Main menu

Background

ကမ္ဘာ့ဆန်ဈေးကွက်ထဲ အနိမ့်ဈေးဖြင့် ဝင်ရောက်လာသည့် အိန္ဒိယနှင့်လေ့လာစောင့်ကြည့်ရမည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်တို့၏ နည်းဗျူဟာများ

Sun, 09/18/2011 - 01:57 -- Anonymous (not verified)

ကမ္ဘာ့ဆန်ဈေးကွက်ထဲ အနိမ့်ဈေးဖြင့် ဝင်ရောက်လာသည့် အိန္ဒိယနှင့်လေ့လာစောင့်ကြည့်ရမည့် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်တို့၏ နည်းဗျူဟာများ                     လမင်း              အာရှတိုက်ဟာ ကမ္ဘာတစ်ဝန်း ဆန်စပါးထိပ်တန်းထုတ်လုပ်သူတွေရော၊ အများဆုံး စားသုံးသူများလည်း နေထိုင်တဲ့ တိုက်ဖြစ်သလို ငွေကြေးဖောင်းပွမှုဒဏ်ကို တိုက်ဖျက်နေရတဲ့ လူဦးရေ အများဆုံး အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ တည်ရှိရာ ဖြစ်ပါတယ်။ ဒီဧပြီလမတိုင်မီအထိ ဈေးအနိမ့်မှာရှိနေခဲ့တဲ့ အာရှ ဆန်ဈေးဟာ အဲဒီနောက်ပိုင်း အလွန်ကစပြီး ဈေး ၃ဝ ရာခိုင်နှုန်းကျော် မြင့်တက်လာ ခဲ့တာ တွေ့ရပါတယ်။ဒါပေမဲ့ဆန်ထုတ်လုပ်တဲ့ နိုင်ငံအများစုမှာ သိုလှောင် ဆန် အမြောက်အမြားရှိနေတဲ့အတွက် ၂ဝဝ၈ ခုနှစ်မှာ ကြုံတွေ့ခဲ့ရသလို စားနပ် ရိက္ခာအကျပ်အတည်းမျိုး တစ်ဖန်ပြန်ဖြစ်လာနိုင် စရာ မရှိဘူးလို့တော့ အာရှ ဆန်ကုန်သည်တွေက ဆိုပါတယ်။ အာရှဆန်ဈေးမြင့်တက်လာတဲ့ အခြေခံအကြောင်းအရင်း                          ဒါပေမဲ့ ဒီစက်တင်ဘာ ပထမလဝက်အတွင်း အာရှဆန်ဈေးဟာ တစ်နေ့ တစ်မျိုးဈေးနှုန်း အပြောင်းအလဲ အတက်အကျတွေဖြစ်နေတာ သတိထားမိ ပါတယ်။ ဆန်စပါးမူဝါဒအပေါ် ကတိပြုထားတဲ့ ပြူထိုင်းပါတီ အာဏာရရှိခဲ့တဲ့ ဇူလိုင် ၇ ရက်ကတည်းက အာရှ အခြေခံ ဆန်ဈေး အတက်ဘက်ကို ဦးတည်လာ ခဲ့ရာမှ ယခုလထဲမှာ ဆန်ဈေးနှုန်းတိုးတက်ရခြင်း အခြေခံအကြောင်းရင်းဖြစ်တဲ့ ထိုင်းအစိုးရသစ်ရဲ့ စပါးဝယ်ယူရေးအစီအစဉ်သစ်ကို အောက်တိုဘာ ၇ ရက်မှာ စတင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဆန်တင်ပို့နိုင်ငံများမှ ဆန်ဈေးများတိုးမြှင့်                       အာရှအခြေခံစံနှုန်းဖြစ်တဲ့ ထိုင်း ဆန်ဈေးမြင့်တက်လာခဲ့ခြင်းနဲ့အတူ ကမ္ဘာမှာ ဒုတိယ အများဆုံးတင်ပို့တဲ့ ဗီယက်နမ်နိုင်ငံမှာလည်း ပြည်ပဝယ်လိုအားတွေ တက်လာတာကြောင့် ပြည်တွင်း ဆန်ဈေးမြင့်တက်မှုရှိလာသလို ပြည်ပတင်ပို့ ဆန်ဈေးလည်း လိုက်ပါမြင့်တက်လာတာ တွေ့ရပါတယ်။ အဲဒီအချိန်မှာ မနှစ်က ရေလွှမ်း မိုးပြီး သဘာဝဘေးတွေကြောင့် ဆန်တင်ပို့မှု နည်းခဲ့ပြီး မှန်မှန်ဘဲတင်ပို့ဖို့ အားသန် နေတဲ့ ပါကစ္စတန်ကလည်း အဓိကတင်ပို့ နိုင်ငံတွေလောက် ဈေးမြှင့်တင်ခဲ့ခြင်း မရှိပေမဲ့ အလိုက်အထိုက် တိုးမြှင့်ခဲ့တာ တွေ့ရပါတယ်။ ဇူလိုင်လနောက်ပိုင်း အာရှ ဆန်ဈေးအပြောင်းအလဲကို ဖော်ပြလိုက်ပါတယ် ရက်စွဲ          ထိုင်း          ဗီယက်နမ်      ပါကစ္စတန်     အိန္ဒိယ                 ၂၅ မှတ်     ၂၅ မှတ်         ၂၅ မှတ်          ၂၅ မှတ်၁၈-၈-၁၁     ၅၃ဝ          ၅၂ဝ              ၄၃၅              -၂၆-၈-၁၁     ၅၃ဝ         ၅၃ဝ              ၄၃ဝ              -၃၁-၈-၁၁     ၅၃၅         ၅၁ဝ             ၄၅ဝ               -၈-၉-၁၁       ၅၆၅         ၅ဝ၅              ၄၇၅              -၁၅-၉-၁၁    ၅၃၅          ၅ဝဝ              ၄၅ဝ            ၄၅ဝ အာရှဆန်ဈေးတက်လာခြင်းနှင့်အတူ အိန္ဒိယဆန်တင်ပို့မှု ခွင့်ပြု             အာရှဆန်ဈေးတွေ အတက်ဘက်ဦးတည်နေတဲ့ ဇူလိုင်လထဲမှာ ဆန်တင်ပို့တာကို ၃ နှစ်လောက်ရပ်နား ထားတဲ့ အိန္ဒိယဟာ ဆန်သိုလှောင်မှုတွေ စုပုံနေတဲ့အပြင် လက်ရှိမိုးစပါး ရာသီမှာလည်း အထွက်ပိုမယ့် အလား အလာတွေကြောင့် ပြည်တွင်းဆန် တင်ပို့သူတွေရဲ့ တိုက်တွန်းလှုံ့ဆော်မှုတွေ အရ မနေသာတော့ဘဲ ဘာစမာတီ မဟုတ်တဲ့ ဆန်တန်ချိန် တစ်သန်းတင်ပို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆန် တစ်သန်းတင်ပို့ခွင့်ပြုခဲ့ရာမှာ ကိုတာ သတ်မှတ်ချက်တွေကို ဝေဖန်စွပ်စွဲမ ှုတွေ ရှိလာလို့ အထက်တရားရုံးက ကိုတာသတ်မှတ်ဆုံးဖြတ်ဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီလို လုပ်နေချိန်မှာပဲ အာရှဆန်ဈေး ထိုးတက်လာခဲ့တော့ စပါးသစ် သိုလှောင်ဖို့ အခက်အခဲ ဖြေရှင်းဖို့ အတွက် ရော ဆန်တင်ပို့သူတွေ ဈေးကောင်းနဲ့ ရောင်းချဖို့အတွက်ပါ ဆန်တန်ချိန် နှစ်သန်း တင်ပို့ဖို့ စက်တင်ဘာလ ၈ ရက် နေ့မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဈေးကွက်ကို ဈေးအလျှော့ဆုံးနဲ့  စတင်ကမ်းလှမ်း                    အိန္ဒိယဆန် တင်ပို့သူတွေဟာ အစိုးရက ဆန်တင်ပို့ခွင့်ပြုပြီးတာနဲ့ ချက်ချင်းဆိုသလို နိုက်ဂျီးရီးယားကို ထိုင်း၊ ဗီယက်နမ်တို့ထက် ဈေးအသက် သာဆုံးလျှော့ပြီး တစ်တန်ကန်ဒေါ်လာ ၄၇ဝ နဲ့ ရောင်းခဲ့သလို ဆက်တိုက်ဆို သလို ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိကကို တန်ချိန် ၃၅ဝဝဝဝ နဲ့ ၄ သိန်းကြား တစ်တန်ကန်ဒေါ်လာ ၄၂၅ မှ ၄၆ဝ ဈေးတွေနဲ့ ရောင်းချမှုတွေလည်း လုပ်လာပါတယ်။ဈေးကွက်ထဲ စဝင်လာချင်း မှာပဲ ပြိုင်ဘက်တွေရဲ့ ဆန်ဈေးထက် သိသိသာသာကွာခြားလျော့နည်း ရောင်းချမှုတွေလုပ်လာတဲ့အခါ အဓိက ဆန်ရောင်းသူတွေ ဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ် တို့ကလည်း သူတို့ရဲ့ ကမ်းလှမ်းဈေးတွေ လျှော့ချလာပါတယ်။ အထူးသဖြင့် အမြင့်ဆုံးကို ရောက်နေတဲ့ ဈေးနဲ့ စာချုပ်ထားတဲ့ ဝယ်လက်အချို့ ရဲ့ စာချုပ်ပယ်ဖျက်မှုတွေ ရှိလာတဲ့ ထိုင်း ဆန်ရောင်းသူတွေဟာ တစ်ရက် ကို ၅ ဒေါ်လာ၊ ၁ဝ ဒေါ်လာနဲ့ နေ့စဉ်ဆိုသလိုလျှော့ပြီးကမ်းလှမ်းလာတာတွေ့ ရပါတယ်။ ဒုတိယနေရာမှာရှိတဲ့ ဗီယက်နမ် ဆန်တင်ပို့သူတွေကလည်း ထိုင်း ဆန်ရောင်းသူတွေလောက် ဈေးများများနဲ့ နေ့စဉ်မလျှော့ပေမဲ့ ကြိုကြား ကြိုကြားဈေးလျှော့ဖော်ပြတာတွေ တွေ့ ရပါတယ်။ ဈေးလျော့မှုတွေရှိနေပေမဲ့  ဈေးနှုန်းကွာခြားမှုများနေဆဲ                            ဒီလိုဈေးလျှော့လာပေမဲ့ အိန္ဒိယ က ဈေးကွက်ထဲကို အနိမ့်ဆုံးဈေးနဲ့ ဝင်လာတဲ့ အတွက် ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်တို့ရဲ့ ဆန်ဈေးကွာခြားမှုဟာ များနေသေးတာ တွေ့ရပါတယ်။ စက်တင်ဘာလ ၁၅ ရက်နေ့ ပေါက်ဈေးရဲ့ အများဆုံး ၂၅ မှတ်ဆန်ဈေးနှုန်း ကွာခြားမှုတွေကို ကြည့်မယ်ဆိုရင် ထိုင်းက ဒေါ်လာ ၅၃၅ ရှိချိန်မှာ ဗီယက်နမ်က ထိုင်းထက် ၃၅ ဒေါ်လာ နိမ့်ပြီး ကန်ဒေါ်လာ ၅ဝဝ ရှိပါတယ်။ အိန္ဒိယ က ဒေါ်လာ ၃၈၅-၃၉၅ ရှိတာကြောင့် ထိုင်းဆန်ထက် ၁ဝ၅ ဒေါ်လာလျော့ပြီး ဗီယက်နမ်ထက် ဒေါ်လာ ၆ဝ လျော့နည်းပါတယ်။အဲဒီအချိန်မှာ ပါကစ္စတန် က ကန်ဒေါ်လာ ၄၁ဝ-၄၂ဝ ဝန်းကျင်နဲ့ ကမ်းလှမ်းထားပါတယ်။ ဒါတွေက လတ်တလောဈေးကွက်မှာဖြစ်နေတဲ့ အနေအထားပါ။ ထိပ်တန်းဆန်တင်ပို့ နိုင်ငံနဲ့ တင်သွင်းနိုင်ငံတွေရဲ့ လက်ရှိ အခြေအနေနဲ့ အလားအလာကိုလည်း ဆက်ပြီးလေ့လာကြည့်ရ အောင်ပါ။ လယ်သမားရဲ့ဝင်ငွေတိုးတင်နိုင်ဖို့  အဓိကထားတဲ့ ထိုင်းဆန်စပါးမူဝါဒ                   ထိုင်းအစိုးရသစ်ဟာ ဈေးကွက်ပေါက်ဈေးထက် နှစ်ဆပိုတဲ့ ဈေးနဲ့ တောင်သူတွေဆီက စပါးဝယ်ယူမယ့် အစီအစဉ်ကို အောက်တိုဘာလ ၇ ရက်နေ့ကနေ ဖေဖော်ဝါရီလကုန်ထိ အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ် အကောင်အထည်ဖော်မယ်လို့ ကြေညာခဲ့အပြီးမှာ ထိုင်းဆန်စက် လုပ်ငန်းရှင်တွေ၊ ဆန် ကုန်သည်တွေဟာ ရသမျှ ဆန်စပါးကို တတ်နိုင်သမျှ ဝယ်ယူစုဆောင်းခဲ့ကြလို့ ပြည်တွင်း ဈေးတွေမြင့်တက်လာသလို ပြည်ပတင်ပို့ဈေးကိုလည်း အမြင့်ဆုံးနဲ့ ကမ်းလှမ်းခဲ့ကြပါတယ်။ ဒါကြောင့် လည်း ကမ္ဘာ့ဈေးကွက် ဝယ်လက်တွေ က ဈေးသက်သာတဲ့ နိုင်ငံတွေမှာ ဝယ်ယူလာကြလို့ နံပါတ် ၁ ဆန်တင်ပို့ သူနေရာအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာတဲ့ အခြေအနေ ရှိလာခဲ့ပါတယ်။ ဒါပေမဲ့လည်း လက်ရှိအစိုးရရဲ့ ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူကတော့ လယ်သမား တွေ ဝင်ငွေတိုးပြီး စီးပွားရေး မြင့်တက် လာမယ်ဆိုရင် လက်ရှိ ကျင့်သုံးမယ့် ဆန်စပါးမူဝါဒကြောင့် ကမ္ဘာမှာ ဆန် တင်ပို့မှု ထိပ်တန်းနေရာ မရတော့ရင် လည်း ဝမ်းမနည်းပါဘူးလို့ ဆိုပါတယ်။  ဆန်တင်ပို့မှု မကျဆင်းရေ၊အိမ်နီးချင်းနိုင်ငံများနဲ့ ဆွေးနွေး                  မကြာသေးခင်အချိန်ကဘဲ နိုင်ငံ မြောက်ပိုင်းမှာရေလွှမ်းမိုးမှုတွေကြောင့် စပါးအထွက် အနည်းငယ် လျော့ကျ နိုင်သလို ပြည်ပဝယ်လက်နှေးသွား လို့လည်း တင်ပို့မှု ကျဆင်းနိုင်တဲ့ အနေ အထားရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိ ဝန်ကြီးချုပ် ရင်လတ်ကတော့ သူရဲ့ မူဝါဒအရ ဆန်တင်ပို့မှု မကျဆင်းရေး အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ လာအို တို့ကို အစိုးရအချင်းချင်း ဆန်ကုန်သွယ် မှုပြုရေး သွားရောက်နေတဲ့သတင်း တွေလည်း တွေ့နေရပြီဖြစ်ပါတယ်။  ဆန်စပါးသစ် သိုလှောင်ဖို့ ဆန်လက်ကျန်ထုတ်ရောင်းမယ်                      နောက် ၃ ပတ်အတွင်းမှာ စပါး သစ်တန်ချိန် သန်းချီပြီး ဝယ်ယူတော့ မှာဖြစ်လို့ လက်ရှိအစိုးရ သိုလှောင် ဆန်ဟောင်း တန်ချိန် ၂ သန်းကိုလည်း စပါးသစ်ဝယ်ယူတဲ့ကာလမှာထုတ်ရောင်း သွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် လည်း အစိုးရအချင်းချင်း ရောင်းချမှု အတွက်ပါ ကြိုးစားနေတာ ဖြစ်သလို ပြည်တွင်းဆန်စက်လုပ်ငန်း ရှင်တွေနဲ့ ဆန်တင်ပို့သူတွေကိုလည်း ရောင်းချနိုင် တဲ့ အလားအလာရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ လက်ရှိ ဆန်စက်နဲ့ ဆန်တင်ပို့သူတွေမှာလည်း အမြတ် များများရမယ့် အစိုးရဆန် ဝယ်ယူမယ့် အစီအစဉ်ကို မျှော်ကိုးပြီး တန်ချိန် ၃ သန်းလောက်ပိုက်ထားတဲ့ အခြေအနေ ရှိနေလို့အစိုးရရဲ့ သိုလှောင် ဆန်ဝယ်ယူ လိုတဲ့ အနေအထားမရှိဘူးလို့ ဆိုပါ တယ်။ အစိုးရက သိုလှောင် ဆန်ဟောင်းတွေက အရည်အသွေး နိမ့်လို့ ဈေးလျှော့ရောင်းထုတ်မလား ဆိုတာ ကိုတော့ ကုန်သည်တွေက စောင့်ကြည့် နေဆဲ ဖြစ်ပါတယ်။ ဒုတိယ ဆန်အများဆုံး တင်ပို့နိုင်ငံရဲ့  အားသာချက်                        ထိုင်းနိုင်ငံက ဆန်တန်ချိန် သန်း ၂ဝ ခန့်ထုတ်လုပ်ချိန်မှာ ဗီယက်နမ်က ၂၅ သန်းခန့်ထုတ်လုပ်ပြီး နှစ်နိုင်ငံက ကမ္ဘာ့ဆန်ကုန်သွယ်မှုရဲ့ ထက်ဝက် နီးပါးကို ချုပ်ကိုင်ထားပါတယ်။ ကမ္ဘာ့ ဆန်ကုန်သွယ်မှု တစ်နှစ်တန်ချိန် ၃၂ သန်းခန့်ရှိတဲ့အနက် ထိုင်းက ၁ဝ သန်း ဝန်းကျင်နဲ့ ဗီယက်နမ်က တန်ချိန် ၆ သန်း၊ ၇ သန်းခန့် ပါဝင်နေပါတယ်။ ဗီယက်နမ်ရဲ့ အားသာချက်က မဲခေါင်မြစ်ဝှမ်းဒေသ မြေဆီလွှာကောင်းမွန် မှုကြောင့် ထိုင်းဆန်အထွက်နှုန်းထက် ၂ ဆတိုးပြီး ဗီယက်နမ်က ထုတ်လုပ် နိုင်တာပါပဲ။ နောက်တစ်ချက်က ဈေး နှုန်းယှဉ်ပြိုင်နိုင်စွမ်းရှိတာကြောင့် လက် ရှိ အခြေအနေအရဆိုရင် လာမယ့် နှစ်ဆန်ဈေးကွက်ကို ဗီယက်နမ်က ဦးဆောင်သွားမလားလို့တောင် ကုန်သည် ကြီးများက သုံးသပ်နေကြပါတယ်။ ဆန်တင်ပို့မှု မူဝါဒသစ်ကြောင့် ဆန်တင်ပို့မှု အခင်း အကျင်းပြောင်းလဲလာ                        ယခင်နှစ်နှောင်းပိုင်းက ဆန်တင်ပို့ သူတွေဟာ အနည်းဆုံး ဆန်သိုလှောင်ရုံနဲ့ ဆန်စက်ရှိရမယ်ဆိုတဲ့ အစိုးရ ရဲ့ဆန်မူဝါဒသစ်အရ ဗီယက်နမ်ရဲ့ ဆန်တင်ပို့မှု အခင်းအကျင်း ပြောင်းလဲလာတယ်လို့ ဆိုပါတယ်။ အရင်က ဆန် တင်ပို့သူကုမ္ပဏီ ၂ဝဝ ကျော်ရှိရာမှ အရည်အချင်းရှိတဲ့ ဆန်တင်ပို့သူတွေ ဖြစ်တဲ့ စုစုပေါင်း ဆန်တင်ပို့မှုရဲ့ ၈၇ ရာခိုင်နှုန်းခန့်တင်ပို့တဲ့ ကုမ္ပဏီ ၈ဝ ခန့် သာ ဆန်ကာတင်ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာ လဆန်းအထိ ဗီယက်နမ်က ဆန်တန်ချိန် ၅ ဒသမ ၃ သန်းတင်ပို့ပြီး နောက်ထပ်တန်ချိန် ၂ သန်းလည်း အမှာအော်ဒါတွေ ရရှိ ထားလို့ ယခုနှစ်မှာ တန်ချိန် ၇ သန်း ကျော်တင်ပို့ဖို့ ရည်မှန်းထားတယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA) က ပြောကြားပါတယ်။  အရည် အသွေးပိုမိုကောင်းဖို့ဦးတည်လာနေ                           ဗီယက်နမ်နိုင်ငံ ဆန်ရောင်းဝယ်မှုကဏ္ဍမှာ ဆန်တင်ပို့သူတွေကို အရည်အချင်းစစ်ထုတ်တဲ့ မူဝါဒတွေ ပြောင်းလဲသလို အရေအတွက်ထက် အရည်အသွေးကို ပိုအလေးထားလာတဲ့ သဘောလည်းတွေ့ရပါတယ်။ ၂ဝ၁၂ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အတွင်းမှာ နှစ်စဉ်ဆန်တန်ချိန် အနည်းဆုံး ၆ သန်းကိုအရည်အသွေး ကောင်းကောင်း နဲ့ တင်ပို့နိုင်ဖို့ (VFA)  က အကောင် အထည်ဖော်မယ်လို့ သိရပါတယ်။ လယ်ကွင်းများ အဆင့်မြှင့်တင်မှုတွေ၊ မျိုးမသန့်စပါးတွေ ရွေးထုတ်ပြီး မျိုး သန့်စပါးတွေ တိုးစိုက်ဖို့အပြင် ထုတ် ကုန်များမှာ တိကျတဲ့ကုန်သွယ်မှု အမှတ်တံဆိပ်တွေနဲ့ အရည်အသွေး မြှင့်တင်သွားမယ်လို့ ဆိုပါတယ်။ ဈေးကွက်ထဲ တစ်ကျော့ပြန်ဝင်လာတဲ့ အိန္ဒိယ                     အရင်က ကမ္ဘာ့ဆန်တင်ပို့မှု တတိယနေရာယူထားတဲ့ အိန္ဒိယဟာ ပြီးခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းကာလ ဆန်ဈေးတွေ မြင့်တက်လာစဉ် များပြားလှတဲ့ လူဦး ရေအတွက် စားနပ်ရိက္ခာဖူလုံဖို့ ဆန် တင်ပို့မှု ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ၂ဝဝ၉-၂ဝ၁ဝ မှာ ရာသီဥတု ကောင်းပြီး စပါးတွေအထွက်ပိုလာလို့ အရန်သိုလှောင်ဆန်ပမာဏာဟာ ရည်မှန်းထားတာထက် ပိုခဲ့ပါတယ်။ ဒါပေမဲ့ လည်း ဘာစမာတီဆန်ကိုသာ တင်ပို့ခွင့် ပြုခဲ့ပြီး အချို့ဘာစမာတီမဟုတ်တဲ့ ဆန်ကို သံတမန်ဆက်ဆံရေးအရသာ အိမ်နီး ချင်းနိုင်ငံတွေကို တင်ပို့စေခဲ့တာ ဖြစ်ပါ တယ်။ ၂ နှစ်ဆက်တိုက် စပါး အထွက်ကောင်းပြီး အရံသိုလှောင်ဆန် တွေ စုပုံလာတဲ့ ဒီနှစ်မှာတော့ ပြည်တွင်း ဆန်ဈေး ကျပြီး တောင်သူတွေမထိခိုက် ဖို့ ကမ္ဘာ့ဈေးကွက်မှာ ဈေးအတက် ဘက် ချီတက်နေချိန် ဈေးကောင်းရဖို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဆန်တန်ချိန် ၁ သန်းနဲ့ ဈေးကွက်မျက်နှာကို စဖွင့်ခဲ့တာ ဖြစ်ပါတယ်။ ဒီစက်တင်ဘာလ ပထမပတ် မှာတော့ ဆန်တန်ချိန် ၂ သန်း ထပ်မံ ခွင့်ပြုခဲ့ပြီးတဲ့နောက် ဆန် တင်ပို့သူတွေဟာ အချိန်မဆိုင်းဘဲ အာဖရိကဈေးကွက်ကို အမိအရ ဖမ်း ဆုတ်လာတာ တွေ့ရပါတယ်။ ဈေးကွက်ကို ယှဉ်ပြိုင်မှုစွမ်းအား  အပြည့်နဲ့ ဝင်ရောက်                    ဈေးကွက်ထဲစဝင်လာချင်းမှာဘဲ ဗီယက်နမ်ဆန်ဈေးထက် ကန်ဒေါ်လာ ၅ဝ ခန့်ခွာပြီး တစ်တန် ကန်ဒေါ်လာ ၄၂၅ ကနေ ၄၆ဝ၊ ၄၇ဝ အတွင်း ဈေးတွေနဲ့ အရည်အသွေး အလိုက် ဈေးလျှော့ ရောင်းချလာခဲ့ပါတယ်။ ထိုင်း ဆန်ဈေးမြင့်လို့ ဈေးသက်သာတဲ့ ဆန်ရောင်းလက်တွေကို စောင့်ကြည့် နေချိန် အိန္ဒိယက အခိုျဆုံးဈေးနဲ့ ချင်း နင်းဝင်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ်နဲ့ အာဖရိကဈေးကွက်ဝေစုကို သိမ်းကံျုးဖို့ စိုင်းပြင်းလာပါတယ်။ ဒီလိုဈေးကွက် အလားအလာကောင်းနေတဲ့ ကာလမှာ စပါးသစ်တွေ ဝယ်ယူဖို့အတွက် သို လှောင်ရုံတွေ ရှင်းလင်းရတော့မှာဖြစ် လို့ ခွင့်ပြုပြီးဖြစ်တဲ့ ဆန်တန်ချိန် ၃ သန်းအပြင် နောက်ထပ်ဆန်ဘယ် လောက်များများ တင်ပို့ခွင့်ပြုဦးမလဲဆို တာကိုလည်း ဆန်တင်ပို့သူတွေ စောင့် စားလို့နေကြတာ တွေ့ရပါတယ်။ ဈေးကွက်ဝေစုမလျော့ရေး ပါကစ္စတန်ကလည်းပြင်ဆင်                    ကမ္ဘာ့ဆန်တင်ပို့မှု တတိယ အဆင့်ကို အိန္ဒိယနဲ့အပြိုင်လုခဲ့တဲ့ ပါကစ္စတန်ကလည်း ရေလွှမ်းမိုးမှုတွေ သဘာဝဘေးတွေနဲ့ ကြုံတွေ့ရလို့ ဆန်တင်ပို့မှုလျော့ကျပေမဲ့ သူရဲ့ အဓိကကျ တဲ့ ဘာစမာတီနဲ့ ပေါင်းဆန် ဈေးကွက် မလျော့ကျရေးအတွက် အလေးထား လာပါတယ်။ အထူးသဖြင့်တော့ နိုင်ငံ တကာဈေးကွက်ကို အိန္ဒိယဝင်ရောက် လာခြင်းဟာ ပါကစ္စတန်ဆန်ဈေးကွက်အတွက် ခြိမ်းခြောက်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပါကစ္စတန် ပြည်တွင်းဆန်ဈေးက အိန္ဒိယနဲ့ယှဉ်ရင် ပိုမိုမြင့်မားနေသလို နိုင်ငံတကာဈေးကွက်မှာ အိန္ဒိယရဲ့ ဈေးနှုန်းနဲ့ ဆန် အမျိုးအစားက ကျယ်ကျယ် ပြန့်ပြန့် ရှိနေ တာတွေအတွက် ပါကစ္စတန် ဆန် တင်ပို့သူတွေဟာ မှန်ကန်ထိရောက်တဲ့ နည်းဗျူဟာတွေ ချမှတ်ရတော့မှာဖြစ် ပါတယ်။                          ဒါပေမဲ့မကြာသေးခင်က ဆင်းပြည်နယ်မှာ ရေလွှမ်းပြီး စပါးစိုက်လယ် မြေတချို့ပျက်စီးခဲ့လို့ စပါး အထွက် အနည်းငယ်လျော့မယ်လို့ ခန့်မှန်းထားပါတယ်။ ပါကစ္စတန်အနေနဲ့ လက်ရှိမှာ ဗီယက်နမ်တို့လို ဆန် အမြောက်အမြား မကျန်တော့ပေမဲ့ အဓိကဝယ်လက်တွေ ဖြစ်တဲ့ ယူအေအီး၊ အီရန်၊ အိုမန်တို့ အပြင် အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကိုလည်း ဆန်ပိုမိုတင်ပို့ရေးလာမယ့် သီတင်းပတ် တွေမှာ သွားရောက် ဆွေးနွေးမယ်လို့ သိရပါတယ်။ ဒါက အဓိကဆန်တင်ပို့တဲ့နိုင်ငံတွေရဲ့ နည်းဗျူဟာ အခင်းအကျင်းတွေပါ။ နောက် တစ်ဖက်ကတော့ အဓိက ဆန်တင်သွင်းတဲ့ နိုင်ငံတွေရဲ့ ဆန်စပါးမူဝါဒကိုလည်း လေ့လာကြည့်ဖို့ လိုပါတယ်။  ကမ္ဘာ့ဆန်ထိပ်တန်းတင်သွင်းသူအဖြစ်မှ အနည်းဆုံးတင်သွင်းဖို့ ဖိလစ်ပိုင် ကြိုးစား                         ပြီးခဲ့တဲ့ ၂ နှစ်ကျော်က ကမ္ဘာ့ ဈေးကွက်မှာ အများဆုံးဆန် တင်သွင်း သူဖြစ်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံကို လေ့လာ မယ်ဆိုရင် အသုံးစရိတ်လျှော့ချဖို့ စဉ်း စားပြီး လယ်သမားတွေဆီက ဆန်ဝယ်ယူမှုကို တန်ချိန် ၅ သိန်းကနေ တန်ချိန် ၂၇ဝဝဝဝ သာဝယ်ယူမယ်လို့ ဆိုပါ တယ်။ နိုင်ငံတော်စားနပ် ရိက္ခာအာဏာပိုင်(NFA) ဟာ လယ်သမားတွေဆီက ကန်ဒေါ်လာ ၃၉၉ နဲ့ ဝယ်ယူပြီး ဆန်အမျိုးအစားအလိုက် လက်လီဈေးကွက် ပေါက်ဈေးထက် လျော့ပြီး တစ်တန်ကန် ဒေါ်လာ ၄၂၂ မှ ၇ဝ၄ နဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။ နိုင်ငံအနေနဲ့ ပြည်တွင်း ဖူလုံဖို့ ကြိုးစားနေတာဖြစ်လို့ အရင်က တစ်နှစ်ကို ဆန်တန်ချိန် ၁ သန်းမှ ၂ သန်း အထိ တင်သွင်းခဲ့ရာမှ ၂ဝ၁၂ မှာ တန်ချိန် ၅ သိန်းထက် ပိုမသွင်းဘူးလို့ သိရပါတယ်။ ဆန်သိုလှောင်မှုကို အပြည့်အဝဖြည့်တင်းမယ့် အင်ဒိုနီးရှား                       လူဦးရေတိုးပွားလာတာနဲ့အမျှ စားသုံးမှုပိုလာတဲ့ အင်ဒိုနီးရှားဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်းမှာ ဆန်တင်သွင်း နိုင်ငံဖြစ်လာခဲ့ပါတယ်။ အစိုးရရဲ့ အရန် သိုလှောင်ဆန်တန်ချိန် ၁ ဒသမ ၅ သန်း ရှိဖို့ ရည်ရွယ်ပြီး နိုင်ငံပိုင်အေဂျင်စီမှ ဆန်တင်သွင်းခဲ့ရာမှ ၂ဝ၁ဝ-၁၁ အတွင်း တန်ချိန် ၂ ဒသမ ၂ သန်းအထိ တင် သွင်းခဲ့ တယ်လို့ သိရပါတယ်။ လက်ရှိ ၂ဝ၁၁-၁၂ မှာလည်း ပြည်တွင်း လယ်သမားတွေဆီက ဝယ်ယူမှုအပါအဝင် စုစုပေါင်းတန်ချိန် ၁ ဒသမ ၅ သန်း ဝယ်ယူသွားမယ်လို့ သိရပါတယ်။ လတ်တလော ထိုင်းနိုင်ငံက ဆန်တန်ချိန် ၃ သိန်းနဲ့ ဗီယက်နမ်က ဆန်တန်ချိန် ၅ သိန်းကို ဒီနှစ်ကုန်ပိုင်း အရောက် တင်သွင်းသွားမှာဖြစ်ပြီး ပြည်တွင်း သိုလှောင်မှုပြည့်မီဖို့ ဈေးသက်သာတဲ့ ပါကစ္စတန်နဲ့ အိန္ဒိယက တင်သွင်းဖို့လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ ပြည်တွင်းဆန်ဖူလုံဖို့ ကြိုးစားနေပေမဲ့ လက်ရှိတင်သွင်းနေဆဲ မလေးရှား                  ပုံမှန်အားဖြင့် မလေးရှားနိုင်ငံဟာ တစ်နှစ်ကို ဆန်တန်ချိန် တစ်သန်းဝန်းကျင်တင်သွင်းနေရတာ ဖြစ်ပေမဲ့ လက်ရှိ ကာလမှာတော့ ပြည်တွင်းဖူလုံဖို့ အထွက်တိုးမျိုးစေ့များနဲ့ ဆည်မြောင်း စနစ်များ တိုးတက်စီမံနေပြီး ၂ဝ၁၅ ခုနှစ်မှာ ပြည်တွင်းဖူလုံဖို့ဆိုပြီး ရည်မှန်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ ပြည်တွင်း စားသုံးမှုရဲ့ ၇ဝ ရာခိုင်နှုန်းသာဖူလုံပြီး ၃ဝ ရာခိုင်နှုန်းဖြစ်တဲ့ ဆန်တန်ချိန် ၇ သိန်းကို တင်သွင်း နေရဆဲဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် ဆန်တင်ပို့မှု ထက်ဝက်လျော့မယ်ဆို                   တောင်အာရှရဲ့ အဓိက ဆန်ဝယ်လက်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ယခင်ဘဏ္ဍာနှစ်တန်ချိန် ၁ ဒသမ၂၆ သန်းခန့်တင်သွင်းခဲ့ရပေမဲ့ ဒီနှစ်မှာစပါးအထွက်တိုးလာတာကြောင့် ဇူလိုင်လ ၁ ရက်နေ့မှာ စတင် တဲ့ ဘဏ္ဍာနှစ်အတွင်းမှာ တန်ချိန် ၈ သိန်းခန့်တင်သွင်းရမယ်လို့ အစောပိုင်းက ခန့်မှန်းခဲ့ပေမဲ့ လက်ရှိ အခြေအနေအရတန်ချိန် ၄ သိန်းခန့်သာ တင်သွင်းရတော့မယ်လို့ စားနပ်ရိက္ခာဌာန ဝယ်ယူရေးဒါရိုက်တာက ပြောကြားပါတယ်။ လတ်တလောအိန္ဒိယက ဈေးသက်သက်သာသာနဲ့ ရောင်းချနေလို့ အိန္ဒိယ ဆန်ဝယ်ယူမယ့် အလားအလာရှိနေတာ တွေ့ရပါတယ်။ ဈေးကွက်ကြီးမားတဲ့ အာဖရိက ဈေးသက်သာတဲ့ ဆန်ကိုပိုဝယ်                     ပြီးခဲ့တဲ့လပိုင်းများအတွင်း နိုင်ငံရေး မတည်မငြိမ်ဖြစ်ခဲ့တဲ့ ဂယက်ကြောင့် အာဖရိကနိုင်ငံ အများစုမှာ စားနပ်ရိက္ခာအကျပ် အတည်း ဖြစ်နေတာကြောင့် အထူးသဖြင့် ဆန်ဝယ်လိုအား ကြီးမား တဲ့ နိုက်ဂျီးရီးယားနိုင်ငံဟာ ဈေးသက်သာတဲ့ ဆန်ဈေးကွက်ကို ရှာဖွေ ဝယ်ယူလျက်ရှိနေတာ တွေ့ရပါတယ်။ ဈေးုကွက်ယှဉ်ပြိုင်တင်ပို့ချိန် တင်သွင်းမှုလျော့နိုင်                        တစ်ကမ္ဘာလုံးအခြေအနေကို ခြုံကြည့်မယ်ဆိုရင် အမေရိကန် စိုက်ပျိုးရေးဌာန (USDA) ရဲ့ခန့်မှန်းချက်အရ ၂ဝ၁၁-၁၂ မှာ ကမ္ဘာ့ ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၇၃ဝဝဝ ကျဆင်းပြီး တန်ချိန် ၄၅၆ ဒသမ ၃ သန်းသာရှိပြီး ကမ္ဘာ့ဆန်စားသုံးမှုမှာ တန်ချိန် ၄၅၅ ဒသမ ၂ သာရှိမှာဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ နှစ်ကုန် ဆန်လက်ကျန် ပမာဏကိုတော့ တန်ချိန် ၉၇ ဒသမ ၅ သန်း ရှိမယ်လို့ ဆိုပါတယ်။                         ထိုင်းနဲ့ အမေရိကန်တို့လို ဆန်တင်ပို့နိုင်ငံတွေ က တင်ပို့မှုကျဆင်း မှာဖြစ်လို့ ၂ဝ၁၂ မှာ ကုန်သွယ်မှုက