Main menu

Background

သီးထပ်အတွက် ရိတ်သိမ်းခြွေလှေ့စက်

Mon, 10/31/2011 - 05:53 -- Anonymous (not verified)

                      ပဲခူးတိုင်းဒေသကြီး ကျောက်တံခါး မြို့နယ် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး မြို့နယ်မန်နေ ဂျာ ဦးဇော်မင်းဦး ခေါင်းဆောင်တဲ့ TPI ဝန်ထမ်းများဟာ အောက်တိုဘာ လ ၂၅၊ ၂၆ ရက်များက စပါး၊ ပဲ အထွက် ကောင်းတဲ့နေရာမှာ နာမည်ကြီးတဲ့ ဖဒိုဒေသကို ဆိုင်ကယ်ကိုယ်စီနဲ့ ခရီးနှင်ခဲ့ပါတယ်။ ဒေသတွင်းမှာ စိုက်ပျိုးထားတဲ့ မိုးစပါးများဖြစ်ထွန်းအောင် မြင်လျက်ရှိပြီး သက်တမ်းအလိုက် မြစိမ်းရောင်ကစပြီး၊ ဝါနုရောင်၊ ရွှေဝါရောင်၊ ရွှေအိုရောင်အဆင့်ဆင့် သဘာ၀ ဆေးချယ်ထားတာကို တောက်ပတဲ့ နေရောင်အောက်မှာ အားရစရာ မြင် တွေ့ရပါတယ်။                      ကောက်ရိတ်သမများဟာ တံဇဉ် ကိုယ်စီနဲ့ တေးတကျော်ကျော် သီရင်းရွှေအိုရောင်စပါးခင်းများရဲ့ ယာယီ အလှကို စခန်းသတ်ရိတ်သိမ်းနေကြပါတယ်။ ဒါလဲ နှစ်စဉ်ဒီအချိန်ရောက်ရင် မြင်တွေ့ရတဲ့ တောအလှတောသဘာ၀ ဖြစ်ပါတယ်။ ဒီလိုနဲ့ ခရီးဆက်ခဲ့ရာ ဖဒိုဒေသဝိုင်းကြီးကျေးရွာအရောက်မှာ မထင်မှတ်ဘဲ အဝါ အဖြူကျား Combine Harvester တစ်စီးဟာ ရွှေဝါရောင်စပါးခင်းထဲမှာအပြာရောင်ကောင်းကင်ကို နောက်ခံပြုပြီး ရိတ်သိမ်းခြွေ လှေ့လျက်ရှိနေပြီး ရွာထဲက ကလေးလူကြီး ကျားမအရွယ်စုံ အားပေးလေ့ လာကြည့်ရှုနေတာ တွေ့ရလို့  TPIS အဖွဲ့သားများလဲ အားရကျေနပ်စွာနဲ့ ဝင်ရောက်အားပေးတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။                      Combine Harvester  ပိုင်ရှင်က ဖဒိုဝိုင်းကြီးကျေးရွာက လယ်သမားကြီး ဦးခင်မောင်ဦးဖြစ်ပြီး ကိုယ်တိုင် ဦး ဆောင်ပါဝင်ပြီး သားချင်းများစုပေါင်း ကာ Golden Win Success CO., Ltd (GWS)  အကူအညီနဲ့ ထိုင်းနိုင်ငံ လုပ် Kubota GC 68 G  (ဒီဇယ်သုံး) စက် ဝယ်ဖြစ်ခဲ့ပုံကို ရှင်းပြပါတယ်။ သူ့ အနေနဲ့ လယ်ဧက ၉၀ ပိုင်ဆိုင်ပြီး၊ မိုး စပါးနဲ့ ဆောင်းသီးနှံမတ်ပဲကို သီးထပ် အနေနဲ့ စိုက်ပျိုးလေ့ရှိပါတယ်။ မနှစ်က အချိန်အခါမဟုတ် မိုးရွာတဲ့အခါ စပါး ရိတ်ခြွေ ပြဿနာများစွာ တွေ့ခဲ့ရပါကြောင်း၊ ကောက်စိုက်သမတွေကို မိုးတွင်းကြိုတင်ငွေပေးစနစ်နဲ့ ငှားခဲ့ပေ မယ့် မိုးရိပ်လဲမြင်ရော လယ်သမား တစ်ဦးနဲ့ တစ်ဦးအပြိုင် ဈေးပိုပေးပြီး၊ အလုအယက်ခေါ်ကြတဲ့အတွက် လယ် သမားချင်းချင်းလဲ ပြဿနာပေါ်၊ ဆောင်းသီးနှံစိုက်တာလဲ နောက်ကျ၊ စပါးကကျွမ်း၊ အလေအလွင့်ကများ၊ စပါးအရည်အသွေးပျက်၊ ဆန်ဝါပေါက် တော့ ဈေးနှိမ်ခံရ၊ ယခုထက်ထိ ဝမ်းစာကို ကိုယ့်ဆန်ဝါပဲစားနေရနဲ့ နောက် ဆက်တွဲပြဿနာကတော့ ပြောမကုန် နိုင်ပါကြောင်း၊ ဒါကြောင့် ကိုယ်တိုင် အပါအဝင် သားချင်းတွေနဲ့ ပေါင်းကာ (GWS)နဲ့ဆက်သွယ်ပြီး ယခုလို စတင် ဝယ်ယူဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်ထပ် လေးစီးကိုပါပေးပို့ပြီး