Main menu

Background

ထိုင်းနိုင်ငံရေကြီးမှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက်နဲ့ မြန်မာ့ဆန်ဈေးကွက်အပေါ် သက်ရောက်မှု

Tue, 11/08/2011 - 07:25 -- Anonymous (not verified)

                  ကမ္ဘာ့ဆန်ကုန်သွယ်မှုမှာ ၃၀ ရာခိုင်နှုန်း ပါဝင်တင်ပို့နေတဲ့ ထိုင်း နိုင်ငံ မှာ အဆိုးဝါးဆုံး ရေကြီးမှုတွေ ဖြစ် နေတဲ့အတွက် နိုင်ငံရဲ့ စိုက်ပျိုးထုတ်လုပ်မှု၊ စက်မှုကဏ္ဍ၊ ခရီးသွားကဏ္ဍ စတဲ့ စီးပွားရေး နစ်နာဆုံးရှုံးမှု များစွာ ဖြစ်နေပါတယ်။ အထူးသဖြင့် တော့ ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့နိုင်ငံရဲ့ လက်ရှိအနေအထားတွေအရ နိုင်ငံ တကာ ဆန်လေ့လာဆန်းစစ်သူများနဲ့ ကုန်သည်များက ကမ္ဘာ့ဆန်ဈေး အမြင့် ဘက် တက်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေသလို အချို့သော သူများကလည်း အာရှနိုင်ငံအချို့ ရေကြီးလို့ သီးနှံ အထွက် လျှော့တယ်ဆိုပေမဲ့ အခြား ဆန် ထုတ်လုပ်တဲ့ အာရှနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့မှာ ဒီနှစ် သီးနှံ အထွက်ပိုမယ့်အပြင် ကမ္ဘာ့ အနောက် ခြမ်းက အမေရိကန်၊ ဘရာဇီးနဲ့ အီတလီ တို့မှာလည်း ဒီနှစ် သီးနှံ အခြေအနေ ကောင်းပြီးတင်ပို့မှုပိုမယ့် အလား အလာများအရ ကမ္ဘာ့ဆန်ဈေးကွက် က အစောပိုင်းကထင်သလို ဈေးမြင့် တက် မလာနိုင်ပါဘူးလို့လည်း ခန့်မှန်း ကြပါတယ်။ တရုတ်နိုင်ငံကတော့ လက်ရှိ အချိန်ထိ ထိုင်းနိုင်ငံရေကြီးမှု ကြောင့် ပြည်တွင်း ကုန်ဈေးနှုန်းကို သက်ရောက်မှု မရှိပါဘူးလို့ နိုဝင်ဘာ လဆန်းပိုင်းမှာ ပြောထားပါတယ်။                   မိမိတို့ နိုင်ငံအနေနဲ့ရော အာရှ ရေကြီးမှု ဂယက်ကြောင့် ဆန်ဈေးကွက်ကို သက် ရောက်နိုင်မှု အလားအလာရှိ၊ မရှိ ဆိုတာကို သုံးသပ်နိုင်ဖို့ ဆန်ထုတ်လုပ်၊ တင်ပို့၊ တင်သွင်းနိုင်ငံ တချို့ရဲ့ လတ်တလောအခြေအနေတွေနဲ့ ဆန်ကုန် သည်ကြီးများရဲ့အမြင်ကို လေ့လာ ကြည့်ရအောင်ပါ။ အာရှနိုင်ငံများအတွင်း ရေလွှမ်းမိုးမှု                  ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့အစည်း (FAO)မှ ထုတ်ပြန်တဲ့ အစီရင်ခံစာ အရ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်တဲ့အတွက် အာရှနိုင်ငံ များ အတွင်းပျက်စီးမှုဟာ ထိုင်းနိုင်ငံ အနေနဲ့ စုစုပေါင်း စိုက်ဧရိယာရဲ့၁၂ ရာခိုင်နှုန်း ဖြစ်တဲ့ ဟက်တာ ၁ ဒသမ ၆ သန်းထက် မနည်းပျက်စီးတယ်လို့ ခန့်မှန်းထားပြီး ကမ္ဘော ဒီးယားနိုင်ငံမှာ စုစုပေါင်းစိုက်ပျိုးမှုရဲ့ ၁၂ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်မှာ လယ်မြေ ၆ ရာခိုင်နှုန်း၊ ဗီယက်နမ်မှာ ၇ ဒသမ ၅ ရာခိုင်နှုန်း အထိ ပျက်စီးတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရေကြီးလို့ စိုက်ပျိုးထားတဲ့ စပါးလေးပုံတစ်ပုံဆုံးရှုံး                    နှစ် ၅၀ ကျော်အတွင်း အဆိုးဝါး ဆုံး ရေကြီးမှုကြောင့် နိုင်ငံရဲ့ အဓိက စပါးသီးနှံ လေးပုံတစ်ပုံခန့် ဆုံးရှုံးနိုင်လို့ အစောပိုင်း ခန့်မှန်းထားတဲ့ စပါးအထွက် တန်ချိန် ၂၅သန်းထဲက ၆သန်း ခန့်ပျက်စီးဆုံးရှုံးနိုင်ပြီး တန်ချိန် ၁၉ သန်းခန့်သာ ထွက်ရှိနိုင်တယ်လို့ စိုက်ပျိုးရေး ဆိုင်ရာ စီးပွားရေးရုံး အကြီးအကဲ ဖြစ်သူမှ ပြောကြားပါတယ်။ ဒါ့ အပြင် အစိုးရ တရားဝင်ပြောကြားချက်အရ သိုလှောင်ရုံ ၃၅ လုံးနဲ့ဆန်စက်များ ရေနစ်မြုပ်ခဲ့ပြီး ပျက်စီးတဲ့ ဆန်တန်ချိန် ပမာဏကိုတော့ မသိရသေးဘူးလို့ သိရပါတယ်။                     ဒီလိုရေကြီးမှုတွေရှိနေတဲ့တိုင် လက်ရှိအချိန်ထိ ထိုင်းနိုင်ငံက ဆန်တန် ချိန် ၉ ဒသမ ၅ သန်းခန့် တင်ပို့ပြီး ဖြစ်လို့ ယခုနှစ်အတွင်း ဆန်တန်ချိန် ၁၁ သန်းအထိ တင်ပို့နိုင်မယ်လို့ အစိုးရက ခန့်မှန်းထားပြီး ပြည်တွင်းဆန်တင်ပို့သူ များ ခန့်မှန်းတာတော့ လာမယ့်နှစ်မှာ ဆန် တင်ပို့မှု ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းပြီး တန်ချိန် ၇-၇ ဒသမ၅သန်း သာ တင်ပို့နိုင်မယ်လို့ ဆိုပါတယ်။                      ရေကြီးမှုကြောင့် သယ်ယူ ပို့ဆောင်မှု အခက်အခဲများဖြစ်ကာ ဆန်တင်ပို့မှု ကြန့်ကြာ နှောင့်နှေးလျက်ရှိရာ ရေကျဆင်းမှုနှေးတဲ့အတွက် နောက်တစ်လ အထိ ကြန့်ကြာမှုရှိနိုင်တယ်လို့လည်း ဆန်တင်ပို့သူများအသင်းက ပြောကြား ပါတယ်။ အစိုးရဆန်စပါးဝယ်ယူတဲ့ အစီအစဉ်မှာ အောက်တိုဘာ လလယ် အထိ စပါးတန်ချိန် ၅၀၀၀၀ ခန့်သာ ရောင်းချမှု ရှိတယ်လို့ ထိုင်းအရာရှိ တစ်ဦးက ပြောကြားပါတယ်။ ဗီယက်နမ် ရေကြီးလို့ ဆန်ထုတ်လုပ်မှု ကို မထိခိုက်ဘူးလို့ဆို                   ဗီယက်နမ်နိုင်ငံဟာ ယခုနှစ် ဆန်တင်ပို့ဖို့ တန်ချိန် ၇ ဒသမ ၅ သန်းကို အစောပိုင်းမှာ လျာထားခဲ့ပြီး အောက် တိုဘာ ၁၉ ရက်မှာတော့ တန်ချိန် ၇ သန်းကျော်ကို လျှော့ချခန့်မှန်းခဲ့ပါတယ်။ နိုင်ငံတကာ ဆန်ဝယ်လက်များ ဟာ ထိုင်း အစိုးရ ဆန်စပါးဝယ်ယူရေး စီမံချက်အရ ဈေးနှုန်းမြင့်တက်နေတဲ့ အပြင် ထိုင်းနိုင်ငံရဲ့ ရေကြီးမှုကြောင့် ပျက်စီးမှုအခြေအနေတွေအရ အဝယ်နှေးထားသလို အချို့ ဝယ်လက်များ ကလည်း ဈေးသက်သာတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ဆန်ကို ဝယ်ယူဖို့ စိုင်းပြင်းနေတဲ့အတွက် လွန်ခဲ့တဲ့ သီတင်းပတ် များအတွင်း ရောင်းချမှုနည်းတဲ့ အခြေ အနေတွေအရ အဲဒီလို လျာထားချက်ကို လျှော့ချခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ရေနစ်မြုပ်လို့ ဆန်ထုတ်လုပ်မှုကို မထိ ခိုက်နိုင်ဘူးလို့လည်း ပြောထားပါတယ်။                       ဗီယက်နမ်နိုင်ငံရဲ့ စပါးစိုက်ဧရိယာ၊ ထုတ်လုပ်မှုနဲ့ တင်ပို့မှုတန်ဖိုး တို့ဟာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် ရေလွှမ်းမိုးပြီး ထိခိုက်မှုများကြောင့် လာမယ့်နှစ်မှာ စိန်ခေါ်မှု အခက်အခဲများနဲ့ ရင်ဆိုင် လာရနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ အိန္ဒိယ်ဆန်တင်ပို့မှု တိုးမြှင့်ဖို့ ကြိုးစား                          စက်တင်ဘာ ၉ ရက်က စတင်လို့ ဆန်ပြည်ပတင်ပို့ခွင့်ပြုပြီး ဆန် တင်ပို့သူများဟာ ဘာစမာတီ မဟုတ်တဲ့ ဆန်တန်ချိန် ၂၅၀၀၀၀ ခန့်ကို တင်ပို့ ခဲ့ပြီး နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ အတွင်း မှာလည်း တစ်လကို တန်ချိန် ၂၅၀၀၀၀ နဲ့ ၃၀၀၀၀၀ အကြား တင်ပို့နိုင်မယ်လို့ ကုန်သည်များက ပြောကြားပါတယ်။                          ပြည်တွင်းမှာ ဆန်သိုလှောင် လက်ကျန်တွေ ပြည့်နေတဲ့အပြင် လက်ရှိ နွေစပါးကိုလည်း ယခင်နှစ်ထက် ပိုစိုက်ဖို့ လျာထားတဲ့အတွက် အိန္ဒိယဆန်တန်ချိန် ၂ သန်း ၃ သန်း လောက် နိုင်ငံ တကာ ဈေးကွက်ကို ဒီနှစ်အတွင်း ထုတ်ရောင်းမယ့် အနေအထားရှိနေပါတယ်။ ဒါပေမဲ့ အိန္ဒိယဆိပ်ကမ်းများ တိုးမြှင့်တင်ပို့ဖို့ အခက်အခဲတွေကြောင့် တင်ပို့မှုနှေးကွေးကာ ကုန်ကျစရိတ် ကြီးမြင့်နေတယ်လို့ သိရပါတယ်။ ထိုင်းရေကြီးမှုအတွက် ရရှိတဲ့အခွင့် အလမ်းကို ပါကစ္စတန်ရယူဖို့ပြင်ဆင်                      ထိုင်းနိုင်ငံမှာ ရေလွှမ်းမိုးမှုကြောင့် လယ်မြေဧကများစွာ ပျက်စီးပြီး အနာဂတ်မှာဆန်စပါးထုတ်လုပ်မှု ကျဆင်း လာနိုင်တဲ့ ခန့်မှန်းချက်များ အပေါ် ပါကစ္စတန် ဆန်တင်ပို့သူများဟာ အဲဒီ အခွင့်အလမ်းကို အမိအရယူပြီး ဆန် တင်ပို့မှု ကဏ္ဍမှ အကျိုးအမြတ်များစွာ ရရှိလာနိုင်ဖို့အတွက် နိုင်ငံတကာ ဈေး ကွက်များအတွင်းသို့ ဆန်များ တိုးမြှင့် တင်ပို့သွားဖို့ ကြိုးပမ်းလာကြပါတယ်။                     ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်း အတွင်း သင့်တင့်တဲ့ဈေးနဲ့ ပါကစ္စတန်ဆန်ဝယ် လက်များကို ဆန်များ တိုးမြှင့် တင်ပို့ခြင်းဖြင့် အကျိုးထူးခံစားနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိတယ်လို့ ဆန်တင်ပို့သူများက ပြောကြားပါတယ်။ ဒါပေမဲ့ ရေလွှမ်းမိုးမှုကြောင့် စပါးတန် ချိန် ၂၅၀၀၀၀ ခန့် ပျက်စီးသလို ဆည် မြောင်းများလည်း ပျက်စီးခဲ့လို့ လတ် တလော ဆန်တင်ပို့မှု နှေးကွေးနေပါတယ်။ ပြည်တွင်းလျှပ်စစ်မီးများ ပြတ် တောက်မှုများရှိလို့ ဆန်စက်လည်ပတ်မှု နှေးကွေးနိုင်တယ်လို့ သိရပါတယ်။  ကမ္ဘောဒီးယားလယ်မြေအချို့ပျက်စီးပေမဲ့ ဆနတင်ပို့မှုကို မထိခိုက်နိုင်                   ၂၀၁၁ ပထမ ၉ လအတွင်း ကမ္ဘောဒီးယားနိုင်ငံ ဆန်တင်ပို့မှု ကဏ္ဍက ဝင်ငွေရရှိမှုဟာ ကန်ဒေါ်လာ ၆၄ ဒသမ ၄ သန်းအထိ မြင့်တက်လာခဲ့ပြီဖြစ်လို့ ကမ္ဘောဒီးယားကုန်သွယ်ရေးဝန်ကြီးဌာနက တရားဝင်စာရင်းများအရ သိရပါတယ်။ ယခင်နှစ် စက်တင်ဘာလ အထိ ဆန်တင်ပို့မှုကရရှိတဲ့ဝင်ငွေဟာ ကန်ဒေါ်လာ ၂၂ သန်း ဖြစ်လို့ ယခုနှစ် ကာလတူမှာ ကန်ဒေါ်လာ ၄၆ သန်း တိုးမြှင့်ရရှိလာတယ်လို့ သိရပါတယ်။၂၀၁၅ ခုနှစ်မှာတော့ ဆန်တန်ချိန် ၁ သန်းတင်ပို့ဖို့ ရည်မှန်းထားပါတယ်။ ဒီနှစ် ရေနစ်မြုပ်မှုကြောင့် စပါးဟက်တာ ၂ ဒသမ ၄ သန်း စိုက်ပျိုးထားတဲ့အနက် ယခုအချိန်ထိ ဟက်တာ ၁၈၀၀၀၀ ပျက်စီးခဲ့ပေမဲ့ နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုနဲ့ ဆန်တင်ပို့မှု မူဝါဒကို ထိခိုက်နိုင်မှာမဟုတ်ကြောင်း၊ ရေကျသွားတာနဲ့ ရေနစ်မြုပ် တဲ့ တောင်သူများအမြန်ဆုံးကို မျိုးစေ့ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။  အင်ဒိုနီးရှားဆန်ဝယ်ယူမှုကို အိန္ဒိယနဲ့ကမ္ဘောဒီးယားသို့ပါ တိုးချဲ့ဝယ်ယူ                 အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ဆန်ရောင်းနိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့မှသာ ဆန်ရောင်းချ ဖို့ ဆွေးနွေးနေခြင်းမဟုတ်ဘဲ ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့နဲ့ ဈေးနှုန်းထိန်းချုပ်ဖို့အတွက် ဈေးသက် သာတဲ့ အိန္ဒိယနဲ့ ကမ္ဘောဒီးယားမှလည်း ဝယ်ယူဖို့ဆောင်ရွက်နေပါတယ်။ အိန္ဒိယနိုင်ငံမှ ဘာစမာတီမဟုတ်တဲ့ဆန် တန်ချိန် ၅ သိန်း ဝယ်ယူဖို့ အင်ဒိုနီးရှားအစိုးရ လေ့လာရေးအဖွဲ့ဟာ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း စားနပ်ရိက္ခာ ဝန်ကြီး ကေဗွီသောမတ်စ်နဲ့ ဆန်ဝယ်ယူ ရေး အသေးစိတ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယအစိုးရအနေနဲ့ သက်သာတဲ့ ဈေးနှုန်း တစ်ကီလို ရူပီး ၂၀ ဒသမ ၄၅ (တစ်တန် ကန်ဒေါ် လာ ၄၁၈) ဝန်းကျင်ဖြင့် ရောင်းချဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံမှ ဆန်များဝယ်ယူတင်သွင်းဖို့ ကုန်သွယ် ရေးဝန်ကြီးဌာနနဲ့ စာချုပ်တစ်ခု ချုပ်ဆိုထားကြောင်း သိရပါတယ်။ ပြည်တွင်းဆန်လုံလောက်လို့ ဘင်္ဂလားဒေရှ့်က ဆန်ပိုမိုတင်သွင်းဖို့ မလိုပေမဲ့ နယ်စပ်မှ အိန္ဒိယဆန်များ ဝင်ရောက်                    ပြည်တွင်းဆန်သိုလှောင်မှုနဲ့ လုံလောက်လို့ ဆန်ပိုမိုတင်သွင်းဖို့ အစီအစဉ်မရှိဘူးလို့ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးဌာနက ပြောကြား ပါတယ်။ ယခင်နှစ်က ဆန်အမြောက်အမြား တင်သွင်းခဲ့ခြင်းနဲ့ အထွက် ပိုမိုခဲ့တဲ့အတွက် ယခင်နှစ်ထက် နှစ်ဆခန့်များတဲ့ ဆန်သိုလှောင်လက်ကျန်တန်ချိန် ၁ ဒသမ ၃ သန်းခန့်ရှိနေပါတယ်။ တစ်နှစ်ကို ပြည်တွင်းမှာ တန်ချိန် သန်း ၃၀-၃၃ သန်းခန့်ထုတ်လုပ်ပြီး သီးနှံထွက်ရှိမှုအပေါ် မူတည်ပြီး တန်ချိန် ၁ ဒသမ ၇ သန်းအကြား တင်သွင်းနေရရာ ယခုနှစ်မှာ တန်ချိန် ၇၅၀၀၀၀ ခန့် တင်သွင်းရနိုင် တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ နယ်စပ်မှ အိန္ဒိယဆန် တွေ ရောင်းချလျက်ရှိရာ နေ့စဉ် ဟီလီဆိပ်ကမ်းကို ကုန်တင်ကား ၁၀ စီးမှ ၁၂ စီးကြားဝင်ရောက်ပြီး အခြားဆိပ်ကမ်းများမှလည်း ဝင်ရောက်မှုရှိတယ်လို့ ဆန်တင်သွင်းသူတစ်ဦးက ပြောကြားပါတယ်။ မလေးရှားအနာဂတ်ဆန်မပြတ်လက်ရေး ဗီယက်နမ်နဲ့သဘောတူညီ                    မလေးရှားနိုင်ငံရဲ့ အနာဂတ်ဆန်ပြတ်လပ်တဲ့အခါတိုင်း ထောက်ပံ့ဖို့ ဗီယက်နမ်နိုင်ငံမှ ဆန်တန်ချိန် ၈ သိန်းရောင်းချရေး ဗီယက်နမ် အာဏာပိုင်များနဲ့ မလေးရှားဆန်ဝယ်ယူရေး အေဂျင်စီ ဘားနပ်တို့ နားလည်မှု စာချွန်လွှာရေးထိုးထားကြောင်း သိရပါတယ်။ မလေးရှား နိုင်ငံဟာ ပြည်တွင်းဈေးကွက်အတွက် ဗီယက်နမ်မှ ၄၉ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံမှ ၃၃ ရာခိုင်နှုန်း၊ ပါကစ္စတန်မှ ၁၆ ရာခိုင်နှုန်းနဲ့ အခြားနိုင်ငံ များမှ ၂ ရာခိုင်နှုန်းစီ တင်သွင်းရပါတယ်။ ယခင်နှစ်က တန်ချိန် ၉၃၅၀၀၀ ခန့် တင်သွင်းခဲ့ပြီး ယခုနှစ် နိုင်ငံတော် အရန်ဆန်ဖြည့်တင်း ရန် တင်သွင်းမှု ပမာဏ တိုးမြှင့်ရဖွယ်ရှိတယ်လို့ သိရပါတယ်။ မုန်တိုင်းနှစ်လုံးဝင်ရောက်ပေမဲ့ ဆန်တန် ၅ သိန်းထင် ပိုမသွင်းလို့ ဖိလစ်ပိုင်ဆို                            မုန်တိုင်းများဝင်ရောက်ပြီး စပါးပျက်စီးမှုများရှိခဲ့တဲ့ ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ၎င်းရဲ့ဆန်တင်သွင်းမှုပမာဏနဲ့ ဝယ်ယူမှုစတင်မယ့် ကာလကို နိုဝင်ဘာလမှာ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ လက်ရှိ ကာလမှာ ပြည်တွင်းဆန် ဖူလုံမှုရှိနေပါတယ်။ ၂၀၁၂ တိုင်အောင် ဆန်တင်သွင်းမှာမဟုတ်ကြောင်းနဲ့ ဆန်တန်ချိန် ၅ သိန်းထက်ပိုပြီး တင်သွင်းမှာ မဟုတ်ကြောင်း သတင်းများလွှင့်ထုတ်နေပါတယ်။ ဒါပေမဲ့ အချို့သော လေ့လာဆန်းစစ်သူများကတော့ ဒီလအတွင်း ဆန်တင်သွင်းမယ့်ပမာဏကို တိုးမြှင့်ပြင်ဆင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်း ထားပါတယ်။ အာဖရိကမှာ ဆန်ဝယ်ယူမှုအများဆုံး နိုက်ဂျီးရီးယားက ဆန်တင်သွင်းမှု ပိတ်ပင်နိုင်ဖို့ကြိုးစား                      အာဖရိကမှာ ဆန်အများဆုံးတင်သွင်းတဲ့ နိုက်ဂျီးရီးယားဟာ ၄ နှစ်အတွင်း ဆန်တင်သွင်းမှုကို ပိတ်ပင်ဖို့ ရည်မှန်းထားပါတယ်။ ပြည်တွင်းထုတ်လုပ်မှုကို ဆန်တန်ချိန် ၄၂၀၀၀၀ တိုးမြှင့်ပြီး ၂၀၁၂ ပထမ ၃ လအတွင်း ဆန်စက် ၁၄ လုံးကို အပြီးသတ်တည်ဆောက် သွားရန် မျှော်မှန်းထားပါတယ်။     မြန်မာပြည်တွင်းစပါးဆန်ဈေးကွက် အသစ်ဝင်လို့ ဈေးအေး                        ထိုင်းနဲ့အိမ်နီးချင်းဖြစ်တဲ့ မိမိတို့နိုင်ငံရဲ့ လက်ရှိမိုးစပါးအသစ်များထွက်ပေါ်စပြုနေပြီဖြစ်ပြီး ထွက်ရှိမှုအနေနဲ့ အချို့ဒေသတွေမှာ မိုးများပြီး ရေနစ်မြုပ်လို့ စပါးခင်းတွေ ပြန်လည်စိုက်ပျိုးမှုရှိခဲ့သလို အချို့ မှာလည်း စိုက်ပျိုးဖို့ အချိန်မမီလို့ စိုက်ဧကလျော့တဲ့အခြေအနေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအနေအထားကို ခြုံကြည့်ရင်တော့ ထုတ်လုပ်ပိုလျှံမှုက သိသိသာသာမလျော့နိုင်ဘူးလို့ အများက သုံးသပ်ကြပါတယ်။ ပြည်တွင်း ဆန်စပါးဈေးကွက်အနေနဲ့လည်း