Main menu

Background

နိဒါန်း ၏ နိဂုံး

Wed, 11/09/2011 - 06:41 -- Anonymous (not verified)

 ဘယ်ဈေးကွက်ကို ဘယ်သူရွေးခဲ့သလဲ                 ဗဟိုမှချုပ်ကိုင်ခဲ့သည့် စီမံကိန်းချ စီးပွားရေး စနစ်ဖြင့် စခန်းသွားခဲ့ရသည့် ၁၉၈၈ ခုနှစ် မတိုင် ခင်ကာလ မြန်မာနိုင်ငံတွင် " သမဝါယမ"ဆိုသည့် စကားလုံးသည် အလွန်လူသိများ ရေပန်းစားခဲ့သည်။ " ဈေးကွက် "  ဆိုသည်ကို မည်သူမှ ရေးကြီး ခွင်ကျယ်ဆွေးနွေးမှုများ မရှိခဲ့။ စိတ်လည်းမဝင်စား ခဲ့ပေ။ အများပြည်သူတို့သည် ၎င်းင်းတို့၏နေ့စဉ်ဘ၀ လိုအပ်ချက်အတွက် စားသုံးကုန်မှစ၍ လူအသုံး အဆောင်ပစ္စည်းအဆုံး လိုအပ်ချက် အများစုကို အစိုးရမှထူထောင် ထားသော သမဝါယမဆိုင်များ သို့သွားရောက်၍ သတ်မှတ်ထားသော စာအုပ်ဖြင့် ကန့်သတ်ထားသော ကိုတာကို ဝယ်ယူခဲ့ကြရသည်။ ထို့အတွက်ကြောင့်လည်း ဈေးကွက်ဆို သည်ကို သတိမမူမိဘဲ သမဝါယမအဖွဲ့အစည်း၏ သဘောတရား လုပ်နည်းလုပ်ဟန်များထဲတွင်သာ နစ်မျောခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။                  မည်သို့ပင်ဆိုစေကာမူ စီးပွားရေး သဘော တရားအရ ရောင်းသူနှင့်ဝယ်သူရှိလျှင် "ဈေးကွက်" သည် အလိုအလျှောက် တည်ရှိနေပြီးဖြစ်သည်ဟု ဆိုသောကြောင့် ထိုစနစ်အောက်မှာပင် ဈေးကွက် ဆိုသည့်အရာ တည်ရှိနေခဲ့ပြီး ဖြစ်သည်ဟုဆိုနိုင်သည်။ ထိုဈေးကွက်ထဲတွင် ရောင်းသူမှာ တစ်ဖွဲ့ တစ်စည်းတည်းဖြစ်သော အုပ်ချုပ်သူ အစိုးရဖြစ် ပြီး ဝယ်သူမှာ တစ်နိုင်ငံလုံးရှိ အများပြည်သူ ပြည်သားစားသုံးသူများပင် ဖြစ်သည်။ အမျိုးအစားအား ဖြင့် တစ်ဦးတည်း၊ တစ်ဖွဲ့တည်းမှ ချုပ်ကိုင်ထားသော မိုနိုပိုလီဈေးကွက်ဟု ဆိုရမည်။ စီမံကိန်း စီးပွားရေးစနစ်အောက်မှ ထိုဈေးကွက်ထဲတွင် စားသုံးသူ အများပြည်သူတို့သည် အရည်အသွေး၊ဈေးနှုန်း ရွေးချယ်စရာမရှိ ချိန်ဆစရာမလိုဘဲ ရောင်းချသမျှ ဝယ်ယူရန်သာဖြစ်သည်။ သို့ရာတွင် ထိုဈေးကွက်များသည် လွတ်လပ်သောဈေးကွက် စီးပွားရေးစနစ်ထဲရှိ မိုနိုပိုလီဈေးကွက်များကဲ့သို့ ဈေးနှုန်းကစားခြင်း၊ အရည်အတွက်ပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲခြင်းများ မပေါ်ပေါက်တတ် ပေ။ ဆိုရှယ်လစ်စနစ်၏ အခြေခံမူအရ ပြည်သူတို့ ၏ စားဝတ်နေရေး ဖူလုံမှုကိုရှေးရှုရသောကြောင့် ဈေးနှုန်းများ သက်သာပြီး ဈေးကွက်တည်ငြိမ်သည်။                     စီမံကိန်းချ စီးပွားရေးစနစ်အောက်ရှိ ပြိုင်ဘက်ကင်း၍ အမြတ်အစွန်း မက်လုံးလှုပ်ရှားမှု မရှိသော ဈေးကွက်များကြောင့် လူအဖွဲ့အစည်း တွင် အဘက်ဘက်မှ အရည်အသွေး ကျဆင်းမှု များဖြစ်ပေါ်ခဲ့ပြီး ညံ့ဖျင်းသော