Main menu

Background

ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် Manual မှသည် Online ဆီသို့

Sun, 10/02/2011 - 08:41 -- Anonymous (not verified)

 ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် Manual မှသည် Online ဆီသို့မှတ်မှတ်သားသားထိုစကား                    ကျွန်တော့် ခေါင်းထဲမှာ '' အသေးအဖွဲဟူ၍မရှိ '' '' အရာရာကို အလေးအနက်ထား ဆောင်ရွက်ရမည် '' ဆိုတဲ့ စကားစွဲနေတယ်။ နောက်ထပ်မှတ်သားစွဲထင်နေတာက ''စဉ်းစားရန် မပျက် ကွက်နဲ့ '' ''သတင်းပို့ရန် မပျက်ကွက်နဲ့ '' '' ဆောင်ရွက်ရန် မပျက် ကွက်နဲ့''ဆိုတာပါပဲ။ ဒါတွေဟာ လက်တွေ့ဘဝနဲ့ ကိုက်ညီနေပြီး လိုက်နာ ဆောင်ရွက်နေရ တာကြောင့် စိတ်ထဲစွဲထင်နေတာပါ။ မရှိမဖြစ်ကုန်သွယ်ရေး                     နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဇောက်ချလုပ်ကိုင်ခြင်း၊ အလုပ်ခွဲခြားလုပ်ကိုင်ခြင်းနဲ့ ဈေးကွက်များ ကြီးထွားလာရေးတို့လိုအပ်ပါတယ်။ ကမ္ဘာ့နိုင်ငံကြီးများပင်လျှင် ပြည်ပကုန်သွယ်မှုလောကကို လက်လှမ်းမီရေးနဲ့ ပြည်ပဈေး ကွက်ရရှိရေးအတွက် စဉ်ဆက်မပြတ်ကြိုးစား ဆောင်ရွက်နေကြရတာကို တွေ့ရပါတယ်။ တစ်ကမ္ဘာလုံးပြဿနာအနေနဲ့ လွှမ်းခြုံဆက်စပ် ပြောင်းလဲနေတဲ့ ဒီကနေ့ အချိန်အခါကာလမှာ စီးပွားရေးဖွံ့ဖြိုး တိုး တက်ရေး အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဟာ ကုန်သွယ်မှုပါပဲ။ တစ်နည်းအားဖြင့်တော့ ကုန်သွယ်မှုပြုလေလေ စီးပွားရေး ပိုမို တိုးတက်ကောင်းမွန်လေလေလို့ ဆိုရမှာပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ကုန်သွယ်ရေးဟာ တိုးတက်မှုရဲ့ တွန်းအား အင်ဂျင် တစ်လုံးပဲဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ၊ မဖွံ့ဖြိုးသေးသော နိုင်ငံ တွေအားလုံးအတွက် ကုန်သွယ်ရေးရဲ့ အခန်းကဏ္ဍဟာ မရှိမဖြစ် လိုအပ်နေတယ်ဆိုတာ တွေ့ရပါတယ်။ အတိတ်ကိုလှန်သော်                        အရင်ကတော့ ကုန်သွယ်မှုကို နိုင်ငံတော်က အဓိက ဆောင်ရွက်နေပြီး နောက်ပိုင်းမှာမှ စီးပွားရေးမူဝါဒတွေ ပြောင်းလဲပြီး '' ဈေးကွက်စီးပွားရေးစနစ် '' အကောင်အထည်ဖော်လို့ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပေးခဲ့တာပါ။ ဈေးကွက်စီးပွားရေးစနစ် မကျင့်သုံးမီ ကာလကို အတိတ်ကာလလို့ ဆိုကြပါစို့၊ အဲဒီအခြေအနေ အဲဒီအချိန် ခါတုန်းက လိုင်စင်ကို လူအင်အားနဲ့ပဲ ဆောင်ရွက်ကြတာပါ။ လက်ရေးတွေနဲ့ဖြည့် လက်နှိပ်စက်ရိုက်၊ ကာဗွန်တွေခံ အိုး ..... များပြားလှစွာ ပင်ပန်းစွာ ဆောင်ရွက်ခဲ့ကြရပါတယ်။ စာရွက်တွေ တစ်ပုံတစ်ပင်နဲ့လုပ်ခဲ့ကြရတာပါ။ အဲဒီတုန်းက ကုန်သွယ်မှုပမာဏ ဟာ မပြောပလောက်ပါဘူး။ ၁၉၉၈-၉၉ လောက်က ကုန်သွယ်မှု ပမာဏဟာ အများဆုံး ၄ ဘီလီယံ ဝန်းကျင်ထိသာ ရှိခဲ့တာပါ။ ဒါတောင်မှ ဝန်ထမ်းတွေဟာ နေ့မနား၊ ညမနား၊ အချိန်မီပြီးဖို့အတွက် ဆောင်ရွက်ပေးခဲ့ကြရပါတယ်။ ကုန်သွယ်မှုတိုးသော်လည်း                      ဈေးကွက်စီးပွားရေးစနစ်နဲ့အတူ ကုန်သွယ်မှုပမာဏတွေ တိုးတက်၊ ကုမ္ပဏီတွေကလည်း များပြားစွာ ပေါ်ထွက်လာသလို သွင်းကုန်ထုတ်ကုန်လိုင်စင်ပမာဏဟာလည်း တိုးတက်များပြားလာခဲ့ ပါတယ်။ ကုန်သွယ်မှုပမာဏ တွေတိုး လိုင်စင်တွေကများလာပေမယ့် တိုးမလာတာက ဝန်ထမ်းအင်အားပါ။ ဘယ်လောက်ပဲတိုးလာပါစေ ဝန်ထမ်း အင်အား က ပြောင်းလဲမှုမရှိပါဘူး။ ၂၀၁၀-၁၁ ဘဏ္ဍာနှစ်အတွင်း ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှုစနစ်တွင် နည်းလမ်း (၃)မျိုးနှင့် လိုင်စင် လျှောက်ထားမှု အခြေအနေ လိုင်စင်လျှောက်ထားမှု စုစုပေါင်း၏ ၅၄% မှာ Online စနစ်သို့ ကူးပြောင်းနိုင်ပြီး ကျန် ၄၆%မှာ Manual  စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်  Diskette (လိုင်စင် application  ပုံစံအား လုပ်ငန်းရှင်မှမိမိအစီအစဉ်ဖြင့် ဖြည့်သွင်းခြင်း)Manual (လိုင်စင် application ပုံစံအား ဌာန(PAC)ဝန်ထမ်းများမှ ဖြည့်သွင်းပေးသည့်ဝန်ဆောင်မှု)Tradenet(Tradenet website ကို onlineအသုံးပြု၍ လိုင်စင် လျှောက်ထားခြင်း)စဉ်းစားရန် မပျက်မကွက်ခဲ့                         ကုန်သွယ်မှုပမာဏဟာ နှစ်စဉ်တိုးတက်လာတာနဲ့အတူသွင်းကုန်ထုတ်ကုန်လုပ်ငန်းပမာဏတွေဟာလည်း ပို၍ ပို၍တိုးတက် များပြားလာခဲ့ပါတယ်။ ဒီလိုတိုးတက်များပြားလာတာနဲ့အတူ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရုံးလုပ်ငန်းတွေဟာလည်း တိုးတက်များပြားလာခဲ့ပါတယ်။ ဒါကြောင့်မို့ ဝန်ထမ်းအင်အားနဲ့ အလုပ်အင်အား မမျှတတော့ဘဲ တစ်ပတ်မှာ ၂ ရက်ကနေ ၃ ရက် ထိ နေ့ရောညပါ လုပ်ငန်းတွေကို ဆောင်ရွက်လာခဲ့ရပါတယ်။ နောက်ထပ်လည်း ဒီထက်ကုန်သွယ်မှု ပမာဏတိုးတက်အောင် ဆောင်ရွက်ဖို့ ကြိုးစားနေတာကြောင့် ရေရှည်အတွက် ဘာလုပ်သင့် လဲဆိုတာ စဉ်းစားခဲ့ကြရပါတယ်။ စဉ်းစားခဲ့ကြတဲ့အစဟာ (၂၀၀၄) ခုနှစ်ပါ။ စဉ်းစားချက်အခြေခံ                        မနိုင်မနင်းဖြစ်ပြီး ကြန့်ကြာမှုတွေ မဖြစ်စေဖို့၊ အမှားအယွင်း နည်းစေဖို့၊ လုပ်ငန်းတွေ ယခုထက်ပိုမိုလျင်မြန်သွက်လက် စေဖို့၊ နိုင်ငံတော်က ဆောင်ရွက်မယ့် e - government  အကြိုပြင် ဆင်မှုအနေနဲ့ ဆောင်ရွက်ဖို့၊လိုင်စင်နဲ့ ပတ်သက်သော ဝန်ထမ်းများ Paper Work  များဖြင့်ပိကာ နေ့၊ ညပင်ပန်းစွာ ဆောင်ရွက်နေရမှု တွေ ပပျောက်ဖို့၊ နှစ်စဉ်တိုးမြှင့်လာသည့် ကုန်သွယ်မှု ပမာဏနဲ့အတူ ဝန်ထမ်းဦးရေ ထပ်တိုးခန့်စရာမလိုဘဲ ထိရောက်တဲ့ စီမံခန့်ခွဲမှုစနစ်နဲ့ ဆောင်ရွက်ဖို့ ကြံဆခဲ့ပါတယ်။   အဖြေထုတ်သော်                           အခက်အခဲနဲ့ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေအပေါ် ကြိုတင်တွက်ဆပြီး အဖြေထုတ်တဲ့အခါမှာတော့ ဝန်ထမ်းဦးရေတိုး ခန့်စရာမလိုဘဲ ထိရောက်တဲ့ စီမံခန့်ခွဲမှု စနစ်နဲ့ e - government  မူဘောင်ထဲကနေ Online  စနစ်ကို အခြေခံ ဆောင်ရွက်ဖို့အတွက် တာဝန်ရှိသူများက ဆုံးဖြတ် အဖြေထုတ်ခဲ့ပါ တယ်။ စတင်ဆောင်ရွက်                         သွင်းကုန် ထုတ်ကုန်လိုင်စင်များကို အလွယ်တကူ လျှောက်ထားနိုင်ဖို့အတွက် အိုင်အီးအယ်လ်ပီအက်စ် (IELPS) (Import Export Licensing & Permit System)ကို ၂၀၀၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်တာနဲ့အတူ ယခင်က လိုင်စင်တစ်စောင်ကို စာရွက်စာတမ်း ထောက်ခံစာတွေ တစ်ထပ်ကြီးနဲ့ ဆောင်ရွက်ရာကနေ အခုတော့ စာရွက်စာတမ်းတွေ တစ်ဝက်ကျော် လျှော့နည်းသွားတယ်။ ဒါ့ပြင်အချိန်လည်းတော်တော် သက်သာသွားတယ်။အမှားအယွင်းလည်းတော်တော်နည်းသွားတယ်။လုပ်ငန်းလည်းတွင်ကျယ်လာတယ်။ ဝန်ထမ်းတွေလည်း ယခင်က တစ်ပတ်မှာ ၂ ညအိပ် ၃ ရက်လောက် ဆောင်ရွက်ခဲ့ရတဲ့ ကိစ္စတွေက အခုတော့ ၂ နာရီလောက်နဲ့ပြီးအောင် ဆောင်ရွက်လာ နိုင်ပါတော့တယ်။ ဒါ့ပြင် ရုံးအသုံးအဆောင် စရိတ်တွေလည်းလျော့ ကျသွားပါတယ်။ ဒါ့ပြင်လက်ရှိ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ကုန်သွယ်မှု ပမာဏ 13 Billion ထိ တိုးတက်ခဲ့တာတောင် ရှိတဲ့ဝန်ထမ်းအင်အား နဲ့ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ခဲ့တာဟာ သက်သေပါပဲ။ လုပ် ငန်းရှင်တွေ အတွက်လည်း ပိုမိုလွယ်ကူလာတယ်။  အားသာချက်                   အဓိက အားသာချက်ကတော့ ပို့ကုန်သွင်းကုန်လိုင်စင် တွေကို အင်တာနက်ချိတ်ဆက်ထားတဲ့ ဘယ်နေရာကမဆို ဝင်ရောက်လျှောက်ထားနိုင်တာပါပဲ။ ကုမ္ပဏီကနေ လျှောက်ရင် ရသလို အင်တာနက်ချိတ်ဆက်မထားသူတွေအနေနဲ့ PAC လို့ခေါ်တဲ့ Public Access Center  ကနေလျှောက်ထားတာ၊ ရုံးကကွန်ပျူတာ မှာ အချက်အလက်တွေ ပြည့်စုံစွာဖြည့်စွက်ပြီး၊ memory Stick/ CD စတာတွေနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စီးပွားကူးသန်းရုံးကို သယ်ယူလာပြီး လျှောက်ထားတာတွေလဲ လုပ် လို့ ရပါတယ်။ ဒါမှမဟုတ်ရင်တော့ Manual  နဲ့လျှောက်ထားမယ် ဆိုလည်း လက်ခံဆောင်ရွက်ပေးနေပါတယ်။ တဖြည်းဖြည်း အလေ့ အကျင့်ရလာတာနဲ့အတူ အခုဆိုရင် လိုင်စင်လျှောက်ထားမှုရဲ့ ၅၄ ရာခိုင်နှုန်းမှာ Online  စနစ်ကိုကူးပြောင်းနိုင်ပါပြီ၊ ကျန် ၄၆ ရာခိုင်နှုန်း ကိုတော့ Manual  လို့ခေါ်တဲ့ လိုင်စင် Application ပုံစံကို ဌာန၊ PAC  ဝန်ထမ်းများမှ ဖြည့်သွင်းပေးတဲ့ ဝန်ဆောင်မှုစနစ်နဲ့ ဆောင်ရွက်နေဆဲပါ။ အဓိက အားသာချက်ကတော့ လိုင်စင်တင်ဖို့ အတွက် Online  က တင်မယ်ဆိုရင်တော့ ရုံးပိတ်ရက်မရှိတော့သလို နေ့ည လည်း မရှိတော့ပါဘူး။ ၂၄ နာရီ ရုံးဖွင့်ရက် ရုံးချိန်ဖြစ်နေသလိုပါပဲ။ ဒီလိုလုပ်နိုင်ဖို့အတွက်ကတော့ Myanmar Tradenet  မှာတစ်နှစ် အတွက် ၁၃၀၀၀ိ/- ပေးပြီး အသင်းဝင်ထားရမှာပါ။ ဒါမှမဟုတ်လဲ လိုင်စင်ပုံစံကိုဝယ်၊ မိမိကွန်ပျူတာထဲမှာ ထည့်ထားရင် ရပါတယ်။ ဒါဆိုကြိုက်တဲ့အချိန် မိမိကွန်ပျူတာကနေ တင်ထားရုံပါပဲ။ တစ်ဆင့်တက်                     ပို့ကုန်သွင်းကုန်လိုင်စင်ကို online ကနေ လျှောက်ထား လာတာနဲ့အတူ လိုင်စင်ကြေးပေးသွင်းရာမှာ ငွေကြေး သယ်ယူပြီး ပေးသွင်းရတဲ့ ဒုက္ခက ကင်းဝေးပြီး အဆင်ပြေစေဖို့ E-Payment System  ကို ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။ ကုမ္ပဏီအများစုက ရန်ကုန်မှာဆိုတော့ နေပြည်တော်ကို ငွေသားသယ်လာပြီး ပေးသွင်း စရာမလိုတော့ပါဘူး။ ရန်ကုန်က မြန်မာနိုင်ငံသားများဘဏ်မှာ ငွေစာရင်းဖွင့်ပြီး ငွေပေးသွင်းထားရင် ပို့ကုန်သွင်းကုန် လိုင်စင်ကြေးကို ငွေသားပေးသွင်းရန် မလိုဘဲ ဘဏ်စာရင်းကနေ အလိုအလျောက် ပေးသွင်းတာဖြစ်ပါတယ်။ အခု E-Payment System ကြောင့် လိုင်စင်ကြေး ပေးသွင်းရန် ငွေကြေးပမာဏကလဲ manual  တွက်စရာမလိုတော့ဘဲ လိုင်စင်ကြေး၊ သက်တမ်းတိုးကြေး၊ ပြင်ဆင် ကြေး စတာတွေကိုလဲ E-Payment System ကတွက်ချက်ပေး တာကြောင့် ငွေကြေးဆိုင်ရာ အငြင်းပွားမှုတွေလဲ မရှိတော့တာ တွေ့ရပါတယ်။ဒီ E-payment System  ကြောင့် ပို့ကုန်သွင်းကုန်လိုင်စင်နဲ့ ပါမစ်ကြေးတွေအပါအဝင် ဌာနကိုပေးသွင်းရမဲ့ ငွေကြေးတွေ အတွက် ငွေသားအမြောက်အမြား ကိုင်ဆောင်ပြီး ခရီးသွားရတဲ့ အခက်အခဲ၊ အချိန်ကြန့်ကြာတဲ့ အခက်အခဲတွေကို ကျော်လွှား နိုင်ပြီဖြစ်ပါတယ်။ ဒီလိုငွေကြိုတင် ပေးသွင်းမှုကို မြန်မာနိုင်ငံသားများ  ဘဏ်က ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကို အီးမေးလ်ဖြင့် အကြောင်းကြားပေးပြီး ငွေစာရင်းဌာနက E-payment  စာရင်း ပြန်လည်ထည့်သွင်းပေးမှာဖြစ်ပါတယ်။အဲဒီနောက် လုပ်ငန်းရှင်ရဲ့ လိုင်စင်ကြေး ကျသင့်ငွေကို သက်ဆိုင်ရာစာရင်းက အွန်လိုင်းစနစ်နဲ့ E-payment Software  ကို အသုံးပြုပြီး အလိုအလျောက်နုတ်ယူ သွားတဲ့ စနစ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံသားများ ဘဏ်တစ်ခုတည်းနဲ့ ဆောင်ရွက်လို့ ရပါသေးတယ်။  နယ်စပ်လိုင်စင်                   နယ်စပ်ကုန်သွယ်မှုပြုနေသော လုပ်ငန်းရှင်တွေ အဆင် ပြေစေဖို့တွက် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန နယ်စပ်စခန်း အားလုံး ကနေ ပို့ကုန်သွင်းကုန်လိုင်စင်ထုတ်ပေးတဲ့စနစ်နဲ့ ပတ် သက်ပြီး Online ဆောင်ရွက်နိုင်ဖို့ (BTOS) (Border Trade Online System) ကို ဆောင်ရွက်ဖို့လိုအပ်လာတာကြောင့် ၂၀၀၇ ခုနှစ် ဇန်နဝါရီလမှာ စတင်ဆောင်ရွက်ပေးခဲ့ပါတယ်။ဒီစနစ်မှာကတော့ One Stop Service မှာ ပါဝင်တဲ့ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်စတာတွေပါ ပါဝင်လာခဲ့ပါတယ်။ဒီစနစ်နဲ့ပတ်သက်ပြီး မူဆယ်နယ်စပ်ကုန်သွယ် ရေး အသင်းဥက္ကဌလည်းဖြစ် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်တဲ့ ဦးဟန်စိန်က '' အွန်လိုင်းလိုင်စင်စနစ်နဲ့လုပ်ရတာ အချိန်၊ ငွေ၊ လူအင်အား သုံးရတာကနေ တော်တော်သက်သာသွား တယ်။ လုပ်ငန်း လုပ်ရတာ လွယ်ကူလျင်မြန်တော့ ကုန်သွယ်မှု ပိုများလာပြီး ကုန် သွယ်မှု ပမာဏလည်း ပိုတိုးတက်လာဖို့ပဲရှိတော့တယ်'' လို့ တကယ် ပါဝင်ပတ်သက်လုပ်ငန်းဆောင်ရွက်နေရတဲ့ အတွေ့အကြုံ ပေါ်မှာ ကောက်ချက်ချသွားခဲ့ပါတယ်။ လုပ်ငန်းရှင်နဲ့ ကိုယ်စားလှယ်                   စီးပွား/ကူးသန်းဝန်ကြီးဌာနမှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ကိုယ်စားလှယ်တွေရဲ့ မှတ်ပုံတင်တာကို တိကျမှန်ကန်မြန်ဆန် စေဖို့အတွက်ကိုလည်း (Company and Agent Registration System) ကို ဆောင်ရွက်ပေးထားပါတယ်။ အရင်တုန်းက ဆိုရင် ကုမ္ပဏီရဲ့ ဒါရိုက်တာစာရင်းမှာပါဝင်မှု မရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေကို လိုင်စင်ကိစ္စ စေလွှတ်ရင် တာဝန်ရှိသူတွေက လိုင်စင်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ မေးရင် အခက်အခဲဖြစ်ပါတယ်။ အခုကတော့ Company And Agent Registration System  ကြောင့် အဆင်ပြေ သွားခဲ့ပါပြီ။ အချိန်ကုန် သက်သာ၊ လူပင်ပန်းသက်သာလျင်မြန်စွာနဲ့ ဆောင်ရွက်နိုင်ခဲ့ပါပြီ။ ကုန်သွယ်မှုအစီရင်ခံစာများ                    အပတ်စဉ် လစဉ် နှစ်စဉ် ပြုစုနေတဲ့ ကုန်သွယ်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအမျိုးမျိုးကို လိုတဲ့အချိန် လိုသလို