တန်ချိန် ၂၄ဝဝဝဝ ကျဆင်းပြီး တန်ချိန် ၃၁ ဒသမ ၉ သန်းကို ရောက်ရှိမယ်လို့ ဆိုပါတယ်။ ခြုံငုံသုံး သပ်ရမယ်ဆိုရင် ဆန်တင်ပို့နိုင်ငံတွေက ဈေးကွက်ယှဉ်ပြိုင် တင်ပို့နေချိန်မှာ ဆန်တင်သွင်းနိုင်ငံတွေကလည်း ပြည်တွင်းဖူလုံမှုအတွက် ဆောင်ရွက်လျက်ရှိပြီး တင်သွင်းမှုကို လျှော့ချလာတာ တွေ့ရပါတယ်။ ဆန်ပြည်ပ တင်ပို့မှုအားကောင်းဖို့ မြန်မာဆောင် ရွက်                    လက်ရှိမြန်မာနိုင်ငံရဲ့ ဆန်စပါးလုပ်ငန်းကို ခြုံငုံသုံးသပ်ရမယ် ဆိုရင် လက်ရှိအစိုးရသစ်လက်ထက်မှာ ဆန်တင်ပို့မှုလုပ်ငန်းတွေကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ကြီးကြပ်ဆောင်ရွက်နေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင်လမှာ ပြည်ပတင်ပို့တဲ့ ဆန်အပါအဝင် ပို့ကုန် အချို့ကို ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့်ပြုခဲ့တာကြောင့် ယခုလ ပိုင်းမှာ ဆန်တင်ပို့မှုတိုးတက်လာခဲ့တဲ့သဘောတွေ့ရပါတယ်။ ဒါ့အပြင် ဆန်စပါးလုပ်ငန်းကွင်းဆက်တစ်လျှောက် အခြေခံ လူတန်းစား ဖြစ်တဲ့ တောင်သူတွေရဲ့ လူနေမှုဘဝတိုးတက်ဖို့နဲ့အတူ ဆန်စပါးတိုး တက်ထွက်ရှိရေး ဆန်စပါးအထူးပြုကုမ္ပဏီများ ဖွဲ့စည်းဆောင်ရွက်နေ တာ ဖြစ်လို့လာမယ့်နှစ်တွေမှာ ဆန်စပါးလုပ်ငန်းတိုးတက်ပြီး ပြည်ပ တင်ပို့မှုအားကောင်းလာမယ့် အနေအထားရှိနေတာ တွေ့ရပါတယ်။ ထိပ်တန်းဆန်တင်ပု့ိ၊ သူတွေရဲ့မူဝါဒအပြောင်းအလဲကို စောင့်ကြည့်                       ကမ္တာ့ထိပ်တန်း ဆန်တင်ပို့သူနှစ်ဦးဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ် ကိုယ်စားပြု ဆန်တင်ပို့သူများအသင်းတို့ တွေ့ဆုံပြီး ထိုင်းဆန်ဝယ်ယူမယ့်အစီအမံရဲ့ သက်ရောက်မှုအပေါ် စီမံခန့်ခွဲမှုဆိုင်ရာများနဲ့ ကုန် သွယ်ရေးအစီအမံများကို ယခုရက်ပိုင်းအတွင်း ဆွေးနွေးကြမယ်လို့ လည်းသိရပါတယ်။ လက်ရှိဆန်ဈေးကွက် အခင်းအကျင်းမှာ အိန္ဒိယ ပြန်လည်ဝင်ရောက်ခြင်းဟာ ဈေးကွက်အပြောင်းအလဲတွေ ဖြစ်လာခဲ့တာ အသေအချာတွေ့ရပါတယ်။ ထိုင်းအရန်ဆန် ထုတ်ရောင်းမှု တွေနဲ့အတူ အိန္ဒိယဆန်များ အလုံးအရင်းနဲ့ ရောင်းချလာမယ်ဆိုရင် ကမ္ဘာ့ဈေးကွက်က ဈေးနှုန်းဦးတည်ချက် ပြောင်းသွားမလားဆိုတာ စောင့်ကြည့်နေကြသလို ထိုင်းနဲ့ ဗီယက်နမ် တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပြီး အာရှဆန်ဈေးကို ထိန်းကိုင်ထားမလားဆိုတာလည်း နိုင်ငံ တကာ ဆန်အသိုင်းအဝိုင်းက စဉ်းစားနေကြပါတယ်။ ဆန်တင်ပို့နိုင်ငံ၊ တင်သွင်းနိုင်ငံတွေရဲ့ နိုင်ငံရေးမူဝါဒ၊ ရာသီဥတုနဲ့ ထွက်ရှိမှုအခြေအနေ၊ ငွေကြေးတန်ဖိုး အပြောင်းအလဲ၊ ကမ္ဘာ့ စီးပွားရေးအခြေအနေနဲ့ မမျှော်မှန်းနိုင်တဲ့ အဖြစ်အပျက်တွေကြားမှာ အာရှဆန်ဈေးကွက်ကို ဘယ်သူကများ ဦးဆောင်သွားမလဲဆိုတာ လေ့လာစောင့်ကြည့်ရင်း မြန်မာနိုင်ငံကရော မိမိအမျိုးသား အကျိုး စီးပွားအတွက် ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်မလဲဆိုတာ ဆွေးနွေး သုံးသပ်ရမည့်အချိန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။