လိုအပ်တဲ့ ဒေသတွေကို အငှားလိုက်ရိတ်သိမ်း၊ ခြွေလှေ့ဖို့ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ လူနဲ့ရိတ်လျှင် ကောက်ရိတ် သမ ၁၀ ဦးမှ ၁၂ ဦး၊ တစ်နေ့ကို တစ် ဧကသာ ပြီးစီးနိုင်ပါတယ်။ စက်က တစ်နာရီတစ်ဧကနှုန်း ရိတ်ခြွေခြင်းဖြင့် အရည်အသွေးကောင်း စပါးများရ အလေအလွင့် ကလဲနည်းလို့ တွက်ခြေကိုက်ပါကြောင်း ရှင်းပြပါတယ်။                       မြို့နယ်မန်နေဂျာ ဦးဇော်မင်းဦးက လယ်သမားကြီး ဦးခင်မောင်ဦး အပါအဝင် စိတ်ဝင်စားစွာ လာရောက်လေ့လာကြတဲ့ လယ်သမားများကို မိမိတို့ မြို့နယ်မှာ ယခုလိုခေတ်မီရိတ်သိမ်းခြွေ လှေ့စက်သုံးပြီး၊ တလင်းပျောက်စနစ် ကျင့်သုံးနိုင်တာ ဂုဏ်ယူစရာဖြစ် ကြောင်းပြောကြားပါတယ်။ ဆက်လက်                         ပြီး ရာသီအမီ သီးထပ်စိုက်ပျိုးရန် ရိတ် သိမ်းခြွေလှေ့လုပ်ငန်းကို အမြန်ဆုံး လုပ် နိုင်ရေးမှာ အဓိကကျပါကြောင်း၊ လုပ်သားအင်အားအခက်အခဲကို ဖြေရှင်းရာ လဲရောက်ပါတယ်။ ကျွဲနွား အင်အား သုံးတာထက်စာရင် အလေအလွင့် ၅ ရာခိုင်နှုန်းအထက် သက်သာပါကြောင်း၊ အရည်အသွေးကောင်းလို့ ဈေးကောင်းရပါကြောင်း၊ Combine Harvester ကို တွင်ကျယ်စွာသုံးနိုင်ဖို့ အရေးကြီး၊ လိုက်နာဖို့ အချက်များကို ဆွေးနွေးခဲ့ပါတယ်။ ေလှေ့စက်များကို စက်စွမ်းအားပြည့်သုံးနိုင်ဖို့ စက်သွားမယ့်လမ်းကြောင်းအား ကြိုတင်ကြည့် ရှုပြင်ဆင်ထားဖို့လိုပါကြောင်း၊ မိုးစပါး ရင့်မှည့်မှုကို မောင်းညိုအဆင့်မှစပြီး စက်ဖြင့်ရိတ်သိမ်းမယ့်ဧက၊စိုက်ပျိုးထားတဲ့ မျိုးစပါးမျိုးကွဲအလိုက်၊ သက်တမ်း အလိုက် ချင့်ချိန်ကာ ရိတ်သိမ်းရမယ့် ရက်ကို ကွင်းဆက်မိမိချိတ်ဆက်သွား ရန်၊ အောက်ခံမြေမာအောင် ရေဖောက် ထုတ်ထားရန်၊ တောင်သူအချင်းချင်း အစုအဖွဲ့ပြုလုပ်ပြီး ညှိနှိုင်းဆောင်ရွက် နိုင်မှ စွမ်းအားပြည့် လုပ်နိုင်မှာဖြစ် ကြောင်း၊စက်ရဲ့သဘာဝအရ တစ်ဆက် တစ်စပ်တည်း ဆက်တိုက်ဆောင်ရွက်မှ လုပ်ငန်းတွင်ကျယ်မှာ ဖြစ်ကြောင်း၊ ယခုနှစ် ရိတ်သိမ်းမှု အခြေအနေကို မှတ်တမ်းမှတ်ရာနဲ့ ထားခြင်းအားဖြင့် လာမယ့်နှစ်စိုက်ပျိုးရာသီမှာ စက်ဖြင့် ရိတ်သိမ်းခြွေလှေ့ရန် လွယ်ကူအဆင် ပြေမယ့် စိုက်ပျိုးမှုပုံစံကို ဖန်တီးနိုင် မှာဖြစ်ကြောင်း၊ စက်မှုလယ်ယာသို့ ကူးပြောင်းရာမှာ ယခုလို ပုဂ္ဂလိကများနဲ့ လယ်သမားများရဲ့ စိတ်ဝင်တစားပါဝင်မှုဟာ အရေးကြီးပါကြောင်း၊ မိမိတို့ TPIS  အဖွဲ့များကွင်းဆင်းရာမှာ တော်ဝိ၊ ကြိမ်ခါးကုန်း၊ ခင်ကြီး၊ တောင်ခင်ကျေးရွာအုပ်စုများမှာ ရိတ်သိမ်းရန် သင့် တော်နေပြီ၊ ရိတ်သိမ်းခြွေလှေ့စက် အလုပ်လုပ်ရန် အခြေအနေပေးတဲ့ အနေအထားမျိုးရှိတဲ့အတွက် ၎င်းကျေးရွာအုပ်စုများရှိ စိုက်ပျိုးရေးညှိနှိုင်း မှုအဖွဲ့များနဲ့ အမြန်ဆုံးဆက်သွယ်ပေး သွားမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ T.T (ပဲခူး)