Main menu

Background

သမင်လည်ပြန် ကြည့်မိသည် ၄၄ နှစ်ပြည့် အာဆီယံ

Tue, 08/23/2011 - 05:04 -- Anonymous (not verified)

သမင်လည်ပြန် ကြည့်မိသည် ၄၄ နှစ်ပြည့် အာဆီယံ       အခြေအနေနှင့် အချိန်အခါကောင်း                  ၂ဝ၁၁ ခုနှစ် သြဂုတ် ၈ ရက်နေ့သည် အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) ၏ ၄၄ နှစ်မြောက် မွေးနေ့ (ဝါ) အာဆီယံဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်နေ့အား (၄၄)ကြိမ် မြောက်ကျင်းပခဲ့သော နေ့ဖြစ်ပါသည်။ အာဆီယံကို သက်ရှိလူသား တစ်ယောက်အဖြစ် တင်စားရှုမြင်မည်ဆိုပါက သက်တမ်းလေးဆယ် ကျော်ခဲ့ပြီးဖြစ်၍ အာဆီယံသည်လူလားမြောက်ခဲ့ပြီဟု ဆိုရပေတော့ မည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အာဆီယံသည် ကိုယ်စွမ်းဉာဏ်စွမ်း အပြည့်ဝဆုံးသော အချိန်ကိုရရှိပိုင်ဆိုင်ထားပြီး ရှေ့ဆက်ရမည့်ခရီး ကို အားအင်ပြည့်ပြည့်၊ အတွေ့အကြုံ ြွကယ်ြွကယ်ဖြင့် ရင်ဆိုင် လျှောက်လှမ်းနိုင်ရန် အစွမ်းအစများ ပြည့်ဝလျက်ရှိနေပြီဖြစ်ပါသည်။ အခြေအနေ အချိန်အခါအရ အာဆီယံအတွက် ၎င်း၏အနာဂတ်ကို လက်ရှိအနေအထားထက် ပိုမိုတောက်ပြောင်အောင် ဖန်တီးနိုင်မည့် အချိန်အခါကောင်းသို့ ရောက်ရှိနေချိန်ဟုလည်း ဆိုနိုင်ပါသည်။  တာထွက်နှေးသော်လည်း ဖွံ့ ဖြိုးချိန်တွင် အရှိန်ကောင်းနေ               အာဆီယံ ( ASEAN- Association of Southeast Asian Nations) ဟုလူသိများသော အရှေ့တောင်အာရှနိုင်ငံများအသင်း မှာ ၁၉၆၇ ခုနှစ် သြဂုတ် ၈ ရက်နေ့၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သော ဘန်ကောက်ကြေညာချက် ( Bangkok Declaration)  နှင့်အတူ ပေါ်ထွက်လာခဲ့သော ဒေသ တွင်းအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ စတင်ဖွဲ့စည်းစဉ်က အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သာ ပါဝင် ခဲ့ပါသည်။ ဒေသတွင်းနိုင်ငံရေးနှင့် စီးပွားရေးတို့၌ ပူးပေါင်းဆောင်ရွက်ရန်ဟူသော အခြေခံမူဘောင်ဖြင့် အာဆီယံကိုဖွဲ့စည်းခဲ့သော် လည်း ဖွဲ့စည်းပြီးဆယ်စုနှစ်တစ်စုကာလအထိ ခိုင်မာသောရေရှည် မျှော်မှန်းချက်၊ အမြဲတမ်းလုပ်ငန်းစဉ်များနှင့် ပဋိညာဉ်တို့ကို တိတိ ကျကျ သတ်မှတ်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။ အာဆီယံ၏ ပထမဦးဆုံးဆွေးနွေးပွဲ  ( First ASEAN Summit)  ကိုပင် အာဆီယံဖွဲ့စည်းပြီး ကိုးနှစ်အကြာ ၁၉၇၆ ခုနှစ်မှသာ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ စတင်ခေါ်ယူကျင်းပနိုင်ခဲ့ပါသည်။ ၁၉၈၄ ခုနှစ်တွင် ဘရူးနိုင်းနိုင်ငံသည် အာဆီယံ၏ ဆဋ္ဌမမြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံအဖွဲ့သို့ ဝင်ရောက်ခဲ့ပါသည်။ အာဆီယံ အတွက် လက်ရှိ၌အရေးပါလျက်ရှိသော အာဆီယံဒေသတွင်းဖိုရမ် (ASEAN Regional Forum) ကို ၁၉၉၄ ခုနှစ်တွင် စတင်ကျင်းပ နိုင်ခဲ့ပါသည်။ ယင်းနောက် ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် အာဆီယံ၏ သတ္တမမြောက်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ၁၉၉၇ ခုနှစ် တွင် လာအိုနှင့် မြန်မာနိုင်ငံတို့သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံသည် အာဆီယံ၏ ဒသမမြောက်အဖွဲ့ဝင်နိုင်ငံများ ဖြစ်လာခဲ့ပါ သည်။               ထိုအချိန်မှစ၍ အရှေ့တောင်အာရှရှိ နိုင်ငံများအားလုံး (လက်ရှိတွင် အရှေ့တီမောနိုင်ငံမပါ) ပါဝင်သည့် တက်ြွက၍ အား ကောင်း သောဒေသတွင်း အဖွဲ့အစည်းတစ်ခုအဖြစ် အခိုင်အမာ ရပ်တည်ခဲ့ပါသည်။ အာရှတိုက်၌ အခြားသော ဒေသတွင်းဆိုင်ရာ အဖွဲ့အစည်းများ ရှိသော်လည်း လက်ရှိအချိန်တွင် အာဆီယံသည် အခြားသော ဒေသတွင်းအဖွဲ့များထက် အောင်မြင်မှုများရရှိနေပြီး အလားအလာ အကောင်းဆုံးသော ဒေသတွင်း အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြု ခံထားရပါသည်။ ကိုယ်ပိုင်အသွင်လက္ခဏာအပြည့်နှင့် အာဆီယံလမ်းစဉ်                  အရှေ့တောင်အာရှဒေသတွင်းရှိ နိုင်ငံများကို ခြုံငုံကြည့်လျှင် ဒေသတွင်းရှိ အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ပိုင်သွင်ပြင်လက္ခဏာ များမှာ အပေါ်ယံတွင် ဆင်တူယိုးမှားဖြင့် အတူတူပင်ဖြစ်သည်ဟု ရုတ်တရက် ထင်မှတ်နိုင်သော်လည်း အတွင်းပိုင်းအနှစ်သာရများတွင် သီးသန့် အသွင်အပြင်စရိုက်လက္ခဏာများ ပြည့်ဝနေပါသည်။ ထိုသို့သော အခြေအနေတွင် အာဆီယံဒေသတွင်း၏ တစ်ခုတည်း သော သွင်ပြင်လက္ခဏာကို သတ်မှတ်ဖော်ပြရန်မှာမူ လွယ်ကူမည် မဟုတ်ပေ။ ဥပမာအားဖြင့် ဘာသာစကား၊ ကိုးကွယ်သည့်အယူဝါဒ များနှင့် ကွဲပြားခြားနားသော မျိုးနွယ်စုများရှိနေသည့်အပြင် ဒေသ တွင်းနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်ကွာခြားချက် များနှင့် နိုင်ငံရေးအတွေးအခေါ်များ၌ပါ ကွဲပြားခြားနားမှုများရှိနေပါသည်။ သို့ဖြစ်ရာ မတူကွဲပြားမှုများဖြင့် ပေါင်းစည်းထားသော အာဆီယံအဖွဲ့ကြီး၏ လမ်းစဉ်နှင့်ချဉ်းကပ်မှု နည်းလမ်းများသည် အခြားသောဒေသတွင်း အဖွဲ့အစည်းများ၏ လမ်းစဉ်များမှ ခွဲထွက် ကာ ကိုယ်ပိုင်အသွင်လက္ခဏာများဖြင့် ပြည့်ဝနေမည်သာ ဖြစ်ပါ သည်။                      အာဆီယံ၏ အခြေခံလမ်းစဉ်သည် မိတ်ဖက်ဆက်ဆံရေးကို အစဉ်ထိန်းသိမ်းကာ ငြိမ်းချမ်းစွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်ပင်ဖြစ်ပါသည်။ ထိုလမ်းစဉ်သည် အာဆီယံ၏ အောင်မြင် သောလမ်းစဉ်ဖြစ်ကြောင်းကို