Main menu

Background

ပို့ကုန်သီးနှံအရည်အသွေးမြှင့်တင်ရေး နှင့် Color Sorter

Sun, 09/11/2011 - 03:35 -- Anonymous (not verified)

ပို့ကုန်သီးနှံအရည်အသွေးမြှင့်တင်ရေး နှင့် Color Sorter                  မြန်မာနိုင်ငံဟာ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ဆီထွက်သီးနံှတွေကို ပြည်ပကို တင်ပို့ရောင်းချလျက်ရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အဲဒီလိုတင်ပို့ရောင်းချရာ မှာ သမားရိုးကျနည်းအတိုင်း ကြိတ်ခွဲ ရောင်းချခဲ့ကြတဲ့အတွက် ကမ္ဘာ့ဈေးကွက်မှာ ဈေးကောင်းမရဘဲ ကာလ အတန်ကြာ ရှိခဲ့ပါတယ်။                     ပြည်ပဆန်ဈေးကွက်မှာနိုင်ငံတော်တော်များများဟာ ဈေးကွက်ဝင်နိုင်ဖို့ အတွက် ခေတ်မီနည်းစနစ်တွေ၊ ခေတ်မီ စက်ကိရိယာတွေနဲ့ထွန်ယက်စိုက်ပျိုး နေချိန်မှာ မြန်မာနိုင်ငံဟာ မိရိုးဖလာ ထွန်ယက်စိုက်ပျိုးခဲ့ကြတဲ့အတွက် ပြည်ပကိုတင်ပို့နိုင်ဖို့ထက် ပြည်တွင်း စားသုံး မှုမှာပင် အရည်အသွေးနိမ့်ကျတဲ့ဆန် တွေကိုသာ စားသုံးနေခဲ့ရပါတယ်။                   ဆန်တွေ၊ ပဲတွေမှာ အဖြုန်းတွေ၊ မဲှ့စွန်းတွေ၊ အရောင်ပျက်တွေပါ ဝင်နေတဲ့အတွက် ကုန်သည်တွေဟာ ၎င်း တို့ရဲ့ ကုန်ပစ္စည်းတွေ ဈေးကောင်းရ နိုင်ဖို့အတွက် သန့်စင်ရေးလုပ်ငန်းကို လူအားနဲ့သာ လုပ်ဆောင်ခဲ့ရပါတယ်။ အဲ ဒီလို အလုပ်သမားများ ငှားရမ်းပြီး လုပ် ဆောင်ခဲ့ကြရတဲ့အတွက် အချိန်ကုန်ပြီး အလုပ်သမားခနဲ့ ဝန်ဆောင်မှု စရိတ်များကိုပါ ထပ်ဆောင်းပေးရတဲ့ ဒုက္ခတွေ က ဝန်ထုပ်ဝန်ပိုးသဖွယ် ဖြစ်လာခဲ့ရပါတယ်။                  ၂ဝဝ၃ခုနှစ်နောက်ပိုင်းမှာဆန်စပါး လုပ်ငန်းကို ပုဂ္ဂလိကကို လွဲှပြောင်းပေး ပြီးတဲ့နောက် ၂ဝဝ၄ ခုနှစ်မှာ ဆန်စက် ပြပွဲတွေ ပြုလုပ်ခဲ့တဲ့အတွက် တခြား စီးပွားရေးလုပ်ငန်းရှင်တွေဟာလည်း ဆန်စပါးလုပ်ငန်းဘက်ကို ခြေဦးလှည့် လာခဲ့ပါတယ်။                ဆန်နဲ့ပဲကို ပြည်ပကို တင်ပို့ခွင့်ရ တဲ့အတွက် ရင်းနှီးမြှုပ်နံှနိုင်တဲ့လုပ်ငန်း ရှင်တွေဟာ ခေတ်မီအရောင်ရွေးစက်တွေနဲ့ လုပ်ငန်းတွင်ကျယ်အောင်လုပ် ဆောင်ခဲ့ပါတယ်။ အဲဒီလိုလုပ်မှသာလျှင် မြန်မာ့သီးနံှတွေဟာ ကမ္ဘာ့ဈေးကွက်မှာဈေးကောင်းရနိုင်မှာဖြစ်ပါတယ်။ Color Sorter  ရဲ့ကနဦးအစ                 ယခင်က ပြည်ပ ဆန်တင်ပို့မှုကို နိုင်ငံတော်ကသာ ဦးစီးဦးဆောင်ပြုပြီး လုပ်ကိုင်ခဲ့တာပါ။ အဲဒီတုန်းက ပြည်ပကို ဆန်တင်ပို့ခဲ့ရာမှာ ရာသီဥတု ဖောက်ပြန်တဲ့ နှစ်များမှာ ဆန်ဝါပေါက်တဲ့ အတွက် Reject ထိခဲ့လို့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်အစိုးရဟာ လှိုင် သာယာမှာ ရှိတဲ့ အစိုးရပိုင် တန် ၃၆ဝ ဆန်စက်မှာColor Sorter ကို ပြည်ပမှ မှာယူပြီး တပ်ဆင်ခဲ့ပါတယ်။ အဆိုပါ Color Sorter  ဟာ အင်္ဂလန်နိုင်ငံက ထုတ်လုပ် တဲ့ BUHLER အမှတ်တံဆိပ် ဖြစ် ကြောင်း သိရှိရပါတယ်။                 ဒါပေမယ့်လည်း အဆိုပါ Color Sorter  စက်ဟာ နောက်ပိုင်းမှာ Service  အခက်အခဲ၊ Spare Parts  အခက် အခဲများကြောင့် အသုံးမပြုနိုင်တော့ဘဲ ရပ်နားထားခဲ့ရကြောင်း သိရပါတယ်။ နိုင်ငံတော်အစိုးရဟာ ဆန်စပါး ပေါ်လစီကိုပြောင်းလဲပေးခဲ့တာကြောင့် ဆန်စက်ပိုင်ရှင်တွေ၊ ဆန်ကုန်သည်တွေ ဟာ ခေတ်မီနည်းစနစ်တွေကို အသုံးပြု ပြီး ဆန်ရဲ့အရည်အသွေးကို မြှင့်တင်နိုင် ဖို့ ကြိုးစားလာခဲ့ကြပါတယ်။                 ''အရင်တုန်းကဆိုရင် ပဲကို Sorted  လုပ်ဖို့ အလုပ်သမား မိန်းကလေးတွေ အယောက် ၁ဝဝလောက်ငှားရတယ်။ အဲဒီလို ငှားရတဲ့အခါကျတော့ ကောင်းတာရှိသလို ဆိုးကျိုးလည်းရှိတယ်။ အလုပ်သမားတွေက ပဲကို ရွေးတဲ့အခါ မှာ ပေါ့ပေါ့ဆဆလုပ်လို့ မစင်ကြယ်တာတွေရှိတယ်။ နောက် ကွာစေ့လှော် အခွံတွေ၊ ဆေးလိပ်တိုတွေ တောင် ပါလာတဲ့အတွက်ခဏခဏ Complain  တွေ တက်နေကြတယ်။ အဲဒါကြောင့် ကုန်သည်တွေ စက်ပိုင်ရှင်တွေက ဒီ Color Sorter  ကို တပ်ဖို့ စိတ်ကူးလာကြ တာ''လို့ ပြောပြခဲ့တယ်။ ဈေးကွက်ပုံစံပြောင်းလာပြီ               ရှေးယခင်ကပြည်သူတွေရဲ့စားသုံးမှုပုံစံနဲ့ ယနေ့ခေတ်ပြည်သူတွေရဲ့စားသုံး မှုပုံစံတွေဟာ ခေတ်စနစ်ပြောင်းလဲလာမှုနဲ့အညီ တိုးတက်ပြောင်းလဲလာတာကို တွေ့ရှိရပါတယ်။ ရှေးယခင်ကပြည်သူ တွေဟာ ဆန်ဖြစ်စေ ပဲဖြစ်စေ မိမိနေ အိမ်မှာပင် ဆန်ကော ဒါမှမဟုတ် ဆန်ကာ တို့ကို အသုံးပြုပြီးဆန်ကောင်း ပဲကောင်းရအောင် ပြန်ရွေးပြီးမှ ချက်ပြုတ် စားသောက်ကြတာပါ။အခုခေတ် မှာတော့ အသင့်ခပ်ချက်ဆိုတဲ့စကား ပေါ်လာတဲ့ အတွက် စားသုံးသူတွေဟာ ဆန်ထဲမှာ စပါးလုံးတွေ၊ မဲှ့စွန်းတွေ အဖြုန်းတွေ စတဲ့မလိုလားအပ်တဲ့အရာ တွေ ပါလာမှာကို မနှစ်မြို့တဲ့အတွက် ဆန်ကုန်သည်တွေဟာ အလုပ်သမား တွေ ငှားရမ်းပြီး ဆန်ရွေး ပဲရွေးတဲ့စနစ် ကို ကျင့်သုံးခဲ့ကြတာပါ။               အဲဒီလိုလုပ်ဆောင်ခဲ့ပေမယ့်လည်း အခက်အခဲတွေကြုံတွေ့ခဲ့ရတာကြောင့် လူအစား စက်ကို အသုံးပြုဖို့အတွက် Color Sorter  ကို တင်သွင်းလာခဲ့ကြ တာ ဖြစ်ပါတယ်။ တင်သွင်းရတဲ့ ရည်ရွယ်ချက်                ''ကျွန်တော်တို့နိုင်ငံမှာ ဒီ Color Sorter  ကို ဈေးကွက်ရဲ့တောင်းဆိုချက် အရသွင်းလာတာလို့ ပြောရမှာပါ။ ပြည် တွင်းစားသုံးမှုမှာ အခုဆိုရင် Quality ကမြင့်လာပြီ။ ပြည်တွင်းစားသုံးမှုဈေးကွက်မှာ ဆန်အဝါတွေ၊ စပါးလုံးတွေ ပါလာရင် မစားချင် မဝယ်ချင်ကြတော့ဘူး။ စားသုံးသူတွေက ဆန်ကို သန့်သန့် လေးစားချင်နေကြတဲ့ အခါကျတော့ စက်ပိုင်ရှင်တွေ ကုန်သည်တွေက ဒီ Color Sorter  ကို တပ်ဆင်ဖို့ စိတ်ကူး လာကြတယ်''လို့ SATAKE Corporation မှ Senior Engineer  ဦးကျော်ထွန်း က ရှင်းပြခဲ့ပါတယ်။ ရသင့်ရထိုက်တဲ့ အကျိုးအမြတ်ရဖို့                 Unique Quality Products Trading Co., Ltd မှ ဦးခဲဟန်က ''ပြည်ပပို့သီးနံှဈေးကွက်မှာ စွမ်းရည်မြင့် စက်များ သုံးစွဲ ထုတ်လုပ်တဲ့အတွက် ဈေးကွက်မှာ အရည် အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေ ရောင်းချနိုင်စေရန်၊ စက် ရဲ့ မြင့်မားတဲ့ စွမ်းဆောင်ရည် ကြောင့် ရေရှည်မှာ လုပ်အားခ ကုန်ကျစရိတ် လျော့ကျစေရန်၊ ရာသီဥတုဖောက်ပြန် မှုကြောင့် သီးနံှများ အရည်အသွေး ကျဆင်းမှုကို အရည်အသွေးမီ ပို့ကုန် အဖြစ် ထုတ်လုပ်နိုင်စေရန်၊ လုပ်ငန်းရှင်များပြည်ပဈေးကွက်မှာ ဈေးကောင်း ရပြီး ဈေးကွက် ခိုင်မာလာစေရန်၊ အခြေခံ စိုက်ပျိုးသူ တောင်သူများ ဝင်ငွေ တိုးလာစေရန်အတွက်ရည်ရွယ် ပြီး ဒီ Color Sorter  စက်တွေကို ပြည်ပ က သွင်းရတာပါ''လို့ ရှင်းပြခဲ့ပါတယ်။                      ပြည်တွင်းသီးနံှထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေအနေနဲ့ ခေတ်မီတဲ့ Color Sorte  စက်များကို တပ်ဆင်အသုံးပြု မည်ဆိုပါက အရည်အသွေးမီလယ်ယာပို့ကုန်အဖြစ် ထုတ်လုပ်နိုင်ကာ ဈေးကောင်းလည်းရ ဈေးကွက်လည်း ခိုင်မာ ကျယ်ပြန့်လာပြီး အားလုံးအကျိုးခံစား ခွင့်ရရှိလာမှာ ဖြစ်ပါတယ်။                    ''အခုဆိုရင်ဈေးကွက်ကို စားသုံးသူ တွေက ရွေးချယ်လာကြတာပါ။ ဈေး ကွက်ပုံစံပြောင်းလာတာနဲ့အမျှ စိုက်ပျိုးသူတွေ၊ထုတ်လုပ်သူတွေဟာလည်း အဲ ဒီပြောင်းလဲမှုကိုလိုက်ပြီး ပြောင်းပေးရမှာပါ။ ဆန်ရဲ့အရောင်အသွေးမမှန်မှု ကြောင့်ဈေးကောင်းမရတဲ့အပြင် လက် နဲ့ရွေးရတဲ့ဟာလည်း မစင်နိုင်ပါဘူး။                        နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်ချင်တယ်ဆိုရင်တော့ ခေတ်မီနည်းစနစ် တွေ ကိုအသုံးပြုမှရမှာပါ''လို့ Crocodile  ဆန်စက်နှင့်ဆန်စက်အပိုပစ္စည်း များရောင်းဝယ်ရေးလုပ်ငန်းမှ ကိုနေ လင်းဦးက ပြောကြားခဲ့တာပါ။ Color Sorter တွေသွင်းကြပြီ                       ပြည်တွင်းဈေးကွက်မှာ Color