Main menu

Background

နှစ်နှစ်ဆယ်ပြည့် တရုတ်-အာဆီယံ စီးပွားရေးပေါင်းစည်းမှု၏ အနာဂတ်အား မျှော်ကြည့်ခြင်း

Mon, 07/18/2011 - 08:26 -- Anonymous (not verified)

 နှစ်နှစ်ဆယ်ပြည့် တရုတ်-အာဆီယံ စီးပွားရေးပေါင်းစည်းမှု၏ အနာဂတ်အား မျှော်ကြည့်ခြင်း ဆယ်စုနှစ် နှစ်ခုအကြာခရီးလမ်းမှာ              ၁၉၉၁ ခုနှစ်က အစပျိုးခဲ့သော အာဆီယံ-တရုတ်ဆက်ဆံရေး သည် ၂ဝ၁၁ ခုနှစ်တွင် နှစ်ပေါင်း နှစ်ဆယ်ကြာကြာ လျှောက်လှမ်း လာနိုင်ခဲ့ပေပြီ။ အာဆီယံ-တရုတ်တို့၏ နှစ်နှစ်ဆယ်ကြာဆက်ဆံရေး ကို ပြန်ပြောင်းကြည့်ပါက လျှောက်လှမ်းခဲ့သောခရီးလမ်းသည် စိတ်ဝင်စားစရာတို့ဖြင့် အတိပြည့်နေပါသည်။ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့တွင် ကျင်းပခဲ့သော (၂၄)ကြိမ်မြောက် အာဆီယံနိုင်ငံခြား ရေးဝန်ကြီးများ၏ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ခြင်းသည် အာဆီယံ-တရုတ် ဆက်ဆံရေး၏ အဖွင့်နိဒါန်းကို စတင်ခြင်းဟုလည်း ဆိုနိုင်ပါ သည်။             ထိုအချိန်မှ အစပြုခဲ့သော အာဆီယံ-တရုတ်ဆက်ဆံရေးသည် ၁၉၉၇ အာရှငွေကြေးအကျပ်အတည်းကာလ၌ နှစ်ဖက်ပေါင်းစည်းမှု ပင်စည်ကို ပိုမိုခိုင်မာစေခဲ့ပြန်ပါသည်။ ၁၉၉၇ အာရှငွေကြေးအကျပ် အတည်းကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ စီးပွားရေး ကသောင်း ကနင်းဖြစ်နေချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ၎င်းကိုယ်တိုင် ငွေကြေး အခက်အခဲဖြစ်နေသော်လည်း အာဆီယံအဖွဲ့ဝင် နိုင်ငံများကို အတတ်နိုင်ဆုံးအကူအညီပေးနိုင်ရန်အတွက် ၎င်း၏ယွမ်ငွေတန်ဖိုးအား ချမသွားရန် ဆုံးဖြတ်ချက်ကို ပြတ်သားစွာ ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံ၏ရပ်တည်ပေးခဲ့မှုသည် အာရှငွေကြေး အကျပ်အတည်းဒဏ် ခံနေရသော အာဆီယံအဖွဲ့ဝင်နိုင်ငံများအား အဆိုပါငွေကြေး အကျပ်အတည်းမှ လျင်မြန်စွာရုန်းထွက်နိုင်ခဲ့သည့် အကြောင်းအရင်း တစ်ခုဖြစ်ခဲ့သည်ဟု လေ့လာသူများကဆိုပါသည်။               ၁၉၉၇ အာရှငွေကြေး အကျပ်အတည်းကာလ ပြီးဆုံးခဲ့ပြီး နောက် အာဆီယံ-တရုတ်တို့၏ဆက်ဆံရေးသည် အိမ်နီးချင်းကောင်း ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးစီးပွားကို ဖော်ဆောင်သည့် မိတ်ဖက်ဆက်ဆံရေးသို့ တက်လှမ်းခဲ့ပါသည်။ ၂ဝဝ၃ ခုနှစ်မှ စတင် ကာ အာဆီယံ-တရုတ် ဆက်ဆံရေးအား ဒေသတွင်းတည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဟူသော ၂၁ ရာစုနှစ်မျှော်မှန်းချက် တို့ဖြင့် ဘက်ပေါင်းစုံ မဟာဗျူဟာမြောက်ဆက်ဆံရေး အဆင့်သို့ တိုးမြှင့်သွားရန် ရည်ရွယ်ချက် ချမှတ်ဆောင်ရွက်ခဲ့ပါသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အမြင့်မားဆုံး အစီအစဉ်ဖြစ်သော အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသကို ၂ဝ၁ဝ ပြည့် နှစ်တွင် အပြည့်အဝအကောင်အထည်ဖော်ရန် သဘောတူညီမှုရရှိ ခဲ့ပါသည်။ အာဆီယံ-တရုတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသည် အာဆီယံ-တရုတ်ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ အနက် အခြေခံအကျဆုံးနှင့် အရေးပါဆုံးသော ပူးပေါင်းဆောင် ရွက်မှုပင်ဖြစ်ပါသည်။ အာဆီယံ၏ စီးပွားရေးကောက်ကြောင်း              အာဆီယံဟု အများသိကြ သည့် အရှေ့တောင်အာရှနိုင်ငံများ အသင်းသည် အရှေ့တောင်အာရှဒေသရှိ နိုင်ငံများအနက် အရှေ့ တိမောနိုင်ငံမှအပ ကျန် ၁ဝနိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ လာအို၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ မလေးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ဖြင့် ဖွဲ့စည်းထားပါသည်။ ၁၉၆၇ ခုနှစ် တွင် စတင်ဖွဲ့စည်းခဲ့သော အာဆီယံတွင် အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဘရူးနိုင်း၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ ပါဝင်ခဲ့ကြပြီး၊ အဆိုပါနိုင်ငံများကို အာဆီယံ၏ မူလအဖွဲ့ဝင်နိုင်ငံများဟု အများက သတ်မှတ်ထားကြပါသည်။ မူလအဖွဲ့ဝင်နိုင်ငံများမှာ စီးပွားရေး အခြေခံအဆောက်အအုံကောင်းများ ရရှိထားပြီး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်ရနေပါသည်။ မူလအဖွဲ့ဝင် (၆) နိုင်ငံနှင့် ကျန်အဖွဲ့ဝင် (၄)နိုင်ငံတို့အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ ကွာခြားချက်ရှိ နေဆဲဖြစ်ပြီး၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကွာခြားချက်နည်းနိုင်သမျှ နည်းအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။                လက်ရှိအခြေအနေတွင် အာဆီယံ၏ စုစုပေါင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ)မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံအထိရှိပါသည်။ ၎င်းသည် အာရှရှိ စီးပွားရေး အင်အားကြီး အိန္ဒိယနိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုးထက် ပိုမိုပါသည်။ အာဆီယံရှိ စားသုံးသူဈေးကွက်ကို ကြည့်ပါက စုစုပေါင်းလူဦးရေ သန်း ၆ဝဝ ကျော်မျှရှိပြီး၊ အမေရိကန် ပြည်ထောင်စုရှိ စုစုပေါင်းလူဦးရေ၏ နှစ်ဆနီးပါးမျှရှိပါသည်။ အာဆီယံ၏ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံမှ နိုင်ငံသားတစ်ဦးချင်း၏ပျမ်းမျှဝင်ငွေနီးပါး ရှိပါသည်။ ပြီးခဲ့သည့်ဆယ်စုနှစ်မှစတင်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ နှစ်စဉ် ၅ ရာခိုင်နှုန်းကျော် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ အကယ်၍ အာဆီယံအား နိုင်ငံတစ်ခု အဖြစ် ရှုမြင်ကြည့်မည်ဆိုပါက အာဆီယံသည် ကမ္ဘာပေါ်တွင် နဝမမြောက် စီးပွားရေးအင်အားကြီးနိုင်ငံ ဖြစ်လာပါမည်။ အာဆီယံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်မှုကို