ထုတ်ကုန်များကို သာ အသုံးပြုရသောကြောင့် နေထိုင်မှုဘဝများပါ အဆင့်အတန်းများ နိမ့်ကျခဲ့ရကြောင်း နိုင်ငံရေး ဘောဂဗေဒပညာရှင်တို့က အခိုင်အမာ ထောက်ပြကြသည်ကို တွေ့ရသည်။ ၁၉၈၈ ခုနှစ် ဆိုရှယ် လစ်စနစ်ပြိုလဲသောအခါ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းကို ဦးတည်သော နိုင်ငံရေးစနစ်သို့ ပြောင်း လဲကျင့်သုံးခဲ့ပြီး နိုင်ငံရေးစနစ်နှင့် သဟဇာတဖြစ် မည့် အောင်မြင်မှု စံနမူနာများဖြင့် လူကြိုက်များ နေသော လွတ်လပ်သောဈေးကွက်စနစ်ကိုပါ ရွေး ချယ် ကျင့်သုံးခဲ့ကြတော့သည်။ မိတ်အဆက်မှာ စိတ်ပျက်ခဲ့ရတဲ့ဈေးကွက်                       စီမံကိန်းချစီးပွားရေးစနစ်တွင် "သမဝါယမ"ဖြင့် ရင်းနှီးကျွမ်းဝင်ခဲ့ပြီးနောက် နိမ့်ဆင်းလာခဲ့ သော နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးမှုအဆင့်၊ ချွတ်ခြုံကျလာသော ပြည်သူတို့၏ လူနေမှု အဆင့်အတန်း များကို ရင်ဆိုင်ကြုံတွေ့လာရသောကြောင့် လွတ်လပ်သောဈေးကွက်များကို အများနည်းတူ အားကိုးရကောင်းမှန်း သိလာခဲ့ခြင်းဖြစ် ပေလိမ့်မည်။ ဈေးကွက်စနစ်ကြောင့် ချက်ချင်းလက်ငင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာနိုင်သည်ဟု မပြောနိုင်သော်လည်း ဈေးကွက်စနစ်ပီပြင်မှု ရှိလာလေလေ ပြိုင်ဆိုင်မှုနှင့် ဈေးကွက်မက်လုံးများ စွမ်းအားရှိလေ လေဖြစ်လာကာ လုပ်သားအင်အားစုများ၏ ကြိုးစားလုပ်ကိုင်မှုများ တိုးတက်များပြားလာခြင်း၊ ဝင်ငွေအဆင့် မြင့်မားလာခြင်း၊ တစ်နိုင်ငံလုံးအားဖြင့် လည်း စီးပွားရေးဖွံ့ဖြိုးမှု အဆင့်အတန်း တိုးတက် လာနိုင်ခြင်း စသည့်ကောင်းကျိုးရလဒ်များရှိလာနိုင် သည်ကိုမူ တထစ်ချ သုံးသပ်နိုင်သည်။ အပြောင်းအလဲကာလတွင် မတည်ငြိမ်မှု သည် သဘာဝဖြစ်သည်။ ဈေးကွက်စနစ်သို့ ကူးပြောင်းကာစ ဈေးကွက်စနစ်ကို မိတ်ဆက်ကျင့်သုံး စကာလတွင် ဈေးကွက်ဈေးနှုန်း မတည်ငြိမ်မှုများ ကြုံတွေ့ရနိုင်သည်။ ပေါ်လစီချမှတ်ရာတွင် မကျွမ်းကျင်မှု၊ သတင်းအချက်အလက် စီးဆင်း နိုင်စွမ်း အားနည်းမှုတို့နှင့် လုပ်ထုံးလုပ်နည်းများ ထင်သာမြင်သာ ရှိနိုင်စွမ်း လျော့ပါးခဲ့ခြင်းတို့ ကြောင့် ဈေးနှုန်းမတည်ငြိမ်ဖြစ်မှုများ ဖြစ်တတ် သကဲ့သို့ အခြေအနေဖန်တီး၍ အခွင့်အရေးများ ရယူတတ်သည့် စီးပွားရေးသမားများကြောင့်လည်း ဈေးကွက်မသေချာ မရေရာခြင်းများ၊ ဈေးကွက် အခြေ အနေကမောက်ကမ ဖြစ်ခြင်းများလည်း ကြုံတွေ့ရတတ်ပြန် သည်။ ဥပမာ နိုင်ငံရပ်ခြားတွင် သာမန်ကုန်စည်ဖြစ်နေသော ဟန်းဖုန်းနှင့် မော်တော်ကားတို့မှာ မြန်မာနိုင်ငံတွင် ဇိမ်ခံပစ္စည်း ဖြစ်ကာ အံ့သြစရာကောင်းလောက်အောင် ဈေးနှုန်းများမြင့်မားနေခြင်းမျိုးဖြစ်သည်။ ဈေးကွက် စနစ်ကို စတင်မိတ်ဆက်သည့်ကာလ ဆယ်စုနှစ်များအတွင်း အခြေခံ လူတန်းစားအများစုတို့အဖို့ ဈေးကွက်များ၏ အခြေအနေမှာ စိတ်ပျက်ဖွယ် ကောင်းနေတော့သည်။ စားသောက်ကုန်ဈေးကွက် မှစ၍ ပို့ကုန်သီးနှံဈေးကွက်၊ ဟန်းဖုန်းဈေးကွက်၊အိမ်ခြံမြေနှင့် ရွှေ၊ ကားဈေးကွက် စသည်ဖြင့် ဈေးကွက်မျိုးစုံတို့မှာ မှန်းဆရခက်ခဲလောက်အောင် မတည်ငြိမ်မှုများ ရှိခဲ့လေသည်။ မိတ်ဆက်ခြင်းအလွန်                     ယခု ၂၀၁၁ ခုနှစ် ဧပြီလတွင် အစိုးရသစ် သည် နိုင်ငံတော်တာဝန်များကိုယူခဲ့ပြီး လွှတ်တော် အခင်းအကျင်းဖြင့် နိုင်ငံတော်၏ ခရီးစဉ်သစ်ကို ချီတက်နေပြီဖြစ်သည်။ မိတ်ဆက်ပေး ကျင့်သုံး လာခဲ့သည့် ဈေးကွက်စနစ်သည်လည်း ပီပြင်စွာရုပ်လုံးပေါ်လာတော့မည်။ ဤအချက်ကို အားလုံး သတိပြုမိဖို့လိုသည်။ လွန်ခဲ့သော အပြောင်းအလဲ ကာလများက ဈေးကွက်မျိုးများကိုဖန်တီး၍ ဈေး ကွက်လှုပ်ခါစေရန်၊ ကမောက်ကမဖြစ်စေရန် အား ထုတ်မည်ဟု စိတ်ကူးမယဉ်သင့်တော့ပေ။ ထိုသို့ဆို နေစဉ်မှာပင် စက်တင်ဘာလအစက ကားဟောင်း များကို ပယ်ဖျက်၍ အစားထိုးတင်သွင်းခွင့် ပြုသည့် ကြေညာချက်ပေါ်ထွက်ခဲ့ချိန်၌ ထူးခြား သော မော်တော်ကားဈေးကွက်တစ်ခု ဖြစ်ပေါ်လာ ခဲ့သည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော (အချို့ဆို လျှင် လုံးဝသုံးမရတော့သော)ကားတစ်စီး၏ တန်ဖိုး သည် သင့်တင့်မော်ဒယ်မြင့်ကားတစ်စီး တန်ဖိုးနီး ပါးပင်ဖြစ်နေသည်။ ထိုကဲ့သို့ အခြေအနေမျိုးသည် သတင်းအချက်အလက် လွတ်လပ်စွာ စီးဆင်းမှု နှင့် ကုန်ပစ္စည်းလွတ်လပ်စွာစီးဆင်းမှု အားနည်းနေ ခြင်း၊ လုပ်ထုံးလုပ်နည်းများ ထင်သာမြင်သာရှိမှု လိုအပ်နေခြင်း၊ အခွင့်ထူးခံ စီးပွားရေးသမားများ ရှိနေသေးခြင်းတို့ကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ နိုင်ငံရေး အခင်းအကျင်းသစ်အောက်တွင် စီးပွားရေးဝန်းကျင်သစ် တဖြည်းဖြည်းရုပ်လုံးပေါ်လာသည့်အခါ ထိုအခြေအနေမျိုး တဖြည်းဖြည်း ကွယ်ပျောက်သွားပေလိမ့်မည်။                   ၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) လာတော့မည်။ အများ နည်းတူ ပြိုင်ဆိုင်နိုင်ရတော့မည်။ ဂွင်ဖန်တီးဈေး ကစားတတ်ရုံနှင့် အလုပ်မဖြစ်တော့၊ တကယ့် အရည်အချင်းတွေလိုလာပြီဖြစ်သည်။ အချိန်အခါ သည်လည်း ဈေးကွက်စနစ်နှင့် မိတ်ဆက်ပေးသည့် နိဒါန်းကာလ၏ နိဂုံးသို့ ချဉ်းကပ်လာနေပြီ ဖြစ်ရာ လက်ချင်းချိတ်၍ လာတတ်သော အခွင့် အလမ်းနှင့် စိန်ခေါ်မှုအတွက် အိုင်ဒီယာအသစ် များခင်းကျင်းထားရန် လိုအပ်ပြီဖြစ်ပါကြောင်း။