Main menu

Background

ဆေးဖက်ဝင် အစွမ်းထက် မြန်မာ့ လက်ဖက်

Sun, 10/30/2011 - 09:43 -- Anonymous (not verified)

                    လက်ဖက်စိုက်ပျိုးခြင်းကို ရှေးကျသော စိုက်ပျိုးမှုတစ်ခုအဖြစ် သတ်မှတ်ယူဆခဲ့ပြီး လက်ဖက် သည် မြန်မာနိုင်ငံ၏ ဒေသထွက် စားသောက် ကုန်တစ်မျိုး ဖြစ်ပါတယ်။ လက်ဖက်စိုက်ပျိုးမှုကို ပုံဂံခေတ်ကတည်းက စတင်ခဲ့သည်ဟု မြန်မာလူ မျိုးများက ယုံကြည်ကြပါသည်။ မြန်မာ့ရိုးရာယဉ် ကျေးမှုကို လေ့လာမည်ဆိုလျှင် ထမင်းစားပြီး နောက် လက်ဖက်အခါးရည်နှင့် လက်ဖက်သုတ်ကို ဧည့်ခံကျွေးမွေးသော ဓလေ့ထုံးတမ်းကို တွေ့ရှိနိုင် ပါသည်။ ဤရိုးရာဓလေ့ကြောင့်ပင် ပုံမှန်လက်ဖက် ဈေးကွက်ကို ဖြစ်ပေါ်စေပါတယ်။                       မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းဒေသကြီး များရှိ သင့်တော်သော ရာသီဥတုနှင့် မြေဆီလွှာ အခြေအနေပေးနိုင်သည့် တောင်တန်းထူထပ် သောဒေသများတွင် လက်ဖက်ကို စိုက်ပျိုးလျက်ရှိ ကြပါတယ်။ လက်ဖက်အရည်အသွေး မြင့်မားပြီး အဓိကကျသော ထုတ်လုပ်မှုကို ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် တွေ့ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် လက်ဖက်ထွက်ရှိရာ ဒေသများမှာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန် ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။                     မြန်မာနိုင်ငံတွင် လက်ဖက်စိုက်ဧက တစ် သိန်းလေးသောင်းခန့်ရှိပြီး တစ်နှစ်ကို ပျမ်းမျှလက် ဖက်ရွက်စိမ်း မက်ထရစ်တန် ရှစ်သောင်းခန့် ထုတ် လုပ်နိုင်ပါတယ်။ ပြည်တွင်းစားသုံးမှုမှာ တစ်နှစ်ကို လက်ဖက်တန်ချိန် ၄ သောင်းခန့်ရှိပြီး လူတစ်ဦး ချင်းစီရဲ့ စားသုံးမှုမှာ သုည ဒသမ ၅ ကီလိုဂရမ် ခန့်ရှိပါတယ်။ မြန်မာနိုင်ငံမှာလက်ဖက်လုပ်ငန်းကို အဓိကအနေနဲ့ ခြံလုပ်ငန်းလုပ်ကိုင်သူ၊ ထုတ်လုပ်သူ၊ လက်လီလက်ကား ရောင်းဝယ်သူများလို့ လေးမျိုး ပိုင်းခြားနိုင်ပါတယ်။ လုပ်ငန်းတွေမှာ အလတ်စား နဲ့ အသေးစားလုပ်ငန်းတွေသာဖြစ်ပြီး မိရိုးဖလာ လုပ်ကိုင်ကြသူ အများစုဖြစ်ပါတယ်။                        ရောင်းဝယ်တဲ့ပုံသဏ္ဌာန်မှာ လက်လီရောင်း ဝယ်သူတွေနဲ့ လက်ကား ရောင်းဝယ်သူတွေက ထုတ်လုပ်သူများကို လက်ဖက်ရာသီမစမီ ကြိုတင် ငွေထုတ်ပေးပြီး လက်ဖက်ထုတ်လုပ်ပြီးချိန်မှာ ကုန် ချောကို ခုနှိမ်ပြီး ဝယ်ယူကြပါတယ်။ ဒါ့အပြင် ထုတ်လုပ်သူအများစုကလည်း ခြံလုပ်ငန်းလုပ်ကိုင် သူတွေကို ကြိုတင်ငွေထုတ်ပေးပြီး လက်ဖက်ထွက်ချိန်မှာ စာရင်းခုနှိမ်တဲ့စနစ်နဲ့ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ လက်လီရောင်းဝယ်သူတွေက  ထုတ်လုပ်သူတွေဆီမှ တိုက်ရိုက်သော် လည်း ကောင်း၊ လက်ကားရောင်းဝယ်သူများထံမှ တစ် ဆင့်သော်လည်းကောင်း ဝယ်ယူကြပြီး မိမိရဲ့ကိုယ် ပိုင်အမှတ်တံဆိပ်နဲ့ရောစပ်ပြီး ဖြန့်ဖြူးရောင်းချပါ တယ်။ ဒါ့အပြင် အချို့ထုတ်လုပ်သူတွေမှာလည်း လက်လီဈေးကွက်ကို တိုက်ရိုက်ဖြန့်ဖြူးရောင်းချမှု တွေလည်းရှိပါတယ်။ ဒါပေမဲ့ လက်လီဈေးကွက်ရဲ့ ဝေစု အများစုကို လက်လီရောင်းဝယ်သူတွေမှ ချုပ်ကိုင်ထားပါတယ်။                      ထုတ်လုပ်သူတွေအနက်မှ အချိုခြောက် ထုတ်လုပ်သူတွေက မိမိတို့ရဲ့ ကိုယ်ပိုင်စိုက်ခင်းမှ ဆွတ်ခူးပြီး ထုတ်လုပ်ခြင်းမျိုးမဟုတ်ဘဲ ခြံလုပ် ငန်းလုပ်ကိုင်သူတွေဆီမှ ရွက်စိမ်းကို ဝယ်ယူပြီး ထုတ်လုပ်ခြင်းဖြစ်ရာ ကျန်အခါးခြောက်နဲ့ လက်ဖက်စိုမှာ ထုတ်လုပ်မှုနည်းစဉ်ကြောင့် အိမ်တွင်း တစ်ပိုင်တစ်နိုင် ထုတ်လုပ်နိုင်ပြီး ၎င်းင်းတို့ကိုယ်တိုင် ထုတ်လုပ်သူတွေလည်းဖြစ်ပါတယ်။ လက်ကား လုပ်ငန်းလုပ်ကိုင်သူတို့မှာ ထုတ်လုပ်သူနဲ့ လက် ကားရောင်းဝယ်သူ၊ လက်လီရောင်းဝယ်သူတို့ရဲ့ ကြားမှာ လက်ဖက်ဈေးပြိုင်စနစ်နဲ့ ရောင်းဝယ်တဲ့ ပုံသဏ္ဌာန်ဆန်ဆန်လုပ်ငန်းကို လုပ်ကိုင်ရောင်း ဝယ်ကြပါတယ်။                      ပြည်တွင်း ထုတ်လုပ်မှုနှင့် စားသုံးမှုမှာ အကြမ်းအားဖြင့် ညီမျှနေပြီး ရံဖန်ရံခါ ပြင်ပဈေး ကွက်အခြေအနေကြောင့် အထူးသဖြင့် တရုတ် ပြည်ဈေးကွက်ပေါ်မူတည်၍ ပြည်တွင်းလက်ဖက် ပြတ်လပ်မှု၊ ပိုလျှံမှုများပေါ်ပေါက် တတ်ပါသည်။                       မြန်မာနိုင်ငံမှာ လက်ဖက်လုပ်ငန်းနှင့် အပြိုင် ကော်ဖီ၊ အချိုရ ည်နဲ့ အခြားအဖျော်ယမကာ လုပ် ငန်းများ ခေတ်နှင့်အညီ ဖွံ့ဖြိုးလာသော်လည်း မြန်မာတု့ိရဲ့ နေ့စဉ်ဘဝ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေး မှုများအရ လက်ဖက်စားသုံးမှုဈေးကွက်ဟာ ဆက်လက်ကြီးထွားနေဦးမှာဖြစ်ပါတယ်။ ပွက်ပွက်ဆူ နေတဲ့ ရေထဲမှာ လက်ဖက်ခြောက်လေးခတ်ပြီး နှပ်ထားကာ သောက်ရတဲ့အလေ့ဟာ ရှေးမြန်မာ တွေ လက်ထက်ကတည်းက ယနေ့အထိ ရိုးရာမပျက် ရှင်သန်နေဆဲဖြစ်ပါတယ်။ လက်ဖက်ကို သုတေသန ပြုချက်တွေအရ လက်ဖက်ရည်ကြမ်းမှာ ဖလေဗင်နွိုက်ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင် ပါတယ်။ လက်ဖက်ခြောက်မှာ ကဖင်းဓာတ် ပမာ ဏလည်း နည်းပါးပါတယ်။ လူကို နုပျိုစေပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါများနဲ့ ကင်ဆာရောဂါ များကိုလည်း