ထွက်ပေါ်လာခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုရလဒ်များက သက်သေပြလျက်ရှိပါသည်။ အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်ပိုင် အခုျပ်အခြာအာဏာကို လေးစားလျက် အပြန်အလှန် ချစ်ကြည်လေးမြတ်မှုဖြင့် သာတူညီမျှအခွင့်အရေးရရှိစေရေး၊ အဖွဲ့ဝင် နိုင်ငံများ၏ ပြည်တွင်းရေးရာများကို အခြားအဖွဲ့ဝင်နိုင်ငံများက ဝင်ရောက်စွက်ဖက်ခြင်းမပြုရေး၊ မည်သို့သော အငြင်းပွားမှုများနှင့် ပြဿနာများကိုမဆို အကြမ်းဖက်ဖြေရှင်း မှုမျိုးကို လက်မခံဘဲ သံတမန်နည်းလမ်းအရသာ ငြိမ်းချမ်းစွာ ညှိနှိုင်းပေါင်းစပ် အဖြေရှာ ရေး စသော အာဆီယံ၏အမြုတေ စည်းမျဉ်းများကို လေ့လာကြည့် မည်ဆိုပါက ကိုယ်ပိုင်အသွင်လက္ခဏများနှင့် အနှစ်သာရ ပြည့်ဝ နေသော အာဆီယံလမ်း စဉ်ကိုရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ပါသည်။ ဒေသအတွင်း၌ဖြစ်ပွားခဲ့သော   ပြဿနာများအတွက် ဆွေးနွေး ညှိနှိုင်းအဖြေရှာခြင်း သည် အကောင်းဆုံးသော နည်းလမ်း (ဝါ) အာဆီယံ၏ ကိုယ်ပိုင်လမ်းစဉ်အဖြစ် အာဆီယံက ခံယူထားပြီး ယင်း ခံယူချက်ကို နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အစဉ်လေးစား လိုက် နာခဲ့သည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် အာဆီယံ လမ်းစဉ်သည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေခဲ့ပြီး ပြဿနာများနှင့် အငြင်းပွားမှု များ ဖြစ်ပေါ်မှုကိုလျှော့ချနိုင်ခဲ့ပါသည်။ပေါ်ပေါက်လာသော ပြဿနာများ၌ အကြမ်းဖက်မှု အနည်းဆုံး အဆင့်ထိ လျှော့ချနိုင်ခဲ့ပြီးနောက် ပြဿနာကိုအကြမ်းဖက်ဖြေရှင်း ခြင်းနည်းလမ်းမှ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးလမ်းပေါ်သို့ ရောက်ရှိ   အောင် ဆောင်ကြဉ်းနိုင်ခဲ့ပါသည်။ ဆက်လျှောက်ရမည့် သုံးပွင့်တစ်ခိုင် အာဆီယံအသိုက်အဝန်း ရည်မှန်းချက်              အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ကျစ်လျစ်ခိုင်မာသည့် အာဆီယံ အသိုက်အဝန်းတစ်ခု တည်ထောင်ရေးကို အာဆီယံမျှော် မှန်းချက် ၂ဝ၂ဝ ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် လမ်းပြ မြေပုံရေး ဆွဲကာ စနစ်တကျအကောင် အထည်ဖော်လျက်ရှိပါသည်။ အာဆီယံအသိုက်အဝန်းဟူသော ဘုံခေါင်းစဉ်အောက်တွင် အာဆီယံနိုင်ငံ ရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း နှင့် အာဆီယံလူမှုယဉ်ကျေးမှု အသိုက်အဝန်းဟူ၍ ခေါင်းစဉ်သုံးခု ခွဲခြားကာ သက်ဆိုင်ရာခေါင်းစဉ်ခွဲအလိုက် လမ်းပြမြေပုံ ၂ဝဝ၉- ၂ဝ၁၅ ကို အချိန်အပိုင်းအခြားသတ်မှတ်ထားပြီး ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို အစီအစဉ်တကျရေးဆွဲကာ အကောင်အထည် ဖော်လျက် ရှိပါသည်။        