အဓိကအားထား နေရပြီး ၎င်း၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး၌ ကုန်သွယ် မှုတန်ဖိုးပါဝင်မှုအချိုးမှာ လွန်စွာအားကောင်းလျက်ရှိပါသည်။ နဂါးကြီး၏ အားကြီးလာသည့် စီးပွားရေး             ကမ္ဘာပေါ်တွင် လူဦးရေအများဆုံး တရုတ်နိုင်ငံသည် လက်ရှိ အခြေအနေတွင် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ အဖြစ် တက်လှမ်းလာခဲ့ပြီဖြစ်ပါသည်။ အရှိန်အဟုန်ဖြင့် မြန်ဆန်စွာ ကြီးထွားနေသည့် စားသုံးသူဈေးကွက်ကြီးတည်ရှိရာ တရုတ်နိုင်ငံတွင် လူဦးရေသန်းပေါင်း ၁၃ဝဝ ကျော်ရှိပါသည်။ လက်ရှိတွင် တရုတ်နိုင်ငံ ၏ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (ဂျီဒီပီ) မှာ အမေရိကန်ဒေါ်လာ ၁ဝ ထရီလီယံကျော်ရှိပါသည်။ တရုတ်နိုင်ငံ၏ လူတစ်ဦးချင်းပျမ်းမျှဝင်ငွေမှာ ၂ဝ၁ဝ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၅၁၈ ဖြစ်ပြီး၊ ကမ္ဘာ့အဆင့်တွင် အဆင့် ၉၃ ၌ ရပ်တည်လျက်ရှိပါသည်။ ၂ဝ၁ဝ ခုနှစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နှင့် အမေရိကန် နိုင်ငံများကိုကျော်ဖြတ်ကာ ကမ္ဘာ့ပို့ကုန်အများဆုံးတင်ပို့သည့် နိုင်ငံ ဖြစ်လာပါသည်။ ဆယ်စုနှစ်သုံးခုအကြာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို နှစ်စဉ်ပျမ်းမျှ ၁ဝ ရာခိုင်နှုန်းအထိ ဆက်လက်ထိန်းထား နိုင်သည့် တရုတ်နိုင်ငံသည် မကြာတော့မည့် အနာဂတ်ကာလ၌ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာနိုင်သည်ဟု စီးပွားရေး ကျွမ်းကျင်ပညာရှင်များက ခန့်မှန်းထားပါသည်။ လက်ရှိအနေအထား အရ စီးပွားရေးအင်အားကြီး တရုတ်နဂါးကြီးနှင့် ဖွံ့ဖြိုးဆဲအာဆီယံ တို့၏ အနာဂတ်ပေါင်းစည်းဖြစ်ထွန်းမှုကို ကမ္ဘာက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိပါသည်။ တိုးတက်နေသော အာဆီယံ-တရုတ် ကုန်သွယ်ရေး                အာဆီယံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ၊ အခြား သော စီးပွားရေးအဖွဲ့အစည်းများနှင့် ကုန်သွယ်မှု အများအပြား ဆောင်ရွက်နေသော်လည်း အာဆီယံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံကိုပြပါဆိုလျှင် တရုတ်နိုင်ငံကိုသာ ညွှန်ပြရပါမည်။ ယင်းအချက်သည် အာဆီယံနှင့် တရုတ်နိုင်ငံတို့၏ ခိုင်မာသည့် စီးပွား ရေးအကောင်အထည်ဖော်ဆောင်ရွက်နေမှုကို သက်သေပြလျက်ရှိပါသည်။ ၁၉၉၁ ခုနှစ်တွင် အာဆီယံ-တရုတ်ကုန်သွယ်မှုမှာ ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဘီလီယံသာ ဆောင်ရွက်နိုင်ခဲ့ရာမှ လက်ရှိတွင် ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃ဝဝ ဘီလီယံ အထိ ရောက်ရှိဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသည်။ တိုးတက်မှုအခြေ အနေမှာ အဆ ၄ဝ နီးပါး တိုးတက်လာခြင်းပင်ဖြစ်ရာ သိသာထင် ရှားလှပါသည်။ တိုးတက်မှုမှာ ထိုမျှနှင့် ရပ်တံ့နေမည်မဟုတ်ဘဲ လာမည့် ၂ဝ၁၅ ခုနှစ်တွင် အာဆီယံ- တရုတ်ကုန်သွယ်မှုအား အမေရိကန် ဒေါ်လာ ၅ဝဝ ဘီလီယံအထိ ရောက်ရှိအောင် တိုးမြှင့်သွား မည်ဟု နှစ်ဖက်စလုံးမှ ရည်မှန်းချက်ထား ဆောင်ရွက်နေပါသည်။ ကုန်သွယ်မှုတိုးတက်လာမှု အခြေခံအကြောင်းတရားများတွင် အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုဒေသကို တည်ထောင် နိုင်ခဲ့ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ အာဆီယံတ ရုတ်လွတ်လပ်သော ကုန်သွယ်မှုအစီအစဉ်ကို စတင်ခဲ့သည့် ၂ဝ၁ဝ ခုနှစ်၏ ကုန်သွယ်မှုသည် ၎င်းအစီအစဉ် မစတင်မီ ၂ဝဝ၉ ခုနှစ်၏ ကုန်သွယ်မှုထက် ၃၇ ဒသမ ၅ ရာခိုင်နှုန်း ပိုမိုတိုးတက် ဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုပါသည်။                အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုအစီအစဉ်၏ သဘောတူညီချက်အရ အာဆီယံနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်ပို့သည့်ကုန်ပစ္စည်းများအပေါ် အကောက်ခွန်နှုန်းများကို ပျမ်းမျှအား ဖြင့် ၉ ဒသမ ၈ ရာခိုင်နှုန်းမှ သုည ဒသမ ၁ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ခဲ့ပြီး အပြန်အလှန်အားဖြင့် တရုတ်နိုင်ငံမှ အာဆီယံမူလ အဖွဲ့ဝင် (၆)နိုင်ငံသို့တင်ပို့သည့် ကုန်ပစ္စည်းများအပေါ် အကောက် ခွန်နှုန်းများကို ပျမ်းမျှအားဖြင့် ၁၂ ဒသမ ၈ ရာခိုင်နှုန်းမှ သုည ဒသမ ၆ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ခဲ့ပါသည်။ တရုတ်နိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ဝင်သစ်(၄)နိုင်ငံနှင့် ကုန်သွယ်မှုပြုရာ၌မူ အကောက်ခွန်နှုန်းထားများကို အထူးအစီအစဉ်ဖြင့် တစ်ဖက်သတ် လျှော့ချ ဆောင်ရွက်ပေးလျက်ရှိပါသည်။ အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုအစီအစဉ်အရ ထိုကဲ့သို့ဆောင်ရွက်နိုင်ခဲ့ခြင်း သည် နှစ်ဖက်စလုံးအတွက် အကိုျးအမြတ်ကို ပိုမိုရရှိစေခဲ့ပါသည်။                ထို့ကြောင့်ပင်လျင် အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုအစီ အစဉ်ဖော်ဆောင်နိုင်ခဲ့ခြင်းအား Win -Win for All ဟု စီးပွားရေး ပညာရှင်များက သုံးသပ်ကြပါသည်။ အနာဂတ် အလားအလာ               အာဆီယံအနေဖြင့် စီးပွားရေးအင်အားကြီးမားပြီး အလား အလာရှိသည့် နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ကနေဒါ၊ အိန္ဒိယ စသည်တို့နှင့်လည်းကောင်း ဒေသဆိုင်ရာ စီးပွားရေးအဖွဲ့အစည်းဖြစ်သော ဥရောပသမဂ္ဂစသော အင်အားကြီးအဖွဲ့များနှင့် လည်းကောင်း စီးပွားရေးပူးပေါင်းဆောင် ရွက်မှုများ ပြုလုပ်လျက်ရှိသော်လည်း ၎င်းအနေဖြင့် တရုတ်နိုင်ငံနှင့် ပိုမိုနီးစပ်စွာ ဆောင်ရွက်လျက်ရှိသည်ဆိုသောအချက်ကို ကုန်သွယ်မှု ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များက ဖော်ညွှန်းပြသလျက်ရှိပါသည်။ ရှေ့ဆက်၍လည်း အာဆီယံနှင့် တရုတ်တို့သည် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့် အလားအလာများရှိနေပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလတွင် ကျင်းပပြီးစီးခဲ့သည့် (၁၃) ကြိမ်မြောက် အာဆီယံ-တရုတ် ဆွေးနွေးပွဲ၌ အာဆီယံနှင့် တရုတ်တို့၏ ဒုတိယ ငါးနှစ်လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီးစီးကာ ဆက်လက်အကောင် အထည်ဖော်သွားကြမည် ဖြစ်ပါသည်။                အာဆီယံ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ကုန်သွယ်မှုလုပ်ငန်းသာမက အခြားသောကဏ္ဍများဖြစ်သော စိုက်ပျိုးရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများ၊ ပတ် ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ စွမ်းအင်ရှာဖွေဖော်ထုတ် အသုံး ချရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် အခြေခံအဆောက် အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင် ရွက်သွားကြရန် နှစ်ဖက်စလုံးမှ အလေးထားပြင်ဆင်လျက်ရှိပါ သည်။                 အာဆီယံ-တရုတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို သုံးသပ် ကြည့်မည်ဆိုပါက ကာလရှည်ကြာစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်း မှာ အပြန်အလှန် အကျိုးဖြစ်ထွန်းနေမှုသည် ပဓာနကျသော အခြေခံ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါသည်။ ၎င်းအပြင် ဒေသတွင်း ရေရှည်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရန် နှစ်ဖက်စလုံးမှ လိုလားလျက် ရှိရာ ထိုအချက်သည်ပင်လျင် အာဆီယံနှင့် တရုတ်တို့၏ ဘုံရည်မှန်း ချက်ဖြစ်လာပါသည်။ အတိတ်ကို သမင်လည်ပြန် ကြည့်မည်ဆိုပါကလည်း နှစ်ဖက်စလုံးမှ အခက်အခဲ၊ အကျပ်အတည်းများ ပေါ်ပေါက် လာသည့်အခါတိုင်း တစ်ဖက်နှင့်တစ်ဖက် ဖေးမကူညီခဲ့သည်သာ ဖြစ်ပါသည်။ အခြားတစ်ဖက်မှ ပြန်ကြည့်မည်ဆိုပါက အာဆီယံတ ရုတ် ဆက်ဆံရေးအား အဖုအထစ်ဖြစ်စေနိုင်သည့် အကြောင်း တရားများလည်း ရှိနေပါသည်။ သာဓကအားဖြင့် တောင်တရုတ်ပင် လက် ပြဿနာ၌ အာဆီယံအဖွဲ့ဝင် ဗီယက်နမ်၊ မလေးရှား၊ ဘရုနိုင်း၊ ဖိလစ်ပိုင်တို့နှင့်အတူ တရုတ်နိုင်ငံသည် ပါဝင်ပတ်သက်လျက်ရှိပြီး ၎င်းသည်အ ဖြေမထွက်သေးသည့် ပုစ္ဆာတစ်ပုဒ်အနေဖြင့် ရှိနေဆဲဖြစ်ပါသည်။ သို့ရာတွင် ယင်းအချက်ကြောင့် အာဆီယံ-တရုတ် ဆက်ဆံ ရေးအား ထိခိုက်စေမည့်အနေအထားမိုျး ရောက်ရှိလာနိုင်မည်မဟုတ် ဟု လေ့လာသူများက သုံးသပ်ထားပါသည်။ မည်သို့ပင်ဆိုစေကာမူ အာဆီယံ-တရုတ်တို့၏ ဆက်ဆံရေးသည် မဟာဗျူဟာမြောက် မိတ် ဖက်ဆက်ဆံရေးအဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး မည်သည့် အတိုင်းအတာအထိ ပူးပေါင်းဆောင် ရွက်သွားမည်ဆိုသောအချက် ကိုမူ အနာဂတ်တွင် ဆက်လက်ရှုစားသွားကြရပါမည်။ ကိုးကား-အင်တာနက်သတင်းများ