Main menu

Background

ကမ္ဘာ့သကြားဈေးတစ်တန် ကန်ဒေါ်လာ ၈၇၄ နဲ့ စံချိန်သစ်တင်

Sun, 07/17/2011 - 09:12 -- Anonymous (not verified)

ကမ္ဘာ့သကြားဈေးတစ်တန် ကန်ဒေါ်လာ ၈၇၄ နဲ့ စံချိန်သစ်တင်                    ကမ္ဘာ့ဈေးကွက်( LIFFE ကြိုပွိုင့်ဈေးကွက်) မှာ သကြားဈေးဟာ တစ်တန် ကန်ဒေါ်လာ ၈၇၄ ဒသမ ၅ ထိ မြင့်တက်ခဲ့လို့ ဇန်နဝါရီလ ဈေး ကန်ဒေါ်လာ ၈၆ဝ ထက် ပိုမိုပြီး စံချိန်သစ်တင်ခဲ့ပါတယ်။ သကြားအများဆုံး ထုတ်လုပ်သူ၊ တင်ပို့သူဖြစ်တဲ့ ဘရာဇီးနိုင်ငံရဲ့ သကြားထုတ်လုပ်မှု မရေရာတဲ့ သတင်းများကြောင့် ကမ္ဘာ့သကြားဈေး မြင့်တက်လာတာဖြစ်ပါတယ်။ ဘရာဇီးသကြားထုတ်လုပ်မှုဟာ ကြံတန်ချိန် ၅၃၆ သန်းကြိတ်ခွဲနိုင်ပါက သကြားတန်ချိန် ၃၃ ဒသမ ၇ သန်းထွက် ရှိနိုင်လို့ အစောပိုင်းခန့်မှန်းထားတဲ့ ကြံတန်ချိန် ၅၇၃ သန်းနဲ့ ကြံတန်ချိန် ၃၅ ဒသမ ၉ သန်းထက် လျော့ကျမယ်လို့ ခန့်မှန်းထားပါတယ်။                   အိန္ဒိယသကြားဈေးနှုန်းမှာ တစ်တန်ကန်ဒေါ်လာ ၆၅၅ ဒသမ ၉၆ ဖြစ်လို့ နိုင်ငံတကာဈေးက ၃၃ ရာခိုင်နှုန်းပိုမိုနေပါတယ်။ ကမ္ဘာ့သကြားဈေးဟာ လွန်ခဲ့တဲ့ ၂ ပတ်က တစ်တန်ကန်ဒေါ်လာ ၇၅ဝ မှ ၇၆၂ အတွင်း ရှိခဲ့ရာမှ တစ်တန်ကို ကန်ဒေါ်လာ ၁ဝဝ မှ ၁၁၂ မြင့်တက်လာခဲ့ပါတယ်။ ကမ္ဘာ့သကြားဈေးမြင့်တက် နေခြင်းကြောင့် သကြားစက်များ အကိုျးအမြတ်ရရှိတော့မယ်လို့ ထုတ်လုပ်သူ များက ဆိုပါတယ်။                      အိန္ဒိယ မဟာရပ်ရှတရာနဲ့ ဥတ္တရာပရာဒေ့ရှ်တို့မှာ သကြားတစ်တန်ကို စက်ရုံ ပြင်ပပေါက်ဈေး တစ်တန် ရူပီး ၂၆ဝဝဝ-၂၈ဝဝဝ (ကန်ဒေါ်လာ ၅၈၄-၆၂၉) ရှိနေပြီး မကြာခင်က အစိုးရရဲ့ နောက်ထပ်သကြားတန် ၅ သိန်း တင်ပို့ခွင့်ပြု လိုက်ပြီးနောက် တစ်တန်ကို ရူပီး ၃၂ဝဝဝ-၃၃ဝဝဝ (ကန်ဒေါ်လာ ၇၁၉-၇၄၂) အထိမြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့သကြားဈေးမြင့်တက်ခြင်းက ပြည်တွင်းသကြားလုပ်ငန်းများအတွက် အကူအညီဖြစ်စေမှာဖြစ်ပြီး နောက်ထပ်တန်ချိန် ၁ဝ သိန်းတင်ပို့ခွင့်ပြုနိုင် တယ်လို့လည်း မဟာရပ်ရှတရာ သကြားပွဲစားကုန်သည်များအသင်း တည်ထောင် သူ Yogesh Pande က ဆိုပါတယ်။ ၂ဝ၁၁-၁၂ သကြားရာသီမှာ တန်ချိန် ၂၆ သန်းဝန်းကျင် ထွက်ရှိမယ်ဆိုလျှင် လက်ကျန်သိုလှောင်မှုဟာ တန်ချိန် ၄ သန်းထိ ရှိလာမယ်လို့လည်း ဆိုပါတယ်။ ၂ဝ၁ဝ-၁၁ ကြိတ်ခွဲရာသီကုန်မှာ သကြားတန်ချိန် ၃ သန်း တိုးတက်ထွက်ရှိခဲ့တာကြောင့် ကမ္ဘာ့သကြားဈေးမြင့်တက်ခြင်းက နိုင်ငံ အတွင်း သကြားစက်ပိုင်ရှင်များအတွက် ဝမ်းသာစရာဖြစ်လာခဲ့တယ်လို့ သကြား စက်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။ ပြည်တွင်းသကြားဈေးမြင့်လာတဲ့အတွက် သကြား စက်များ ဝင်ငွေပိုရလာတဲ့အတွက် တောင်သူတွေဆီက ကြံကို ဈေးပိုပေးဝယ်ယူ လာဖွယ်ရှိတယ်လို့လည်း ဆိုပါတယ်။ ယမင်းခင်၊Source: business standard