မိုးဆန် အသစ်တွေဝင်လာစပြုနေပြီဖြစ်လို့ ဈေးအေးနေတဲ့ သဘောရှိနေပါတယ်။ မြန်မာ့ဆန်ဈေးကွက်အပေါ် သက်ရောက်နိုင်မှု သူတို့အတွေးအမြင်များ                       နိုင်ငံတကာဈေးကွက်မှာ မြန်မာ့ဆန်ဈေးကွက်အခြေအနေနဲ့ ထိုင်း နိုင်ငံရဲ့ သက်ရောက်နိုင်မှု အလားအလာတွေကိုတော့ လက်တွေ့ ဆန်စပါးနယ်ပယ်မှာ လုပ်ရှားနေတဲ့ ဆန်တင်ပို့သူများရဲ့ အမြင်များ ကိုလည်း တင်ပြချင်ပါတယ်။ ဧရာရွှေဝါကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာဦးလူမော်မြင့်မောင်ရဲ့အမြင်ကို ပြောကြားရာမှာ " အာရှမှာ ရေနစ်မြုပ်မှုကြောင့် လက်ရှိမှာ နိုင်ငံတကာဈေးကွက်ကို ထိခိုက်မှု မရှိတဲ့ အပြင် အကျဘက်ကို ဆင်းနေတဲ့ သဘောရှိနေပါတယ်။ကမ္ဘာ့ဆန် ဈေးကွက်မှာတောင် ပြောင်းလဲမှုမရှိလို့ မြန်မာဆန်ဈေးကွက်ကိုလည်း သက်ရောက်မှု မရှိသေးပါဘူး။ ရေလွှမ်းမိုးမှုတွေနဲ့ ထိုင်းစပါးဝယ်ယူရေး စီမံကိန်းကြောင့် လတ်တလောမှာ ဝယ်လက်တွေက ဈေးကွက် အနေအထားကို စောင့်ကြည့်တဲ့သဘောရှိနေလို့ ဝယ်လိုအားပျောက် နေတဲ့ အနေအထားရှိနေပါတယ်။ ထိုင်းနဲ့ ဗီယက်နမ်တို့က ဆန်ဈေးတင်တဲ့အချိန် အိန္ဒိယက ဈေးကွက်ထဲလျှော့ဈေးနဲ့ ထုတ်ရောင်းလာ တဲ့အတွက် အခုဆိုရင် အာဖရိကဈေးကွက်ကို ရောင်းဖို့တောင် ခက်ခဲ နေပါတယ်။ ဝယ်လက်တွေက ထိုင်းနိုင်ငံရဲ့ ထုတ်ရောင်းမှုအခြေ အနေကို စောင့်ကြည့်နေကြတာဖြစ်ပြီး လာမယ့်ဒီဇင်ဘာလ လောက် မှာတော့ နိုင်ငံတကာဈေးကွက် အကောင်းဘက်ကို ရောက်လာနိုင် တယ်လို့ သုံးသပ်ရပါတယ်"လို့ ဆိုပါတယ်။                        ဆက်လက်ပြီး " အဲဒီလို ပြည်ပဝယ်လိုအားတွေတက်လာလို့ မြန်မာနိုင်ငံက ဆန်တွေတိုးတက်တင်ပို့ရမယ်ဆိုရင်တော့ မြန်မာ့ ဆန်အရည်အသွေးကိုထိန်းပြီး ပုံမှန်တင်ပို့နိုင်အောင် ပြင်ဆင်စရာရှိတာ တွေ ဆောင်ရွက်ဖို့တော့ အကြံပြုလိုပါတယ်။ အခုဆိုရင် အာဖရိက ကို အိန္ဒိယဆိပ်ကမ်းက ဆန်တင်ပို့မယ်ဆိုရင် မြန်မာဆိပ်ကမ်းက တင်ပို့တဲ့ စရိတ်ထက် ဒေါ်လာ ၂၀ လောက် သက်သာတယ်။ နောက် ပြီး မြန်မာဆိပ်ကမ်း မှာကုန်တင်ကုန်ချလုပ်ဖို့အတွက်တစ်ခါတစ်ရံ ကုန် ကြပ်နေတဲ့အခါမျိုးမှာ သင်္ဘောတွေက ပင်လယ်ဝမှာ စောင့်ဆိုင်းပြီး နေရတဲ့အတွက်လည်း တင်ပို့တာကြန့်ကြာမှုရှိပြီး သင်္ဘောငှားရမ်းတဲ့ အခါ ကုန်ကျစရိတ်ပိုပါတယ်။ အဲဒီလိုကုန်ကျစရိတ်တွေ သက်သာဖို့နဲ့ သင်္ဘောငှားရမ်းမှု အဆင်ပြေစေဖို့၊ အချိန်တိုအတွင်း တင်ပို့နိုင်ဖို့ဆိုရင် လက်ရှိဆိပ်ကမ်းတွေရဲ့ အခြေခံ အဆောက်အဦတွေကို တိုးမြှင့်ဖို့လို သလို ဆိပ်ခံတံတားတွေကိုလည်း ပိုမိုတိုးချဲ့ဖို့ လိုပါလိမ့်မယ်။ဒါ့အပြင် ဆန်အရည်အသွေး နိမ့်ကျလို့ တစ်ဘက်ဝယ်သူနဲ့ စကားပြောရတာမျိုး၊ အရည်အသွေးနိမ့်လို့ ဈေးလျှော့ရတာမျိုးမရှိရအောင်လည်း ဆန်တင်ပို့သူများအနေနဲ့ မိမိတို့ကုန်ကို အရည်အသွေးထိမ်းဖို့လိုသလို ကုန်ပစ္စည်း စစ်ဆေးတဲ့ အေးဂျင့်များအနေနဲ့လည်း