Main menu

Background

၂၀၁၁ ပထမနှစ်ဝက်ရဲ့ ပဲမျိုးစုံကုန်သွယ်မှုနဲ့ ဒုတိယနှစ်ဝက်အတွက် အလားအလာ

Mon, 07/18/2011 - 05:27 -- Anonymous (not verified)

၂၀၁၁ ပထမနှစ်ဝက်ရဲ့  ပဲမျိုးစုံကုန်သွယ်မှုနဲ့ ဒုတိယနှစ်ဝက်အတွက် အလားအလာ            ၂ဝ၁၁ ခုနှစ်ရဲ့ ပထမ နှစ်ဝက်ကုန်ဆုံးလို့ ဒုတိယနှစ်ဝက်ကို ချင်းနင်းဝင်ရောက်လို့လာပါပြီ။ ကဏ္ဍအလိုက် တိုးတက်ပြောင်းလဲမှုတွေလည်း အမျိုးမျိုးရှိခဲ့ပါတယ်။    ကဏ္ဍစုံတွေမှာ ကုန်သွယ်မှုနဲ့ ပတ်သက်လို့ ပြောင်းလဲတိုးတက်မှုကို လေ့လာ ကြည့်မိ    တဲ့အခါ မြန်မာ့ပို့ကုန်လုပ်ငန်းမှာ ပမာဏများများ တင်ပို့မှုရှိနေတဲ့ ပဲမျိုးစုံကဏ္ဍကို စိတ်ဝင်တစား လေ့လာမိခဲ့ပါတယ်။  ပထမနှစ်ဝက်တင်ပို့မှု မနှစ်ကထက် ပိုပေမယ့် ၂ဝဝ၉ ခုနှစ်ကိုမမီ           ယခုနှစ် ပြီးခဲ့တဲ့ ၆ လအတွင်း ပဲမျိုးစုံတင်ပို့မှုကို လေ့လာကြည့်မယ်ဆိုရင် တန်ချိန် ၆ သိန်းနီးပါးရှိခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁ဝ ဇန်နဝါရီလက ဇွန်လကုန်ထိ တင်ပို့ပြီးစီးမှု တန်ချိန် ၅  သိန်းခွဲနဲ့ နှိုင်းယှဉ်ရင် တန် ၅ သောင်းလောက် ပိုမိုတင်ပို့ပြီး တာတွေ့နိုင်ပေမဲ့၂ဝဝ၉ ခုနှစ်ကာလတူတင်ပို့မှု တန် ၉ သိန်းကျော်နဲ့ ယှဉ်ရင်တော့ ဒီနှစ် ပထမ ၆ လမှာတန် ၃ သိန်းကျော် လောက်  လျော့ကျတင်ပို့တာတွေ့ရပါတယ်။ ဒါကပြက္ခဒိန်နှစ် ပထမ ၆လရဲ့ ပဲမျိုးစုံတင်ပို့ပြီးစီးမှုကို အရင်နှစ်များရဲ့ ကာလတူနဲ့ နှိုင်းယှဉ်ကြည့်တာပါ။                                                                                                         ရေတွက်ပုံတန်ချိန်ထောင်ပေါင်းပဲအမျိုးအစား     ၂ဝ၁၁ ပထမ ၆ လ     ၂ဝ၁ဝ ပထမ ၆ လ     ၂ဝဝ၉ ပထမ ၆ လမတ်ပဲ                   ၂၉၄ .၁၈၁                ၂၆ဝ .၁၉၉                 ၁၈၈ .၃၉၉ပဲတီစိမ်း                ၁၁၉ .၆၇၆               ၁၅၂ .၃ဝ၃                 ၁၇ဝ .၆၃၂ပဲစင်းငုံ                 ၁၁၂ .၃၅၃                 ၉၁ .၄၄၃                  ၃၇၄ .ဝ၄၉ကုလားပဲ              ၃၂ .၃၅၉                     ၅ .၃၄၅                  ၂၄ .၃၉ဝဘဏ္ဍာနှစ် ပထမ ၃ လအတွင်း ပဲတင်ပို့မှု စံချိန်တင် ပမာဏနဲ့ပိုမို              ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်ရဲ့ ပထမ ၃ လအတွင်း တင်ပို့ပြီးစီးမှုကို ကြည့်မယ် ဆိုရင်တော့ လက်ရှိဇူလိုင်လ ၁ ရက်နေ့အထိ တန်ချိန် ၄ သိန်း တင်ပို့ပြီးတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁ဝ-၁၁  ဘဏ္ဍာနှစ်ရဲ့ ကာလတူ တင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၂ သိန်းခွဲကျော် ဖြစ်လို့ ကာလတူနှိုင်းယှဉ်ကြည့်ရင် ဒီဘဏ္ဍာနှစ် ပထမ ၃ အတွင်းမှာ တန်ချိန် ၁ သိန်းခွဲ လောက်ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။                                                                ရေတွက်ပုံတန်ချိန်ထောင်ပေါင်းပဲအမျိုးအစား     ၁ .၄ .၂ဝ၁၁ မှ ၁ .၇ .၂ဝ၁၁     ၁ .၄ .၂ဝ၁ဝ မှ ၁ .၇ .၂ဝ၁ဝမတ်ပဲ                           ၁၈၉ .၆၅၇                             ၁၂၇ .၂၅၈ပဲတီစိမ်း                        ၉၆ .၂၆၂                                ၆၃ .၉၇၆ပဲစင်းငုံ                          ၄၈ .၃၇၃                                ၃ဝ .၉၇ဝကုလားပဲဖြူလုံးကြီး         ၂၈ .၄၄၄                                  ဝ .၄၆၇ပထမ ၃ လ အတွင်း ဈေးအမြင့်ဆုံးရောက်ခဲ့                    ပဲစပေါ်တဲ့ ဇန်နဝါရီလကုန် ဖေဖော်ဝါရီလတွေမှာ ဝယ်လှောင်တဲ့ ကုန်သည် တွေကလည်းအရင်နှစ်တွေလို ဈေးအမြင့်မှန်းပြီး ဈေးပေးဝယ်ယူမှုတွေရှိသလို တောင်သူတွေကလည်း  ဈေးကိုင်ရောင်းကြလို့ သီးနံှပေါ်စမှာပဲ ဈေးက ခေါင်ခိုက် ခဲ့ပါတယ်။ ဒါကြောင့်လည်း မတ်ပဲ FOB ဈေးဟာ ဖေဖော်ဝါရီလ၊ မတ်လတွေမှာ တစ်တန်ကန်ဒေါ်လာ ၉ဝဝ အထက်မှာ ရှိနေသလို ပဲစင်းငုံ  FOB ဈေးကလည်း ကန်ဒေါ်လာ ၉ဝဝ တော်တော်စွန်းခဲ့တာတွေ့ရပါတယ်။ ပဲရိတ်သိမ်းပြီးတာနဲ့ ပေါက်ဈေးနဲ့ ရောင်းခဲ့ကြတဲ့ တောင်သူများအနေနဲ့ ဒီနှစ်အနေအထားမှာ လက်ခမောင်း ခတ်နိုင်ပေမဲ့ ဈေးကိုင်ပြီး ပစ္စည်းတွေပိုက်ထားတဲ့ တောင်သူကြီးများ၊ လှောင်လက် သမားတွေအနေနဲ့ အကျဘက်ကို တောက်လျှောက် ဆင်းခဲ့တဲ့ ဒီနှစ်ပဲဈေးကွက်မှာ အထိနာခဲ့တယ်လို့ သတင်းစကားကြား သိရပါတယ်။ သြင်္ကန်အပြီး တက်ဈေးကို မျှော်ကိုးပြီး ပဲအရွှေ့နည်း              မြန်မာနိုင်ငံရဲ့ ပဲမျိုးစုံထွက်ရှိမှုဟာ ဖေဖော်ဝါရီ၊ မတ်လမှာ အများဆုံးကာလ ဖြစ်ပြီး ပုံမှန်အားဖြင့် ပြည်ပတင်ပို့မှု အများဆုံး ကာလဟာလည်း မတ်လ၊ ဧပြီလ တွေမှာပဲ ဖြစ်ပါတယ်။  ဒါကြောင့်လည်း ယခင်နှစ်တွေရဲ့ တင်ပို့မှုကို လေ့လာရင် ပြက္ခဒိန်နှစ် တစ်နှစ်လုံး တင်ပို့မှုအနက် ပထမ ၆ လအတွင်းမှာ ပမာဏပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ယခုနှစ် တင်ပို့မှုအနေအထား  ကိုကြည့်ရင် ပဲအများဆုံး ထွက်ရှိတဲ့ ဖေဖော်ဝါရီ၊ မတ်လတွေမှာ တင်ပို့မှုနည်းတဲ့ အနေအထားရှိခဲ့တာ တွေ့ရပါတယ်။ ဖောက်သည်အိန္ဒိယဈေးကွက်ကို လေ့လာကြည့်တော့ မနှစ်ကစိုက်ဧရိယာ တွေပိုပြီး ရာသီဥတုကလည်း မျက်နှာသာပေးခဲ့လို့ ပဲအထွက်တွေတိုးတယ်ဆိုပြီး ဝယ်လိုအားပါးပြီး ဈေးလျော့ဝယ်ခဲ့ပါတယ်။ ဝယ်လိုအားပါးပေမဲ့လည်း ပြည်တွင်း ကုန်သည်တွေက  သြင်္ကန်အပြီးမှာတော့ ဈေးတက်မှာပဲဆိုပြီး ကြိုက်ဈေးမရလို့ မရောင်းကြတော့ ဇန်နဝါရီလ ကနေ မတ်လအထိ တင်ပို့မှုဟာ တစ်လကို တန် ၈ သောင်း ၉ သောင်းဝန်းကျင်နဲ့ ဧပြီလမှာတော့ တန်  ၆သောင်းဝန်းကျင်သာ ခပ်ပါး ပါးပဲ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေမှာ ပဲအရွေ့နည်းခဲ့လို့ ကုန်သည်တွေကဆိုပါတယ်။ မေနဲ့ ဇွန်မှ စံချိန်သစ်နဲ့ တင်ပို့နိုင်          သြင်္ကန်အပြီးမှာတော့ ပြည်ပဝယ်လိုအားတွေရှိလာသလို ပြည်တွင်းကုန်သည်တွေကလည်း ပိတ်ရက် ခံထားလို့ မတင်ရသေးတဲ့ ကုန်တွေအပြီးတင်ဖို့ရော၊ နောက်ထပ်စာချုပ်အသစ်အတွက်ပါ တင်ပို့မှုတွေ အားကောင်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း မေ၊ ဇွန်လမှာ ကွန်တိန်နာကားအခက်အခဲတွေရှိတယ်လို့ သတင်းတွေ ထွက်ပေမဲ့ တစ်လကို တန်ချိန် တစ်သိန်းခွဲ ဝန်းကျင်နဲ့ စံချိန်တင်တိုးတက် တင်ပို့နိုင်တာ တွေ့ရပါတယ်။ နောက်တစ်ချက်အနေနဲ့ ဇွန်လအတွင်းမှာ ပြည်ပပို့ကုန် ဝင်ငွေ တစ်ယူနစ်တန်ဖိုး အပြောင်း အလဲအတက်အကျကြမ်းခဲ့တာကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေ ထိခိုက်မှုရှိခဲ့တဲ့အတွက် ပဲအရောင်း အဝယ် နည်းနည်း တန့်သွားသေးတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ ငွေဈေးလဲလှယ်နှုန်းသာ တည်ငြိမ် နေခဲ့ မယ်ဆိုရင် ဒီထက်ပိုပြီးတင်ပို့နိုင်လိမ့်မယ်လို့လည်း ဝါရင့်ပဲကုန်သည်ကြီးတွေက ဆိုပါတယ်။ ဒါက ပြီးခဲ့ တဲ့လတွေရဲ့ အရောင်းအဝယ်အခြေအနေတွေပါ။ ကြိုက်ဈေးရလို့ ဝယ်လက်တွေ စိတ်ဝင်စားလာ            လတ်တလော ရောင်းမှုအနေနဲ့ နေ့စဉ်ဆိုသလို ပြည်ပအဝယ်ရှိလို့ အရောင်းအဝယ်နေ့တိုင်း ဖြစ်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ပဲစင်းငုံနဲ့ အညာ ပဲတီစိမ်းတွေရဲ့  လက်ရှိပေါက်ဈေးတွေက ပြည်ပဝယ်လက်အကြိုက် တွေ့နေပြီဖြစ်လို့ နေ့စဉ် FOB အရောင်းအဝယ် စာချုပ်ချုပ် ဆိုမှုတွေ များနေတယ်လို့လည်း သိရပါတယ်။ ပဲစင်းငုံအနေနဲ့ လင်းခေးစတွေ ပြတ်သလောက်ဖြစ်နေလို့ ပဲစင်းငုံအနီစအဟောင်းရော အသစ်ပါ အဝယ်လိုက်လာပြီဖြစ်ပြီး ပဲတီစိမ်းဆိုရင်လည်း ဈေးကွက်ထဲဝင်လာတဲ့ အရည် အသွေးနိမ့် အညာပဲတီစိမ်းတွေကို