Main menu

Background

အိန္ဒိယကို စေ့စေ့ ကြည့်ပါ

Tue, 10/18/2011 - 07:41 -- Anonymous (not verified)

အရှေ့မျှော် အိန္ဒိယ               အိန္ဒိယသည် ၁၉၉၀ ခုနှစ်များမ တိုင်ခင် အထိ ၎င်းင်း၏အရှေ့ဘက်တွင် တည်ရှိနေသော နိုင်ငံများကို သတိမမူနိုင်ဘဲ ကိုယ့်အရေးနှင့် ကိုယ်လှုပ်ရှားနေခဲ့သည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ ပြည်တွင်း စီးပွားရေး၊ ဘဏ္ဍာရေး အကျပ်အတည်းများ ဆိုက်ခဲ့ပြီးနောက်ပိုင်းမှသာ မိမိနှင့်အတူ အင်္ဂလိပ် ကိုလိုနီလက်အောက် ကျရောက်ခဲ့သော မြန်မာ နိုင်ငံအပါအဝင်၊ အာရှထွန်းသစ်စ ကျားနိုင်ငံများ၊ ကျားပေါက်နိုင်ငံများ၊ အရှိန်နှင့်ထိုးတက်လာသော ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ် နိုင်ငံနှင့် ဖီးနစ်ငှက်ကဲ့သို့ ပြာပုံထဲမှ ရုန်းကန်ထ ခဲ့သော စစ်ပြီးကာလ စက်မှုနှင့် နည်းပညာ အင်အားကြီး ဂျပန်နိုင်ငံတို့တည်ရှိရာ အာရှဒေသကို သတိထားရကောင်းမှန်း သိလာခဲ့သည်။ မူလ လက်ဟောင်းအမြင်များကို ပြောင်းလဲကာ အရှေ့ မျှော်ဝါဒဖြင့် နိုင်ငံအရှေ့ဘက်ရှိ အာရှဒေသတစ် ခွင်လုံးနှင့် ဆက်စပ်နိုင်ရေး အားထုတ်ခဲ့သည်။ ဝန်ကြီးချုပ်နာရာဆင်ဟရောင်း လက်ထက်မှစခဲ့ သော ထိုဝါဒသည် ယနေ့ကာလအထိ သက်ဝင် လှုပ်ရှားလျက်ရှိကာ အိန္ဒိယနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး မှု၊ လုံခြုံရေး၊ စစ်ရေး၊ ဒေသတွင်း ဆက်ဆံရေးတို့ အတွက်အသက်တမျှ အရေးကြီးလာနေတော့သည်။ မြန်မာမျက်လုံးထဲမှ အိန္ဒိယ                   အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၀၀ နီးပါးနယ်နိမိတ် ဆက်စပ်မှုရှိနေသည့် ဧရိယာကျယ် လူဦးရေများပြားသည့် ဒီမိုကရေစီ နိုင်ငံကြီးဖြစ်သည်။ အင်္ဂလိပ်တို့လက်အောက်ကျ ရောက်ခဲ့သည့် အချိန်ကတည်းကယခုအထိ မြန်မာ နိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု နယ်ပယ်တို့တွင် အဆက်အစပ် ကြီးမားနေဆဲ ဖြစ်သည်။ ယခုလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံမှ ပဲမျိုးစုံပမာဏအများဆုံး ဝယ်ယူတင်သွင်းနေ သော ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများမှာ ဆယ်စုနှစ်နှစ်ခုနီးပါးပင် ကြာမြင့်ခဲ့ပြီဖြစ် ရာ၎င်းတို့၏ အကျိုးရလဒ်များကိုလည်း ခံစားနေရပြီဖြစ်ပေသည်။ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းတွင်လည်း ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ် နိုင်ငံကဲ့သို့ပင် အရှိန်ကောင်းကောင်းကို ရရှိနေ သည်။ ၁၉၉၀ ခုနှစ်မတိုင်ခင်ကမူ အကျပ်အတည်းများကြား ရုန်းကန်နေရပြီး သိပ်မကြာလိုက်ရသည့် ကာလများအတွင်း ဖွံ့ဖြိုးမှုရုပ်သဏ္ဌာန်များ ဖြစ်ထွန်းခဲ့သဖြင့် အိန္ဒိယအစိုးရ၏ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်မှုများမှာ လျင်မြန်သွက်လက်သည်ဟု သုံးသပ်နိုင်သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကန့်သတ်ချက်များကို လျှော့ချခဲ့သည်။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအပေါ် ထိန်းချုပ်ထားမှု များကိုလည်း ဖြေလျော့ခဲ့သည်။ အခွန်အခဆိုင်ရာ လျှော့ချမှုများ၊ ဖြတ်တောက်မှုများကိုလည်း ပြုလုပ် ခဲ့ကြသည်။                       ပြုပြင်ပြောင်းလဲမှုများကြောင့် စီးပွားရေး အဆောက်အဦ တစ်ခုလုံးနီးပါး တိုးတက်မှုများရှိ လာခဲ့ပြီး၊ လူတစ်ဦးချင်း ဝင်ငွေမှာလည်း ၆ ဆခန့်အထိတက်လာခဲ့သည်ဟု သုတေသီများကထောက် ပြခဲ့ကြသည်။ အစိုးရ၏ အရန်ငွေကြေး ပမာဏမှာ လည်း အမေရိကန်ဒေါ်လာ ၆ သန်းမျှသာ ရှိနေရာမှ သန်းပေါင်း ၃ သိန်းအထိ အဆပေါင်းများစွာ မြင့်မားလာခဲ့သည်။ ပုဂ္ဂလိက ကဏ္ဍ၏ လွတ်လပ် စွာလုပ်ဆောင်နိုင်မှုကို အလေးပေးလျက် အိန္ဒိယ လုပ်ငန်းများ၏ စွန့်ထွင် ကြံဆလုပ်ဆောင်သည့် အလေ့အထကို ပိုမိုအားပေးခဲ့သည်။ သတင်းနှင့် နည်းပညာအပါအဝင် ဝန်ဆောင်မှုကဏ္ဍကို ဖွံ့ဖြိုး အောင်လုပ်ဆောင်ခဲ့သည်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများတွင် သွားရောက်လုပ်ကိုင်နေ ကြသော အိန္ဒိယနိုင်ငံသား လူစွမ်းအားအရင်း  အမြစ်များကို ထိရောက်စွာအသုံးချနိုင်ခဲ့သည်ဟ လည်း သုံးသပ်သူများကဆိုကြသည်။ ဤအချက် နှင့်ပတ်သက်၍ ကွန်ပျူတာဆော့ဖ်ဝဲလုပ်ငန်းများ ထွန်းကားရာ ဘင်္ဂလိုမြို့ရှိ နိုင်ငံရပ်ခြားမှ ပြန်လည် ဝင်ရောက်၍ အလုပ်လုပ်ကိုင်နေသော အိန္ဒိယ နိုင်ငံသားလုပ်သားများက သက်သေပြလျက်ရှိသည်။                        အင်္ဂလိပ်စကားပြောလုပ်သားများ ပေါများပြီး ကွန်ပျူတာဆော့ဖ်ဝဲလုပ်ငန်း၊ ဆေးဝါးနည်းပညာ ကဏ္ဍတွင် ဦးဆောင်နေသည့် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့စီးပွားရေးစူပါပါဝါနိုင်ငံတစ်နိုင်ငံ ဖြစ်လာနေ သည့် တရုတ်နိုင်ငံနှင့် လိုတိုးပိုလျှော့ချိန်ချိန်ဆဆ နှင့် ဆက်ဆံနေသည်ကိုလည်း မြင်တွေ့နေရသည်။  အိန္ဒိယမြင်သော မြန်မာ                  မြန်မာနိုင်ငံသည် ပထဝီအနေအထား ရှုထောင့်မှကြည့်ပါက အိန္ဒိယနိုင်ငံ၏ အနီးကပ်ဆုံး အာရှဒေသဖြစ်ပြီး အိန္ဒိယ၏ အရှေ့မျှော်ဝါဒ အမြင်ထဲလည်း အနီးကပ်ဆုံး ပုံရိပ်နှင့် အရေးပါ ဆုံးဒေသဖြစ်သည်။ ထို့ပြင်ကုန်းလမ်းခရီးဖြင့်ကြည့် ပါက မြန်မာနိုင်ငံသည် အိန္ဒိယ၏ အရှေ့ဒေသ တစ်ခုလုံးသို့ ဝင်ပေါက်ဖြစ်သကဲ့သို့ ၎င်းင်း၏ ပြိုင်ဘက် တရုတ်နိုင်ငံ၏ပါဝါကို ထိန်းချုပ်နိုင် ရေးအတွက်လည်း အရေးပါသော မဟာဗျူဟာ ကျသည့်တည်နေရာဖြစ်သည်ဟု အိန္ဒိယသုတေသီ များသုံးသပ်ကြသည်ကိုလည်းတွေ့ရသည်။ အိန္ဒိယ ဗဟိုအစိုးရနှင့် အလှမ်းကွာလှသော အရှေ့ မြောက်ဒေသရှိ ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ထိုဒေသရှိလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပဋိပက္ခများ လျော့ပါးသက်သာလာစေရန်အတွက် မြန်မာနိုင်ငံနှင့် နီးကပ်စွာဆက်ဆံနိုင်မှုများမှ အခြေ အနေသစ်များ ဖန်တီးနိုင်စွမ်းရှိသည်ကိုလည်း ယုံကြည်ထားသည်။ ထို့ကြောင့် အိန္ဒိယ၏ အရှေ့ မျှော်ဝါဒအကောင်အထည်ဖော်ရေးတွင် မြန်မာ နိုင်ငံ၏ အခန်းကဏ္ဍမှာ ကြီးမားလျက်ရှိသည်။ အိန္ဒိယနိုင်ငံသည် ၎င်းပြိုင်ဘက် တရုတ် နိုင်ငံမှ အာရှတစ်ခွင်လုံးနီးပါး ချဉ်းကပ်နေစဉ် အတွင်းမှာပင် ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံများနှင့် ကူးသန်းရောင်းဝယ်ရေး၊ ယဉ်ကျေးမှု၊ စစ်ရေးနယ်ပယ်တို့တွင် ခိုင်မာသော ဆက်ဆံမှုများ၊ သီရိလင်္ကာ၊ ထိုင်း၊ တောင်ကိုရီး ယား၊ ဂျပန်၊ တရုတ်(တိုင်ပေ)နိုင်ငံများနှင့်လည်း ကုန်သွယ် ရေးသဘောတူစာချုပ်များ ချုပ်ဆိုခဲ့ပြန် သည်။ အာရှဒေသတွင်း အဖွဲ့အစည်းများ၏ လှုပ်ရှားမှုတွင် BIMSTEC  (ဘင်းစတက်)၊ ASEA (အာဆီယံ)ကဲ့သို့ အဖွဲ့အစည်းများတွင် ပိုမိုပါဝင် လာခဲ့ပြီး အာဆီယံအဖွဲ့ဝင်သစ် ၄ နိုင်ငံဖြစ်သည့် CLMV  (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) နိုင်ငံများကိုလည်း အကူအညီများ ပံ့ပိုးလျက် ဒေသတွင်းတွင် ၎င်း၏အခန်းကဏ္ဍကို မြှင့်တင်ရေး နည်းလမ်းသစ်များ ရှာဖွေဆောင်ရွက်နေသည်။                      အာဆီယံနှင့် ဘင်းစတက်အဖွဲ့များ၏ အဖွဲ့ဝင် လည်းဖြစ်၊ အနီးကပ်ဆုံး အရှေ့ဘက် အိမ်နီးချင်း မြန်မာနိုင်ငံနှင့်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုနယ်ပယ်တွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။            အမျိုးသားအကျိုးစီးပွားအတွက် စေ့စေ့ကြည့်ခြင်း                 အရှေ့မျှော်ဝါဒကို ကျင့်သုံးခဲ့ပြီးနောက် မဟာဗျူဟာကျစွာ အာရှနှင့် ခပ်စိတ်စိတ်ဆက်ဆံ ခဲ့သော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးတွင်လည်း ပိုမိုအားထည့်၍ ဆောင်ရွက်ခဲ့သည် ကို အထင်းသားတွေ့ရသည်။ အထူးသဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် မျက်မြင် ပင်။ ပင်လယ်ရေကြောင်း ကုန်သွယ်မှုရှိနေစဉ်မှာပင် နှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်လာစေရေးအတွက် ၁၉၉၅ ခုနှစ်တွင် တမူး-မိုရေး နယ်စပ်ကုန်သွယ်ရေးစခန်းကိုလည်း ကောင်း၊ ၂၀၀၄ ခုနှစ်တွင် ရိဒ်-ဇိုခေါဒါ စခန်း ကိုလည်းကောင်း ဖွင့်လှစ်ခဲ့သည်။ နောက်ထပ်စခန်းများလည်းဖွင့်လှစ်နိုင်ရန် အားထုတ်နေဆဲဖြစ် သည်။                     မြန်မာနိုင်ငံဘက်မှ အိန္ဒိယသို့တင်ပို့သော ကုန်ပစ္စည်းများတွင် လယ်ယာ၊ သစ်တော၊ သားငါး ကဏ္ဍ ထွက်ကုန်များသာဖြစ်ပြီး