Main menu

Background

ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြု ပျားမွေးမြူလုပ်ငန်း

Wed, 11/09/2011 - 05:17 -- Anonymous (not verified)

                         မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့် သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသူများ ဖြစ်ပါသည်။ ကျေးလက်ဒေသနေ အခြေခံလူတန်းစားများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှသာ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍမှာလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လုပ်ငန်းကြီး (၈) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ရာ ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း တစ်ခုအပါ အဝင်ဖြစ်ပါသည်။ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ် ချက်များဖြစ်သော အရင်းအနှီး၊ နည်းပညာတို့ကို ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်မြို့နယ်များအလိုက် တာဝန်ခံများထားရှိ ကာ အားနည်းချက်၊ လိုအပ်ချက်များအား ရှာဖွေ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။                         စိုက်ပျိုးရန် အခြေခံကောင်းများ ပေါများ သော မြန်မာနိုင်ငံ၏ နေရာဒေသ အနှံ့အပြား၌ သီးနှံစိုက်ခင်း၊ သစ်ပင်ပန်းမန်များ စိုက်ပျိုးအောင် မြင်လျက်ရှိရာ ၎င်းတို့အပေါ်တွင် အခြေပြုလုပ်ကိုင်နိုင်သော ပျားမွေးမြူရေး လုပ်ငန်းမှာ ကျေး လက်ဒေသ နေရာအနှံ့အပြား၌ အောင်မြင်လျက်ရှိ သော ကုန်ထုတ်လုပ်ငန်းတစ်ခုလည်း ဖြစ်ပါသည်။                           ပျားမွေးမြူရေးလုပ်ငန်းကို မိသားစုအလိုက် တစ် နိုင်တစ်ပိုင်မွေးမြူနိုင်သကဲ့သို့ စီးပွားဖြစ် နိုင်ငံခြား သို့ တင်ပို့ရောင်းချနိုင်သည်အထိ မွေးမြူထုတ်လုပ် လုပ်ကိုင်နိုင်သော လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် စိတ်ပါဝင်စားသူများအတွက် ပျားမွေးမြူရေး လုပ်ငန်းအကြောင်း တစေ့တစောင်း သိရှိနိုင်ရန် ရေးသားရခြင်းဖြစ်ပါသည်။                          တစ်ပိုင်တစ်နိုင် မွေးမြူလိုသူများအတွက် ကိုယ်ပိုင်စိုက်ခင်း ခြံမြေနှင့် အိမ်နီးချင်းများ၏ စိုက်ခင်းခြံများတွင် မွေးမြူနိုင်သော်လည်း စီးပွားဖြစ် မွေးမြူလိုသူများအတွက်မူ ကွင်းတစ်ဆက် တည်း စိုက်ဧက ၅၀ နှင့်အထက်ရှိသည့် စိုက်ခင်းရှိ ရန်လိုအပ်ပါသည်။ နေကြာ၊ နှမ်း၊ ဝါ၊ ဆီး၊ ပန်းနှမ်း၊ ပြောင်း၊ ပဲအမျိုးမျိုး၊ ငရုတ်၊ ကြက်သွန်၊ မုန်ညင်း၊ မုန်လာ စသည့်သီးနှံစိုက်ခင်းများ၊ အုန်း၊ လိုင်ချီး၊ လိမ္မော်၊ ရှောက်၊ သံပုရာ၊ ကျွဲကော၊ သစ်တော်၊ မက်မန်း၊ ချယ်ရီ၊ ပန်းသီး စသည့် သစ်သီးခြံများ၊ ရော်ဘာ၊ လဲမှို့၊ ယူကလစ်၊ ရှား၊ လက်ပံ၊ ကံ့ကော်၊ အင်ကြင်း စသည့်သစ်ပင်များရှိရာ ဒေသများတွင် မွေးမြူနိုင်ပါသည်။ ပျားမွေးမြူရန် ပျားစခန်းနေရာ ရွေးချယ်ခြင်း                  ပျားများသည် ပျားစာဖြစ်သည့် ဝတ်ရည်နှင့် ဝတ်မှုန်လုံလောက်စွာရရှိနိုင်သော နေရာများ တွင် အသက်ရှင်ရပ်တည်နိုင်သော်လည်း