အလွယ်တကူ လျင်မြန်စွာ ထုတ်ယူရနိုင်စေဖို့အတွက် ကုန်သွယ်မှုအချက် အလက်အစီရင်ခံစာ (Trade Data Reporting System) ကိုလဲ ဆောင်ရွက်ထားခဲ့ပါတယ်။ ဒါကြောင့်လဲ ကုန်သွယ်မှုနဲ့ ပတ်သက်ပြီး လိုအပ်တဲ့ အချက်အလက်ကို လိုအပ်တဲ့အချိန်မှာ တိကျမှန်ကန်စွာနဲ့ ချက်ချင်းထုတ်လာနိုင်ခဲ့ပါတယ်။ ပို့ကုန်သွင်းကုန် အမှန်တင် အချက် အလက်စာရင်းတွေကို နိုင်ငံအလိုက် ပစ္စည်းအမျိုးအစားအလိုက် ခုနှစ် အလိုက် ကြည့်ရှုနိုင်ဖို့အတွက် (Import Export Licensing & Permit System) နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် (Trade Data Reporting System) ကို ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလမှာကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ အခုအခါမှာတော့ ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ဆိုင်ရာ ကုန်သွယ်မှု စာရင်းတွေကို တစ်ပါတည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။လောလောဆယ် ပို့ကုန် သွင်းကုန် Report  ၇၀ မျိုး၊ကုန်သွယ်မှု ပမာဏ Report ၅ မျိုးတို့ကို ကြည့်ရှုနိုင်ပြီ ဖြစ်ပါတယ်။  ဈေးနှုန်းမှတ်တမ်း                          ဒါ့ပြင် လိုင်စင်လျှောက်ထားရာမှာ မသမာမှု မလုပ်နိုင်စေဖို့၊ မှန်မှန်ကန်ကန်ဖြစ်စေဖို့၊ ဈေးနှုန်း အချက်အလက်တွေကို ကာလအလိုက် စစ်ဆေး အတည်ပြုနိုင်ဖို့အတွက် Price Data Bass System  ကိုလည်း ၂၀၀၄ ခုနှစ်ကတည်းက စနစ် တကျဆောင်ရွက်ထားခဲ့ပါတယ်။လက်ရှိမှာအခြေခံ ဈေးနှုန်းစာရင်းပေါင်း သွင်းကုန်တွင် ပစ္စည်းအမယ် ၉၀၉၀၈ မျိုး၊ ပို့ကုန်အမယ် ၃၇၇၀ မျိုးကို မှတ်တမ်းတင်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့ပြင် နယ်စပ် ကုန်သွယ်ရေးစခန်းမှ တိုက်ရိုက်ဈေးနှုန်းထည့်သွင်း ခြင်းကိုလည်း ဆောင်ရွက်ခဲ့ရာ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းက တိုက်ရိုက်ထည့်သွင်း ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ Video Conference                         ကုန်သွယ်မှုဆောင်ရွက်ပြီဆိုတာနဲ့ ကုန်စည် တင်ပို့သူ၊ တင်သွင်းသူ ဌာနဆိုင်ရာအသင်းအဖွဲ့ စသည်ဖြင့်ပါဝင်ပတ်သက်သူတွေက အများအပြား ပါ။ ဒါ့ပြင် ပါဝင်ပတ်သက်သူတွေအားလုံးကလည်း တွေ့ဆုံဆွေးနွေးပြောရန်က များပြားလှပါတယ်။ မိမိတို့တွေ့ကြုံနေရတဲ့ ကုန်သွယ်မှုဆိုင်ရာ အခက် အခဲတွေကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆွေးနွေး ရမယ့်ကိစ္စတွေလည်း ရှိပါတယ်။ ကိစ္စရှိတိုင်း နေပြည်တော် သွားလာရမယ်ဆိုရင် ခရီးစရိတ်၊ အချိန်၊ စားသောက်စရိတ် စတဲ့ အရင်းအနှီးများ လှပါတယ်။ ဒါကြောင့် သက်သာ၊ လွယ်ကူ အစစ အဆင်ပြေစေဖို့အတွက် အုပ်ချုပ်မှုမြို့တော် နေပြည်တော်နဲ့ စီးပွားရေးမြို့တော် ရန်ကုန်ဟာ အချိန်မရွေး Real Time Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးနိုင်အောင် ဆောင်ရွက်ပေး ထားပါတယ်။ ဒါကြောင့် အချိန်မရွေး နေပြည် တော်နဲ့ ရန်ကုန်မျက်နှာချင်းဆိုင်တွေ့ ပြေပြေလည် လည် လွယ်လွယ်ကူကူ ရှင်းရှင်းလင်းလင်း ဆွေး နွေးနိုင်ခဲ့ကြပါတယ်။ သတင်းအချက်အလက်                        ကုန်သွယ်ရောင်းဝယ်မှုနဲ့ ပတ်သက်နေသူတွေအားလုံး ပြည်တွင်း၊ပြည်ပ ကုန်သွယ်မှုသတင်း တွေ၊ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ကုန်စည်သတင်းတွေ၊ ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်တွေ သိနိုင်ဖို့၊ Commerce Website (www.commerce. gov.mm) ကို ၂၀၀၁ ခုနှစ်က စတင် လွှင့်တင်ခဲ့ပြီး ၂၀၀၃မှာတော့ ကိုယ်ပိုင် Domain name  နဲ့ သီးခြားရပ်တည်လွှင့်တင်ခဲ့တာပါ။ ထုတ် ကုန်သွင်းကုန်ကိစ္စတွေကို Online  ပေါ်မှာ အချိန်နဲ့ တစ်ပြေးညီ တိကျမြန်ဆန်စွာလုပ်ကိုင်နိုင်တဲ့ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး သိလိုသမျှ မေးမြန်းနိုင် တဲ့ Myanmar Tradenet Website (www.myanmartradenet.gov.mm)ကို ၂၀၀၆ ဖေဖော်ဝါရီမှာ လွှင့်တင်ထားသလို ဈေးကွက်သတင်း တွေ၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက် တွေ၊ ဈေးကွက်ဈေးနှုန်းအခြေအနေ၊ ပြည်တွင်း ပြည်ပကုန်သွယ်မှုသတင်းတွေကို အများပြည်သူ တို့သိနိုင်ဖို့ အပတ်စဉ်ထုတ် စီးပွားရေးစာစောင် ဖြစ်တဲ့ The Commerce Journal ကိုလည်း တစ်ပတ်တစ်ကြိမ် ထုတ်ဝေပေးနေပါတယ်။ ဒါ့ပြင် The Commerce Journal ကိုလဲ (www. commerce journal.com.mm)မှာ e-book  အနေနဲ့ ဖတ်နိုင်အောင် လွှင့်တင်ပေးထားပါတယ်။ ရုံးတွင်းဆက်သွယ်မှုစနစ်                         ကုမ္ပဏီတွေဌာန ဆက်သွယ်ဆောင်ရွက် မှုကို Online ပေါ် ရွှေ့ပြောင်းဆောင်ရွက်ခဲ့သလို ရုံးဌာနတွင်းမှာလဲ Online  ကို အခြေခံ ပြောင်းလဲခဲ့ပါတယ်။ ဒါကြောင့် ရုံးတွင်းမှာလဲ DEMS လို့ခေါ်တဲ့ Document Exchange Management Systemကို ဆောင်ရွက်ခဲ့သလို Internet နဲ့လဲ စာပေးစာယူလုပ်ငန်းတွေ အားလုံး ဆောင်ရွက်နိုင်အောင် စီမံခဲ့ပြီး ၂၀၀၅ ခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတွေမှာ စတင် အသုံးပြုခဲ့ပါတယ်။ ဌာနအကြီးအကဲတွေ အနေနဲ့ လက်အောက်ဌာနတွေနဲ့ နေ့စဉ်လုပ်ငန်းဆောင် ရွက်မှုတွေကို အချိန်မရွေး၊ နေရာဒေသ မရွေးဘဲ လိုအပ်သလို ကြပ်မတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီစနစ်တွေ ဆောင်ရွက်ခဲ့တာကြောင့် တစ်ချိန်ထဲ တစ်ပြိုင်ထဲမှာ တာဝန်ရှိသူတွေဟာ သိရှိနေပြီး အချိန်တိုအတွင်း လုပ်ငန်းတွေကို လျင်မြန်ပြီး မြောက်စေခဲ့ပါတယ်။ ဒါ့ပြင် အချိန်၊ ငွေကုန်ကျမှု တွေသက်သာခဲ့ပြီး ဝန်ထမ်းတွေရဲ့ လုပ်အားနဲ့  အလုပ်ပမာဟာ ပိုမိုတိုးတက်လာခဲ့ရပါတယ်။ စာရွက်စာတမ်း လုံခြုံမှုကိုလဲ ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ သူတို့အပြော                       စီးပွားကူးသန်းမှာ တာဝန်ထမ်းဆောင်ဖူးပြီး ယခုအခါမှာတော့ ပြင်ပစီးပွားရေးအနေနဲ့ ပို့ကုန် သွင်းကုန် လုပ်ငန်းတွေလုပ်နေတဲ့ ဝန်ထမ်းဟောင်း တစ်ဦးက '' အရင်တုန်းက လိုင်စင်တစ်စောင် ထုတ် ပေးဖို့ဆိုရင် စိစစ်ရတဲ့ စာရွက်စာတမ်းတွေက အများကြီး လက်ရေးနဲ့ဖြည့် လက်နှိပ်စက်နဲ့ ရိုက် စာရွက်တွေ တစ်ပုံတစ်ပင် အင်မတန် ဒုက္ခရောက် ခဲ့တာ၊ မှားလို့အဆူခံခဲ့ရတာလည်း အကြိမ်ပေါင်း မနည်းဘူး၊ အခုတော့ အွန်လိုင်းနဲ့ လိုင်စင်လျှောက် ထားတဲ့အချိန်ကစပြီး တော်တော်လေး အဆင်ပြေ သွားတယ်။ ရုံးမှာ မိုးလင်းအောင် အလုပ်လုပ်ရတဲ့ ဘဝကနေ လွတ်သွားတယ်။ ပြီးတော့ အရင်က လိုင်စင်က နည်းနည်းလေး အခု တဖြည်းဖြည်းနဲ့ များလာတာ အရင်ထက် ၅ ဆလောက် ပိုများ တယ်။Manual  နဲ့ ဆက်လုပ်နေရင် ဘယ်လိုမှ မနိုင်တာ သေချာတယ်၊ အခု ကိုယ်တိုင်လိုင်စင် လျှောက်ရတဲ့ အချိန်မှာလည်း Online System  ကြောင့် တော်တော်ကို လွယ်ကူအဆင်ပြေနေပြီ'' လို့ ပြောသွားပါတယ်။ ဒါဟာ အွန်လိုင်းပေါ်မှာ ဆောင်ရွက်နိုင်အောင် စဉ်းစားခဲ့တဲ့၊ လုပ်ဆောင်ခဲ့ တဲ့ အသီးအအပွင့်တွေရဲ့ အကျိုးကျေးဇူးပါပဲ။ နိဂုံးချုပ်သော်                      ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးဆိုတာ အခုမှထပြီးလုပ်တဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ ကုန် သွယ်မှုပမာဏ ၄-၅ ဘီလီယံလောက်ပဲရှိခဲ့တဲ့ လွန်ခဲ့တဲ့ ငါးနှစ်ကျော်ကတည်းက နောင်တစ်ချိန်ကုန် သွယ်မှုတွေတိုးမြင့်လာရင် ဘယ်လိုထိထိရောက် ရောက် စီမံမလဲဆိုတာကို ကြိုတင်စဉ်းစားလုပ် ဆောင်ခဲ့တာပါ။ ဒီနေ့ ၁၃ ဘီလီယံကုန်သွယ်မှု ရှိလာပေမဲ့ ရှိတဲ့ဝန်ထမ်းအင်အားနဲ့ နိုင်နင်းအောင် စီမံခန့်ခွဲနေနိုင် တာဟာ အမြော်အမြင်ကြီးမားခဲ့တဲ့ ဝန်ကြီးဌာနမှာ တာဝန်ယူခဲ့တဲ့ အကြီးအကဲ အဆက်ဆက်ရဲ့ ''စဉ်းစားရန်၊ ညွှန်ကြားရန်၊ လုပုပ်ေ်ဆောင်ရ်ရန်'' မပျက်ကွက်ခဲ့လို့ပါပဲ၊