ဆွဲနေတယ်လို့  ကုန်သည် တွေက ဆိုပါတယ်။ ဒါကြောင့်လည်း ဇူလိုင်လ ၁၄ ရက်အတွင်းမှာ မတ်ပဲ SQ၊ FAQ နဲ့ အခွံချွတ်စုစုပေါင်း တန် လေးသောင်းကျော်၊ ပဲတီ စိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တန် ၇ဝဝဝ၊ ပဲစင်းငုံနီ၊  ဖြူနီ၊ ခွဲခြမ်းတန် ၁၆ဝဝဝ ကျော်နဲ့ ကုလားပဲ တန် ၆ဝဝဝ လောက် အရောင်းအဝယ် စာချုပ်ထားတာ တွေ့ရပါတယ်။ ဒီနှုန်း အတိုင်း အရောင်း အဝယ်ဖြစ်ပြီး တင်ပို့မယ်ဆိုရင် ဒီဇူလိုင်မှာလည်း  ပဲအရွှေ့ကောင်းမယ့် အလားအလာ ရှိနေတဲ့သဘောပါ။ စိုက်ဧရိယာလျော့လို့ အိန္ဒိယပဲဈေး အကျတန့်             လက်ရှိအိန္ဒိယအနေအထားကိုကြည့်ရင်ပဲ မုတ်သုံမိုးနောက်ကျပြီး မိုးနည်းပါးတဲ့အတွက် ပဲစိုက်ပျိုးမှု နှေးကွေးနေလို့ အရင်နှစ်စိုက်ပျိုးမှုကို မမီနိုင်ဘူးလို့ သတင်းတွေမှာ တွေ့ရပါတယ်။  ဒါကြောင့်လည်း အိန္ဒိယဈေးကွက်တွေမှာ ပဲလက်ကျန်တွေ အထူးသဖြင့် ပဲစင်းငုံလက်ကျန်တွေ အလုံအလောက်ရှိနေတယ် လို့ ဆိုပေမဲ့ စိုက်ဧရိယာလျော့ကျတဲ့ သတင်းတွေက ဈေးနှုန်းထပ်မကျအောင် ပဲဈေးမာအောင် အခြေအနေပေးနေတာမို့ လတ်တလော အိန္ဒိယပဲ ဈေးကွက်မှာလည်း ပဲဈေးအကျဘက် မဆင်းတော့ဘဲ ဈေးတန့် နေတာ တွေ့နေရပါတယ်။ မိုးနောက်ကျလို့ ငွေပိုရတဲ့ အခြားသီးနံှများ ပြောင်းလဲစိုက်ပျိုးလာ               အိန္ဒိယမှာ မုတ်သုံမိုးက လက်ရှိကာလဟာ အရေးပါဆုံးပဲဖြစ်ပါတယ်။ အိန္ဒိယ မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၁၂ ရက်နေ့အထိ မိုးရွာသွန်းမှုဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုံမှန်အောက် ၄ ရာခိုင်နှုန်း လျော့ကျတယ်လို့ဆိုပါတယ်။ ကာနာတာကာမှာ ဇူလိုင်လ ၄ ရက်နေ့အထိ မိုးပဲ မျိုးစုံ စိုက်ပျိုးမှုဟာ မနှစ်က ဒီလိုအချိန်မှာ ဟက်တာ ၆ ဒသမ ၃၈ သိန်းစိုက်ပြီး ပြီဖြစ်ပေမဲ့  ဒီနှစ်မှာ တော့ ၂ ဒသမ ၉၂ သိန်းသာ ရှိလို့ မနှစ်ကထက် ၅ဝ ရာခိုင်နှုန်းကျော် လျော့နည်း နေတယ်လို့ သိရပါတယ်။ ပဲအများဆုံးစိုက်တဲ့ မဟာရပ်ရှတရာနဲ့ မဒ္ဒရာပရာဒေ့ရှ် တို့မှာ  မိုးပြန်လည်ရွာသွန်းလာပြီဖြစ်ပေမဲ့ မိုးနောက်ကျလို့ အခြားငွေပိုရတဲ့ ပြောင်းလိုသီးနံှတွေကို ပြောင်းလဲစိုက်ပျိုးလာကြလို့ ပဲစိုက် ဧရိယာ လျော့ကျမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အိန္ဒိယရဲ့ ပဲမျိုးစုံစိုက်ပျိုးမှု အခြေအနေဟာ ဇူလိုင်လထဲမှာ ရွာသွန်းမယ့် မိုးအပေါ် မူတည်နေတယ်လို့ မြန်မာကုန်သည်ကြီးတွေက ဆိုပါတယ်။ ဒါပေမဲ့လည်း မနှစ်က စိုက်ဧရိယာကိုတော့ မမီနိုင်တော့ဘူးလို့  သုံးသပ်ကြပါတယ်။ စပ်ကူးမတ်ကူး လက်ကျန်              မြန်မာနိုင်ငံရဲ့ လက်ရှိပဲလက်ကျန်အခြေအနေနဲ့ လာမယ့်ဒုတိယနှစ်ဝက်အတွင်း အရောင်းအဝယ် အခြေအနေကို ဝါရင့်ပဲကုန်သည်ကြီးများ ခန့်မှန်း ဆွေးနွေးခဲ့တာကို  ဖောက်သည်ချရမယ်ဆိုရင် မတ်ပဲ လက်ကျန်အနေနဲ့ တန်ချိန် ၃ သိန်းအထက်မှာရှိပြီး ပဲစင်းငုံကတော့ တန် ၁ သိန်းခွဲလောက်နဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါကတော့ တစ်နှစ်ပတ်လုံး ထွက်နေတာဖြစ်လို့ လက်ရှိအချိန် မှာ ခရမ်းသုံးခွနဲ့ အညာပေါင်း ၅ သောင်း၊ ၆ သောင်းလောက်ရှိမယ်လို့ ဆိုပါတယ်။ လက်ရှိပဲ လက်ကျန် အခြေအနေကို ပြန်သုံးသပ် မယ်ဆိုရင် ပဲစင်းငုံပမာဏနည်းနည်းများ  နေတာကလွဲပြီး ကျန်တဲ့ပဲတွေကတော့ အရင်နှစ်တွေ တုန်း ကလည်း ဒီလိုအချိန် ဒီပမာဏက ကျန်လေ့ကျန်ထရှိတယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံရဲ့ ထူးခြားချက်အနေနဲ့ ဈေးတက်တက်ကျကျ  ဒီလိုစပ်ကူးမတ်ကူးကာလမှာ လက်ကျန်ကတော့ ကျန်စမြဲပါလို့လည်း ကုန်သည် တစ်ဦးကဆိုပါတယ်။ တစ်ကျော့ပြန်ဈေးကွက် ဝင်လာတဲ့ ကုလားပဲ အလားအလာ              ပဲမျိုးစုံဈေးကွက်ရဲ့ ရှေ့အလားအလာကို ဆွေးနွေးရာမှာတော့ အရင်နှစ်တွေက တင်ပို့မှုမရှိ သလောက် ကျဆင်းခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဟာ ဒီနှစ်မှာ အခြားပဲတွေထက် ဈေးပိုရပြီး အခြေအနေ အကောင်းဆုံးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာလည်းအသုံးများသလို ပါကစ္စတန်၊ အိန္ဒိယက လည်းတအားဆွဲလို့ တောင်သူရော၊ ကုန်သည်တွေမှာပါ လက်ကျန်နည်းပြီး အကျိုးအမြတ်ရှိခဲ့တဲ့ ပဲပါပဲ လို့ ဆိုပါတယ်။ နိုင်ငံတကာအနေနဲ့ ကုလားပဲစိုက်တဲ့ အမေရိကန်နဲ့ ကနေဒါတို့မှာ ရာသီဥတု အခြေ အနေအရ စိုက်ဧရိယာလျော့မယ့်သတင်းတွေအရရော လက်ရှိ  ပါကစ္စတန်နဲ့ အိန္ဒိယရဲ့ ဝယ်လိုအားတွေ အရရော လာမယ့်ကာလမှာလည်း အလားအလာရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒီလိုဝယ်လို အားကောင်းတဲ့ ပဲကို ဈေးကွက်ဝင် မျိုးသန့်တွေနဲ့ တိုးခဲျ့ စိုက်ဖို့ ပဲကုန်သည်နဲ့ အထူးပြုကုမ္ပဏီကြီးများက မျိုးသန့်တွေဖြန့်ဖြူးပြီး တိုက်တွန်းအားပေးမယ်ဆိုရင် နောင်နှစ်မှာ ရလဒ်ကောင်းတွေ  ခံစားရမှာ ကျိန်းသေ ပါ။ အလားအလာကောင်းတဲ့ မတ်ပဲ ပုံမှန် ရောင်းဝယ်ဖို့တော့လို                   မတ်ပဲအနေနဲ့လည်းအိန္ဒိယဝယ်လက်တွေက လက်ရှိမှာလည်းတောက်လျောက်ဆွဲနေတယ်။ ဒီလထဲ မှာလည်း တင်ပို့မှု ကောင်းဦးမှာဖြစ်သလို သြဂုတ်လမှာလည်း