ကာကွယ်ပေးနိုင်ပြန်ပါသေးတယ်။                       မြန်မာနိုင်ငံမှာ လက်ဖက်ခြောက် ခတ်သောက် ရတာကို ဂုဏ်ယူကြ သလို အနောက်နိုင်ငံက ထင်ပေါ်ကျော်ကြား လူသိများတဲ့ စတားတွေက လည်း (အထူးသဖြင့် သရုပ်ဆောင်မင်းသမီးလေးတွေ) လက်ဖက်ရည်ကြမ်း တစ်နေ့ကို ၅ ခွက်၊ ၆ ခွက်စီသောက်လို့ သူတို့အသားရေလေးတွေ စိုဝင်းလင်း လက်နေပါတယ်လို့ ဂုဏ်ယူစွာ ပြောပြလေ့ ရှိပါတယ်။ သူတို့ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်အဖြစ် ဖွင့်ဟဝန်ခံလေ့ရှိပါတယ်။ အာဟာရဓာတ်နဲ့ ဆေးပညာဆိုင်ရာ အမေရိကန်ဂျာနယ်မှာ ဖော်ပြချက်အရ လက်ဖက်ရည်ကြမ်းဟာ အသက်ရှည်ကျန်းမာစေပါသတဲ့။ ဓာတ်ခွဲခန်းထဲမှာနဲ့ တိရစ္ဆာန်များမှာ လေ့လာသုတေသန ပြုချက်များအရ လက်ဖက် ရည်ကြမ်းဟာ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အနှောင့်အယှက် အဟန့် အတားများကို ကာကွယ်ပေးနိုင်ကြောင်း၊ ထိခိုက်ပျက်စီးမှုရှိရင်တောင် ပြန်ကောင်းစေတဲ့ အာနိသင်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုးဖြစ်ပါသတဲ့။ စံနမူနာ အနေဖြင့် လက်ဖက်ရည်ကြမ်းဟာ လူတွေမှာ အထူးသဖြင့် ဂျပန်လူမျိုး သက်ကြီးရွယ်အို ဘိုးသက်ရှည်၊ ဘွားသက်ရှည်အုပ်စုများမှာတော့ များများသောက် လေ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ နှောင့်ယှက်ဟန့်တားမှု နည်းပါးလှကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်လို့ ဆိုပါတယ်။                    လက်ဖက်ရည်ကြမ်း (Green Tea) တွင်ပါဝင်သော ဒြပ်ပေါင်းတစ်ခု ဖြစ်သည့်  (Catechin Poly pherois)  သည် အသက်ရှူ ခေတ္တရပ်ဆိုင်းခြင်း နှင့် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ချို့ယွင်းခြင်းအန္တရာယ်မှ ရှောင်လွဲနိုင် ကြောင်း ဓာတ်ခွဲခန်း စမ်းသပ်ခံတိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိမှုအရ သိရှိရပါတယ်။ ဒါ့အပြင်လည်း အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ကြောင်း နယူးကာစတယ်ယူနီဗာစတီးမှ သုတေသီများက ဖော်ထုတ်ပြောကြားခဲ့ပါတယ်။ လက်ဖက်ရည်ကြမ်းဟာ အယ်ဇိုင်းမားဝေဒနာခံစားနေရတဲ့ သူတွေရဲ့ ဦးနှောက်ထဲမှာတွေ့ရတတ်တဲ့ ပရိုတင်းဓာတ်များ စုပုံနေခြင်းကို ကာကွယ်ပေး  နိုင်ကြောင်း တွေ့ရှိရပါတယ်။ နေ့စဉ် လက်ဖက်ရည်ကြမ်း သောက်ပါက လေသင်တုန်းဖြတ်ခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်းနဲ့ ကင်ဆာရောဂါများကို ကာ ကွယ်နိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။                     နှစ်ကာလကြာရှည်စွာ လက်ဖက်ရည်သောက်သုံးသူတွေမှာ ပိုသန်မာ တဲ့ အရိုးတွေရှိကြပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရ ၁၀နှစ်နဲ့ အထက် ကြာအောင် တစ်နေ့လက်ဖက်ရည်အနည်းဆုံးနှစ်ခွက် သောက်သုံးသူတွေ ဟာ လက်ဖက်ရည် လုံးဝမသောက်သူတွေထက် အရိုးပိုသန်မာကြပါတယ်။ ၎င်းင်းတို့ရဲ့တင်ပဆုံရိုးသိပ်သည်းမှုဟာ ၆ ဒသမ ၂ ရာခိုင်နှုန်းပိုကြံ့ခိုင်ပါတယ်။ လက်ဖက်ခြောက်နဲ့ လက်ဖက်ရည် အမျိုးမျိုးကွဲပြားနေပေမဲ့ လက်ဖက်ရည် သောက်သုံးခြင်းရဲ့ အကျိုးရလဒ်ကတော့ အတူတူပါပဲ။ အာရှတိုက်သားတွေမှာ ဆေးလိပ်အသောက်များသော်လည်း နှလုံးသွေး ကြောကျဉ်းရောဂါနှင့် ကင်ဆာရောဂါများ နည်းပါးခြင်းဟာ လက်ဖက်ရည် ကြမ်းသောက်သုံးခြင်းနဲ့ ဆက်စပ်မှုရှိရမည်ဟု ယခုအခါ ယေးလ်တက္ကသိုလ်မှ လေ့လာချက်အသစ်အရ ဖြစ်နိုင်ခြေရှိကြောင်း အဓိက ဓာတုပစ္စည်းတစ်မျိုးကို တွေ့ရှိခဲ့ရပါတယ်။ အာရှတိုက်သားများရဲ့ တစ်နေ့လျှင် ပျမ်းမျှ ၁ ဒသမ ၂ လီတာ လက်ဖက်ရည်ကြမ်း သောက်သုံးမှုနှုန်းမှာ ၎င်းင်းတွင်ပါဝင်သော polyphenolic epigallocatechin -3- gallate (EGCG)  ဓာတ်တိုး ဆန့်ကျင်ပစ္စည်း၏ အာနိသင်ကို ရရှိစေပါတယ်။ ၎င်းင်းပစ္စည်းဟာ သွေးလွှတ် ကြောမာကျဉ်းရောဂါဖြစ်စေသည့် အဆီတစ်မျိုးကို ဟန့်တားပေးပါတယ်။                         အဆီများအားထိန်းသိမ်းပေးခြင်း၊ သွေးလွှတ်ကြောနံရံကြွက်သားများ ကောင်း မွန်စေခြင်းတို့ကြောင့် နှလုံးသွေးကြောရောဂါများကို ကာကွယ်ပေးပါတယ်။ အခြားလေ့လာချက်များအရလည်း (EGCG)  ဓာတ်မှာ ကင်ဆာအဖုအကျိတ်များ ဖြစ်ပေါ်ကြီးထွားမှုကို ကာကွယ်ပေးသည်ဟု ဆိုပါတယ်။ မြန်မာ့လက်ဖက်အားသာချက်မှာ လက်ဖက်စိုက်ပျိုးထုတ်လုပ်သည့် ဒေသများသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် လေထုညစ်ညမ်းမှုမရှိခြင်း၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများအသုံးပြုမှု လုံးဝမရှိခြင်း၊ သဘာ၀ အတိုင်း သာ စိုက်ပျိုးထုတ်လုပ်ခြင်းကြောင့် ယုံကြည်စိတ်ချစွာဖြင့် စားသုံးမှုမြင့်မားနေ ရခြင်းဖြစ်ပါတယ်။ ထုတ်လုပ်မှုနည်းစဉ်များမှာလည်း စက်ကိရိယာများ လုံး၀ သုံးထားခြင်းမရှိဘဲ သဘာဝနည်းစဉ်များအတိုင်း ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။ အဆိုပါ အခြေအနေကောင်းများကြောင့်လည်း ကမ္ဘာ့ဈေးကွက်သို့ မြန်မာ့လယ်ဖက်ထိုးဖောက်ရာမှာ အဓိကမောင်းနှင်အားအဖြစ် အသုံးချနိုင်မည် ဆိုပါလျှင် မြန်မာ့လက်ဖက်သည်အချိန်တိုအတွင်း ကမ္ဘာသို့ ခြေဆန့်နိုင်တော့ မှာဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။