Main menu

Background

IRRI နှင့် မြေဖြူရောင်ဆန် သုတေသန

Wed, 11/09/2011 - 06:26 -- Anonymous (not verified)

                     ဆန်တွင်မလိုလားအပ်သည့် ထူးခြားသော အရည်အသွေး ဖြစ်ပြီးဆန်၏တန်ဖိုးကို၂၅ရာခိုင်နှုန်းအထိ တန်ဖိုးလျော့ကျစေနိုင် သည့် မြေဖြူရောင်ဆန် သို့မဟုတ် ဗိုက်ဖြူဆန်ဖြစ်ပေါ်စေသည့် အကြောင်းအချက်နှင့်စပ်လျဉ်း၍ အရေးပါသော မျိုးဗီဇ အချက် အလက်ကိုဖိလစ်ပိုင်အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေ သနဌာန (IRRI)  က စတင်တွေ့ရှိခဲ့ကြောင်း၊ ဤတွေ့ရှိချက်သည် မြေဖြူရောင် ဆန်ကင်းသည့် အရည်အသွေးမြင့်မားသော ဆန်ထုတ် လုပ်မှုကို ဦးဆောင်သွားနိုင်မှာဖြစ်ကြောင်း၊ ထိုသို့သော ဆန်ထုတ်လုပ်နိုင်ပါက ဆန်ထွက်ရှိမှုမြင့်မားလာကာ တစ်နည်းဆိုသော် လယ်သမားများ အတွက် ပိုမိုကောင်းမွန်သော အကျိုးများဖြစ်ထွန်း လာမှာ ဖြစ်ကြောင်းကို (IRRI) ၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရပါတယ်။ ဆန်တွင်မြေဖြူကဲ့သို့သော အဖြူရောင်အလင်းပိတ် အစိတ်အပိုင်း များပါရှိနေခြင်းသည် ကြိတ်ခွဲသည့်အခါ ကျိုးကျေမှု အခွင့်အလမ်း ပိုမိုများပြားစေပါတယ်။ ဆန်ထွက်ရှိမှုကို လျော့နည်း စေပြီး ဆန်အဆင့် အတန်းအရည်အသွေးကို တန်ဖိုးဖြတ်ကြရာတွင် အဆင့်ကျကာ ဈေးမရဖြစ်စေပါတယ်။ ဆန်စေ့တွင် မြေဖြူရောင် ဖြစ်စေသည့် အကြောင်းအချက်နှစ်ခုရှိကြောင်း၊ မျိုးဗီဇနှင့် ပတ်ဝန်း ကျင်ကြောင့် ဖြစ်ရကြောင်းကို (IRRI)၏ သီးနှံအရည်အသွေးနှင့် အာဟာရသုတေသနဌာန အကြီးအကဲ Dr. Melissa Fitzgerald က ရှင်းလင်းပြော ကြားခဲ့ပါတယ်။ လယ်သမားများအနေဖြင့် ဆန်၏ မျိုးဗီဇအကြောင်း မသိရှိမဖြေနိုင်သလို သဘာဝပတ်ဝန်းကျင်ကို လည်း ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါ။ ဒါပေမဲ့ သေချာတာတစ်ခု ကတော့ လယ်သမားများသည် ယင်းတို့၏ သီးနှံစေ့များကြည်လင် ပြီး စားသုံးသူများကို စွဲမက်ဖွယ်ဖြစ်ရအောင် ဆွဲဆောင်ထိန်းသိမ်း ထားရှိနိုင်မှုကိုမူ လိုလားကြပါတယ်။ ဒါမှသာ ယင်းတို့စိုက်ခင်းမှ အကျိုးအမြတ် ပိုရမှာဖြစ်ပါ တယ်။ ယခုအချိန်အထိ ဆန်စပါးဆိုင်ရာ သိပ္ပံပညာရှင်များဟာ ဆန်တွင် မြေဖြူရောင်ဖြစ်စေသည့် မျိုးဗီဇ ဘယ်နေရာမှာ ရှိနေသည်ကို မသိရှိကြကြောင်း၊Dr. Fitzgerald က အခိုင်အမာ ပြောကြားခဲ့ပါတယ်။Dr. Fitzgerald သည် ဆန်တွင် မြေဖြူရောင်ဖြစ်စေသော အကြောင်းအရာကို နားလည် သိရှိရန် ၁၅ နှစ်ကျော် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ယင်း အကြောင်းရင်းကိုသိရှိပါက မြေဖြူရောင်ဆန် ကင်းသော