မေ၊ ဇွန်လတွေလိုပဲ  ပဲအရွေ့များမယ်ဆိုရင် မြန်မာမတ်ပဲအတွက် စိုးရိမ်စရာ မရှိပါဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ ဒေဝါလီပွဲမတိုင်မီ ၁ လအလိုမှာ demand  ကြီးကြီး တစ်ခါရှိတယ်။ လက်ရှိဈေးကလည်း  သင့်တင့်တဲ့ ဈေးဖြစ်နေလို့ သြဂုတ်လမှာ အိန္ဒိယအဝယ်ကြီးကြီးကို ရောင်းလိုက်ရင် နှစ်ကုန်ပိုင်းမှာ လက်ကျန်မများနိုင်ပါဘူးလို့ ဝါရင့် ကုန်သည်တစ်ဦးကဆိုပါတယ်။ ဒါပေမဲ့ ရောင်းသင့်တဲ့အချိန်မှာ  ရောင်းထွက်နိုင်ဖို့အတွက် ကုန်သည်ကြီးများ ဈေးဆွဲတင် ဆွဲချတာမျိုး မလုပ်ဘဲ ပုံမှန်ရောင်းဝယ်ဖို့တော့ လိုပါတယ်လို့ ကုန်သည်တစ်ဦးက ထောက်ပြပါတယ်။ လက်ရှိမတ်ပဲဈေးကွက်အနေအထားက  ပြည်တွင်းထုတ်လုပ် ရောင်းချနိုင်မှုနဲ့ ပြည်ပ ဝယ်လိုအားက မျှတနေတဲ့ သဘောရှိနေတဲ့အတွက် လာမယ့် ရာသီတွေမှာ ဈေးကောင်းရဖို့ အတွက်တော့ အရည်အသွေးကို ထိန်းသိမ်းနိုင်ရေး  အရေးပါလှပါတယ်။ ပဲတီစိမ်းအရည်အသွေး ထိန်းနိုင်ရေးအတွက် ခေတ်မီစက်များ               တစ်နှစ်ပတ်လုံးထွက်တဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါဈေးကွက် ကတော့ အိန္ဒိယနဲ့ တရုတ်ဘက်က ဝယ်လိုအားတွေ ရှိနေပါတယ်။ ဒီနှစ်ပဲထွက်ချိန်မှာ မိုးမိကြလို့ အရည်အသွေးနိမ့်တဲ့  အစတွေပါပေမဲ့ ဝယ်လက်က Quality ခွဲပြီး သူ့ဈေးနဲ့သူ ဝယ်ယူတယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ အရည်အသွေးညံ့နဲ့ အကောင်းအပြင် ရေစိုပဲကို ခွဲထုတ်တဲ့ စက်ကောင်းကောင်းပဲ ရှိလားမသိဘူး။   ဒါမှမဟုတ် တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်ဖို့ပဲ ဝယ်ယူသလားဆိုတာ ကျွန်တော်တို့ လေ့လာရမယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့လည်း ရေစိုမိုးမိပဲကို ဈေးတစ်မျိုးနဲ့   ဝယ်တော့တောင်သူတွေနဲ့ ကျွန်တော်တို့ ကုန်သည်တွေ အရည်အသွေးအတွက် စိတ်ပူခဲ့ရပေမဲ့ ရောင်းထွက်တယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့ နောက်ဆိုရင် ကိုယ့်ပဲဈေး မလျော့ရအောင် အရည်အသွေး ပျက်စီးမှု နည်းပါးအောင် ရာသီဥတုကို အမြဲမပြတ်စောင့်ကြည့်ပြီး လက်ဦးမှုရယူပြီး လေလွင့်မှု နည်းအောင်လည်း ရိတ်သိမ်းချိန်လွန် ခေတ်မီ စက်ပစ္စည်းတွေနဲ့  ဆောင်ရွက်နိုင်ဖို့ ပဲတင်ပို့သူများ၊ ပဲအစုအဖွဲ့၊ အထူးပြု ကုမ္ပဏီကြီးများအနေနဲ့ ဝန်ဆောင်မှုတွေ တိုးတက်ဆောင်ရွက်ရေးကို အထူးဂရုစိုက်ဖို့တော့လိုပါပြီ။ တရုတ်နိုင်ငံက ပဲတီစိမ်းကို  စိုက်ပြီးကိုယ်တိုင်သုံးသလို ပိုလံျှရင်လည်း ပြည်ပ တင်ပို့ပါတယ်။ဒါပေမဲ့ ရာသီဥတု အခြေအနေ မပေးလို့ ထွက်ရှိမှု နည်းလာတဲ့အတွက် မြန်မာနိုင်ငံက အရည်အသွေး ကောင်း တွေကို ဒီနှစ်ပိုင်းတွေမှာ တင်သွင်းလာနေပါတယ်။ သြစတြေးလျကတော့ ပြည်တွင်းသုံးမရှိဘဲ ပြည်ပ ကိုသာ တင်ပို့တာဖြစ်လို့ ဒီလို ဈေးကွက်ပြိုင်ဆိုင်ရတဲ့ ပဲတွေကို အရည်အသွေးမကျအောင်နဲ့  ဈေးကွက်ဝင် ဈေးကောင်းရတဲ့ ပဲတွေရွေးစိုက်ဖို့ နှိုးဆော်ကြရမှာဖြစ်ပါတယ်။ အိန္ဒိယရာသီပေါ် တည်မီနေတဲ့ ပဲစင်းငုံဈေးကွက်              မြန်မာတောင်သူအများစုဟာ သီးနံှဈေးတက်သည်ဖြစ်စေ၊ ကျသည်ဖြစ်စေ သူ စိုက်ပျိုးနေကျသီးနံှကို ပုံမှန်စိုက်ပျိုး ခြင်းဟာလည်း တစ်ခါတစ်ရံမှာ အားနည်းချက် တစ်ခုပါလို့  ကုန်သည်အချို့က ဆိုပါတယ်။ အထူးသဖြင့် အိန္ဒိယဝယ်လက်တစ်ခုထဲကို အပြည့်အဝအားထားနေရတဲ့ ပဲစင်းငုံဈေးကွက်ဟာ ဒီနှစ် အနေအထားမှာ ပြည်တွင်းမှာရော အိန္ဒိယမှာပါ လက်ကျန်တွေများလို့ ဘယ်လိုမှ မျှော်မှန်းမထားတဲ့ အောက်ဈေးကိုရောက်ရှိခဲ့ရပါတယ်။ ဖေဖော်ဝါရီ၊ မတ်လများမှာ ဘုရင့်နောင် ပေါက်ဈေး တစ်တန်ကို ကျပ် ၇ သိန်းကျော်ရှိခဲ့ရာမှ လက်ရှိ ဇူလိုင်လ  အတွင်းမှာတော့ တစ်တန် ၄ သိန်း ၃ သောင်းကျော် အထိ ရောက်ခဲ့ရပါတယ်။ လက်ရှိ ပြည်တွင်းဈေးကွက်ပေါက်ဈေးတွေကလည်း ဝယ်လက်တွေ ဝယ်နိုင်တဲ့ အနေအထား ရောက်နေပြီဖြစ်လို့ ပဲစင်းငုံအနီစကို အိန္ဒိယဝယ်လက်တွေ အဝယ်သွက်လာ နေပြီလို့ ကုန်သည်များကဆိုပါတယ်။ လတ်တလော သတင်းတွေအရ အိန္ဒိယမှာလည်း ပဲစင်းငုံစိုက်ဧရိယာက မနှစ်က ကာလတူထက် လျော့ကျနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အတိအကျ ခန့်မှန်းဖို့တော့ စောနေ သေးလို့ ဒီနှစ်ရှေ့အလားအလာ အနေနဲ့တော့ အိန္ဒိယစိုက်ပျိုးမှုအပေါ် အများကြီး  မူတည်နေတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ ဈေးကွက်ယှဉ်ပြိုင်ရတဲ့ အာဖရိက ရာသီဥတုနဲ့ ထုတ်လုပ်မှုကို ထည့်သွင်းစဉ်းစား               ပဲစင်းငုံကို အဓိကစားသုံးတာ အိန္ဒိယလူမျိုးပဲရှိပြီး မြန်မာနိုင်ငံလောက် ထုတ်လုပ်မှုမများပေမဲ့ ပဲစင်းငုံ ထုတ်လုပ်တင်ပို့တဲ့ အာဖရိက၊ တန်ဇန်းနီးယားနဲ့ မာလာဝီတို့ကလည်း  အိန္ဒိယဈေးကွက်ဝေစုပိုရဖို့ ကြိုးစားနေကြပါတယ်။ ဒါကြောင့် ပဲစင်းငုံ ဈေးကွက်အနေအထားက အိန္ဒိယရဲ့ ထုတ်လုပ်မှု အခြေအနေ တစ်မျိုးထဲသာမက အာဖရိကရဲ့ ရာသီဥတုနဲ့ ထုတ်လုပ်မှုတို့ကိုပါ  သတိထားစောင့်ကြည့်ရမယ့် အနေအထားပါ။ အာဖရိကအချို့နိုင်ငံတွေမှာ ရာသီဥတုမကောင်းဘူးလို့ အချို့သတင်းတွေရပေမဲ့ သြဂုတ်လ ကုန်လောက်မှာတော့ အာဖရိကပဲစင်းငုံတွေ ဝင်လာတော့မယ့်ကာလဖြစ်တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မြန်မာနိုင်ငံတောင်သူနဲ့ ကုန်သည်ကြီးများက ဈေးတွေ မတန်တဆ တင်ပြီး လက်ပိုက်ကြည့်နေမယ်ဆိုရင်တော့ အထိနာတယ်ဆိုတာ လက်တွေ့ကြုံတွေ့ ရပြီးသားပါ။ အမှန်တော့ ကုန်ရောင်းသူရော ဝယ်သူပါ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ကို ထည့်တွက်ပြီး ရောင်းသင့်တဲ့ အချိန်ရောင်း၊ ဝယ်သင့်တဲ့အချိန်မှာ ဝယ်တာတော့ အဖြစ်သင့်ဆုံးပါပဲ။ စိန်ခေါ်မှုများကိုလည်း ပြင်ဆင်                 ပြည်ပပို့ကုန်လုပ်ငန်းရှင်တွေ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေထဲမှာ ပို့ကုန်ဝင်ငွေတစ်ယူနစ်တန်ဖိုး မတည် မငြိမ်ဖြစ်တာလည်း အချက်တစ်ချက်ပဲလို့ ဆိုပါတယ်။ ဒီနှစ်နှောင်းပိုင်းမှာ  ငွေလဲလှယ်နှုန်းသာ တည်ငြိမ်နေ မယ်ဆိုရင် ပို့ကုန်လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာ ရှိမယ်လို့ ဆိုပါတယ်။ မြန်မာ့ပဲမျိုးစုံဟာ နိုင်ငံစုံကိုသွား တာဖြစ်ပေမဲ့ ပမာဏကြီးကြီးမားမားသွားတဲ့ နိုင်ငံတွေ ကတော့ အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်တို့ဖြစ်လို့ ဒီနိုင်ငံတွေရဲ့ ရာသီဥတုအခြေအနေ၊ စိုက်ပျိုးထုတ်လုပ်မှု၊ အဲဒီနိုင်ငံ တွေရဲ့ မူဝါဒ၊ ငွေကြေးဈေးကွက် တွေကို မျက်ခြေမပြတ်  စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပဲအများဆုံးတင်ပို့နေရတဲ့ အိန္ဒိယ ဈေးကွက်တစ်ခုကိုပဲ မှီခိုနေရမှု လျှော့ချဖို့အတွက် အခြားဈေးကွက်နိုင်ငံတွေရဲ့ လိုအပ်တဲ့ သီးနံှတွေ ကိုလည်း တိုးစိုက်ဖို့ လိုအပ်နေပါပြီ။ အထူးသဖြင့် ဈေးကွက်ကြီးမားတဲ့ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားရှိတဲ့ ပဲတီရွှေဝါကို ပိုစိုက်သင့်သလို ပြောင်းတို့ ပဲပုပ်တို့ကိုလည်း တိုးခဲျ့ စိုက်ပျိုးရတော့မှာဖြစ်ပါတယ်။ ဒီစိန်ခေါ် မှုနဲ့ လိုအပ်ချက်တွေကိုသာ ပဲတင်ပို့သူ၊ အစုအဖွဲ့(Cluster)၊ အထူးပြုကုမ္ပဏီများမှ တောင်သူများ အပါအဝင် သက်ဆိုင်ရာ အစိုးရဌာနများကပါ ဝိုင်းဝန်းပြီး လက်ရှိအခြေအနေထက်ပို တိုးတက်ပြင်ဆင် ထားရင်တော့ ၂ဝ၁၁ ဒုတိယနှစ်ဝက်အတွက်ရော လာမယ့်ရာသီသစ်အတွက်ပါ ပဲမျိုးစုံပို့ကုန်ဈေးကွက်ရဲ့ စိန်ခေါ်မှုတွေကို အောင်မြင်စွာနဲ့ ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်ကြောင်းပါ။                                                                             ယမင်းရွှေစင်