တိကျတဲ့စည်းကမ်း အတိုင်း မှန်မှန်ကန်ကန် စစ်ဆေးထောက်ခံပေးဖို့တော့ အကြံပြုဖို့ လိုပါတယ်" လို့၎င်းရဲ့အမြင်ကို ဆွေးနွေးပါတယ်။                         အောင်နိုင်သစ္စာကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဦးအောင်ဇော်ဦး ကလည်း " လက်ရှိဆန်တစ်တန် FOB ဈေး ကန်ဒေါ်လာ ၃၆၅- ၃၇၅ ပဲရှိပါတယ်။ ဆန်စာချုပ်အသစ်မရှိသေးပါဘူး၊ စာချုပ် အဟောင်းတွေကိုပဲ တင်ပို့နေတဲ့အနေအထားရှိနေပါတယ်။ နိုင်ငံ တကာဈေးကွက်အခြေအနေကို ပြောရမယ်ဆိုရင် အိန္ဒိယကလည်း စပါးအထွက်ပိုလို့ ဆန်ပိုရောင်းမယ့်အခြေအနေအရ နိုင်ငံတကာ ဈေးကွက်ကို အိန္ဒိယဆန်တန် ၂-၃ သန်း တကယ်ရောင်းမယ်၊ ထိုင်း ကလည်းသူ့ရဲ့ သက်တမ်းကြာအရန်ဆန်တွေကို အစိုးရအချင်းချင်း ရောင်းဖို့ စီစဉ်နေတယ်၊ နောက်ပြီး အီးယူဈေးကွက်မှာလည်း အီတလီ ဆန်တွေ အပြည့်နေရာယူမယ့်အနေအထားရှိနေတယ်၊ ဒီလို အကြောင်းရင်းတွေရှိနေလို့ ကမ္ဘာ့ဈေးကွက်မှာ ဆန်မရှားနိုင်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ကျွန်တော်တို့နိုင်ငံမှာ နာဂစ်ဖြစ်တုန်းက စပါးတွေပျက်စီးပြီး ဆန်ဈေးတက်မယ်လို့ အများက ခန့်မှန်းခဲ့ကြပေမဲ့ အဲဒီနှစ်တစ်နှစ်လုံးရော ၂၀၀၉ တစ်နှစ်လုံးပါ ဈေးမတက်ခဲ့ပါဘူး။ နောက်တစ်ချက်က ထိုင်းရေစိုဆန်တွေကလည်း အတိုင်းအတာ တစ်ခုအထိတော့ သုံးလို့ရနေအုံးမှာဖြစ်လို့ ရေစိုဆန်တွေကို ပြည်တွင်း ရော ပြည်ပဈေးကွက်တွေကိုပါ အနိမ့်ဈေးနဲ့ ထုတ်ရောင်းမယ့်အလား အလာရှိတာကလည်း ဈေးနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ဒါ့အပြင် အာဖရိကမှာလည်း မနှစ်ကထက်စာရင် သီးနှံပိုထွက်တဲ့သတင်းတွေ အရ ဝယ်လိုအားနည်းနေတဲ့အတွက် ဒီဇင်ဘာလအတွင်းအထိတော့ ဆန်ဈေးမတက်နိုင်ဘူးလို့ ခန့်မှန်းပါတယ်"လို့ ဆိုပါတယ်။                       ဆက်လက်ပြီး " ပြည်တွင်းအနေအထားအရ လက်ရှိမှာ အချို့ ဆန်တင်ပို့သူအနည်းစု ဆန်၊စပါး ဝယ်ယူမှုရှိနေပါတယ်။ ဒီဇင်ဘာလ လောက်မှာ ဝယ်လိုအားပြန်ကောင်းလာလို့ ပြည်ပကို တင်ပို့ရမယ် ဆိုရင် ပြည်တွင်းဈေးကွက် ပုံမှန်ကောင်းနိုင်ပေမဲ့ တင်ပို့မှုနည်းရင် တော့ တောင်သူတွေ နွေစပါးစိုက်ပျိုးမှုလျှော့ပြီး အခြားသီးနှံတွေ ပြောင်းလဲ စိုက်ပျိုးလာနိုင်ပါတယ်။ နောက်တစ်ချက်က လက်ရှိဆန်အသစ်တွေ ဈေးအေးရတာက အစိုဓာတ်ပါဝင်မှုကြောင့်လည်း တစ်ကြောင်းပါ။ ကျွန်တော်တို့နိုင်ငံမှာ စပါးခြွေလှေ့စက်တွေ၊ စပါး အခြောက်ခံစက်တွေ အသုံးပြုနေပြီဆိုပေမဲ့ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့စက်မှုလယ်ယာစနစ်အဖြစ်ရောက်ရှိဖို့က အစသာရှိပါသေး တယ်။ ဒါကိုလည်း ပြန်လည်သုံးသပ်ပြီး အရည်အသွေးမြင့်တဲ့ဆန် တွေ တင်ပို့နိုင်အောင် ကြိုးစားဖို့လိုပါတယ်လို့ '' အကြံပြုပြောကြားပါတယ်။ ဆန်တင်သွင်းနိုင်ငံများမှ တုံ့ဆိုင်းနေချိန် ဆန်ထုတ်လုပ်နိုင်ငံမားက