အိန္ဒိယဘက်မှ မြန်မာနိုင်ငံသို့ ပို့ကုန်တွင် အသေးစား၊ အကြီးစား စက်မှုထုတ်ကုန်များ၊ သံနှင့် သံမဏိထွက်ကုန်များ၊ ဆေးဝါးများသည် အများစုဖြစ်သည်။ ရင်းနှီးမြှုပ် နှံမှုအပိုင်းတွင် အိန္ဒိယနိုင်ငံသည် မြန်မာ့စီးပွား ရေး၏ နယ်စုံပယ်စုံတွင် ဝင်ရောက်ရန် ရည်ရွယ် ထားပြီး ယခုလတ်တလောအခြေအနေတွင် ရေနံ နှင့်သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်လုပ်ရေး၊ မီးရ ထားလမ်း၊ မော်တော်ကားလမ်း စီမံကိန်းများ၊ ရေ အားလျှပ်စစ်စီမံကိန်းများတွင် အိန္ဒိယရင်းနှီးမြှုပ်နှံ မှုများကို တွေ့နေရသည်။ ၎င်းင်းတို့အနက် ၂၀၀၈ ခုနှစ်က သဘောတူညီခဲ့သော ဒေါ်လာသန်း ၁၂၀ နီးပါးတန်ဖိုးရှိ ကုလားတန်မြစ်ဘက်စုံသုံးသယ်ယူပို့ ဆောင်ရေးလမ်းကြောင်းနှင့် ၂၀၁၀ ခုနှစ်မှစခဲ့သော ဒေါ်လာသန်း ၁၂၀ တန်ဖိုးရှိ စစ်တွေရေနက်ဆိပ် ကမ်းစီမံကိန်းတို့မှာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ် နှံထားသော စီမံကိန်းများအနက် စိတ်ဝင်စားဖွယ် ကောင်းသော အိန္ဒိယ၏ ရင်းနှီးမြှုပ်နှံမှုများဖြစ် သည်။ ထို့ပြင် တမူး-ကလေး-ရိဒ်-တီးတိန်ကား လမ်းအဆင့်မြှင့်တင်ခြင်း စီမံကိန်းများနှင့် အိန္ဒိယ- မြန်မာ-ထိုင်း သုံးနိုင်ငံအမြန်လမ်းမကြီးစီမံကိန်းများ မှာလည်း အိန္ဒိယ၏ မြန်မာနိုင်ငံထဲသို့ တိုးဝင်လျက် ရှိသောရင်းနှီးမြှုပ်နှံမှုခြေလှမ်းကျဲကြီးများဖြစ်သည်။ အိန္ဒိယနိုင်ငံသည် စီးပွားရေး အရှိန်ကောင်း လာနေပြီဖြစ်သော်လည်း အချို့ကဏ္ဍများတွင် ထိန်းချုပ်မှုများ ရှိနေဆဲဖြစ်ပြီး ဆင်းရဲမွဲတေမှု ပြဿနာကိုလည်း တိုင်းပြည်လူဦးရေ၏ ထက်ဝက် နီးပါး ရင်ဆိုင်နေရသည်။ ငွေဖောင်းပွမှု၊ အစိုးရ ဝန်ထမ်းများ အကျင့်ပျက်ခြစားမှုစသဖြင့် ပြည်တွင်းပြဿနာမျိုးစုံနှင့်လည်း ရင်ဆိုင်နေရဆဲဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း ပြဿနာများဖြေရှင်းရင်း ဒေသတွင်း၊ နိုင်ငံတကာအခြေအနေများနှင့် မျက်ခြည်မပြတ် ရင်ဘောင်တန်းနိုင်ရေးအတွက် အိန္ဒိယသည် အရှေ့မျှော်ဝါဒဖြင့် ၂၁ရာစုကို ဆက်လက်ချီတက်နေသည်။ ၎င်းင်းတို့၏အမျိုးသားအကျိုး စီးပွားအတွက် မြန်မာအပါအဝင် အာရှဒေသတစ် ခုလုံးကို မဟာဗျူဟာအရ အလေးထားနေခြင်းဖြစ် သည်ဟု သုံးသပ်နိုင်သည်။ ဒေသတွင်းလုံခြုံရေး၊ ကုန်သွယ်မှုမြှင့်တင်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ နယ်စပ်ဖြတ်ကျော်လမ်းပန်းဆက်သွယ်ရေး စသည်ဖြင့် ၎င်းင်းတို့၏ အမျိုးသားအကျိုးစီးပွား အတွက် အစီအစဉ်များ ရေးဆွဲဆောင်ရွက်နေရာ မြန်မာနိုင်ငံသည်လည်း နှစ်ဖက် အကျိုးစီးပွား သမမျှတစေရေးအတွက် အိန္ဒိယ၏ ခြေလှမ်းများ ကို အမျိုးသားအကျိုးစီးပွား မျက်လုံးများဖြင့် စေ့ စေ့စပ်စပ်ဖြင့် ကြည့်ရှုလေ့လာရန် လိုအပ်ပေသည်။