စိုက်ပျိုးစရိတ် အရင်းအနှီးကြီးသလို မျိုး၊ မြေနဲ့သွင်းအားစု ဖြည့်ဆည်းရာမှာ ခက်ခဲနက်နဲလွန်းပြီး ဈေးကွက်မှာ ပေါက်ဈေး အနိမ့်အမြင့်၊ အတက်အကျကြမ်းတဲ့အတွက် ယာသမား တိုင်း မစိုက်ရဲတဲ့သီးနှံကတော့ ကြက်သွန်နီ ဖြစ်ပါတယ်။ စိုက်ပျိုးရာမှာ မျိုးစေ့ပျိုးရာကနေ တူးဖော်ချိန်အထိ အချိန်တိုင်းနေ့ တိုင်း အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေရသလို ရေလိုရင်ရေ၊ ဆေးလိုရင်ဆေး၊ မြေဆီလိုရင်မြေဆီ၊ ရာသီဥတုကိုကြည့်ပြီး အချိန်အဆ အတိုင်းအဆ မှန်မှန်ဖြည့်ဆည်းဖို့ အလိုအပ်ဆုံး သီးနှံပါ။ ဒီလို မှော်ဆန်တဲ့ ကြက်သွန်နီက မုံရွာနယ်မှာ အစဉ်မပြတ်အားခဲစိုက်ကြတဲ့ မြေနဲ၊ မအူ၊မင်းရွာ၊ အောင်သာ၊ အက်တော၊ ကျွဲရဲနဲ့ပလ’င်ကုန်းနယ်က တောင်သူတွေဟာ လာမဲ့ ဆောင်းရာသီမှာ စောစောစိုက်နိုင်ဖို့ ယခုအခါ ပျိုးထောင်နေ ကြပြီ ဖြစ်ပါတယ်။ မြေနဲနဲ့မအူရွာကတောင်သူတွေကတော့ ဈေးကွက်မှာ လျော့လာတဲ့ ကြက်သွန် လက်ကျန်ကို ဖြည့်စွက်ဖို့ ကြက်သွန်နီတွေ ဧက ၁၀၀ ကျော်ထိပြီးခဲ့တဲ့ စက်တင်ဘာ လထဲက စိုက်ခဲ့ကြတယ်လို့ တောင်သူတွေကဆိုပါတယ်။ မုံရွာဈေးကွက်မှာတော့ ယနေ့ပွဲရုံသိမ်းဈေး အနိမ့်ဆုံး တစ်ပိဿာ ၅၀၀ ကျပ်မှ အမြင့်ဆုံး ၇၀၀ ကျပ်ထိ ပေါက်ခဲ့ပြီး၊ လက်လီဈေးကတော့ တစ်ပိဿာ အမြင့်ဆုံး ၉၀၀ ကျပ်၊ ၁၀၀၀ ကျပ်ပေါက်နေပါတယ်။ ယခုတစ်ပတ် အတွင်း မိုးအဆက်မပြတ်ရွာသွန်းနေလို့ မန်းတင်ပို့မှုမှာ ပိဿာ ၂၀၀၀၀ ခန့်သာရှိသလို လက်လီအဝယ်လည်း ပါးတယ်လို့ ပွဲရုံတန်းက ကြားသိရပါတယ်။ တောင်သူကြီးတချို့နဲ့ ပွဲစားကုန်သည်တွေဆီမှာ လက်ကျန်ကြက်သွန်နီ ခပ်များများရှိသေးပေမဲ့ အညှောက် ထွက်စပြုလို့ အမြန်ထုတ်ရောင်းလိုကြတဲ့အတွက် ယခုလို ဈေးအေးခြင်းဖြစ်တယ်လို့ ပွဲစားတစ်ဦးကပြောပါတယ်။ ထွန်းလှိုင်
Background