Main menu

Background

ရက်ကန်းထည်ဈေးကွက်တွင် ကိုယ်တိုင်ထိုးဖောက်မှုထက် လက်ဝေခံထုတ်လုပ်မှုများ

Wed, 10/05/2011 - 06:09 -- Anonymous (not verified)

 ရက်ကန်းထည်ဈေးကွက်တွင် ကိုယ်တိုင်ထိုးဖောက်မှုထက် လက်ဝေခံထုတ်လုပ်မှုများ                        ရွှေဘိုမြို့၊ ဆိပ်ခွန်ရွာဟာ ရက်ကန်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်လျက်ရှိရာ ယခင်က လက်ရက်ကန်းဖြင့် လုပ်ကိုင်ခဲ့ရာမှ ခေတ်ကာလ ရွေ့လျားလာတာနဲ့အမျှ စက်ရက်ကန်း များ အစားထိုးလုပ်ကိုင်လာပါတယ်။ ဆိပ်ခွန်ရွာမှာ စက်ရက်ကန်းစင် ၈၀၀ ကျော်ဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကလုပ်ကိုင် ခဲ့ပြီး ယခုအခါ ဈေးကွက်အတွင်း ကိုယ်တိုင်ထိုးဖောက်မှုထက် လက်ဝေခံထုတ် လုပ်မှုများကြောင့် စင် ၃၀၀ ခန့် လျော့ ကျလာကြောင်း သိရပါတယ်။                     ဆိပ်ခွန်ရွာမှ ရက်ကန်းပိုင်ရှင် ဦးဝင်း မော်ဦးက ''လက်ရက်ကန်းကနေ စက် ရက်ကန်း အစားထိုးလိုက်တော့ အရင် ကထက် အထည်များများ ထွက်တယ်။ ဈေးကွက်မှာက အရင်ကထက် ပိုပြီး မသုံးစွဲဘူး။ ပြည်ပကဝင်တဲ့အထည်က ပြည်တွင်းဖြစ်ကို ထိုးဖောက်နိုင်တယ်။ အသေးစားနဲ့အလတ်စား ရက်ကန်းစင် တွေအနေနဲ့ နာမည်ဖောက်ဖို့ကမလွယ် တော့ နာမည်ပေါက်ပြီးသားသူနဲ့ သွားကပ်ရတာ။ နာမည်ပေါက်တဲ့သူတွေက ရက်ကန်းလုပ်ငန်းကို ကိုယ်တိုင်လုပ်ချင် မှလုပ်မယ်။ ရက်ကန်းစင်ရှိတဲ့ နေရာ တွေမှာလိုက်ဝယ်ပြီး ပြန်ရောင်းတော့ ရက်လုပ်သူအတွက်က တစ်ထည်မှ ၂၈၀ ကျပ်၊ ၃၀၀ ကျပ်ပဲ ကျန်တယ်။ အထည်ဖြစ်ဖို့အတွက်က ကုန်ကြမ်းကို ကြိုဝယ်ထားရတာ။ အရင်းအနှီးကများ ပြီး အမြတ်ကနည်းတော့ စင်တွေလျော့ လာတယ်။ ကျွန်တော့်ရက်ကန်းရုံမှာ တောင် လွန်ခဲ့တဲ့ ၄ လက စင် ၁၀၀ လောက် လုပ်ရတာ။ ခု ၇၃ စင်နဲ့ပဲ အလုပ် လုပ်ရတယ်။ ရွှေဘိုမှာလည်း အရင်က ရက်ကန်းစင်တွေရှိတယ်။ အခုတစ်စင်မှ မလုပ်တော့ဘူး။ တဖြည်းဖြည်းနဲ့ မြန်မာ့ရက်ကန်းက အောက် ရောက်သွားပြီ။ ပျောက်ကွယ်သွားမှာ တောင်စိုးရတယ်''လို့ ပြောပါတယ်။ ဆိပ်ခွန်ရွာမှ ၁/၂၁ ချည်နဲ့ ရက်လုပ်တဲ့ ကြမ်းချော ချည်လုံချည်ကို အဓိကထား ထုတ်လုပ်လျက်ရှိပါတယ်။ ရက်ကန်းစင်တစ်စင်လျှင် တစ်နာရီကို ၁ ကွင်းထွက်ရှိရာ မီးမှန်ပါက ၁၀ ကွင်း ထုတ်လုပ်နိုင်ကြောင်း၊စင် ၅၀၀အတွက် တစ်ရက်လျှင် အထည် ၄၀၀၀ နီးပါး ဆိပ်ခွန်ရွာမှ ထွက်ရှိပါတယ်။ အထည် ရက်လုပ်ရာမှာ ပြည်တွင်းချည်ကို အဓိကထား အသုံးပြုကြောင်း၊ ယခု အခါ လျှပ်စစ်မီး ပုံမှန်ရနေလို့ အထည် များများထုတ်လုပ်နိုင်ပေမဲ့ ကုန်ကြမ်း ဈေး လျှော့ပေးနိုင်ပါက ဈေးကွက် ကောင်းလာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး