Main menu

Background

ပေးသူရော ရသူပါ အကျိုးရှိလာတော့မယ့် အနာဂတ်

Sun, 09/04/2011 - 05:49 -- Anonymous (not verified)

ပေးသူရော ရသူပါ အကျိုးရှိလာတော့မယ့် အနာဂတ်                            အမေရိကန် ဒေါ်လာတန်ဖိုး မခိုင်မာခြင်းနဲ့အတူ ကမ္ဘာ့နိုင်ငံအသီးသီးမှာ လည်း ကန်ဒေါ်လာနဲ့ ငွေလဲလှယ်နှုန်းတွေ အတက်အကျ အပြောင်းအလဲတွေ ဇူလိုင်လ အစပိုင်းကတည်းက သတိထားမိပါတယ်။ နိုင်ငံတကာငွေလဲလှယ်နှုန်းတွေ ကိုလေ့လာရာမှာ ဇူလိုင်လ ၁ ရက်မှ သြဂုတ်လ ကုန်အတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဘတ်ငွေက ၂ဒသမ ၄၅ ရာခိုင်နှုန်း၊ တရုတ် ယွမ်တန်ဖိုးက ၁ ဒသမ ၃၂ ရာခိုင်နှုန်းနဲ့ ဂျပန်နိုင်ငံက ၅ ရာခိုင်နှုန်းအထိ ငွေတန်ဖိုးတွေ မာလာတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒေါ်လာတန်ဖိုးကျဆင်းမှု ဂရက်နဲ့အတူ မိမိတို့ မြန်မာနိုင်ငံမှာလည်း အကြောင်းရင်းပေါင်းများစွာနဲ့ ငွေလဲနှုန်း မတည်ငြိမ်မှုတွေ ကြောင့် ပို့ကုန်ကဏ္ဍကလုပ်ငန်းရှင်တွေ အထိ နစ်နာဆုံးရှုံးမှုတွေရှိခဲ့ကြပါတယ်။ အခွန်မူဝါဒ အပြောင်းအလဲ                     အစိုးရသစ်ဟာ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နေတာ အားလုံး အသိပါ။ ပြုပြင်ပြောင်းလဲမှုတွေထဲမှာ ပို့ကုန်မြှင့်တင်ရေးနဲ့ လတ်တလော ဖြစ်ပေါ်လျက်ရှိတဲ့ ဒေါ်လာတန်ဖိုးကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များ ထိခိုက်မှုသက် သာစေဖို့ ပို့ကုန်ခွန်အပေါ် မူလက ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနဲ့ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကောက်ခံနေမှုအပေါ် ဇူလိုင်လ ၁ ရက်ကစပြီး ကုန်သွယ်လုပ်ငန်းခွန်ကို ၅ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ထပ်မံပြီး သြဂုတ်လ ၁၅ ရက်ကစပြီး ပို့ကုန်အမျိုး အစား ၇ မျိုးအပေါ် ကုန်သွယ်လုပ်ငန်းခွန် အားလုံးကို ၆ လတာ လျှော့ချဖယ်ရှား ခဲ့ပါတယ်။ အကျပ်အတည်းထဲက ရုန်းထွက်နိုင်တဲ့ အားတချို့ ဖြစ်                      ပို့ကုန်ဝင်ငွေလဲလှယ်နှုန်း အတက်အကျမြန်ဆန်ပြီး အပြောင်းအလဲကြီးမားမှု တွေကြောင့် လုပ်ငန်းရှင် တွေထဲမှာ အဓိကပို့ကုန်လုပ်ငန်းရှင်တွေ ဆုံးရှုံးမှုရှိနေချိန် နိုင်ငံတော်ရဲ့ ပို့ကုန်ခွန်ဖယ်ရှားလိုက်ခြင်းက တကယ့်မင်္ဂလာတစ်ပါးပဲလို့ ဆိုကြပါတယ်။ ပို့ကုန်လုပ်ငန်းရှင်တွေအတွက်တော့ အများပြောတဲ့ Kyat crisis ထဲက ရုန်းထွက်နိုင်တဲ့ အားတချို့ဖြစ်စေခဲ့တာ အမှန်ပါ။ ကုန်ပစ္စည်းသဘောသဘာဝအရ အကျိုးရလဒ်ကွာခြား                        ပို့ကုန်လုပ်ငန်းထဲမှာ ကုန်ပစ္စည်းအမျိုးအစားအလိုက် ဈေးကွက် အနေအထား၊ ကုန်ပစ္စည်းရဲ့ သဘော သဘာဝအရ လက်ရှိအနေ အထားမှာ ပို့ကုန်ခွန်ဖယ်ရှားလိုက်ခြင်းရဲ့ အကျိုးရရှိခံစားရတာချင်း မတူတာလည်း ရှိနေပါတယ်။ မိမိတို့နိုင်ငံရဲ့ အဓိကပို့ကုန်များဖြစ်တဲ့ ပဲမျိုးစုံဆိုရင် အဓိကအားထားရတဲ့ ဈေးကွက်ကြီးကြီးမားမား က အိန္ဒိယတစ်နိုင်ငံထဲသာဖြစ်လို့ အခုပို့ကုန်ခွန်လျှော့လိုက်တဲ့အချိန် အိန္ဒိယဝယ်လက်တွေကလည်း ဈေးလျှော့ပြီး ဝယ်လိုတဲ့အတွက် ပဲတင်ပို့သူတွေအနေနဲ့ ငွေလဲနှုန်း မတည်ငြိမ်တဲ့ဒဏ်က လျော့ကျမှု နည်းတယ်လို့ ဆိုပါတယ်။ အဓိကတော့ ဈေးကွက်တစ်ခုထဲကိုပဲ အားထားနေရတဲ့ ကုန်ပစ္စည်းဖြစ်လို့ပါပဲ။ ဆန်ဈေးကွက်ကျယ်ပြန့်ခြင်းက အားသာချက်ဖြစ်                         ဆန်တင်ပို့မှုအနေနဲ့ ကမ္ဘာ့ဆန်ဈေးကွက်မှာ ထိပ်တန်း တင်ပို့နေတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒအရ ဆန်ဈေး မြင့်တက်တဲ့ဘက်ကို ဦးတည်နေသလို၊ အာဖရိကနိုင်ငံတချို့မှာလည်း နိုင်ငံရေး မတည် မငြိမ်မှုတွေအရ စားနပ်ရိက္ခာ အကျပ်အတည်းအချို့ ဖြစ်ပေါ်နေတဲ့ အတွက် ဈေးသက်သာတဲ့ မိမိတို့ရဲ့ ဆန်ကိုအဝယ်လိုက်တဲ့ သဘော ရှိနေပါတယ်။ ဒါ့အပြင် ဖိလစ်ပိုင်၊မလေးရှား၊ဘင်္ဂလားဒေ့ရှ်စတဲ့ ဈေးကွက်တွေကိုလည်း တင်ပို့နေရတဲ့ ဆန်ရဲ့အားသာချက်ကဆန် ဝယ် လက်များအတွက် ဈေးလျှော့မဝယ်နိုင်စေဖို့ပဲ အထောက်အကူ ပေးခဲ့ပါတယ်။ ဒါကြောင့်လည်း ဆန်တင်ပို့မှုဟာ ဇွန်လမှာ တန်ချိန် ၈ သောင်းကျော်၊ ဇူလိုင်လမှာ တန်ချိန် ၁၁၆ဝဝဝ ကျော်နဲ့ သြဂုတ်လ မှာတန်ချိန်၁၂ဝဝဝဝနီးပါးအထိတိုး တက်တင်ပို့နိုင်တာ တွေ့ရပါတယ်။ ပို့ကုန် ဝင်ငွေဒေါ်လာတန်ဖိုးမတည်ငြိမ်မှုကြောင့် လုပ်ငန်းရှင် များ ထိခိုက်နေချိန်မှာ ပို့ကုန်ခွန် ဖယ်ရှားလိုက်ခြင်းကြောင့် ပို့ကုန် လုပ်ငန်းကဏ္ဍတွေထဲက ဆန်တင်ပို့နေတဲ့ လုပ်ငန်းရှင်တွေရဲ့ ရင်တွင်း စကားကို မျှဝေ ဖေါ်ပြလိုက်ပါတယ်။ ပို့ကုန်ခွန်ဖြေလျော့ ပြောင်းလဲမှုကြောင့် ဈေးကွက်ပုံမှန်ရရှိ                        လက်ရှိကာလတိုအတွင်းမှာ ထူးခြားတဲ့အကျိုးအမြတ်မရရှိသေး ပေမယ့် ရေရှည်မှာ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းရည်တက်လာတဲ့ အားသာချက် ဖြစ်လို့ ကျွန်တော်တို့လို ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လှိုက် လှိုက်လဲှလဲှကြိုဆိုပါတယ်လို့ ခေတ္တရာဟင်္သာကုမ္ပဏီဒါရိုက်တာ ဦးရဲမင်းအောင်က ဆိုပါတယ်။ ''ငွေကြေးလဲလှယ်နှုန်း အလျင် အမြန်ကျဆင်း နေတဲ့အချိန် ပို့ကုန်ခွန် ၈ ရာခိုင်နှုန်း ဖယ်ရှားပေး လိုက်ခြင်းဟာ ကျွန်တော်တို့ဆုံးရှုံးမှုကို လျော့ပါးစေခဲ့တာ အမှန် ပါ။ အကယ်လို့သာ ပို့ကုန်အခွန်ကို လျော့ပေါ့ခြင်းမရှိဘဲ ပို့ကုန်ဝင်ငွေ လဲလှယ်နှုန်းကလည်း ကျနှုန်းမြန်နေမယ်ဆိုရင် ကျွန်တော်တို့လို ပို့ကုန် လုပ်ငန်းရှင်တွေ ရပ်ဆိုင်းရမယ့် အနေအထား ရှိနိုင် ပါတယ်။ လုပ်ငန်းရှင်ရှုထောင့်အရပြောရရင် အကျိုးအမြတ်မရပေမယ့် လုပ်နိုင် ကိုင်နိုင်တဲ့ အနေအထားဖြစ်အောင် နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး မူဝါဒပြောင်းလဲလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ ဆန် ဈေးကွက် ဖျက်ရတာ မျိုးမရှိဘဲ ပုံမှန်တင်ပို့နိုင်တဲ့ အနေအထား ရှိနေပါတယ်''လို့ လည်း ဦးရဲမင်းအောင်က ထပ်လောင်းဆိုပါတယ်။ စီးပွားရေးလုပ်ငန်းမှာ ငွေကြေးမူဝါဒလည်း အရေးပါ                     အခုလို အခွန်ဖယ်ရှားလိုက်ခြင်းဟာ အထူးသဖြင့် ဆန်ဈေး ကွက်မှာ ဗီယက်နမ်နဲ့ယှဉ်ရင် Level Playing Field  တန်းတူရည်တူဖြစ်လာတဲ့ အချိန် ရေရှည်မှာ ပိုမိုယှဉ်ပြိုင်လာနိုင်မှာဖြစ်ပါ တယ်။ စီးပွားရေးလုပ်ငန်းလုပ်တဲ့ နေရာမှာ ငွေကြေးမူဝါဒဟာလည်း အရေးပါပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ယှဉ်ပြိုင်နိုင်စွမ်းရှိစေဖို့ တရုတ်နိုင်ငံမှာဆိုရင် နိုင်ငံရဲ့ အရေးပါတဲ့ ကုန်စည် အမျိုးအစား အလိုက် ကုန်ပစ္စည်းတင်ပို့ရာမှာ အလျော့အတင်းတွေလုပ်ပါ တယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် တရုတ်နိုင်ငံစိုက်ပျိုးရေးကဏ္ဍ အတွက် ဖြည့်ဆည်းဖို့လိုအပ်တဲ့ ဓာတ်မြေသြဇာ တင်ပို့မယ်ဆိုရင် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်းကောက်ခံပြီး နိုင်ငံမှာပိုလံျှတဲ့ သံချောင်း၊ သံတိုတင်ပို့မယ်ဆိုရင် ပြန်အမ်းငွေ ၁ ဒသမ ၅ ရာခိုင်နှုန်းခန့် ထုတ် ပေးတာမျိုးတွေနဲ့ ချိန်ထိုးဆောင်ရွက်ပေးတာ တွေ့ရပါတယ်။                  ကျွန်တော်တို့ နိုင်ငံမှာလည်း နိုင်ငံတော်အပိုင်းအနေနဲ့ ငွေကြေးမူဝါဒတွေပြုပြင် ပြောင်းလဲလာနေပြီဖြစ်လို့ ရေရှည်မှာ ကျွန်တော်တို့ တင်ပို့နေတဲ့ ဆန်ဆိုရင် ဈေးကွက်သစ်တွေ ရှာဖွေလာနိုင်မယ်။ ပို့ကုန်တွေ တိုးမြင့်လာနိုင်မယ့် အခွင့်အလမ်းတွေ ရရှိလာမယ်လို့ မျှော်မှန်းရပါတယ်လို့ ဆိုပါတယ်။ ရေရှည်မှာ ထိုင်းဆန်ဈေးကွက်ဝေစုများကိုပင် ရရှိလာနိုင်မယ်လို့ဆို                 ရွှေဝါရောင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးလူမော်မြင့်မောင် ကလည်း ပို့ကုန် ဝင်ငွေလဲလှယ်နှုန်းကျဆင်းပေမဲ့ ကမ္ဘာ့ဈေးကွက်အရ အာဖရိက၊ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ဝယ်လိုအားလည်းရှိပြီး ကမ္ဘာ့ ဆန် ဈေးလည်း အတက်ဘက်ဦးတည်နေတဲ့ကာလ ကျွန်တော်တို့ တင်ပို့မှုတွေ တိုးတက်စေဖို့ နိုင်ငံတကာအခွန်လျှော့ပေးတဲ့အတွက် လက်ရှိတင်ပို့ နိုင်တဲ့ အနေအထားကို လုပ်နိုင်တာပါ။ အထူးသဖြင့် ဆန်အနေနဲ့ ဈေးကွက်ကျယ်ကျယ်ပြန့်ပြန့်ရှိနေတဲ့ အားသာချက်ပါ။  ပို့ကုန် လုပ်ငန်းအနေနဲ့ ငွေလဲလှယ်နှုန်း တည်ငြိမ်မယ်ဆိုရင် ဈေးကွက်ကို ပုံမှန်ရောင်းနိုင်ပါတယ်။ ငွေဈေးမတည်ငြိမ်ရင် ငွေဈေး  အတက်အကျကို ကြောက်ပြီး မရောင်းရဲ၊ မဝယ်ရဲဖြစ်တဲ့အခါ ဈေး ကွက်ပျက်နိုင်တဲ့ အနေအထားရှိပါတယ်။ အခုဆိုရင် နိုင်ငံတော်က အခွန်တွေလျှော့ပေါ့ပေးတော့ ငွေလဲနှုန်းသာ တည်ငြိမ်နေမယ် ဆိုရင် လက်ရှိထိုင်းနိုင်ငံရဲ့ မူဝါဒအရ ထိုင်းနိုင်ငံရဲ့ ဆန်ဈေးကွက်ဝေစုတွေ တောင် ရလာနိုင်မယ့် အခွင့်အလမ်းတွေ ဖြစ်လာစေနိုင်ပါတယ်။                  ပို့ကုန် လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ပြောရမယ်ဆိုရင် Export ရလာတဲ့ Earning တွေကို ဝင်လာတာနဲ့ ငွေပြန်ဖော်ဖို့ ချက်ချင်း ပြန်ရောင်း ရတဲ့အခါ Earning  ဝယ်လက်တွေက ငွေလိုတာသိပြီး ဈေးအနိမ့်နဲ့ ဝယ်ယူတာမျိုးတွေရှိပြီး ဈေးမငြိမ်မှုတွေ ဖြစ်ရတာကြောင့် Earning  Credit  ကို အပေါင်ခံပြီး ၉ဝ ရာခိုင်နှုန်းကို အတိုးနှုန်းသက်သက် သာသာနဲ့ ချေးပေးမယ်ဆိုရင် ပို့ကုန်သမားတွေ အိန္ဒြေရှိရှိနဲ့ ငွေ လည်ပတ်နိုင်မှာဖြစ်သလို တစ်ဖက်မှာလည်း ငွေလဲလှယ်နှုန်း တည် ငြိမ်ဖို့ အထောက်အပံ့ဖြစ်နိုင်မယ်လို့ ယူဆပါတယ်လို့ အကြံပြု ဆွေးနွေးပါတယ်။ ငွေလဲနှုန်းသာ တည်ငြိမ်မယ်ဆိုရင် ပို့ကုန်ခွန်လျှော့ပေးခြင်းက တောင်သူတွေအတွက် ပိုအကျိုးရှိနိုင်မယ်                အောင်နိုင်သစ္စာကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်ဦးကလည်း ပို့ကုန်ခွန် ၈ ရာခိုင်နှုန်းလျှော့ပေးလို့ ပို့ကုန်ဝင်ငွေ ဈေးနှုန်း ကျဆင်းပေမဲ့ ဆန်တင်ပို့မှုခံသာတဲ့ အနေအထားရှိတာ နိုင်ငံတော်ရဲ့ ကျေးဇူးပါလို့ ဆိုပါတယ်။ ငွေလဲနှုန်း ၁ ဒေါ်လာ ၈ဝဝ ကျပ်ဝန်းကျင် လောက်နဲ့ တည်ငြိမ်မယ်ဆိုရင် ဆန်ကုန်သည်၊ ဆန်တင်ပို့သူတွေ အကျိုးအမြတ် ပိုရမှာဖြစ်သလို တောင်သူတွေဆီကလည်း ဈေးပိုပေး ဝယ်ယူနိုင်မှာဖြစ်ပါတယ်။                  လက်ရှိတင်ပို့နေတဲ့ ဆန်တွေထဲမှာ ပြီးခဲ့တဲ့ နွေ ဆန် ၃ ပုံ ၁ ပုံနဲ့ မိုးဆန် ၃ ပုံ ၂ ပုံခန့်ကို တင်ပို့ နေတာဖြစ်ပြီး ပို့ခွန်တွေလျော့ပေးသလို တစ်ဖက်မှာလည်းငွေလဲလှယ်နှုန်း တည်ငြိမ်မယ်ဆိုရင် တောင်သူတွေ ဒီထက်ပို အကျိုးအမြတ်ရမှာဖြစ်ပါတယ်။ အခုလည်း ဆန်တစ်အိတ်ကို ၃ဝဝ-၅ဝဝ ကျပ် ပိုရလာတဲ့ အခြေအနေရှိပါတယ်။ လတ်တလောအနောက်အာဖရိကနိုင်ငံအချို့မှာ စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်တော့ အရည်အသွေးမြင့်တဲ့ဆန်ထက် အရည်အသွေးနိမ့်တဲ့ဆန်ကို ပိုပြီး ဝယ်လို အားကောင်းနေတယ်။ ဒါ့အပြင် ကမ္ဘာ့ဈေးကွက်မှာလည်း ဆန်ဈေးက Up Trand  သွားနေတာ ဆိုတော့ ပို့ကုန်ဝင်ငွေတန်ဖိုး ကျဆင်းပေမဲ့ အခြားကုန်စည်တင်ပို့မှုထက်စာရင် ဆန်တင်ပို့မှုက အဆင်ပြေတဲ့အနေအထားမှာရှိပါတယ်လို့ သုံးသပ်ပြောကြားပါတယ်။ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ဖို့ ကောင်းတဲ့ အခွင့်အရေးကြီးပါ                   နိုင်ငံတကာမှာလည်း Currency Rate အပြောင်းအလဲ၊ ဒေါ်လာတန်ဖိုးကျဆင်းမှုတွေကြောင့် Export  တွေ ကျဆင်းနေတာဖြစ်လို့ ကျွန်တော်တို့နိုင်ငံတစ်ခုထဲ ငွေဈေးမတည်ငြိမ်မှုကြောင့် Exporter ထိခိုက်တာလို့ ပြောလို့မရပါဘူး။ အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာပဲ ဖြစ်နိုင်ပါတယ်။                 လက်ရှိနိုင်ငံတော်က ဖြေလျှော့မှုတွေ လုပ်ပေးနေတဲ့အတွက် ကုန်သွယ်မှုလုပ်ငန်းကဏ္ဍမှာ ပိုမိုလွယ်ကူ ချောမွေ့မယ်လို့ ယူဆပါတယ်။ အရင်ကလို ကုန်ပစ္စည်းတစ်ခုခုရောင်းမယ်ဆိုရင် ၁ဝ ရာခိုင်နှုန်း အခွန်ကို စဉ်းစားပြီးရောင်းရ တာမျိုးမရှိတော့ နိုင်ငံတကာမှာ ဈေးနှုန်းအနေနဲ့ ယှဉ်ပြိုင်မှုကောင်းတဲ့ အခွင့်အလမ်းတွေရှိလာနေပါပြီ။ နိုင်ငံတကာမှာ ယှဉ်ပြိုင်ရောင်းချနိုင်တာနဲ့ အမျှ ပြည်တွင်း ထုတ် လုပ်သူတွေလည်း အကျိုးအမြတ်ပိုရလာမှာဖြစ်လို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းတဲ့ အခွင့်အရေး ကြီးတစ်ခု ရရှိတယ်လို့ ယုံကြည်ပါတယ်လို့ ဦးအောင်ဇော်ဦးက ဆိုပါတယ်။                   နိုင်ငံတော်အစိုးရဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကုန်သွယ်မှုလုပ်ငန်းအဆင်ပြေစေဖို့ လုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိရေး အဘက်ဘက်က စဉ်းစားပြီး ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နေ တာ တွေ့ရပါတယ်။ ဘဏ္ဍာရေးမူဝါဒများဖြစ်တဲ့ ပို့ကုန်ခွန်များ ဖြေလျော့ခြင်း၊ ကင်းလွတ်ခြင်း၊ ကုန်သွယ် လုပ်ငန်းခွန်များကင်းလွတ်ခြင်း တွေလုပ်ပေးနေသလို ငွေကြေးမူဝါဒများဖြစ်တဲ့ ဘဏ်အတိုး နှုန်းတွေကိုလည်း ပြင်ဆင်ပြောင်းလဲတာတွေ့ရပါတယ်။ ဒါ့အပြင်ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအတွက် လည်း တစ်ဖက်တစ်လမ်းက မူဘောင်အတွင်းမှ ကူညီဆောင်ရွက်ပေး နေတာဖြစ်လို့ ဆန်တင်ပို့သူများ သာမက အခြားပို့ကုန်လုပ်ငန်းရှင်များပါ ထိထိရောက်ရောက်ခံစား ရနိုင်မယ်လို့ ယုံကြည်မိပါတယ်။ နိုင်ငံတော်အပိုင်းက အကောင်းဆုံးတွေ ဖန်တီးပေးနေသလို လုပ်ငန်းရှင်များ အပိုင်းက လည်း နိုင်ငံ တော်ရဲ့ ကျေးဇူးသစ္စာကို စောင့်သိပြီး မှန်မှန်ကန်ကန်ဆောင်ရွက်ကြရင်ဖြင့် အနာဂတ်မှာ ပေးသူရော ရသူပါ အကျိုးရှိမှာဖြစ်သလို နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလည်း အရှိန်အဟုန်ရလာမှာ ဖြစ်ပါကြောင်း။