တိုးမြှင့်ထုတ်လုပ်                        အာရှနိုင်ငံများအတွင်း အဆိုးဝါးဆုံး ရေနစ်မြုပ်မှုကြောင့် အဓိက ဆန်တင်ပို့သည့် ထိုင်းနိုင်ငံထိခိုက်နစ်နာမှုများ ကြီးမားလို့ ဆန်တင်ပို့မှု လျော့ကျနိုင်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆန်ဈေး တစ်တန် ကန်ဒေါ်လာ ၇၅၀ ဝန်းကျင်ထိ မြင့်တက်လာနိုင်တယ်လို့ အချို့ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ လတ်တလော ဆန်တင်သွင်းမှုဟာ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဈေးသက်သာတဲ့ အိန္ဒိယနှင့် ကမ္ဘောဒီးယားနိုင်ငံများမှ တင်သွင်းဖို့ ဆောင်ရွက်နေသလို ဖိလစ်ပိုင်နိုင်ငံကလည်း ဆန်တင်သွင်းမှုကို တုံ့ဆိုင်းနေဆဲ ဖြစ်ပါတယ်။ ဆန်အများဆုံး ထုတ်လုပ်နေတဲ့ အိန္ဒိယနိုင်ငံအနေနဲ့ လက်ရှိ မှာ ဆန်သိုလှောင်လက်ကျန်များစွာရှိနေသလို လာမယ့်နွေစပါး ပိုမိုထွက်ရှိဖို့လည်း အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း တိုးမြှင့်ဖို့စီစဉ်နေပါတယ်။ အလားတူ ဆန်ထုတ်လုပ်တဲ့ နိုင်ငံများစွာတို့ဟာလည်း ထုတ် လုပ်မှုတိုးမြှင့်ဖို့ အစိုးရထောက်ပံ့မှု အစီအစဉ်များအပါအဝင် နည်းလမ်းများစွာနဲ့ ဆောင်ရွက်လျက် ရှိနေပါတယ်။ ထိုင်းနိုင်ငံက တင်ပို့မှု ကျဆင်းတဲ့ ပမာဏကို ဗီယက်နမ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့က ပြန်လည် ဖြည့်ဆည်းပေးနေသလို အိန္ဒိယနဲ့ ပါကစ္စတန်တို့က သူ့ထက် အပြင် အနိမ့်ဈေးနဲ့ ကမ်းလှမ်းနေခြင်းတွေက ဆန်ဈေးကွက်အတွင်း ဈေးမတက်ရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ ရိုက်ခက်လာနိုင်တာတွေကို စောင့်ကြည့် ထိန်းသိမ်းဖို့တော့လို                           ထိုင်းနိုင်ငံရေနစ်မြုပ်မှုကြောင့်လတ်တလောမှာ ကမ္ဘာ့ဈေးကွက် ကိုလည်း ရိုက်ခတ်မှုနည်းသလို ပြည်တွင်းဆန်ဈေးကွက်မှာ လည်း သက်ရောက်မှုမရှိသေးဘူးလို့ ဆိုရပါမယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံက အရန် ဆန်တွေ ထုတ်ရောင်းလာခြင်းနဲ့ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်တို့ ကလည်း ဈေးကွက်ကို အပြိုင်ရောင်းချမှုတွေရှိလာတဲ့အချိန် မြန်မာဆန်ဈေးကွက်က တင်ပို့မှု အရှိန်မပျက်ရအောင် အရည်အသွေး ထိန်း ချုပ်ဖို့ လိုပါတယ်။ တောင်သူတွေ စပါးစိုက်ပျိုးမှုလျော့ကျမသွားရေး ဆန် တင်ပို့မှုမလျော့ဖို့လိုသလို သီးနှံပေါ်ချိန် တောင်သူများ ထိုက်သင့်တဲ့ အကျိုး အမြတ်ရမယ့် ဈေးနှုန်း ဖြစ်ဖို့လည်း ထိန်းညှိရမယ့် အကြောင်းရင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ထိုင်းစပါးဝယ်ယူရေး စီမံကိန်းကြောင့် ဈေးပိုတဲ့ ထိုင်းနိုင်ငံနယ်စပ်မှတစ်ဆင့် မြန်မာဆန် တွေ မှောင်ခိုသွားခြင်းဖြင့် ဆန်အထွက်ပမာဏ ခန့်မှန်းမရဘဲ ပြည် တွင်း စားသုံးသူဈေးကွက်ကို မထိခိုက်ရအောင်လည်း စောင့်ကြည့် ရမယ့် အချက်တစ်ခုဖြစ်ပါကြောင်း။