဟု သမုတ်ထား သည့် အဒမ်စမစ်က ကုန်သွယ်မှုနှင့်ပတ်သက်၍ ပကတိအကိုျးကျေးဇူး(Absolute Advantage) သီအိုရီကို ဖော်ထုတ်ခဲ့ဖူးသည်။ တိုင်းပြည်တစ်ပြည် အနေဖြင့် အခြားတိုင်းပြည်များထက် ပို၍ စရိတ်သက်သာသော ကုန်စည်များကို ထုတ်လုပ်တင်ပို့ ရောင်းချခြင်းအားဖြင့် ပကတိအကျိုးကျေးဇူးဖြစ်ထွန်းမှုများ ရှိနိုင်သည်ဟု ဆိုခဲ့သည်။ ယခုခေတ် အခြေအနေနှင့်ကြည့်လျှင် အလွန်ရိုးစင်းသော အယူအဆပင်။ အကြံတူနောက်လူသာစမြဲ ဆိုသည့် စကားအတိုင်း ဒေးဗစ်ရီကာဒိုက နှိုင်းယှဉ် အကျိုးကျေးဇူးကို ထပ်မံဖန်တီးသည်။ စမစ်အနေဖြင့် ကမ္ဘာပေါ်တွင် ပကတိအကျိုးကျေးဇူးမရှိ သည့် ကုန်စည်များဖြင့် နိုင်ငံများရှိနေသည်ကို သတိမမူခဲ့ဟု ရီကာဒိုက ထောက်ပြခဲ့သည်။ နိုင်ငံ တစ်နိုင်ငံအနေဖြင့် ကုန်စည်များ အားလုံးတွင် ပကတိ အကျိုးကျေးဇူးမရှိသည့်တိုင် နှိုင်းယှဉ် အကျိုးကျေးဇူးများ(Comparative advantage)  ရှိနိုင်သည်။ နှိုင်းယှဉ်အကျိုးဖြစ်ထွန်းမှုရှိသည့် ကုန်စည်များ ထုတ်လုပ်တင်ပို့ပါက ကုန်သွယ်ခြင်း ဖြင့် အကိုျးဖြစ်ထွန်းနိုင်သည်ဟု ဆိုထားသည်။ စမစ်နှင့်ရီကာဒိုနှစ်ဦးကဲ့သို့ ကုန်စည်များအပေါ် အာရုံမစိုက်ဘဲ သွင်းအားစု သယံဇာတများပေါ် တွင်အလေးပေးလေ့လာခဲ့သည့် ဆွီဒင်ဘောဂဗေဒ ပညာရှင် နှစ်ဦးတို့ကြောင့် အက်ရှာအိုးလင်း (Heckscher-Ohlin) သီအိုရီ ပေါ်ထွက်လာခဲ့ပြန် သည်။ စွမ်းအားစုပိုင်ဆိုင်မှု အချိုးကွာခြားသော တိုင်းပြည် နှစ်ပြည်တို့သည် မိမိနိုင်ငံတွင်ပေါများ စွာ အသုံးပြုနိုင်သည့် စွမ်းအားစုသုံး ကုန်စည်များ ကိုထုတ်၍ နှစ်နိုင်ငံကုန်သွယ်လျှင် နှစ်ဖက်အကျိုး ရှိနိုင်မည်ဟု ထပ်မံဖော်ထုတ်ခဲ့သည်။  ယခုတင်ပြမှုသည် ကုန်သွယ်မှုသီအိုရီများ ဖြစ်ပေါ်လာပုံကို သိစေလို၍မဟုတ်။ ယနေ့ ၂၁ ရာစု ကမ္ဘာ့အခြေအနေသည်လည်း ၁၉ ရာစု၊၂ဝ ရာစု သီအိုရီများနှင့် အံဝင်ခွင်ကျ သိပ်မဖြစ်တော့ပေ။ အသစ်အသစ်သောအိုင်ဒီယာများ၊အယူအဆ များစွာ အဆက်မပြတ် ပေါ်ထွက်နေသည်။ယနေ့ ကာလတွင် ဈေးနှုန်း၊ စရိတ်၊ စွမ်းအားစုစသဖြင့် သမားရိုးကျစဉ်းစားခန်းများထက် တီထွင်ကြံဆမှု ပိုင်း၊ နည်းပညာပိုင်းတို့ကို ပိုမိုအလေးထားလာကြသည်။ နည်းပညာတိုးတက်မှုနှင့် ၎င်းတို့၏ အသုံးဝင်မှုနောက်သို့ တစိုက်မတ်မတ် လိုက်နေသည်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ကျန်းမာရေး စသည်ဖြင့် နယ်ပယ်အလုံးစုံတွင် နည်းပညာအသုံး ပြု၍ ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်း ဖန်တီး နိုင်ရေးကိုသာ ဦးတည်နေကြသည်။ မည်သို့ပင်ဆို စေကာမူ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် ဒေါင်လိုက် ဖြစ်စေ၊ အလျားလိုက်ဖြစ်စေ နှိုင်းယှဉ်မှုသဘော ဖြင့်သာ တိုးတက်မှုလမ်းကြောင်းကို ဖြတ်သန်းနေ သည်ဟု ဆိုနိုင်သည်။   မရိုးနိုင်သော သီအိုရီနှင့် နယ်စပ်ကုန်သွယ်ရေး           မြန်မာ-တရုတ် နယ်စပ်ဒေသတွင် နယ်စပ် ကုန်သွယ်ရေး အလွန်ထွန်းကား၏။ မြန်မာနိုင်ငံမှ ထွက်သော စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက် ကုန်များအပါအဝင် အခြားသော