လမ်းပြမြေပုံတစ်ခုချင်းအလိုက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် လုပ်ငန်းတာဝန် များကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာတွင် သက်ဆိုင်ရာလုပ်ငန်းစဉ် အသီးသီး၌ တိုးတက်မှု စဉ်ဆက်မပြတ်ရရှိရန်အတွက် အကဲဖြတ်စောင့် ကြည့်ခြင်း လုပ်ငန်းစဉ်ကိုလည်း အဆင့်အလိုက်ထည့်သွင်း ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိသည့်တိုင် အာဆီယံ အသိုက်အဝန်း၏ ကြီးမားကျယ်ပြန့်သည့် လုပ်ငန်းစဉ်များအောက်ရှိ ရည်မှန်းချက်အသီးသီးကို အချိန်ပြည့် မီအောင် ဆောင်ရွက်ပြီးစီးရန်အတွက် ရေရာသည့် အာမခံချက်ပေးနိုင်ရန် ကြိုးစားနေဆဲ ဖြစ်ပါ သည်။ ခြုံငုံလေ့လာကြည့်မည်ဆိုပါက သုံးပွင့်တစ်ခိုင် အာဆီယံအသိုက်အဝန်း ရည်မှန်းချက် အောင်မြင်ရန်အတွက် ရှေ့ဆက်လျှောက်လှမ်းရမည့် ခရီးများကျန်ရှိနေ ပါသည်။                        ခိုင်မာသည့် မျှော်မှန်းချက်နှင့်အတူ လှပသည့်အနာဂတ်သို့ အာဆီယံအနေဖြင့် အာဆီယံမျှော်မှန်းချက် ၂ဝ၂ဝ (ASEAN Vision 2020) ကို ၁၉၉၇ ခုနှစ်ကပင် အခိုင်အမာချမှတ်ထားခဲ့ပြီးဖြစ်ပါသည်။ လက်ရှိအခြေ အနေတွင် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံရှိနေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းအနေဖြင့် နှစ်စဉ် ပျှမ်းမျှ ၅ ရာခိုင်နှုန်းကျော်အထိ စီးပွားရေးတိုးတက်မှုများ ရရှိနေသော အာဆီယံ အနေဖြင့် အာဆီယံမျှော်မှန်းချက် ၂ဝ၂ဝ ကိုအောင်မြင်အောင် အကောင်အထည် ဖော်နိုင်မည့် အလားအလာများကို တွေ့မြင်နေရပါသည်။ အခြားတစ်ဖက်မှလည်း စုစုပေါင်းလူဦးရေ သန်း ၆ဝဝ ကျော်ရှိသော မတူကွဲပြားခြားနားမှုများစွာဖြင့် ပေါင်း စည်းထားသည့် အာဆီယံ၏ ဘုံမျှော်မှန်းချက်များ အပြည့်အဝ အကောင်အထည် ဖော်ရန်အတွက် အခက်အခဲ၊ အဟန့်အတားများနှင့် ခြိမ်းခြောက်မှုများလည်း ရှိနေ ပါသည်။ သို့ရာတွင် အတိတ်ကို သမင်လည်ပြန်ကြည့်မည်ဆိုပါက အာဆီယံသည် မည်သည့်အခက်အခဲ အကျပ်အတည်းမိုျးကိုမဆို ၎င်း၏ညှိနှိုင်းပေါင်းစပ်၍ ငြိမ်းချမ်း သော နည်းလမ်းသုံးပြုအဖြေရှာခြင်း မူဝါဒလမ်းစဉ်ကို ကျင့်သုံးကာ ကျော်လွှား နိုင်ခဲ့သည် သာ ဖြစ်ပါသည်။                        အချုပ်အားဖြင့်ဆိုသော် အာဆီယံသည် ၎င်း၏ ကိုယ်ပိုင်အသွင်လက္ခဏာ နှင့် အနှစ်သာရပြည့်ဝသည့် အာဆီယံလမ်းစဉ် (ASEAN Way) မှ သွေဖည်ခြင်း မရှိဘဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပေါင်းစည်ခြင်းအားကိုအခြေပြုကာ ပွင့်လင်းမြင်သာ မှုများကို ပိုမိုတိုးတက်အောင် တည်ဆောက်သွားခြင်းဖြင့် မိမိတို့၏ ခိုင်မာသော မျှော်မှန်းချက်နှင့် အတူလှပသောအနာဂတ်ကို ရရှိပိုင်ဆိုင်သွားနိုင်မည်ဟု ယုံကြည် မိပါသည်။