အာဆီယံ-ဂျပန်စင်တာရဲ့ ကုန်စည် ပြပွဲကိစ္စနဲ့ ဒီနှစ်စက်တင်ဘာလကုန်ပိုင်း မှာ မောင်ပန်းသီး ဂျပန်နိုင်ငံ၊ တိုကျိုနဲ့ အိုဆာကာကို ရောက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက် နေ့က ဂျပန်မှာ ငလျင်ဒဏ်ကြောင့် ဆူနာမီရေလှိုင်းတွေဖြစ်ခဲ့ပြီးတစ်ဟုန်ထိုးစီး နေတဲ့ ရေလှိုင်းများနဲ့အတူ ကားငယ်လေးတွေ အများအပြား မျောပါခဲ့တာ ကို ရုပ်မြင်သံကြားမှာ Live Show တာကို ကြည့်နေရင်း စိတ်မ ကောင်း ဖြစ်မိသလို ကားငယ်လေးတွေ ဂျပန် မှာ ဘာကြောင့် ဒီလောက်များများ အသုံးပြုနေတယ်ဆိုတာကို စိတ်ဝင်စား မေးခွန်းထုတ်မိခဲ့ပါတယ်။ ဒီမေးခွန်းအဖြေရဖို့ ဂျပန်ရောက် တုန်းနီးစပ်ရာ ပုဂ္ဂိုလ်တွေကို စုံစမ်း မေးမြန်းခဲ့ပါတယ်။ ကားငယ်လေး တွေကို နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုနေတဲ့ အာဆီယံ-ဂျပန်စင်တာ ကဝန်ထမ်း Mr.Go Matsuura ကို စပ်စုကြည့်တဲ့ အခါ ဂျပန်နိုင်ငံမှာ ၁၀၀၀ စီစီနဲ့ အောက် အလေးချိန် ၃၅၀ ကီလိုဂရမ် ထက်မများသောယာဉ်ငယ်လေးများကို အဝါရောင်နံပါတ်သတ်မှတ်ပြီး K ကားလို့ ခေါ်ကြောင်း၊ သူစီးတဲ့ K ကားငယ် ဟာ ၆၆၀ စီစီအင်ဂျင်ပါဝါရှိပြီး လူ ၄ ယောက်စီးနင်းနိုင်ပြီး အမြန်နှုန်းမှာ တစ်နာရီ ကီလိုမီတာ ၁၄၀ အထိ မောင်းနိုင် ကြောင်း၊ အလုပ်သွားခြင်း၊ မိသားစုနှင့် အပန်းဖြေထွက်ခြင်း၊ ဈေးဝယ်ခြင်းစတဲ့ ကိစ္စအားလုံးအတွက် သုံးနိုင်ပြီး ဆီစားနှုန်းကလည်း အဲယားကွန်း အသုံးပြု လျက်ဓာတ်ဆီတစ်လီတာကိုကီလိုမီတာ ၂၀ သုံးနိုင်တာမို့ တစ်ဂါလန်ကို ကီလို မီတာ ၈၀ (မိုင် ၅၀) အထိရကြောင်း၊ မြို့တွင်းမှာ ကားရပ်ရင်လည်း အလွယ် တကူရပ် နိုင်တဲ့အတွက် သူ့ဇနီးမှာ လည်း အလုပ်သွားဖို့ K ကားငယ် တစ်စီးသီးခြားရှိကြောင်း ပြောပါတယ်။ K ကားလေးတွေရဲ့အားသာချက် တွေကို သူကဆက်ရှင်းပြရာမှာ ဂျပန် လူမျိုးတွေအနေနဲ့ သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးကို အ လေးထားတဲ့ အပြင် လွန်ခဲ့တဲ့ လေးငါးနှစ်ကစပြီး စီးပွားရေးတိုးတက်မှု နှေးကွေးလာမှု ကြောင့် ခြိုးခြံချွေတာရေးကိုလည်း အထူးဦးစားပေးလာကြကြောင်း၊ တိုကျို လူဦးရေ ၃၆ သန်းကျော်ဟာ အလုပ် သွားအလုပ်ပြန်မှာ ရထားကို အားထား အသုံးပြုလေ့ရှိပြီး မြေအောက်ရထားအ ပါအဝင် တိုကျိုမြို့မှာ ရထားလိုင်း ၆၀ ကျော်နေ့ညပြေးဆွဲနေကြောင်း သိရ ပါတယ်။ (စင်ကာပူမှာ ရထားလိုင်း ၄ လိုင်းသာ ပြေးဆွဲပါတယ်။) တိုကျိုမြို့ကဲ့သို့ မြို့ကြီးများမှာ ကားတစ်စီး ဝယ်တော့မယ်ဆိုရင် ကားဝယ်မယ့်သူရဲ့ နေအိမ်/အ ခန်းနှင့် တစ်ကီလိုမီတာအကွာအတွင်း ကားရပ်နားရန် နေရာရှိကြောင်းကို ဒေသခံ ရဲစခန်း ထောက်ခံချက်ပါမှသာ ကား ဝယ်ယူခွင့်ပြုပါတယ်။ ဒါပေမယ့် K ကားငယ်လေးများကို ဝယ်စီးမည်ဆိုပါ က ရဲစခန်းထောက်ခံချက်မလိုဘဲ ဝယ်စီးခွင့်ရှိကြောင်း၊ ကားရပ်နားနေရာ ငှား ရမ်းခမှာလည်း ဒေသအလိုက်ကားတစ် စီးကို တစ်လ ဒေါ်လာ ၄၀၀ မှ ၆၀၀ အထိပေးရကြောင်း၊ နံပါတ်ဝါတပ် K ကားငယ်လေးများကိုတော့ နေရာကျဉ်း ပြီးဦးစားပေးအဆင့်သတ်မှတ်တဲ့အ တွက်ဒေါ်လာ ၁၅၀ ခန့်ဖြင့်ငှားနိုင် ကြောင်း၊ ဂျပန်အစိုးရက ကားများကို အခွန် ကောက်ခံရာမှာ အင်ဂျင်ပါဝါ စီစီနဲ့ သတ်မှတ်ကောက်ခံပြီး ၁၀၀၀ စီ စီအောက် K ကားငယ်လေးတွေသုံးတာ ကိုအားပေးတဲ့အနေနဲ့ အထူးသက်သာ တဲ့နှုန်းနဲ့ ကောက်ခံပေးကြောင်း၊ အင် ဂျင်ပါဝါကြီးလေလေ အခွန်များများ ကောက်ခံလေဖြစ်လို့ အခွန်စနစ်နဲ့ K ကားလေးတွေကို ပိုစီးလာအောင်ဆွဲ ဆောင်မှုပေးထားတာကြောင့် ယနေ့ ဂျပန်မြို့နေအခြေခံလူတန်းစားနဲ့ လူ လတ်တန်းစားများဟာ K ကားလေး တွေကို ပိုပြီးဝယ်ယူအသုံးပြုလာကြ ကြောင်းရှင်းပြပါတယ်။ ကိုရွှေဂျပန်က K ကားလေးတွေ ကို ကောင်းခြင်းငါးဖြာနဲ့ပြည့်စုံတယ်လို့ ဆက်ညွှန်းပါသေးတယ်။ပထမအချက်က ကားရပ်နားတဲ့နေရာ ငှားရမ်းခသက် သာခြင်းနဲ့ဝယ်တဲ့အခါရဲစခန်းထောက် ခံချက်မလိုခြင်း၊ ဒုတိယ အချက်က ဘီး ခွန်အပါအဝင် အခွန်အခများသက် သာခြင်း၊ တတိယအချက်က ကားအရွယ်ငယ်သဖြင့် ယာဉ်ကြော ပိတ်ဆို့မှု သက်သာခြင်း၊ စတုတ္ထအချက် က ဆီစားနှုန်း သက်သာခြင်း(ဂျပန်မှာ ဓာတ်ဆီတစ်ဂါလန် ကျပ် ၆၀၀၀ ခန့်) ပဉ္စမအချက်က ဆီအသုံးပြုမှုနည်းပြီး မီးခိုးထွက်တာအလွန်နည်းတဲ့အတွက် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုသက် သာစေခြင်းတို့ကြောင့် ကုန်ကျစရိတ် နည်းပြီး စီးပွားရေးတွက်ခြေကိုက်ခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုခြင်းစတဲ့ ဂုဏ်ပုဒ် တွေနဲ့ ပြည့်စုံကြောင်း ချီးမွမ်းခန်းဖွင့် သွားပါတယ်။ သူစီးနေတဲ့ ၂၀၀၂ မော်ဒယ် K ကားကို အခုဝယ်မယ်ဆိုရင် ဒေါ်လာ ၂၀၀၀ ပတ်ဝန်းကျင်လောက် သာရှိကြောင်း၊ ၂၀၀၀ မော်ဒယ်ဆိုရင် ဒေါ်လာ ၁၅၀၀ (မြန်မာကျပ် ၁၂ ဒသမ ၅ သိန်း) လောက်ပဲရှိတယ်လို့ ရှင်းပြပါတယ်။ သူပြောတာကြားရတော့ မောင် ပန်းသီးတို့ငယ်ငယ် ၁၉၆၅/၆၆ ခုနှစ် လောက်က မာဇဒါ ဘီ ၃၆၀ လေးဘီး ကားလေး အဖေ ဝယ်ခွင့် မဲပေါက်လို့ စီးခဲ့ရတာကို အမှတ်ရမိနေပါတယ်။ အဲဒီအချိန်က အဖေက လခ ကျပ် ၁၂၀၀ ရတဲ့ခရိုင်အဆင့် အရာ ထမ်း တစ်ဦးပါ။ မာဇဒါကားလေးကို ကျပ် ၁၈၀၀၀ နဲ့ ဝယ်ခွင့်ရတော့ တန်ဖိုး တစ်ဝက်ငွေသွင်းပြီး ကျန်တစ်ဝက်ကို လခမှ အရစ်ကျလပေး (Installment) စနစ်နဲ့ အစိုးရကစီစဉ်ရောင်းပေးတာကို မှတ်မိပါတယ်။ အဲဒီခေတ်က အဖေ့ လစာနဲ့ ဆိုရင် ၁၅ ဆလောက်ရှိတဲ့ ဂျပန် ကားလေးကို မိသားစုနဲ့ စီးခဲ့ရတာကို အမှတ်ရနေပါတယ်။ အခုလည်းအဖေတို့ ခေတ်ကလို ဂျပန် K ကားသေးလေး တစ်စီးလောက် ဝယ်ပြီး မြန်မာပြည်မှာ စီးရင်ဘယ် လောက် ကုန်ကျမလဲလို့ ဂျပန်မှာရှိတဲ့ မြန်မာမိတ်ဆွေတွေကို ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ယခုကား ဟောင်းအပ်ပြီး ၁၉၉၅ မော်ဒယ်အထက် ဝယ်သွင်းခွင့်ရ ချိန်မှာ မြန်မာတွေ ကြိုက်တဲ့အင်ဂျင် ပါဝါများတဲ့ မတ်တူး ရွှေငါး၊ ဆာ့ဖ် စတဲ့ ကားတွေအလုအယက်မှာကြပြီး လေလံ အပြိုင်ဆွဲကြလို့ ဂျပန်လေလံဈေးကွက် မှာ အမြင့်ကားတွေ ဈေးသုံးလေးဆ တက်သွားပေမဲ့ အခြားဆလွန်းကား၊ ဗင်ကား၊ K ကားငယ်လေးတွေ အပါ အဝင် ကားအများစုဟာ မူလအတိုင်း ဈေး သက်သက်သာသာနဲ့ ဝယ်လို့ရပါ တယ်တဲ့။ နမူနာအနေနဲ့ အင်ဂျင် ပါဝါ ၂၀၀၀ စီစီရှိတဲ့ ၂၀၀၀ မော်ဒယ် တိုယိုတာမတ်တူးကို ဒေါ်လာ ၃၀၀၀၊ အင်ဂျင်ပါဝါ ၂၀၀၀ စီစီရှိတဲ့ ၁၉၉၈ မော်ဒယ် ကယ်ဒီးနား ဗင်တစ်စီးကို ဒေါ်လာ ၂၄၀၀၊ ၁၅၀၀ စီစီရှိတဲ့ ၂၀၀၀ ခုနှစ်၊ နစ်ဆန်းဆန်နီဆလွန်းတစ်စီးကို ဒေါ်လာ ၂၀၀၀ သာရှိကြောင်း သိရပါ တယ်။ ကားတွေကို ကွန်တိန်နာနဲ့ ထည့်ပို့ရင် အထိအခိုက်သက်သာပြီး ဆိပ်ကမ်း မှာပစ္စည်းအပျောက်အရှ နည်းတာမို့ ကွန်တိန်နာကို အများဆုံးအသုံးပြုကြကြောင်း၊ ဂျပန်က ရန်ကုန်အရောက် ကွန်တိန်နာတစ်လုံး ဒေါ်လာ ၄၀၀၀ လောက်ရှိပြီး K ကားလေးဆိုရင် ၅ စီး ဆံ့တာမို့ တစ်စီးဒေါ်လာ ၈၀၀ လောက် ပဲကျမယ်လို့ သိရပါတယ်။ ဒါကြောင့် K ကားလေးတစ်စီးကို ရန်ကုန်ဆိပ်ကမ်း အရောက်ဒေါ်လာ ၂၅၀၀(ကျပ်သိန်း ၂၀)လောက်သာ ရှိပါ မယ်။ ဆိပ်ကမ်းမှာ ပေးရမဲ့ CIF ဈေးပေါ်မှာ အကောက်ခွန်နဲ့ ကုန်သွယ်ခွန် နှစ်ရပ်ပေါင်း အခွန် ၆၅ ရာခိုင်နှုန်း (ကျပ်၁၃ ဒသမ၅ သိန်း)နဲ့ ကညန လိုင်စင် လုပ်ရာမှာ ပေးရမဲ့ FOB ၁၀၀ ရာခိုင်နှုန်း (ကျပ် ၁၂ ဒသမ ၅ သိန်း) စုစုပေါင်းကျပ် ၂၆ သိန်းလောက် ကုန်ကျမှာမို့ စုစုပေါင်း ကျပ် ၄၆ သိန်း လောက်နဲ့ဆိုရင် နံပါတ် ထွက်ပြီး ဂျပန် ကားတစ်စီးစီး နိုင်မယ်လို့ စိတ်ကူးကြည့် မိပါတယ်။ ဂျပန်မှာလို အင်ဂျင်ပါဝါနည်း ပြီး ဆီစားသက်သာတဲ့ ၁၀၀၀ စီစီ အောက်ကားလေးတွေကို သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အားပေး တဲ့အနေနဲ့ ဇိမ်ခံကား၊ အမြင့်ကားတွေနဲ့ မတူအထူး အခွန်လျော့ပေးမှုမျိုး ဒီမှာ ရှိမယ်ဆိုရင် ပိုမိုသက်သာ သွားမှာပါ။ လူကြိုက်များတဲ့ ဇိမ်ခံကား၊ အမြင့် ကားတွေကို လုဝယ်ကြလို့ တစ်စီးကို ဒေါ်လာ ၁၅၀၀၀ ကျော်လောက်ရှိနေ တဲ့အချိန် မှာ K ကားလေးတစ်စီးဟာ ဒေါ်လာ ၁၅၀၀ နဲ့ ၂၀၀၀ ကြားသာရှိပါတယ်။ သွင်းကုန်တန်ဖိုးနဲ့ တွက်ရင် ဒေါ်လာတစ်သန်းမှာဇိမ်ခံကား၊ အမြင့် ကား၆၀/၇၀စီးလောက်သာ သွင်းနိုင်ပြီး K ကားလေးတွေ သွင်းမယ်ဆိုရင် အစီး ၆၀၀/ ၇၀၀ လောက်သွင်းနိုင်တာ ကြောင့် ကားစီးနိုင်တဲ့လူဦးရေ ၁၀ ဆလောက် တိုးပွားလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာတွေ ညီညီညွှတ်ညွှတ် စည်းစည်းလုံးလုံးနဲ့ စနစ်တကျ ဝယ် တတ်ဖို့တော့လိုပါမယ်။ မတ်တူး၊ ရွှေငါး၊ ဆာ့ဖ်ကားတွေလို အလုအယက် အပြိုင် အဆိုင်လုပ်ကြမယ် ဆိုရင်တော့ ဂျပန် တွေကို လုပ်ကျွေးနေသလို ဖြစ်သွား နိုင်တာကိုလည်း သတိချပ်ဖို့လိုပါတယ်။ ဒါဆိုရင် မောင်ပန်းသီးလစာရဲ့ အဆ ၂၀ ကျော်နဲ့ အဖေတို့ခေတ်ကလို ဂျပန် လုပ်ကားလေးတစ်စီးဝယ်စီးနိုင်မယ်လို့ အတွေးနဲ့ ကြည်နူးနေမိပါတယ်။ ဂျပန်နိုင်ငံ လိုဖွံ့ဖြိုးပြီး နိုင်ငံကြီးမှာ ပင် အစိုးရနဲ့ ပြည်သူသဘောညီစွာနဲ့ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေး၊ လောင်စာဆီ ချွေတာရေးနဲ့ စီးပွားရေး တွက်ခြေကိုက်မှုတွေကို ဦးစားပေးပြီး Small is Beautiful ဆိုတဲ့စကားလို K ကားလေးတွေ ကိုပိုမိုသုံးစွဲအောင် စီစဉ်ခြင်းဟာ အတုယူထိုက်တဲ့ စံနမူနာ ကောင်းတစ်ခုလို့ မှတ်ယူမိပါကြောင်း တင်ပြလိုက်ရပါတယ်။ (မှတ်ချက်။ ။ K ဆိုတာ ဂျပန်လို Kei ရဲ့ အတိုကောက်ဖြစ်ပြီး ပေါ့ပါးခြင်းလို့ အဓိပ္ပာယ်ရတယ်လို့ သိရပါတယ်။)
Background