ကုန်ပစ္စည်းမျိုးစုံ ကို တရုတ်နိုင်ငံမှကုန်သည်များက လာရောက်ဝယ် ယူနေကြသည်။ မြန်မာနိုင်ငံဘက်မှ ကုန်သည်များ ကလည်း တရုတ်နိုင်ငံထုတ် လူ့အသုံးအဆောင် များ၊ စက်ကိရိယာများ၊ ကုန်ကြမ်းပစ္စည်းမျိုးစုံကို အပြန်အလှန်ဝယ်ယူနေကြသည်။ သေချာသည်မှာ မိမိနိုင်ငံနှင့်နှိုင်းယှဉ်ပါက ပိုမိုဈေးသက်သာသော၊ ပိုမိုအသုံးဝင် အသုံးတည့်သော၊ ပို၍အရည်အသွေး ကောင်းသော စ သည်ဖြင့် နှစ်နိုင်ငံ နှိုင်းယှဉ်ပြီးသော အိုင်ဒီယာတို့ဖြင့် ရရှိလာသည့် ကုန်စည် များကိုသာ အရောင်းအဝယ် လုပ်နေ ကြခြင်းဖြစ်သည် ဆို သည့် အချက်ဖြစ် သည်။                     စီးပွားရေး တဖြည်းဖြည်း ဖွံ့ဖြိုး လာနေပြီး ကမ္ဘာ့ဒုတိယ အကြီး ဆုံး စီးပွားရေး အဆောက်အအုံ အနေ ဖြင့် ရပ်တည်နေသည့် တရုတ်နိုင်ငံတွင် ဝင်ငွေ မညီ မျှမှုသည် ကြီးမားစွာ ဖြစ်ပေါ် နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံများ တဖြည်းဖြည်းတိုးပွားနေသော်လည်း လယ်ယာ ကဏ္ဍကို မှီခိုနေရသည့် လုပ်သား ဦးရေ မှာလည်းများစွာ ကျန်ရှိနေသေးသည်။ မြန်မာ နိုင်ငံနှင့် ရေမြေသဘာဝ သယံဇာတ ပိုင်ဆိုင်မှု ကွာခြားမှုမရှိလှသော တရုတ်နိုင်ငံနှင့် ကုန်သွယ် ရာတွင် မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကဏ္ဍနှင့် ရေထွက်ကဏ္ဍ ထုတ်ကုန်များကိုသာ အဓိက အား ပြုနေရသဖြင့် မြန်မာနိုင်ငံအနေဖြင့် ကာလရှည် အခြေအနေများကို သတိပြု ပြင်ဆင်ထားရန် လိုအပ်ပေသည်။ လက်ရှိမြန်မာ့ပို့ကုန်များသည် တရုတ်နိုင်ငံထက် နှိုင်းယှဉ်အကျိုးကျေးဇူး ပိုမိုရှိနေ သည့် ကုန်စည်များဖြစ်ကြ၏။ တရုတ်နိုင်ငံမှ ကုန်စည်များထက် ပို၍ဈေးသက်သာကာ အရည် အသွေးကောင်း၏။ နောင်တစ်ချိန်တွင် ထို ကုန်စည်များသည် တရုတ်နိုင်ငံတွင်း၌ ပိုမိုပေါ များကာ ဈေးသက်သာလာပြီး အရည်အသွေး ကောင်းမွန်နေပါက မြန်မာ့ပို့ကုန် ဈေးကွက် ပျက် စီးသွားနိုင်ဖွယ်ရှိသည်။ ဤအချက်ကို အလေး အနက်ထား ဆွေးနွေးကြရန်လိုသည်။ ကုန်သွယ် ရေးနှင့် ပတ်သက်၍ သီအိုရီများမည်မျှပင် ပေါ် ထွက်လာနေသည်ဖြစ်စေ ၎င်းတို့၏နောက်တွင် နှိုင်းယှဉ်ခြင်း သဘောတရား အမြဲတမ်း ကပ် လျက်ပါနေမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နယ်စပ် ကုန်သွယ်ဘက်နိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ် နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံနှင့် ရေခံမြေခံ သဘာဝသယံဇာတပိုင်ဆိုင်မှု တူညီကာ မြန်မာ နိုင်ငံထက် လုပ်သားအင်အားပိုမိုသော၊ နည်းပညာ ပိုင်း သာလွန်သော နိုင်ငံများဖြစ်သည်။ မြန်မာ့ စိုက်ပျိုးရေး ပို့ကုန်များနှိုင်းယှဉ်အကျိုး ဆက်လက် ရရှိ၍ စဉ်ဆက်မပြတ် တင်ပို့နိုင်ရေးအတွက် မိမိ တို့၏ ပို့ကုန်အခြေအနေမှန်များကို လေ့လာကာ ပံ့ပိုးရမည့်ကိစ္စများ၊ လိုအပ်ချက်များကို သုံးသပ် အဖြေရှာ၍ နှိုင်းယှဉ်တတ်သော မျက်လုံးများဖြင့် မျက်စိတစ်ဆုံး ကြည့်လျက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် လိုနေပြီဖြစ်သည်။