Sorter  တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့အတွက် Unique Quality Products Trading Co., Ltd., SATAKE Corporation, DKSH Service Ltd., Crocodile  ဆန်စက်နှင့်ဆန် စက်အပိုပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်းတို့ဟာ ထုတ်လုပ်တဲ့ ပြည်ပနိုင်ငံများ နဲ့ ချိတ်ဆက်ပြီး တင်သွင်းလျက် ရှိ ကြောင်း သိရပါတယ်။                    Color Sorter  ကို ဂျပန်၊ အင်္ဂလန်၊ တရုတ်၊ အိန္ဒိယ၊ ဂျာမနီ၊ တောင်ကိုရီးယားစတဲ့ စက်မှုနိုင်ငံကြီးတွေမှာ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ကမ္ဘာ့ နိုင်ငံတော်တော်များများက အဲဒီ Color Sorter ကို သုံးစွဲနေမှုဟာ အချိန် ကာလ အတန်ငယ်ကြာမြင့် နေပြီဖြစ်ကြောင်း သိရပါတယ်။ BUHLER Color Sorter                   Unique Quality Products Co., Ltd  ဟာ အင်္ဂလန်နိုင်ငံမှထုတ်လုပ် တဲ့ BUHLER အမှတ်တံဆိပ် အရောင် ရွေးစက် (Color Sorter) ကို တင်သွင်း လျက်ရှိကြောင်း သိရပါတယ်။                   Color Sorter များမှာSortex M (Monochromatic) နဲ့ Sortex Z+B (Bichromatic) ဆိုပြီး နှစ်မျိုးနှစ်စားရှိရာ အဆင့်မြင့်ကုန်ပစ္စည်းများကိုထုတ်လုပ်နိုင်တဲ့ Sortex Z+B (Bichromatic)  ကိုတော့ အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ BUHLER Co., Ltd. ကသာလျှင်ထုတ်လုပ်ကြောင်း သိရပါတယ်။ အဆိုပါ Sortex Z+B (Bichromatic)  ရဲ့အားသာ ချက်မှာ ဆန်၊ ပဲစတဲ့ သီးနံှများမှာရောနှောပါဝင်နိုင်တဲ့ ဖန်ကွဲစ၊ မှန်ကွဲစများ၊ ပလပ်စတစ်စတဲ့ အရောင်တူပစ္စည်းများ ကိုပါ ကောင်းမွန်စွာခွဲခြားပေးနိုင်တဲ့အပြင် အရောင်ခွဲခြားရန်ခက်ခဲတဲ့ ပဲတီစိမ်းများမှာ အညိုရင့်ရောင်၊စိမ်းပုတ်ပုတ် ရောင်စတဲ့ဆင်တူအရောင်တွေကိုလည်း ခွဲခြားပေးနိုင်ကြောင်း သိရပါတယ်။ ဒါ့ပြင် မိမိခွဲခြားလိုတဲ့ကုန်ပစ္စည်းအရောင် များကိုလည်း Command  ပေးပြီးခွဲခြား နိုင်ကြောင်း သိရပါတယ်။ ှSATAKE Color Sorter                SATAKE Corporation ဟာ ဂျပန်နိုင်ငံမှထုတ်လုပ်တဲ့ SATAKE  အမှတ်တံဆိပ် အရောင်ရွေးစက်များကို တင်သွင်းလျက်ရှိကြောင်း သိရပါတယ်။ SATAKE  မှထုတ်လုပ်တဲ့ Color Sorter  လေးမျိုးရှိကြောင်း သိရပါတယ်။ AS II 32, AS II 64, AS II 96, AS II 160 စက်အမျိုးအစားတွေဖြစ်ပါတယ်။ အဆိုပါစက်တွေဟာ ဆန်၊ ဂံျု၊ ပြောင်း၊ ကော်ဖီစေ့၊ သီးနံှမျိုးစေ့များကို ရွေးချယ် ပေးနိုင်ကြောင်းသိရပါတယ်။    DKSH နဲ့ SOUL Color Sorter             DKSHCo., Ltd. ဟာ တောင်ကိုရီးယားနိုင်ငံမှထုတ်လုပ်တဲ့ SOUL  အမှတ်တံဆိပ် အရောင်ရွေးစက်များကို တင်သွင်းလျက်ရှိကြောင်း သိရပါတယ်။ SOUL  အမှတ်တံဆိပ် Color Sorter  လေးမျိုးရှိကြောင်း သိရပါတယ်။ DS-596 နဲ့ DS-8128 က တစ်နာရီကို တစ်တန်မှ လေးတန်အထိ ဆန်၊ နှမ်း ဘာလီ၊ ကြက်သွန်ဖြူတို့ကို သန့်စင်ပေး နိုင်ပြီး DS-8192  မှာ တစ်နာရီကို နှစ် တန်မှ ရှစ်တန်အထိ သန့်စင်ပေးနိုင် ကြောင်း သိရပါတယ်။ ဒါ့ပြင် DS-3320  မှာ တစ်နာရီကို သုံးတန်မှ ၁၆တန် အထိ ထည့်သွင်းပြီး သန့်စင်ပေးနိုင်ကြောင်း သိရပါတယ်။ ဒါ့ပြင်ကော်ဖီ စေ့ကဲ့သို့ အခြားလယ်ယာထွက်ကုန်များ ကိုလည်း အရောင်ရွေးချယ်သန့်စင်ပေးနိုင်ကြောင်း သိရပါတယ်။ Color Sorter တွေ သုံးကြပြီ                     ပြည်တွင်းမှာရှိတဲ့ဆန်စက်လုပ်ငန်း ရှင်တွေ၊ ပဲခွဲစက်လုပ်ငန်းရှင်တွေ၊ ဆန်ပဲ ကုန်သည်တွေဟာ Color Sorter  ရဲ့ အကျိုးကျေးဇူးကို သိမြင်လျက်ရှိကြတာကြောင့် Color Sorter တွေကို အ ပြိုင်အဆိုင်တပ်ဆင်အသုံးပြုလာကြပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း တခြားနိုင်ငံများနဲ့နှိုင်းယှဉ်ပါက Color Sorter တပ်ဆင်သုံးစွဲမှုပမာဏ မှာ များစွာ နည်းပါးနေသေးကြောင်း သိရှိရပါတယ်။အခုအခါမှာတော့ အဆိုပါ Color Sorter  ကို ကျွန်းရွှေဝါ ကုမ္ပဏီ၊Golden Mountain Co., First Top Co., Ltd.  စတဲ့ကုမ္ပဏီများအပြင် တချို့သော ဆန်စက်ပိုင်ရှင်များက လည်း ဝယ်ယူ တပ်ဆင် အသုံးပြုလျက် ရှိနေပြီ ဖြစ်ကြောင်း သိရပါတယ်။               ဒါ့ပြင် Crocodile ဆန်စက်နှင့် ဆန်စက်အပိုပစ္စည်းများရောင်းဝယ်ရေး လုပ်ငန်းမှ တင်သွင်းတဲ့ တရုတ်နိုင်ငံ ထုတ် JIEXUN Rice Colour Sorter  ကို ရောင်းချနေရမှုဟာ ၂၅လုံးရှိပြီဖြစ် ကြောင်း သိရပါတယ်။                 ကုန်ပစ္စည်းကောင်းမှ ဈေးကောင်း ရမယ်ဆိုတဲ့စကားနဲ့အညီပစ္စည်းကောင်း ကောင်းရဖို့အတွက် ခေတ်မီတဲ့စက် ပစ္စည်းကိရိယာတွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ခေတ်မီစက်ကိရိယာတွေ ရဲ့အကူအညီနဲ့ရရှိလာတဲ့စံချိန်မီ အရည် အသွေးမီ ကုန်ပစ္စည်းတွေဟာ ပြည်ပ ဈေးကွက်မှာ နေရာတစ်နေရာကို ရရှိ လာမှာသေချာပါတယ်။ မြန်မာ့လုပ်ငန်းရှင်များအနေနဲ့ ပြည်ပဈေးကွက်မှာမိမိ ရဲ့ကုန်ပစ္စည်းတွေကို ဈေးကွက်အခိုင် အမာရရှိစေဖို့အတွက် နည်းလမ်းများ ရှာကြံပြီးလုပ်ဆောင်ကြရမှာဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။