ပျားမွေးမြူရေး လုပ်ငန်းအတွက် ပျားအုံများထားရှိရန် ပျားစခန်း ရွေးချယ်ရာ၌ အစာလုံလောက်မှုရှိရုံသာမက လမ်း ပန်းဆက်သွယ်မှုကောင်းမွန်ရန် အထူးလိုအပ်ပါသည်။ ပျားစာများ တစ်နှစ်ပတ်လုံး ရရှိနိုင်သော် လည်း ပျားအုံများရွှေ့ပြောင်းမွေးမြူခြင်း၊ ပျားထွက် ပစ္စည်းများ စုဆောင်းသိမ်းယူခြင်းတို့အတွက် လမ်း ပန်းဆက်သွယ်မှု မကောင်းပါက အကျိုးရှိသင့်သ လောက် မရရှိနိုင်ပါ။ ပျားစခန်းနေရာ ရွေးချယ် ရာတွင် အောက်ပါအချက်အလက်များကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည် မြေအနေအထား         ခြောက်သွေ့သောနေရာ ဖြစ်ရပါမည်။ လူသွားလမ်းနှင့် မနီးသော လူနှင့် တိရစ္ဆာန်များ မနှောင့်ယှက်နိုင်သောနေရာဖြစ်ရပါမည်။ သဘာ၀ ပျားစာများ ရှားပါးချိန်တွင် ပျားစာပင်များ စိုက်ပျိုး နိုင်သော အခြေအနေရှိရပါမည်။ ရာသီဥတု                            အအေးပိုင်း ရာသီဥတုတွင်ဖြစ်စေ၊ အပူပိုင်း သဲကန္တာရတွင်ဖြစ်စေ မွေးမြူနိုင်သော်လည်း စီးပွား ဖြစ်မွေးမြူရန်အတွက် သင့်လျော်သော ရာသီဥတု ရှိရပါမည်။ အပူချိန်                    ပြင်ပအပူချိန်သည် သားလောင်းပေါက်ပွားသည့် အပူချိန် (34ºC-35ºC) အောက် မနည်း သင့်ပါ။ နည်းပါက ရောဂါပိုးများ အလွယ်တကူ ပေါက်ဖွားနိုင်ခြင်း၊ အစာရှာ အထွက်နည်းခြင်းတို့ ဖြစ်လာနိုင်သည်။                       သားလောင်းဧရိယာတွင် (46 ºC) သာရှိပါက သားလောင်းပေါက်ပွားမှုလျော့နည်း၍ ပျားအုံ အင်အား ကျဆင်းလာနိုင်သည်။ အပူချိန်မြင့်လွန်း ပါက ပျားအင်အားကျဆင်းခြင်းနှင့် ပျားရည် အထွက်နည်းခြင်း ဖြစ်စေပါသည်။ မိုးရေချိန်                သင့်လျော်သော မိုးရွာသွန်းမှုရှိရပါမည်။ စိုထိုင်းဆ                    စိုထိုင်းဆရာခိုင်နှုန်းမြင့်တက်လာသည်နှင့်အမျှ ပျားရည်တွင် ရေပါဝင်မှုနှုန်း တက်လာပါသည်။ စိုထိုင်းဆ ၅၈% ထက်ကျော်လျှင် ပျားရည်အချဉ်ပေါက်နိုင်ပါသည်။ ပျားအုံ တွင်း၌ စိုထိုင်းဆအနည်းဆုံး ၂၀ရာခိုင်နှုန်းမှ အများဆုံး ၈၀ ရာခိုင်နှုန်းထိရှိနိုင်ပြီး သားလောင်းဧရိယာတွင် ၃၅ရာခိုင်နှုန်း၊ ၄၅ ရာခိုင်နှုန်း ရှိနိုင်ပါသည်။  လေတိုက်ခက်မှုအခြေအနေ                 ပျားများ၏ အစာဖြင့် ပျံသန်းနှုန်းမှာ ပျမ်းမျှအားဖြင့် ၁၆.၈ မိုင်ခန့်ရှိ၍ လေတိုက်ခတ်နှုန်း ရှစ်မိုင်ထက်ပိုပါက ပျားများသည် မြေပြင်နှင့်ကပ်၍ ပျံသန်းလေ့ရှိပါသည်။ ရာသီ အလိုက် လေတိုက်နှုန်းပြောင်းလဲမှုများကို လေ့လာမှတ်သား ၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါသည်။ ပျားစာပင်အခြေအနေ                   အပင်အမျိုးအစားပေါ်မူတည်၍ ပျားအုံတစ်အုံလျှင် ပျားစာပင် တစ်ဧကမှ ၃၀ ဧက အထိလိုအပ်ပြီး ပျားစခန်းနှင့် ပျားစာပင်အကွာအဝေးသည် တစ်မိုင်ခွဲအတွင်း ရှိသင့်ပေသည်။ အခြေစိုက်ပျားမွေးမြူရေးစခန်းတွင် သဘာ၀ ပျားစာ မရရှိနိုင်သော အချိန်များ၌ ပျားစာပင်များကို စခန်းဝန်းကျင်၌ စိုက်ပျိုးပေးရပါသည်။ ပျားစာမပျက်စေရန် ဆုတ်/တက် စိုက် ပျိုးရေးစနစ်ကို အသုံးပြုရမည်။   (ဆက်လက်ဖော်ပြပါမည်။)