စပါးမျိုး များကို ဖန်တီးနိုင်မည့်နည်းလမ်းကို လျှောက်လှမ်း နိုင်မှာဖြစ်ပါတယ်။                         ယခုအခါ အမှန်တကယ် မြေဖြူရောင်နည်းစွာ ပါဝင်သော စီးပွားဖြစ် ဆန်အမျိုးအစား အနည်းငယ်သာရှိပြီး ယခုတွေ့ရှိချက်သည် တိုးတက်မှုရရှိရန် အကူအညီဖြစ်စေနိုင်ကြောင်း၊ ဆက်လက်ပြော ကြားခဲ့ ပါတယ်။ အဆိုပါ Dr. Fitzgerald ၏ သုတေသနအဖွဲ့တွင် ပါရဂူဘွဲ့လွန်သုတေသန လုပ်ဖော်ကိုင်ဖက်တစ်ဦး အပါအဝင် ငါးဦး ပါရှိကာ ကွဲပြားခြားနားသော မြေဖြူရောင်ဂုဏ် သတ္တိများပါရှိသည့် ဆန်အမျိုးအစားများစွာကို စမ်းသပ် လုပ်ဆောင်လျက် ရှိပါတယ်။                          ကွဲပြားခြားနားသော ပတ်ဝန်းကျင်တစ်ခုစီ၌ စိုက်ပျိုးထားသော နိုင်ငံ ရှစ်နိုင်ငံရှိ စမ်းသပ်ကွင်းများမှ ၂၀၁၀ ခုနှစ်အတွင်း ရရှိလာသော အဆုံးအဖြတ်ပေးရန် ကိန်းဂဏန်းအချက်အလက်များ ရရှိနေပြီး ဆန်အုပ်စုသုံးခု၏ အဖြေရလဒ်များဖြစ်ကြောင်း၊ အမြဲ လိုလိုပင် မြေဖြူရောင်ဆန်ဖြစ်ပေါ်မှုမြင့်မားသောဆန်၊ ပတ်ဝန်းကျင် အခြေအနေ ပေါ်မူတည်၍ မြေဖြူရောင် ပြောင်းလဲဖြစ်ပေါ်သော ဆန်နှင့် မြေဖြူရောင်ဖြစ်မှု လွန်စွာနည်းသော ဆန်တို့ဖြစ်ပါတယ်။ မြေဖြူရောင်ဖြစ်မှုလွန်စွာနည်းသော ဆန်များကို ဆက်လက်ဓာတ်ခွဲ စမ်းသပ်သွားမှာဖြစ်ပြီး ယင်းစမ်းသပ်မှုမှ သိပ္ပံပညာရှင်များသည် မြေဖြူရောင်ဖြစ်ပေါ်စေသည့် မျိုးဗီဇ သို့မဟုတ် မျိုးဗီဇတည်ရှိ သည့်အဓိကအစိတ်အပိုင်းကို ခွဲခြားသိရှိ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ ယင်းအစိတ်အပိုင်းကို တွေ့ရှိခြင်းသည် IRRI သိပ္ပံပညာရှင်များအတွက် ထူးခြားသောမြေဖြူရောင်ဖြစ်စေသည့် မျိုးဗီဇ အတိအကျ ဖော်ထုတ်နိုင်မှုမှတစ်ဆင့် ဆက်လက်လုပ်ဆောင်နိုင်မှု များအတွက် အားဖြစ်စေပါတယ်။ မြေဖြူရောင်ကင်းသည့် ဆန်မျိုး သစ်များပေါ် ပေါက်လာရန်အတွက် ကွဲပြားခြားနား သောမျိုးပွားသည့် နည်းလမ်းများ လုပ်ဆောင်ဖို့တွန်းအားပေးရန် အဆိုပါအဖွဲ့သည် မြေဖြူ ရောင်လွန်စွာနည်းသောဆန်ကို ဓာတ်ခွဲစမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။ ယင်းသည်ပင် လယ်သမား များကို အထောက်အကူ ဖြစ်စေနိုင်မှာဖြစ်ပြီး၊ လယ်သမားများအနေ ဖြင့် ရိတ်သိမ်းသည့်စပါးတွင် စားသုံး နိုင်သော ဆန်ပမာဏ ပိုမိုများပြား လာခြင်း၊ အရည်အသွေးပိုမိုမြင့်မားသော ဆန်များ ထုတ်လုပ်လာနိုင် ခြင်း၊ အမြတ်အစွန်းပိုမိုလာခြင်းနှင့် အရည်အသွေး ပိုမိုကောင်းမွန် သည့် ဆန်များစားသုံးသူထံသို့ ရောက်ရှိစေခြင်းတို့ ဖြစ်လာမှာဖြစ်ပါကြောင်း သိရှိရပါတယ်။ EX-PTAC,http://www.fnb news.com/